Friday, June 20, 2025

story

တကယ့် Good job!!! ပါပဲဗျာ👍👍👍👍👍👍
ဒီနေ့ FB မှာ သမီး အိပ်မက်ချစ်သူ တင်တဲ့ ပို့စ်တခု တက်လာတယ်။
အုန်းထမင်းကြက်သားဟင်းနဲ့ငရုတ်သီးကြော်သရက်ချဉ်သုပ်နဲ့မွေးနေ့မှာဆွမ်းတော်ကပ်ပေးပါတယ်အမေ🙏
ဤကုသိုလ်၏အကျိုးကြောင့်အမေသက်ရှည်ကျမ်းမာပါစေ🙏..တဲ့
ဒါနဲ့ ရှင်လူကြီးလည်း ကောမန့် ဝင်ရေးပေါ့...
ပထမ.. Happy Birthday ပါပေါ့...
အဲ့လိုရေးပြီးမှ မိခင်အပေါ်သိတတ်တဲ့သမီးကိုလည်း ချီးမွမ်းသင့်တယ်တွေးမိပြီး..အောက်က Good job ဆိုပြီး လက်မပုံလေးပါနှိပ်ပေးလိုက်တယ်။ အဲဒါ မွန်းလွဲ ၂နာရီကျော်လာတော့ Messenger ကနေပြီး သမီးအိပ်မက်ချစ်သူကမက်ဆေ့ချ်ပို့လာတယ်။
"ဦးရေဖုန်းဆက်မလို့ဖုန်းရှာမတွေ့တော့လို့" တဲ့။ဒါနဲ့ဖုန်းနံပတ်ရေးပေးလိုက်တယ်။နောက်တော့သူက
"အလုပ်မှာလား" တဲ့...
"အိမ်မှာ"ဆိုတော့
"ထမင်းလာစားပါလားဦး" တဲ့ ၊ဒါနဲ့ခန စဥ်းစားလိုက်ပြီး..
"ဘယ်ချိန်လဲ"လို့ မေးလိုက်တာ
"ခုလာလဲရတယ်လေ မနက်စာချက်ထားတာမို့" တဲ့..၊ ဒါနဲ့..
"ဦးလာခဲ့မယ်လေ"လို့အကြောင်းပြန်လိုက်တယ်။ အင်း.. ညစာအတွက်အဆင်ပြေသွားပြီ။ မိမိနားနေတဲ့၄ရပ်ကွက်ဖွေးတို့အိမ်ကထွက် ၊လမ်းလျောက်ပြီး ၅ ရပ်ကွက် အိမ်မက်ချစ်သူတို့အိမ်ဝင် ညစာစား၊ပြီးတော့ ၅ ရပ်ကွက် သံသုမာလမ်းပေါ်က ကုမ္ပဏီ မှာအလုပ်ဝင်။
       အားပါး..အုန်းထမင်း ကြက်သားဟင်း သရက်ချဥ်သုပ်
ငံပြာရည်ကြော်နဲ့ ညစာ..ဂွတ်မှဂွတ်။
ခင်ဗျားတို့ရှင်လူကြီး အဆီယစ်နေတဲ့မျက်နှာကြီးမြင်စေချင်တယ်။
story#observation #shinlhu


No comments:

Post a Comment