ခေါင်းစားတဲ့ဝါသနာ👤👥🗣👁👀
ရှင်လူက စံနစ်တကျ သပ်သပ်ယပ်ယပ် နေတတ်တဲ့ကျင့်ရှိပါတယ်။ဘယ်မှာနေနေ ဘယ်ကိုသွားသွား မျက်စိနဲ့အဆင်မပြေတဲ့ ရုပ်ဝတ္ထု တွေကို့ယိုးကားယား မြင်ရင် မကြိုက်ပါဘူး။ ဒါကြောင့် ပိုက်ဆံသုံးတာကအစ စံနစ်တကျကိုင်တွယ်ပါတယ်။ပိုက်ဆံအိတ်ထဲပိုက်ဆံထည့်တာကအစ ပိုက်ဆံတမျိုးချင်းအလိုက် အုပ်စုခွဲ၊ တရွက်ချင်း အပေါ်အောက်မှန်အောင်ထပ် ပြီးမှ ပိုက်ဆံအိတ်ထဲထည့်လေ့ရှိပါတယ်။ တသက်လုံး ဒီလိုလုပ်ခဲ့ပေမယ့် တခါတခါစဥ်းစားမိတယ်။ငါဟာဘာမဟုတ်တဲ့အလုပ် (ပိုက်ဆံ စီတဲ့အလုပ်)ကိုလုပ်နေတာ အလကားအချိန်ဖြုံးရာကျမနေဘူးလား။ပိုက်ဆံကိုအိတ်ထဲ စောက်ထိုးထည့်ထည့် အတည့်ထည့်ထည့် ပိုက်ဆံဟာပိုက်ဆံပဲမဟုတ်လား..လို့။
တခါက စကားပုံတခု ကိုသတိရမိပါတယ်။သင့်မှာငွေဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နိုင်သေးရင် သင်တကယ်မချမ်းသာသေးဘူး...တဲ့။အင်း ဒီအတိုင်းဆို ပိုက်ဆံကို သပ်သပ်ယပ်ယပ်စီနိုင် ထပ်နိုင်သေးရင် သင်တကယ်မချမ်းသာသေးလို့ ကော မဆိုနိုင်ဘူးလား။ တချို့သတင်းတွေထဲမှာ ငွေကို မြွေရေခွံအိတ်တွေနဲ့ ထည့်ထားနိုင်တဲ့လူတွေရှိသတဲ့။တကယ့် ဘီလျှံနာကြီးတွေဆိုပိုက်ဆံရေဖို့မပြောနဲ့ ကမ္ဘာအရပ်ရပ်ကသူတိုရဲ့ပိုင်ဆိုင်မှုစီးပွားဥစ္စာတွေတောင် အကုန်မှတ်မိမယ်မထင်ဘူး။ ဒီတော့ ရှင်လူကြီး ကွကိုယ်သုံးသပ်မိပါတယ်။ငါ.. တကယ်မချမ်းသာသေးဘူး၊ပိုက်ဆံကိုင်ပုံ ဒီအကျင့်တွေမဖျောက်ရင် ဒီတသက်လည်းချမ်းသာမှာမဟုတ်ဘူးလို့။ဒီတော့ အကန်းရေတွင်းထဲအကျမှာ.. အင်းရေငတ်နေတာနဲ့အတော်ပဲ ပြောသလို.. ငါမချမ်းသာပေမယ့် သမ္မာအာဇီဝတော့ကျတယ်...လို့သာကြံဖန်ဖြေသိမ့်လိုက်ပေရဲ့...။
No comments:
Post a Comment