ဒူးတင်ပေါင်တင်အက်ရှင်ဒရာမာ🤓🤑😎😛🤩😡😳
"ဟဲ့..တရုတ်မ..ကွမ်းယာ..တဲ့"
ဒေါ်မော်ကြီး ကွမ်းယာဆိုင်ရှေ့ မိမိထိုင်လိုက်တော့ ဆိုင်နားထိုင်ပြီး ကလေးနို့တိုက်နေတဲ့ အသက်နှစ်ဆယ်ကျော်ခန့် ကလေးအမေကလှမ်းအော်လိုက်တယ်။ဗြုတ်စဗျင်းတောင်း အခန်းငယ်လေးတွေမွစာကြဲနေတဲ့အိမ်စုတဝိုက်ကလေးတွေခွေးတွေကလည်း လမ်းဒေါင့်မှာ ရှောင်မလွတ်။ဆိုင်ရှင်တရုတ်မကလည်း နေ့လယ်ခင်းဆိုရင် နီးစပ်ရာအခန်းတခုခုမှာ ပိုကာဝင်ဒေါင်းနေတတ်သမို့ မိမိမှာအကြွေသုံးရာကိုင်ရင်းအေးဆေးပင်ထိုင်စောင့်နေလိုက်တယ်။
"ဟဲ့.. မသာကောင်..ဆိုင်ကယ်တွေဖမ်းနေတယ်ဆိုကာမှ..သူများဆိုင်ကယ်..ယူမောင်းနေတယ်"
မိန်းမရွယ်တယောက်ရဲ့စူးစူးဝါးဝါးအော်သံကြားမှာ တက်တူးတွေတကိုယ်လုံးထိုးထားတဲ့ ပိန်ညှောင်ညှောင်လူတယောက် သုံးဘီးဆိုင်ကယ် ဘီးလှိမ့်ရင်း ကွမ်းယာဆိုင်ဘေး ထိုးရပ်လိုက်တယ်။
"ဒီမှာ သော့ ထားသွားလို့.. ကောင်မ..ဘာမှနားမလည်ဘဲ.."
"သူ့ဖာသာ သော့ထားသွားတာ..မသာကောင် နင်နဲ့ဘာဆိုင်လဲ...သူများဆိုင်ကယ်အဖမ်းခံရရင်.. နင့်မှာရော်စရာ စောက်ဆံရှိလို့လား
ငါ စပနဲ့ပွတ်လိုက်ရ"
ကွမ်းယာသည်တရုတ်မ ထွက်မလာခင်ထိ ဒူးတင်ပေါင်တင်ရပ်ကွက်ဒရာမာကိုတော့ ဆက်ရှုစားနားဆင်ရပေဦးမပေါ့။တနေ့တနေ့ အချစ် အကြမ်း စွန့်စားခန်းတွေကြား အသက် ၇၀ ကျော်အောင်နေလာခဲ့တဲ့ မိမိကိုယ်မိမိ ရှင်လူကြီးအံ့သြနေမိတယ်။
No comments:
Post a Comment