ထွက်ခွာခြင်း ကျန်ရစ်ခြင်းနဲ့ ဆိုက်ရောက်ခြင်းများ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
တာရာမင်းဝေ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်မှာ ဆုံကြဖို့ messenger ထဲကနေပြီး နှင်းခါးမိုးကလှမ်းချိတ်လာတယ်။ထုံးစံအ
တိုင်း နွေလယ်နေလည်းပါမယ်ပေါ့။
ဒီလိုနဲ့ August, 5 ရက်နေ့ရောက်တော့
သွားမယ့်အစီအစဉ် ကိုစဉ်းစားရတယ်။
ရန်ကုန်မြို့ထဲအရာက်အပေါက်က
နည်းလေတေ့YBS လည်းမစီးတတ်။
ပါရမီဘူတာကပဲ ရထားစီးသွားဖို့ ဆုံးဖြတ်
ရတယ်။ ဒီလိုနဲ့ ၁၂ နာရီဝန်းကျင် ဘူတာကိုရောက်လာပြီး ၁၂:၂၈ ဆိုက်မယ့်
ရထားကိုစောင့်ရတယ်။ရထားက ၁၂နာရီ
ခွဲပြီးတာတောင်ရောက်မလာ။ သွားရမယ့်
BookPlazaကလမ်းမတော်သံဈေးမှာဆို
တော့ဘုရားလမ်းဘူတာဆင်းပြီး
လမ်းလျှောက်သွားရတော့မှာပေါ့။
နေရာတကာ ဘတ်စ်ကားလည်းအားမက်ိုးချင်။သံဈေးဆိုတာလည်းဇနီးသည်ရှိစဉ်ကလုပ်ငန်းသုံးကုန်ပစ္စည်းဝယ်ရင်းမကြာခဏရောက်နေကျ။
ခုတော့လည်းသံဈေးမရောက်တာ နှစ်နဲ့ချီ
နေခဲ့ပြီ။ နဂိုရ်ဈေးရုံကြီးနေရာမှာအထပ်မြင့်
အဆောက်အဦဖြစ်နေခဲ့လေတော့အမှတ်အသားတွေလည်းမမှတ်မိတော့။ဟိုမေးဒီ
မေးနဲ့ပဲ Book Plaza ရှိရာ ၅ ထပ်ကိုဓာတ်
လှေခါးနဲ့တက်လာခဲ့တယ်။ ရှင်လူရောက်တော့အခမ်းအနားကစနေပြီ။နောက်ကျနေတော့ဝေတဲ့စာအုပ်လည်းမရတော့။ နှစ်ချို့သူငယ်ချင်းကြီး ကိုစန်းလှိုင်
နဲ့ပန်းချီဆရာကျော်စွာတ်ို့နှစ်ယောက်စာအုပ် ဆိုင်တဆိုင်ရှေ့မှာထိုင်နေတာတွေ့လို့
ဝင်နှုတ်ဆက်ရင်း ဗိုက်ဆာလာတာနဲ့
``ဘာကြွေးလဲ´´မေးလိုက်တော့ ကိုစန်းလှိုင်က``အိမ်မှာလုပ်တုန်းကလို
ထမင်းတော့မကြွေးဘူး၊ လာ ကော်ဖီဆိုင်သွားကြတာပေါ့´´ဆိုပြီး
ကော်ဖီဆိုင်ဆီခေါ်တာနဲ့ လိုက်သွားပြီး
ညှပ်ခေါက်ဆွဲသုတ်တပွဲနဲ့ကော်ဖီတခွက်တီးလိုက်တယ်။စားသောက်နေတုန်း
အောင်ဒင်ရောက်လာတော့ ကိုစန်းလှိုင်
လက်ညိုးညွှန်လို့ အောင်ဒင်ကြီး ရှင်လူ့ကို
မြင်သွားတယ်။ အနားကပ်လာပြီး ``အကို
ဘာလိုအပ်လဲ´´ မေးလို့ မလိုပါဘူး ဒီမှာစားနေပြီလို့။စားသောက်ပြီးဟိုဟိုဒီဒီ
လျှောက်ကြည့်ရင်းသီချင်းရေးတဲ့ KZ(ဇော်သန်းထွဋ်)နဲ့ဆုံတော့ KZ က
``အမှတ်တရစာအုပ်ထဲမှာ ဆရာနဲ့ ရွှေဘုန်း
