Wednesday, January 22, 2020

ကဗျာ

ဇရာ
🌆
ခြေထောက်တွေက
အမိန့်ကို မနာခံကြမှတော့
စိတ်ကလေးကိုပဲ
သူ့နေရာနဲ့သူ နေတတ်အောင်
သွန်သင်နေရပြန်တယ်

ညိုမြသွေး
poem#observation #shinlhu

Tuesday, January 21, 2020

ကဗျာ

ဒို့ကျေးရွာ
💻👿💻😖
ညိုမြသွေး

နှုတ်ခမ်း ထူထူနဲ့
အူတူတူ ငနဲများ
စွေစောင်းတို့ ကြီးစိုးထားတဲ့ရွာ

အလှူ မသာ
နာရေး ဖြစ်ဖြစ်
သာရေး ဖြစ်ဖြစ်
ဒီလထစ်တွေနဲ့
ရှင်ဖြစ်နေတဲ့ရွာ

ခေတ်ရှေ့ပြေးတယ်ဆိုတဲ့
မြို့ကရောက်လာ ကျောင်းဆရာလေး
ခေါင်းကွဲပြီး ပြန်ပြေးရတဲ့ရွာ

ဒီကြားထဲ
အခန့်မသင့်ရင်
ရွာတော်ရှင် နတ်ကိုင်လို့
ဆရာမနိုင်တဲ့ရွာ

သူ့အရပ်နဲ့
သူ့ဇာတ်ကတော့
ခုချန်ထိ ဟုတ်နေတာပဲ
မောင်ကြီးတို့ရွာ
ရွာသာယာ

ညိုမြသွေး
poem#observation #shinlhu

Thursday, January 9, 2020

ကဗျာ

သွေးနဲ့ချက်လုပ်ထားတဲ့ဝိုင်အရက်
♥ ♪ ♬ ♡ ♥ ♪ ♬ ♡ ♥ ♪ ♬
ကြိုးဖြေလွှတ်လိုက်တာတောင်
ဝေးဝေးကို မသွား
စိတ်က
ကိုယ့်ခြံကိုယ့်ဝင်းနဲ့
အေးအေးပဲနေချင်တယ်
``သမာဓိ ´´ဆိုတဲ့
ဆိတ်ငြိမ် ဥယျာဉ်ကလေး
လမ်းကြုံရင် လာလည်ပါ

ညိုမြသွေး
poem# observation #shinlhu

Monday, January 6, 2020

story

ဆုံမှတ်တခု
🎵🍡♥♥

ဒီနေ့ ရှင်လူ့အိမ်ကို တခါမှမဆုံဘူးတဲ့ဧည့်သည်ရောက်လာပါတယ်။လူချင်းမဆုံဘူးခဲ့ပေမယ့်
Facebook ပေါ်မှာ မိတ်ဆွေဖြစ်ခဲ့တာ အနည်းဆုံးသုံးနှစ်မကတော့ဘူးထင်တာပဲ။ ရှင်လူ့fbမိတ်​ဆွေတွေထဲက အပြင်
မှာတကယ်ဆုံဖူးတာဆို ရှင်လူကြီးfbစသုံးတဲ့ 2009/2010 ကနေဒီနေ့အထိ သုံးယောက်ထက်မပိုပါဘူး။ဆယ်နှစ်ကြာ
မှ သုံးယောက်ဆိုတော့ ရှင်လူကြီးလူမှုဆက်ဆံရေးများညံ့နေသလားပဲ။အဲ့ဒါ နေ့ခင်း မွန်းတည့် ၁၂ နာရီကတည်းက
ရွှေနဂါး လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး စကားကောင်းနေလိုက်ကြတာ ညနေ ၅ နာရီကျော်အထိပါပဲ။တိုက်တိုက်ဆိုင်ဆိုင်
ရှင်လူတို့နှစ်ယောက်စကားလက်စမဆုံးခင်ကလေးမှာပဲရှင်လူ့ဘေးကခုံမှာလူတယောက်ဝင်ထိုင်လို့ကြည့်လိုက်တော့ နောင်တော်ကြီးဦးငွေစိုးဖြစ်နေတယ်။သူနဲ့တရပ်ကွက်ထဲပေမယ့်မဆုံဖြစ်တာနှစ်ချီကြာခဲ့ပြီ။
၁၉၉၀ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတုန်းက တောင်ဥက္ကလာပမြို့နယ် မဲရုံ အမှတ်၄/၃မှာ ဦးငွေစိုးကမဲရုံမှူး၊ ရှင်လူက NLD လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ မဲရုံကိုယ်စားလှယ်။
အမှတ်တရ ရီစရာလေးတခုသတိရမိရဲ့။တစည မဲရုံကိုယ်စားလှယ်ကြီးက သူ့မိန်းမမဲလာပေးတဲ့ အခန်းထဲကိုစွတ်ဆိုဝင်လိုက်သွားတယ်။ ဒီတော့ရှင်လူကထပြီး "ဒါဥပဒေနဲ့မညီဘူး၊ကန့်ကွက်ပါတယ်"ဆိုတော့
တစညကိုယ်စားလှယ်ကြီးကခန်းစည်းတွန်းပြီးပြန်ထွက်လာရင်း"ကျနော့မိန်းမမှာမျက်မှန်မပါလို့ ဝင်ပေးတာပါ"တဲ့။
ဒီတော့ ရှင်လူကဘယ်ရမလဲ"မဲရုံမှူးကြီးခင်ဗျာ ဒီကိစ္စကို မှတ်တမ်းတင်ထားဖို့ကျနော်တောင်းဆိုပါတယ်"ဆိုတော့
မဲရုံမှူးကြီးကခေါင်းညိတ်ပြီး
"ဟုတ်ပါတယ်"ဆိုပြီးလက္ခံခဲ့ပါတယ်။အမှန်တော့ တစညကိုယ်စားလှယ်ကြီးကသူ့မိန်းမကိုစိတ်မချပါ၊NLDထဲထည့်တော့မယ်ဆိုတာရိပ်မိနေပုံပဲ။
တကယ်လို့ အဲ့ဒီ နေ့က NLDသာရှုံးခဲ့လို့ကတော့ တစည ကိုယ်စားလှယ်ကြီးကို ရှင်လူအသေအချာ တရားစွဲပြီပဲ။မဲအပြတ်အသတ်နဲ့နိုင်ခဲ့လို့သာဒီကိစ္စကိုမေ့ထားလိုက်တာ။
ဒါပေမယ့် အဲ့ဒီ ၁၉၉၀ ခုရွေးကောက်ပွဲရလာဒ်ကြီးဟာ
ဗိုလ်ချုပ်ကတော်တွေမျက်မှန်မပါတာနဲ့ပဲ အဟောသိကံဖြစ်ခဲ့ရပေါ့။မယုံရင် အဲ့အချိန်ကစလို့ NLD ဝန်းရံသူဖြစ်လာခဲ့တဲ့ဦးငွေစိုးသာမေးကြည့်ပေတော့။
အသက်၈၀ ကျော်ပေမယ့်မာတုန်း သန်တုန်း။
အဲဗျာ.. နိုင်ငံရေးတွေပါကုန်ပြီ...
story#observation#shinlhu