Thursday, March 10, 2016

ဇေယျာမှိုင်း (၅၆)နှစ်​ ================ ဒီ​နေ့

ဇေယျာမှိုင်း (၅၆)နှစ်
================
ဒီ​နေ့ မနက် လမ်း​​လျောက် ရာကအပြန် ၄ ရပ်ကွက် ၁၀လမ်းကအဖြတ် တ​ယောက်
ေ​ယာက်​က ရှင်​ လူ့ ​ကိုလှမ်း​​​ခေါ်သံကြားလို .
လှည့်​ကြည့်​လိုက်​​တော့ စိန်​လှ​မောင်​ ရဲ့ အမငယ်
ဖြစ်ေ​နတယ်။ စိန်လှ​​မောင်​ဆုံးသွားပြီတဲ့၊
ဘယ်​တုန်းကဆုံးသွားလဲဆို​တော့ ၃ လ​လောက်​ရှိုပြီတဲ့ ၊ရှင်​လူ​နေတဲ့​နေရာမမှတ်​မိလို့လာမဖိတ်​တာတဲ့။ ​သြော်​ ...စိန်​လှ​မောင်​တ​ယောက်​ မရှိ​တော့ပြန်​ဘူး။
ဒါဆို ၆ထဲက၂နှုတ်​ ၄ကျန်​။
၆ ဆိုတာ..တချိန်​တုန်းက ​တောင်​ဥက္ကလာမှာ
တပူးပူးတတွဲတွဲ ​နေခဲ့ကြတဲ့ လူငယ်​ ၆ ​ယောက်​ရှိခဲ့တယ်​။ သူတို့အထဲမှာ ရှင်​လူကအကြီးဆုံး ။ အသက်​ ၃၀ ဝန်းကျင်​။ရှင်​လူပြီး​တော့ ​နွေလယ်​​နေ က
ရှင်​လူ့ထက်​ ငယ်​​ပေမယ့်​ ကွာလှ ၂နှစ်​ ၃ နှစ်​ထက်​မပို။ ပြီး​တော့ စိန်​လှ​မောင်​​ခေါ်
ဇေယျာမှိုင်း ၊ ​နောက်​​တော့ ဒတ္ထ(​အောင်​ဒင်​)​နောက်​ နှင်းခါးမိုး ။
ဒတ္ထနဲ့ နှင်းခါးမိုးက မတိမ်းမယိမ်း ရှင်​လူ့ထက်
၁၀ နှစ်​စီ​လောက်​ငယ်​ကြတယ်​။ ​နောက်​ဆုံး
အငယ်​​လေး ..အငယ်​ဆုံး​လေးက တာရာမင်း​ဝေ(​ရွှေဘုန်းလူ)။ တာရာမင်း​ဝေက အရွယ်​​ကောင်းတုန်း ၄၃မှာဆုံးပါးခဲ့ပြီး ခု​ဇေယျာမှိုင်းက ၅၆ နှစ်​မှာဆုံးတယ်​။သူတို့နှစ်​​ယောက်​စလုံးကိုလမ်းဆုံးပို့​ပေးတဲ့ကိစ္စမှာ အရက်​ကလည်း တ​ထောင့်​တ​နေရာကပါခဲ့တာငြင်းလို့မရ။
ပြီး​တော့လည်းပြီးတာပါပဲ​လေ။ ခု​တော့တချိန်​က လက်​ဖက်​ရည်​ ဆိုင်​ထိုင်​ဖက်
အရက်​ဆိုင်​ထိုင်​ဖက်​​တွေ ကျန်​တာဆိုလို​.
