သတ်ပုံမှားတဲ့မိဘနှစ်ပါး
♥ ♥ ♥ ♥ ♥ ♥ ♥
ရှင်လူလေး၈နှစ်သားအရွယ်လောက်တုန်းကပေါ့။
တညနေ ရှင်လူ့ဖခင်ရုံးကပြန်လာချိန်။
အဖေက အိမ်ပြန်ရောက်ရောက်ချင်း ခါ
တိုင်းလို အမောတောင်မဖြေပဲ အိမ်ခန်းထဲ
တန်းဝင်သွားပါတယ်။အိမ်ခန်းထဲမှာ
တောက်တိုမယ်ရလုပ်နေတဲ့အမေ့ကိုတွေ့
တော့ ``မနေ့က ယူနီဖောင်းတွေလျှော်ပီး
သွားပလား´´
``အင်း´´ အမေက စိတ်မဝင်စားသလိုပုံနဲ့
အင်းတလုံးထဲ ပြန်ဖြေပါတယ်။
``စာအိတ်တအိတ် မတွေ့ဘူးလား´´
``တွေ့ပါဘူး၊ ကျုပ်လျှော်ခါနီးတိုင်း အရေးကြီးစာရွက်စာတမ်းတွေရေစိုမစိုးလို့
နှိုက်ရှာနေကျ´´
အဖေက ဘာမှဆက်မပြောတော့ပဲ အမေ့ကို မသင်္ကာသလို တချက်ကြည့်ကာ
ပက်လက်ကုလားထိုင်မှာ ခြေပစ် လက်ပစ်
ထိုင်ချလိုက်ပါတယ်။ ဒီအခိုက်မှာပဲ အမေ့
နှုတ်က သီချင်းလိုလို ကဗျာလိုလို အသံတသံ ထွက်လာပါတယ်
``နေ့လဲမျှောရ ၊ ညလဲမျှောရ ၊တော်သေပီ´´
အမေ့အသံကြောင့်အဖေပက်လက်ကုလားထိုင်ပေါ်က ဝုန်းခနဲထရပ်လိုက်ပါတယ်။
``ပေးစမ်း ဘယ်မလဲ အဲ့ဒီစာ´´
``ဘာစာလဲ သိပါဘူး ၊တော်သေပီ´´
အမေက ပြောပြောဆိုဆို စာအိတ်ကို
ကျစ်ကျစ်ဆုပ်လိုက်ပြီးလက်ကိုနောက် ကျောဘက်ဝှက်လိုက်ပါတယ်။
``နင်တော့ နာချင်ပီနဲ့တူတယ်၊ပေးစမ်း
ငါ့စာ´´အဖေကအမေ့လက်ဖမ်းဆွဲတာ
မမိတော့ မိရာ ဆံပင်ကိုဆွဲမိသွားပါတယ်။
အမေကလည်း နာတော့ ဆွဲမိဆွဲရာ ပြန်ဆွဲလိုက်တာ အဖေ့ဟဝှါက်ို မိမိရရကြီး
ဆွဲမိသွားပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ
အဖြစ်အပျက်တွေက မြန်ဆန်လွန်းပါတယ်၊
အဖေကရုန်းမရပြုမရကုန်းကွကွကြီးဖြစ်နေတော့ ကြံမိကြံရာ စားပွဲတင်နာရီနဲ့ အမေ့
ခေါင်းကိုဂွမ်းခနဲထုလိုက်တာအမေ့ဆံပင်
တွေကြားက သွေးတွေစီးကျလာပါတယ်။
ရုတ်ရုတ်သည်းသည်း အသံတွေကြောင့်
ဘုရားခန်းထဲက အဖွား(အဖေ့အမေ)
ထွက်လာပြီး``ဟဲ့ ဟဲ့သေကုန်ကြတော့
မှာပဲ ၊ စိုးအောင် လွှတ်စမ်း ´´``အမေ့
သမီးက ေGွးစေ့ကိုညှစ်ထားတယ်´´
ဤသို့တိုက်ပွဲပြင်ထန်းနေခိုက်အမေ့လက်က လွတ်ကျသွားတဲ့စာအိတ်ခေါက်လေးကို ပြေးကောက်လိုက်ပြီး ခင်ဗျားတို့ရှင်လူလေး
နောက်ဖေးဘူးစင်အောက်ကိုလစ်ထွက်ခဲ့ပါတယ်။စာအိတ်ထဲကစာရွက်လေးထုတ်
ဖတ်လိုက်တော့...
အဖေ..အဖေ ၊တယ်စွန်တဲ့အဖေပါလား။
သူ့ရည်းစားဆီက စာဖြစ်နေတယ်လေ။
(တီဗွီဇာတ်လမ်းတွဲတွေဆိုရင်တော့
နောက်တနေ့ ဆက်ရန် ဆိုပြီး တပိုင်းရပ်ထားလိုက်မှာပေါ့ဗျာ၊ ရှင်လူကတော့ မလုပ်ချင်ပါဘူး၊အဲ့စာကို
အောက်မှာ ဖော်ပြလိုက်ပါတယ်)
သို့/အကို
အကို ညီမ ရှီ မလာတာ အတောကျာပီနော၊
ညီမ မာတော့ နေ့လဲမျှောရ ညလဲမျှောရနဲ့
လွမ်လှပီ ၊စားပျံဘာအုံးအကို
တော်သေပီ
ညီမ
~~~မြို့
story#observation #shinlhu
Saturday, June 14, 2025
story
Subscribe to:
Post Comments (Atom)
No comments:
Post a Comment