❀ ပလေတိုးရဲ့ကဗျာဆရာ❀
✈ ✈ ✈ ✈ ✈ ✈ ✈ ✈
ညိုမြသွေး
ကမ္ဘာ့ကြီးငြိမ်းချမ်းဖို့
အရေးတကြီးလိုအပ်..
ဒီကိစ္စအမြန်ဆောင်ရွက်ဖို့
မောင်ကမ္ဘာလို ဒီလုံးလို
ရဲရဲရင့်ရင့် မြန်မြန်ဆန်ဆန်
စွန့်စားခန်းဝင်ရမယ်...
မူလတန်းကျောင်းသားလေးရဲ့
စိတ်ကူးထဲကအကြံအစည်တွေ
ဘယ်သူသိနိုင်ခဲ့မှာလည်း..
ဒီလိုနဲ့. စာသင်ကျောင်းကိုဗုံးအကြဲခံရကတည်းက
တဘဝစာလုံး
စစ်ပြေးဒုက္ခသည်။
အရေးကြီးပုဂ္ဂိုလ်တယောက်
သေဆုံးတဲ့အခါ
ရှယ်ယာတွေဈေးကျ
စီးပွားရေး အလုပ်အကိုင်တွေကမောက်ကမ
အခန့်မသင့်ရင် ကမ္ဘာပေါ်က အစိုးရတချို့
အပြောင်းအလဲတွေဖြစ်...
ငါ သေကြည့်ချင်တယ်...
ငါ သေကြည့်ချင်တယ်...
ငါ သေကြည့်ချင်တယ်...
ညိုမြသွေး
8:16 AM
Mon,31 Oct 2016
poem#observation#shinlhu
Sunday, October 30, 2016
❀ ပလေတိုးရဲ့ကဗျာဆရာ❀ ✈ ✈
Monday, October 24, 2016
အလွမ်း application ♥ ❀
အလွမ်း application
♥ ❀ ♡ ♥ ❀
ညိုမြသွေး
မနေ့ကချန်ထားတဲ့ပုစွန်တွေ
ကြောင်စားလို့ကုန်ပြီ...
မုန်တိုင်းသတင်းက
တခုပြီးတခု..ထုတ်လွှင့်နေတယ်
မုန်တိုင်းမလာခင် ရှေ့တော်ပြေး
မိုးရေစက်တွေက တဖွဲဖွဲ
ဒီကြားထဲ ငှါးသွားတဲ့ထီးက ပြန်မလာ
ဘာကိုလွမ်းလို့ လွမ်းရမှန်းလည်းမသိတော့
ချမ်းလည်းချမ်းတယ်
လွမ်းလည်းလွမ်းတယ်မိန်းမရယ်..
ညိုမြသွေး
8:51AM
Sun,23 Oct 2016
poem#observation#shinlhu
Friday, October 14, 2016
တရားနာသူ ❆ ❆ ❆
တရားနာသူ
❆ ❆ ❆ ❆
ညိုမြသွေး
ဖွင့်ထားတဲ့တရားခွေက နားထဲမှာ
မကြားတချက် ကြားတချက်
ပျင်းရိဖွယ် မိုးစက်မိုးပေါက်တို့က
သွပ်မိုးပေါ် တဖျောက်ဖျောက်...
ညက ပိုနက်လာပြီး မောဟကမှောင်သထက်ပိုမှောင်လာတယ်
တတ်သလိုလို နပ်သလိုလိုနဲ့
အပရိက နေ့ရက်များ လများ
နှစ်များ.........
ညိုမြသွေး
11:11 PM
Thu,6 Oct 2016
poem#observation#shinlhu