Tuesday, August 26, 2025

story

အူ‌ကြောင်ကြားပတ်ပျိုး
🤸🏃🏌️🤾🚴⛹️

ဒီမနက် ရှင်လူ ဖွေးဖွေးသိမ့် တို့ အခန်းမှာထိုင်နေတုန်း သီလရှင် ဆရာလေးတွေက ဆန်ရောင်းဖို့ ဝင်လာ ကြတယ်။
ဖွေးအဖွားက ဝယ်နေကျမို့ အ မြဲ ဝင်ရောင်းနေကျ။အဲဒါ ဝယ်ထားတဲ့ ဆန်ကောထဲက ဆန်တွေ ဖွေးက နို့ဆီခွက်နဲ့ ချင်နေရင်း ဘာစိတ်ကူးပေါက်တယ်မသိ ပြုတ်နေတဲ့ အရုပ်လက်ကလေးတခုကို ဆန်ဘန်းထဲက ဆန်တွေနဲ့ ဖုံးနေရင်း "ရှင်လူ့ ကို
မျက်လှည့်ပြမယ်၊ဟိုဘက်လှည့် "တဲ့။ 
သဘောကတော့ အရုပ်လက်ကလေးကို သူ ဖျောက် ပြမယ် ..ပေါ့။ရှင်လူက သူ‌ပြောတဲ့အတိုင်း တဖက်ကို လှည့်နေရင်း သူ့အလစ် မှာ သူဘာလုပ်လဲ ခိုး ခိုး ကြည့်တယ်။ ဖွေးကလည်း ပါးတယ်။ရှင်လူ ခိုး
ကြည့်နေမှန်းသိတော့ စူးစူးဝါးဝါး အော်တယ်။အနားမှာ ထမင်းစားနေတဲ့ ဖွေးအဖွားက"ဟဲ့ ကောင်မလေး မအော်နဲ့ ‌ပြောတာ မမှတ်ဘူးလား၊နင့် အဖေ ကားမောင်းနေတာ လာဘ်ပိတ် တတ်ပါတယ် ဆို"
အမ်..ဘာဆိုင်လို့လဲ၊ ကလေးက ကစားရင်း စိတ်အားထက်သန်လာလို့ အော်တာ၊
ငိုယို ဂျီကျနေတာလည်းမဟုတ်။ ဒါနဲ့ နောက်တခါ ရှင်လူ လှည့် အ ကြည့် ဖွေးက
အော်ပြန်တော့ သူ့အဖွားက မြည်တွ‌န်ရင်း
ထမင်းစားနေရာက ဖွေးကိုလှမ်းရိုက်တယ်။‌ဖွေးက ပါးနပ်တော့ အော်ငိုရင်း ရှင်လူ့ကျောနောက် ‌ပြေးဝင် ဖက်ထားတယ်။မငိုတဲ့ကလေး ခုမှ စငိုတာ။ ဖွေး အဖွား
နောက်တချက် လှမ်းအရိုက် ရှင်လူ့မျက်နှာနားက ဝှီးခနဲ လေဟပ်သွားတယ်။ ကံကောင်းလို့ ရှင်လူပါ အဆစ်ပါတော့မလို့။
အတော်ခက်တယ်။ကလေးဘာဝ ကစားရင်း အော်တာဟစ်တာတောင် လာဘ်ပိတ်တယ်ဆိုတော့ ကလေးအခွင့်အရေးဆုံးရှုံးတာပဲ။ ဖွေးက ရှင်လူ့ ‌မြေးမဟုတ်ပဲ
သူ့‌မြေးဖြစ်နေတော့ ရှင်လူကတပမ်းရှုံးနေတယ်။ဒါပေမယ့် ရှင်လူပဲ ဘယ်ရမလဲ၊ 
"နော်ဝေမှာဆို ကလေးကိုရိုက်ရင် မိဘတောင်ထောင်ချခံရတာ" ဆိုတော့ ဖွေး အဖွားက
 သံ ပြတ်ကြီးနဲ့ "ဒါ ဗ မာ ပြည်လေ"
