ဒီမိုကရေစီ လေ့ကျင့်ခန်းများ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
၁၉၈၀ ခု ဝန်းကျင်က တောင်ဥက္ကလာမှာ
စာပေလုပ်သား အဖွဲ့ရှိခဲ့တယ်။အဲ့တုန်းက အဖွဲ့ထဲမှာမကြာခနဆုံကြရင်း ရှင်လူ
စာရေးဆရာ မောင်ရွှေစွန်နဲ့တွဲဖြစ်ခဲ့တယ်။
မောင်ရွှေစွန်က ရှင်လူ့ထက် ၁၀နှစ်လောက်ကြီးတယ်။အဲ့အချိန်မှာ
မောင်ရွှေစွန်ဟာ ``ပေပေတေတေ´´ဆိုတဲ့
ဝတ္ထုနဲ့ စာပေဗိမာန်စာမူဆုရပြီးပြီ။လုံးချင်းခေတ်ကျန်သေးတော့ ``နီပအို့ယိုဝ်နီခမ်းကို´´
``အဖော်ကောင်းရင် ငရဲထိလိုက်မယ်´´ ``အိမ်ပြေး´´စတဲ့ စာအုပ်တွေလည်း
ရေးခဲ့သူပေါ့။ခုတော့သူကွယ်လွန်တာ
သုံးနှစ်လောက်ရှိမလားပဲ။တလောက
ရုပ်ရှင်``အုတ်ကြားမြက်ပေါက်´´ဟာ
မောင်ရွှေစွန်ရဲ့ဝတ္ထုပေါ့။သူ စာပေဟောပြောပွဲတွေမှာ မကြာမကြာ
ဟောလေ့ရှိတာ ဆရာကြီး ဦးဉာဏအကြောင်းပဲ။တချိန်က မြန်မာစာပေလောကမှာ စာရေးဆရာ
ဒါရိုက်တာဦးဉာဏဟာ နာမည်ကြီးတယောက်ပဲ။မောင်ရွှေစွန်ရဲ့
ဖခင်ဟာ ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းကိုထုတ်ဝေတဲ့
ရုပ်ရှင်မျက်မှန် ဦးအောင်သိန်းဖြစ်ပြီး မောင်ရွှေစွန် ချာတိတ်ဘဝကတည်းက မဂ္ဂဇင်းစာမူကိစ္စတွေကို သူ့အဖေကတောင်းခိုင်းရင် လိုက်တောင်းပေးရတယ်။တနေ့မှာ သူ့အဖေက မောင်ရွှေစွန်ကို ဦးဉာဏဆီက
စာမူတောင်းခိုင်းလိုက်တယ်၊အဲ့မှာပြဿနာကစတာပဲ၊ဦးဉာဏက``ချာတိတ် မင်းငါ့ဆီကစာမူလိုချင်သလား´´``ဟုတ်ကဲ့ဆရာကြီး´´ဆိုတော့``အဲဒါပဲကွ
မင်းငါ့ဆီကစာမူလိုချင်ရင် ဟေ့ကောင်ဉာဏ ငါ့ကိုစာမူပေစမ်းလို့ပြောမှပေးမယ်၊မပြောရင်မပေးဘူး´´လို့ဆိုကရော။ဟိုကလည်း
ချာတိတ်ဆိုတော့ ဒီလို အသက်ရောဂုဏ်ပါကြီးတဲ့စာရေးဆရာကြီးကို ဘယ်ပြောရဲမလဲ၊မပြောရဲတော့
ဆရာကြီးကတကယ်မပေးဘူးတဲ့ဗျ။အဲဒါနဲ့နောက်ဆုံး မှာစာမူလိုချင်လွန်းတော့
``ဟေ့ကောင်ဉာဏငါ့ကိုမင်းစာမူပေးစမ်း´´ဆိုမှပေးသတဲ့။ သဘောကတော့ ဆရာကြီးဆိုသူတွေဟာ
ဟိုလူရိုသေ ဒီလူရိုသေ နဲ့ရိုသေလေးစားခံရတာတွေများတော့ ဘဝင်မြင့်လာတတ်သတဲ့။ကလေးတ
ယောက်က အဲ့လိုအပြောခံရမှ သတိဖြစ်သတဲ့။အဲဒါကိုမောင်ရွှေစွန်ကလည်းအစဉ်အလာအတိုင်းကျင့်သုံးလာတာ။တနေ့ညနေစာပေလုပ်သားအဖွဲ့ အစည်းဝေးအခမ်းအနားတခုအပြီး အတွင်းရေးမှူး မြင့်ဝင်းနီအိမ်မှာ စားကြသောက်ကြပြီး မူးလာကြတော့
ညီငယ်ကဗျာဆရာတွေဖြစ်ကြတဲ့
မောင်မောက်(ဥက္ကလာ)နဲ့ နန္ဒာမိုးကြယ်တို့က အင်းဝလမ်းထဲမှာ
အသံကျယ်ကြီးတွေနဲ့``မောင်ရွှေစွန်
မအေယ်ိုးကြီး ´´ဆိုပီး အကြိမ်ကြိမ်အော်ဆဲနေတာ တရပ်ကွက်လုံးကြားကြတယ်။ရှင်လူ့မှာ
အကြောင်းမသိတော့ မျက်နှာတွေပူလို့။
ဟော နောက်နေ့ကျတော့လည်း ရွှေညီကိုတွေ မနေ့ညကဘာမှမဖြစ်ခဲ့သလို တပူးပူးတတွဲတွဲ
(ဓာတ်ပုံ #ဆရာမောင်ရွှေစွန်#၏ မြေးဖြစ်သူ၏ fb မှပုံကိုယူပါသည်)
No comments:
Post a Comment