ဒတ္ထက အ​မေရိကားမှာ ၊ ပြီးခဲ့တဲ့နှစ်​​တွေအတွင်းမြန်​မာပြည်​ပြန်​လာတုန်း အ​လောသုံးဆယ်​ ၂ခါ​လောက်​ ​တွေ.ဖြစ်​တယ်​ ၊​နောက်​ဆုံးတ​ခေါက်​က​တော့ မိခင်
ကြီး ​ဒေါ်လှကြည်​​နေထိုင်​ရာ ဒဂုန်
ုံ​မြောက်​က ပီမိုးနင်းလမ်းနေအိမ်​မှာ ထမင်းအတူစားရင်းဆုံဖြစ်​ခဲ့ပါရဲ့။ ​နွေလယ်​​နေက​တော့ လင်းစ​ဒေါင်း ကုန်းလမ်းပို့​ဆောင်​​ရေး ဝင်းကြီးထဲမှာပင်​စင်​သွားကာနီး ကွင်းပိုင်​ကြီးဖြစ်​​နေရှာရဲ့ ။တ​လောက​တော့ ​နွေလယ်​​နေတ​ယောက်​ သံ​ဝေဂလား ​ကြောက်​​ဝေဂလားမသိ ရဟန်း​ဘောင်​ဝင်​သွားတာ ၁၁ ရက်​နဲ့ လူပြန်​​တော်​ပြန်​ဖြစ်​မှ ရှင်​လူလည်း သက်​ပြင်းချနိုင်​တယ်​။ဟုတ်​တယ်​​လေ အ​ရေးအ​ကြောင်းဆို ဒုက္ခ share စရာ ဒီသူငယ်​ချင်း​​ပဲရှိတာ၊သူက အပြင်​ပန်းမာ​ပေမယ့်​ စိတ်​ကသိပ်​​ပျော့တာ ၊
သူ့​ရှေ့ညည်းမပြလိုက်​နဲ့ မျက်​ရည်​ဝဲပြီး ပိုက်​ဆံအိတ်​ဖွင့်​ပြီ။အမှန်​က သူ့ကို
ိ ကုလသမဂ္ဂဒုက္ခသည်​များဆိုင်​ရာ မဟာမင်းကြီးခန့်​သင့်​တာ။ နှင်းခါးမိုးက​တော့​နော်​​ဝေနိုင်​ငံ ဘာဂန်​ မြို့​လေးကပြန်​လာပြီး ​ကျောက်​ကုန်းမှာ
နှင်းဆီဖြူ စာ​ပေထုတ်​​ဝေ​ရေး လုပ်​ငန်းလုပ်​​နေတယ်​ ၊နှင်းဆီဖြူ မဂ္ဂဇင်း၊နှင်းဆီဖြူဂျာနယ်​​တွေ ထုတ်​​နေတယ်​။
နှင်းဆီဖြူမဂ္ဂဇင်းက​တော့ ​ခေတ္တရပ်​ထားရတယ်​။မရပ်​လို့လည်းမဖြစ်​ဘူး​လေ။ရှင်​လူကိုယ်​တိုင်​ ဝတ္ထု​တွေ ကဗျာ​တွေ​ ဆောင်းပါး​တွေဝင်​ချီးမြှင့်​ပြီး စာမူခကို နိုင်​ငံတကာစံချိန်​နဲ့​တောင်းတာ မ​ပေးချင်​ဘူး။စာ​မူခမြင့်​မှ စာ​ပေမြင့်​မှာ​ပေါ့။
သူက ​နော်​​ဝေ အ​တွေ့အကြုံနဲ့ ရှင်​လူတို့စာမူခ​တွေကို ၃၀ ရာ နှုန်း
အခွန်​ဖြတ်​ထား။ အဲဒီစာ​ရေးဆရာ
လေဖြတ်​ပြီဆိုမှ သူက အခန်းအနားနဲ့
ဆေးဝါးကုသဖို့ ​ထောပ်​ပံ့​ငွေ သိန်း သုံး​ထောင်​တို့ဘာတို့ ​ပေးအပ်​ပြီး ဓာတ်​ပုံ​တွေဘာ​တွေရိုက်​ ..သတင်းထုတ်​ပြန်
၊နှင်းခါးမိုးတို့က ဒီအကျင့်​ ​သေမှပြင်​မှာပဲ။
၈​လေးလုံးကာလတုန်းက အဖမ်းဆီးခံ ​ကျောင်းသား​တွေကို ​ငွေ​ကြေး အကူအညီ​ပေးဖို့ သူတို့ လုပ်​​နေသတဲ့။ အဲဒါ
ရွှေဘုန်းလူ (တာရာမင်း​ဝေ)နဲ့ ​အောင်​ဒင်
ဒတ္ထတို့ညီအကိုက ​ထောင်​ထဲ​ရောက်​​နေပြီ။
သူ့မိဘ​တွေ ​ထောင်​ဝင်​စာမသွားနိုင်​ဘူးဆို​တော့ ခဏ​နေပါဦး ပြီးကာနီးပါပြီတဲ့။ ဘာပြီးကာနီးတာလဲဆိုပြီး ​စောင့်​ကြည့်​လိုက်​​တော့ ဒီ​လောက်​အဖမ်းအဆီး​တွေများ​နေတဲ့အချိန်​မှာ ``လူကြီးမင်း၏သား/သမီး ၏ နိုင်​ငံ့အကျိုးအတွက်​ စွမ်းစွမ်းတမံ​ဆောင်​ရွက်​ချက်​ကို ဂုဏ်​ပြုအပ်​ပါသည်​´´ တဲ့ ။ကဲ အဲဒီ မင်​လှိမ့်​စာရွက်​က​လေးမပါ​သေးလို.ကူမယ့်