တဲ့။ရှင်လူ့ရင်ထဲနင့်သွားတယ်။ကလေးတယောက်ဟာ သူ့အသံစွမ်းအင်ကို အသုံးချ ရုံနဲ့ လာဘ်တိတ်တယ်ဆို ပြီး အတားခံရတာ ဗမာ ပြည် တဲ့လား။ဗမာ ပြည်က ကလေးတွေ ကံဆိုးပေစွ။စိတ်မကောင်းဖြစ်ရင်း ဗိုလ်ချုပ် ခင်ညွန့် အင်တာ ဗြူး တခုသွားသတိရတယ်"ဒါ ဒီမိုကရေစီဘဲလေကွာ၊ မြန်မာ့နည်း မြန်မာ့ဟန်အတိုင်း ဖြစ် ရ မယ်။အနောက်တိုင်း လိုတော့ ဘယ်တော့မှ မရစေရဘူး" လက်မ ကြီး ထောင်
နှုတ်ခမ်း ကြီးရွဲ့ ပြီး ဗိုလ်ခင်ညွန့် ‌ပြောခဲ့တာ ။ရှင်လူတို့ တိုင်းပြည်က ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီး မြန်မာ့နည်း
မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆို
တာ ကြီးနဲ့ ခေတ်‌ပြောင်းတော်လှန်ရေး ဆင်နွှဲခဲ့တာ သိတော်မူ ကြတဲ့အတိုင်း ခုတလော လွှတ်တော်ထဲမှာ ယာဉ်စည်းကမ်း
လမ်းစည်းကမ်း တိုးမြှင့်ဆောင်ရွက်ဖို့
တယောက်က အဆိုတင်သွင်းသတဲ့။
‌ပြောင်းလဲချိန် တန် ပြီ ဆိုတာလည်း တွေ့ခဲ့ရ ပြီး စည်းကမ်း ပြည့်ဝ ကျနသော
မြန်မာ့ နည်း မြန်မာ့ ဟန်ဒီမိုကရေစီ ဆို
တာ ကြီး ကလည်း ငါးစိမ်းတန်းထဲက ငါး‌ပြေမ‌တွေလို ထ ထခုန် နေ ကြရဲ့။
ခေတ်ဟောင်း ကခေတ်သစ်တခုကို‌ပြောင်းရတာ အကိုက်အခဲ ပျောက်ဆေးသောက်
သလောက်တော့ သဘောထားနိုင်ရမှာပေါ့။ဘီပီအိုင် မှမဟုတ်ပါဘူး တရုတ်ဖြစ်ဖြစ် အမေရိကန်ဖြစ်ဖြစ် အိ န္ဒြိယ ဖြစ်ဖြစ်
အဆင်‌ပြေတဲ့ ပါရာဇီတမော့ ဖြစ်ရင်ပြီးတာပဲ။ ခက်နေတာက ရှေးရိုးစွဲ ဝါဒီ
Conservative တွေ အသာစီးရနေသမျှ။
‌ခြေဥစိမ်းကြီးတောင် အသေအချာ မဖတ်ပဲ
နိုင်ငံတော် ဘာသာ ထထအော်နေတဲ့
သောက်ပိန်းတွေကို အရူးဘုံ‌မြှောက် လုပ်ပေးနေသမျှ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် ၊လူမွဲ တွေက မနှေး ခေတ်မီ သူဌေးဖြစ်တော့မည် 
ဆိုတဲ့ နဂါးကြီးခမျာလည်း မနီနိုင်ဘဲ
အူ‌ကြောင် ကြား ရေ‌မြွေ ဘဝနဲ့သာ
လွှတ်တော်တွေ ခေါ်နေရပေအုံးမပေါ့လေ။
story#observation #shinlhu


No comments:

Post a Comment