ကျနော့အိမ်လာခဲ့တဲ့အကြောင်းလေး
ကျနော်ရေးထားတယ်´´ဆိုပြီးနှုတ်ဆက်တယ်။ နှင်းခါးမိုးနဲ့ နွေလယ်နေတို့ အခမ်းအနားနောက်နားကခုံမှာထိုင်နေတာတွေ့လိုက်တယ်။သူတို့နားဝင်ထိုင်မလို့ လုပ်တုန်းနန်းနွယ်(Ahla Thit Art Gallery)
နဲ့တွေ့တာနဲ့ အပြန်အလှန်လက်ပြွနှုတ်ဆက်ကြပေါ့။ခဏနေတော့သက်ဦး
ရောက်လာတယ်။သက်ဦးကတေ့သူ့ပုံစံအတိုင်းစပ်ဖြဲဖြဲနောက်နောက်ပြောင်ပြောင်ပေါ့ ။ Stage ပေါ်က ကဗျာရွတ်ကြ အမှတ်တရပြောကြတာတွေ ခဏ နားထောင်ပြီး အပေါ့အပါးသွားဖို့ထလာ
တော့ခရမ်းပြာဝမ်းဆက်နဲ့အမျိုးသမီးတ
ယောက်က ``အကို့ကိုအစောကြီးကတည်းက
လိုက်ရှာနေတာ ခုမှတွေ့တယ် ´´တဲ့။
ဗုဒ္ဓေါ..၊ စာပေအသိုင်အဝိုင်းထဲမှာ အရောက်အပေါက်နည်းလှတဲ့ရှင်လူ့ကို
အဘယ် စာရေးဆရာမကများ သိနေသလဲ
ဆိုပြီးခေါင်းစားသွားရဲ့။ကိုအောင်ဒင်ကို
တောင်စောစောကမေးနေသေးတာ၊ဦးရှင်လူကိုတွေ့ချင်လို့ဆိုတော့သူကလည်းမတွေ့
ရ သေးဘူးတဲ့။ အမျိုးသမီးဘေးကကပ်ပါလာတဲ့
အသက်၃၀ ဝန်းကျင်ကလေးမလေး
ရွှေနန်းဆက်ကိုတွေ့မှ
ရှင်လူ့ memo တွေအသက်ပြန်ဝင်လာ
တယ်။ မြ သန်း ရင်...။လွန်ခဲ့တဲ့နှစ်ပေါင်း
၃၀ ဝန်းကျင် ၈ လေးလုံးကာလ တုန်းက
မြသန်းရင်တယောက် ခရမ်းကနေပြီး
ရန်ကုန်တက််လာရင်းဇေယျာမှိုင်းနေ
ထိုင်ရာ
တောင်ဥက္ကလာ၄ရပ်ကွက်ကအိမ်မှာ
သောင်တင်ခိုက်ဇေယျာမှိုင်းနဲ့ရေစက်ဆုံ
ခဲ့ရတယ်။သူတို့မင်္ဂလာဆောင်ဖို့လုပ်တော့
ဇေယျာမှိုင်းက``ကျနော့ဘက်ကအမျိုးတွေ
ကသိတ်မကြေနပ်ကြဘူး ၊ဒါကြောင့်မင်္ဂလာ
ဆောင်ကိုအကိုအဖော်လိုက်ခဲ့ပေးပါ´´ဆိုတာနဲ့ မြသန်းရင်တို့ရွာ ၊ ခရမ်းမြို့နယ်၊
ညောင်ကုန်းကျေးရွာကို ရှင်လူလိုက်ပါခဲ့ဖူး
တယ်။
ခုမြသန်းရင်ကိုတွေ့တော့ ချက်ချင်း ရှင်လူ
မမှတ်မိ။ သူနဲ့ကပ်ပါလာတဲ့သမီးဖြစ်သူ
ရွှေနန်းဆက်ကြောင့်သာ သူ့ကိုမြသန်းရင်
မှန်းသိတော့တယ်။မတွေ့ရတဲ့နှစ်တွေက
ကြာခဲ့ပြီလေ။ရွှေနန်းဆက်ကိုလည်းလသားအရွယ်လောက်ကသာအပြင်မှာတွေ့ဖူးခဲ့တာ။ ကြုံကြိုက်ချင်တော့ နှစ်နှစ်နီးပါးတော့
ရှိလောက်ထင်ရဲ့ ဇေယျာမှိုင်းကွယ်လွန်တဲ့
သတင်းကိုအတော်နောက်ကျပြီးမှသိရတဲ့အကြောင်းfbမှာရှင်လူရေးတင်လိုက်တာကို