ငွေကို တပတ်​ ​​လောက်​​စောင့်​လိုက်​ရတယ်​။
သူ့အ​ကြောင်း​ပြောရတာလည်းအားနာဖို့​တော့​ကောင်းပါတယ်​ ။သွား​လေသူမဒမ်​ရှင်​လူဆို နှင်းခါးမိုး​ထောင်​ကျ​နေချိန်​မှာ​ရော ၊ပြည်​ပ​ရောက်​သွားချိန်​​တွေမှာ​ရော တဖွဖွတ​နေတာ။မောင်​​ဝေလင်း(နှင်းခါးမိုး)
က အမကြီးဖိနပ်​ပြတ်​သွားတာသိ​တော့ ဖိနပ်​အသစ်​က​လေးတရံ ခါးကြားထိုးပြီးဝယ်​လာ​ပေးတာ ၊ငါ့​မောင်​​တွေက
အားကိုးရတယ်​တဲ့။
ရှင်​လူ့ကိုလည်းသူ့ ကား​လေးနဲ့ တင်​​ခေါ်ပြီး
စား​သောက်​ဆိုင်​ ​တွေမှာ အကိုဘာစားမလဲ
မှာ​လေ ဆိုပြီး စိတ်​ကြိုက်​​ကြွေးတာ။ဒါ​ပေမယ့်​သူမသိတဲ့အချက်​၊ညံ့ဖျင်းတဲ့အချက်​က ရှင်​လူ့အ​ကြောင်းမသိတာပဲ။ရှင်​လူဆိုတဲ့​ကောင်​ဟာ အာလူးပူဒီကလွဲပြီး ဘာမှမမှာတတ်​ခဲ့ဘူး။မစားတတ်​ခဲ့ဘူး။
ကဲပါ​လေ ရှင်​ကျန်​တဲ့လူ​တွေကို ​နောင်​ခါ​တေပီးမှ ​ရေးရမှာအားနာလို့ စရံ​လျောက်​​ရေး​နေတာနဲ့ စိန်​လှ​မောင်​အ​ကြောင်း​တောင် ဘယ်​​ရောက်​သွားပါလိမ့်​။ အဲဒီစိန်​လှ​မောင်​ဆိုတဲ့
ငနဲရဲ့ က​လောင်​အမည်​က ​ဇေယျာမှိုင်းတဲ့။
မသိသူ​တွေက သူ့ကို သခင်​ကိုယ်​​တော်​မှိုင်း
ရဲ့​မြေးလို့ထင်​ကြတာ။ အမှန်​​တော့ ဘာမှမဆိုင်​ဘူး ​ဒေသ​ကောလိပ်​ ၂ မဂ္ဂဇင်းမှာ
က​လောင်​​သွေးရာက ကဗျာဆရာဖြစ်​လာတာ။ သူ့အလုပ်​က
ဆိပ်​ကမ်း​ကော်​ပို​ရေးရှင်းမှာ ။ သ​ဘောသကာယ​ကောင်းပြီး အရက်​မူးလာလည်း ပြုံးစိစိနဲ့ ကွမ်းတမြုံမြုံနဲ့
စားသမျှ ​သောက်​သမျှ ဒိုင်​ခံရှင်းတတ်​သူ။
ခရမ်းမြို့နယ်​ ​ညောင်​ကုန်းသူ မြသန်းရင်​နဲ့ရပြီး ခုသူ​သေ​တော့ က​လေး ၃
ယောက်​လား ၄​ယောက်​လားပဲ။ရှင်​လူ့အထင်​​တော့ ​မြေး​တွေဘာ​တွေရ​လောက်​ပြီ။ရှင်​လူတို့ဘဝ​တွေက မုန်​တိုင်းအမျိုးမျိုး​တွေ​အောက်​မှာ နီးရက်​နဲ့​ဝေးခဲ့ကြပြီး အဲသ​လောက်​ကို အဆက်​ပြတ်​ခဲ့ကြရတာ။ ခု​တော့ သူ​သေပြီ။
နောက်​ပိုင်းကာလ​တွေမှာ သူကဗျာ​ရေးတာမ​တွေ့ရ​တော့ဘူး။ဒါ​ပေမယ့်
သူကဗျာဆရာဖြစ်​သွားတာ​တော့​သေချာတယ်​။သူ့စိတ်​ထဲမှာ ကဗျာ​တွေ​ရေး​နေလိမ့်​မယ်​၊
ကဗျာဆိုတာက ပလီစိ​ခြောက်​ချက်​​လောကကြီးနဲ့ဘယ်​​တော့မှမတည့်​ဘူး။ ဒီ​တော့ ဒီ​ငနဲ ရင်​ထဲ မခံနိုင်​ဘူး။
ပဋိပက္ခကို​ဖြေရှင်းတဲ့​ဆေးက ယ​နေ့ အလွယ်​တကူ ရ​နေတဲ့ အရက်​ပဲ...
ဘာပဲဖြစ်​ဖြစ်​ ​လေ၊ ​ဇေယျာမှိုင်းကဗျာဆရာတ​ယောက်​ဆိုတာကို​တော့ ရှင်​လူ​ထောက်​ခံလိုက်​ပါရဲ့။နောက်​​နောင်​​ထောက်​ခံစာလိုတဲ့ ကဗျာဆရာများရှင်​လူနဲ့
ဆက်​သွယ်​နိုင်​ပါတယ်​...
ဇေယျာမှိုင်းဓာတ်​ပုံမရှိလို့ ရှင်​လူ့ပုံပဲတင်​လိုက်​ရတယ်
ရုပ်​​တွေကခပ်​ဆင်​ဆင်​​တွေပါ...
story#observation#shinlhu

No comments:

Post a Comment