စက်ဘီးလေးနဲ့ ရပ်ကွက်ကို ဖြတ်လာခိုက် မီနီဘတ်စ် အဝါလေးက မိမိဘေးက ကျော် တက်သွားလို့ ငဲ့ ကြည့်လိုက်မိ။ School Bus ဆိုတဲ့စာတန်း ကြောင့် ကျောင်းကားမှန်းသိလိုက်ရတယ်။ကားရှေ့ပေါက်မှာ ပြောက်ကျားဝတ်စုံနဲ့ စစ်သားတယောက် စစ်သုံး မောင်းပြန်ရိုင်ဖယ်တလက်လွယ်ရင်းအသင့်အနေအထားလိုက်ပါလာတာတွေ့ရတော့ မိမိတို့ ငယ်စဉ်မုဒုံအထက ကို နေ့စဉ် ကျောင်းတက်ခဲ့ရတာ ပြန်သတိရမိတယ်။ ကျောက်တလုံး စခန်း တပ်ထဲက ကျောင်းသားတွေ ဖထီး ဒုတပ်ကြပ် စောကျော်အေး မောင်းတဲ့ တိုယိုတာ စစ်ထရပ်ကားကြီးစီး ပြီး ကျောင်းတက်ခဲ့ရတယ်။ကားထဲမှာ မိမိတို့ကတန်းစီထိုင်ပြီး ကားနောက်ပိတ် တံခါးဘောင်မှာ သိုင်းကြိုး အ ဖြူ ပတ်ထားတဲ့RP ရဲဘော်တယောက် ထိုင်လိုက်လာတယ်။သူ့တာဝန်က ကလေးတွေ ကို စောင့်ရှောက်ပေးရတဲ့သဘောပဲ။ ဘာလက်နက်မှ ကိုင်မလာဘူး။မိမိတို့ကလည်း ကျောင်းကားပေါ်မှာ ပျော်ရင်ပျော်သလို သီချင်းတွေဘာတွေဆို လို့ပေါ့။ ခု ဘာတွေ ဖြစ်နေတာလဲ။ ဒီ မြင်ကွင်းမျိုးတသက်လုံး အိပ်မက်တောင်မမက်ခဲ့ဖူးဘူး။
မြိ ု့ ပြင်မလှမ်းမကမ်း စစ်တပ်ထဲက ကလေးတွေ ထင်ပါရဲ့။ သူတို့ သွားတက်တဲ့ ကျောင်းက
ဝါရင့်ဆရာမ ကြီးတယောက်က ရှင်လူ့့friend တယောက်ပါ။ မနှစ်က သူ့ပုံတွေ
FB ပေါ်တက်လာလို့ သူဘာလုပ်နေတယ်ဆိုတာ တောက်လျှောက်သိနေရတယ်။ ကိုဗစ် ကာလပထမလှိုင်းစ ပြီး မ ကြာခင်မှာပဲ သူတို့ကျောင်းမှာ Q Centre ဖွင့်လို့ သူ တာဝန်ကျနေတဲ့ အကြောင်းတွေ။ ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲကာလ မဲရုံတာဝန်ထမ်းဆောင်ခဲ့ရတာတွေ။ဒီလိုနဲ့ ပြီးခဲ့တဲ့အပတ်ထဲမှာ သူ့အကြောင်း ထူးထူးဆန်းဆန်း သတင်းတခု တက်လာ ပြန်တယ်။သူတင်တာတော့မဟုတ် သူ့သူငယ်ချင်းတယောက်တင်လိုက်တာပါ။ ဆရာမ ကြီး CDM ဝင်ရင်း အခက်အခဲရှိလို့ Online ပေါ်က ငွေချေးသူတယောက်နဲ့ ဆက်သွယ်ရာမှာ ဦးစွာ ငွေလေးသောင်းအရင်သွင်းရပါသတဲ့။
နောက်တခါ ငွေသုံးသောင်းထပ်သွင်းခိုင်းမှ မသ င်္ကာ ဖြစ် ပြီးစုံစမ်းလိုက်တော့ သူ အလိမ်ခံလိုက်ရ ပြီဆိုတာပါပဲ။ ဒီသတင်းအမှန်ဟုတ်မဟုတ် ရှင်လူ Confirm မလုပ်နိုင်သေးဘူး။
CDM လုပ်နေတဲ့သူ အတွက် မှတ်ပုံတင်ဓပုံ
အချက်အလက်တွေနဲ့ တမင်တင်ထားတာ ရိုးရိုးသားသားမှဟုတ်ပါလေစပေါ့။ ရှင်လူသိထားတာကတော့ သူက မူ ပြ ဆရာမဘဝ က ထ ပြ ဖြစ်တဲ့အထိ သူ့အလုပ်ကို မြတ်မြတ်နိုးနိုး လုပ်ခဲ့တယ်ဆိုတာပါပဲ။ ခုသူ့တပည့်လေးတွေ ကျောင်း လာတက်နေ ကြ ပြီ။
ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ ချီ
နေ ခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း....
ရှင်လူ့ နားထဲမှာ ဆရာ ပျဉ်းမနားမောင်နီသင်းရဲ့ကဗျာ တပိုင်းတစက ရစ်ဝဲလာတယ်။
ဥယျာဉ် မှူးတွေ ပျောက်ဆုံးနေတဲ့
ပန်းခြံတွေ..
ပန်း ခြံတွေ.....
No comments:
Post a Comment