ရွှေနန်းဆက်ဆိုတဲ့ acc တခုက like ,share
လုပ်ပြီးဇေယျာမှိုင်းဟာ သူ့ဖခင်ဖြစ်ကြောင်း
ပြန်ရေးထားတာတွေ့ရတယ်။ဒီတော့မှ
ရွှေနန်းဆက်ဟာ ကွယ်လွန်သူ ညီကဗျာ
ဆရာ ဇေယျာမှိုင်းသမီးဖြစ်ကြောင်းသိရတယ်။
သူ့wall ပေါ်က သူ့ဓာတ်ပုံတွေနဲ့လည်း
ရင်းနှီးခဲ့ရတယ်။အဲ့ဒီအချိန်ကသူတို့စုပေါင်း
ထုတ်ထားတဲ့ ကဗျာစာအုပ်အဖုံးပုံကလေး
ကိုလည်း messenger ကနေရွှေနန်းဆက်
ပို့ပေးလို့သိရတယ်။သူ့အဖေကို ကဗျာတွေ
ရေးပြီးတမ်းတနေတဲ့ ကောင်မလေး။
ခုတော့ဘကကျောင်းမှာဆရာမလုပ်နေတာတောင် ၆ နှစ်ရှိပြီ တဲ့။သူကသူ့အဖေကိုကဗျာနဲ့တမ်းတနေတာ
တွေ့ရတော့ ရှင်လူက ဇေယျာမှိုင်းရေးခဲ့တဲ့
``သမီးကောင်း´´ဆိုတဲ့ကဗျာလေးကိုသတိရတယ်။ရွှေနန်းဆက်လေးမွေးခါစ အရွယ်၊ရှင်လူ့မိတ်ဆွေ (ကွယ်လွန်သူ)
အောင်လင်းလက်(ဥက္ကလာ)
``ပန်းဝတ်ရည်´´ကလေးဂျာနယ်ထုတ်
တော့ ရှင်လူက ဇေယျာမှိုင်းဆီ ကဗျာတပုဒ်
တောင်းတယ်။ဇေယျာမှိုင်းက ရွှေနန်းဆက်
ဖြစ်လာမယ့်သမီးငယ်လေးကို ရည်ရွယ်ပြီး
``သမီးကောင်း´´ဆိုတဲ့ကဗျာလေးရေးပေး
လို့ ပန်းဝတ်ရည် ကလေးဂျာနယ်မှာထည့်ပေးခဲ့ဖူးတယ်။
ခု ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း
မြသန်းရင်တို့သားအမိမျက်ရည်ဝဲကြတယ်။
ရှင်လူလည်း နှင်းခါးမိုးနဲ့ နွေလယ်နေကို
ခေါ်ပြီးရွှေနန်းဆက်တို့သားအမိနဲ့မိတ်ဆက်ပေးရတယ်။ သူတို့ကလည်း fb ပေါ်မှာ
ရှင်လူရေးခဲ့တာတွေသိပြီးသားမို့ ဇေယျာမှိုင်းသမီး ရွှေနန်းဆက်လို့ပြောလိုက်တာနဲ့သိတယ်။
တချိန်က တောင်ဥက္ကလာ ဇနပုဒ်မှာ
ဇေယျဝတီ မင်းလွင်စိုး ဆိုတဲ့ ရှင်လူရယ်၊
မောင်မိုးထွန်းဆိုတဲ့နွေလယ်နေရယ်၊
အောင်ဒင်ဆိုတဲ့ ဒတ္ထရယ်၊ဇေယျာမှိုင်း
ရယ်၊ နှင်းခါးမိုးရယ်၊ရွှေဘုန်းလူဆိုတဲ့
တာရာမင်းဝေ ရယ်တို့ဟာ ဗွက်ထူ
ရိုင်းကြမ်းတဲ့ မြေနီလမ်းတွေပေါ်မှာ
ဥဒဟို ပုခုန်းချင်းဖက်ပြီး ရန်ဖြစ်လိုက်
ပြန်ချစ်လိုက်၊ ကဗျာနဲ့ အရက်နဲ့ လက်ဖက်ရည်ကို ဖော်မြူလာအမျိုးမျိုး
နဲ့မြည်းစမ်းခဲ့ကြပြီး ခုတော့ တချို့ ထွက်ခွာ၊
တချို့ကျန်ရစ်၊တချို့ ဆိုက်ရောက်နဲ့...
အင်း..သမီးရွှေနန်းဆက်က တော့ ဆိုက်ရောက်ဆို ရင် မှားမထင်....
No comments:
Post a Comment