Saturday, August 2, 2025

story

တမာရနံ့🧄🧅🌶🌽
ရွှေမင်းဝံတောင်တော်ရိုးမြူခိုးဝေ့ လာပါရင်ပုညရှင်စေတီ ပါးမှာလွမ့်းအားပိုခဲ့သရှင်..........အညာကိုလာခဲ့စေချင်.......
ရွှေမင်းဝံတောင်ထုပမာပြုကာ မေတ္တာခိုင်သရှင် သစ္စာတိုင်ချင် တိုင်တည်သစ္စာထား မေတ္တာတရား ကြီးမားတဲ့သူပင် ....
              ရှင်လူကြီး ဘရိတ်ဖတ်စ်အတွက် လက်ဖက်ရည် ဆိုင်ထိုင်ရင်း ဆိုင်ကဖွင့်နေတဲ့သီချင်းလေးထဲအာရုံဝင်စားနေမိတယ်။တကယ်တော့ မိမိထိုင်နေတဲ့လက်ဖက်ရည်ဆိုင်က တောင်ဥက္ကလာ ၅ ရပ်ကွက်
သရေခေတ္တရာလမ်းနဲ့ ပင်းယလမ်းထောင့်က
 "ကမ္ဘာကျော်"လက်ဖက်ရည် 
ဆိုင်ပါ။စေတသိကဓမ္မတွေက အညာမြေ ပုညရှင်စေတီ ကိုရောက်နေပါတယ်။လတ်တလော မိမိထိုင်နေတဲ့ ကောင်းကင်နဲ့ မြေလွှာအကြား
ငြိမ်းချမ်းနေသလို တမာရနံ့သင်းတဲ့ အညာမြေမှာကော အေးချမ်းပါလေစ။အညာကဗျာ အညာသီချင်း အညာဝတ္ထုတွေ ခေတ်အဆက်ဆက်ခံစား ဖတ်ရှုခဲ့ဖူးတဲ့တိုင် အသစ်အသစ်သော အညာရနံ့တွေက ရှူမဝ ရှိုက်မဝ ငေးမဝနိုင်သေး။
ခုတလော FB မှာတွေ့တွေ့နေတဲ့ အညာရနံ့ ဝတ္ထုဆရာမလေး ပျိုး ရဲ့
တမာမြေအကြောင်းဝတ္ထုလေးတွေလည်း အလျဥ်းသင့်ရင် ဖတ်ရှုခံစားချင်သေးတယ်။ တကယ်တော့ ရှင်လူကြီးတို့လို စေတသိကခရီးသည်ကြီးတွေအဖို့ အနုသုခုမယာဥ်တွေနဲ့သာ အညာကိုအမြန်ဆုံးတွေ့ထိနိုင်မှာမဟုတ်လား။
story#observation#shinlhu

No comments:

Post a Comment