နိုဘယ် အလွမ်း
************
ရှင်လူ ကလေးဘဝတုန်းက ဆံပင်ညှပ် ရမှာသိတ်ကြောက်တယ်၊ ဆံပင်ညှပ်ဆရာ ပတ်ပေးတဲ့ ပိတ်ဖြူကြီးက ညစ်လည်းညစ်ပတ် ယားလည်းယား ၊နွေရာသီဆိုပိုဆိုး ၊ပူကလည်းပူသေး ၊ဒီကြားထဲ ဆံပင်ညှပ်ဆရာ ရဲ့ စက်ကပ်ကြေးက တုံးနေရင် နားသယ်စပ်ကလှန်ထိုးတဲ့အခါ ဆံပင်တွေ ဆွဲနှုတ်ခံရသလို နာပေါ့၊နောက်ပိုင်းတော့ ဆံသဆရာ လက်စွမ်းပြတာ ကြာလေ ရှင်လူ
အိပ်ငိုက်လေ ၊မနေ့က နိုဘယ်_မြန်မာစာပေပွဲတော်မှာ ကာတွန်းစုံတို့ ပေါ်ပြူလာတို့ မော်ဒန်ကာတွန်းတို့လည်းတွေ့ရော ရှင်လူငယ်စဉ်ကဆံပင်ညှပ်တဲ့နေ့တွေကိုပြေးသတိရမိတယ်၊
မိတ်ဆွေတို့က ဆံပင်ညှပ်တာနဲ့ ကာတွန်းစာအုပ်နဲ့ ဘာဆိုင်လို့လည်းလို့ ထင်ကောင်းထင်မယ်။ ဆိုင်တာပေါ့ဗျာ ..ဒီလိုလေ ။
ရှင်လူငယ်စဉ်က ဘိုးဘွားတွေနဲ့ အတူနေတော့ ..ဘွားအေကြီးက``ငါ့မြေး ဆံပင်တွေ ရှည်နေပြီ ဒီနေ့စမ်းကြီးသွားပြီး ဆံပင်ညှပ်ရအောင်´´ဆိုတာနဲ့ ရှင်လူလေးခမျာ ရွာလယ်
သဲလမ်းပေါ်လှစ်ခနဲ ထွက်ပြေးပါလေရော၊
ကိုယ်မကြိုက်တဲ့အလုပ်လေ..၊ အဲတော့ ဘွားအေကြီးက ဘွားအေပဲ ရှင်လူ့ အထာသိတာပေါ့ ``စမ်းကြီးရောက်ရင် ငါ့မြေးကြိုက်တဲ့ ကာတွန်းစာအုပ် ဝယ်ပေးမယ်...´´လည်းဆိုလိုက်ရော ရှင်လူကလေးကအပြေးကို
ဘက်ဂီယာနဲ့ ပြန်ဆုတ်လာပြီး ဘွားအေကြီး
ကို လှမ်းဖက်လိုက်တာပဲ။ဒီလိုနဲ့ ရှင်လူ့မှာ
ပြုံးကလေးတို့ ၊ဦးရှံစားတို့၊ဦးစိတ်တို မျောက်ညိုတို့ပါတဲ့ ကာတွန်းစာအုပ်တွေ တပုံကြီး..
နိုဘယ်_ မြန်မာစာပေ ပွဲတော်ထဲက ကာတွန်းစာအုပ် ပုံတွေမြင်တော့ ဘွားအေကြီးကိုလွမ်းမိသေး..
ဘွားအေကြီးခမျာ ရှင်လူ့လုပ်စာ စားမသွားရရှာ....
story#observation#shinlhu
No comments:
Post a Comment