Sunday, May 22, 2016

အာဟာရ မဟာဂန္ဓာရီခရီးသည်​ (၁) @@ @@@@@@@@@@@@@ အမှန်​​တော့

အာဟာရ မဟာဂန္ဓာရီခရီးသည်​ (၁)
@@
@@@@@@@@@@@@@
အမှန်​​တော့ ငရဲနဲ့ရှင်​လူ (၁) (၂) (၃)စသဖြင့်​​ခေါင်းစဉ်​တပ်​ဖို့ပါပဲ။အဲဒီ ငရဲဆိုတဲ့ ရဲလင်း​ကျော်​အ​ကြောင်းကလည်း​ရေးစရာ​တွေကများပြီး အလျဉ်​မီ​အောင်​မ​ရေးနိုင်​။ ဒီကြားထဲက ရှင်​လူ့ခမျာ ပတ်​သက်​ရာအသိုင်းအဝိုင်း​တွေအကြား အစာအာဟာရကိစ္စ​တွေက​နေ့စဉ်​လိုအပ်​ချက်​ထက်​ 9မက​အောင်​​ကျော်​လွန်​​နေ​လေ​တော့ သြဝါဒပါတိ​မောက်​မှာ
မြတ်​စွာဘုရား ရှင်​က စားသုံးဖွယ်​ပမာဏကိုသိရာ၏..လို့ဆုံးမထား​တာကို သတိမမူသလိုများဖြစ်​​နေပြီလား သံသယပွားမိ​ပေါ့။ မ​နေ့က မိတ်​​ဆွေ ကဗျာဆရာ အယ်​ဒီတာ​တွေနဲ့ ရက်​လည်​တခုမှာဆုံမိရင်း ဘီယာဆိုင်​​ရောက်​သွားကြ​သေးတယ်​။
ကျဲကျဲ​တောက်​​နေပူရှိန်​​အောက်​မှာ အယ်​နီညိုကို​တော်​လှန်​ဖို့ Tuborg ​ဟော်​လန်​ဘီယာ​သောက်​ရင်း ကဗျာခင်း စာခင်း ခံတွင်းရှင်းခဲ့ကြတယ်​ဆိုပါ​တော့ဗျာ။ရှင်​လူလည်း
ဒီလို အရက်​ ဘီယာကိစ္စ​တွေသိတ်​ပြီးအ​သေးမစိပ်​ချင်​​တော့ပါဘူး။ရှင်​လူ့မှာမိတ်​​ဆွေ​တွေကများ​လေ​တော့ ဓမ္မလိုင်းဘက်​ကလူ​တွေက ရှင်​လူ့ကို အဝါကတ်​​ထောင်​ပြ​နေတာကို လည်း ​မမြင်​ချင်​​ယောင်​​ဆောင်​​နေရတဲ့ဒုက္ခကလည်းမ​သေးဘူးဗျ။
အဲဒါ ဒီ​နေ့ ည​နေ ၄နာရီ​ကျော်​​ကျော်​​လောက်​မှာ ထုံးစံအတိုင်းခံတွင်းပျက်​​နေတဲ့ ငရဲတ​ယောက်​ ​စက်​ဘီး​လေးနဲ့ ရှင်​လူ့အိမ်​​ရောက်​လာပြန်​​ရောခင်​ဗျ။ ငရဲကထုံးစံအတိုင်း ပြုံးဖြဲဖြဲမျက်​နှာကြီးနဲ့ အဘ​ရေ နဂါးနီ မှာ ထမင်း​ကြော်​ဖြစ်​ဖြစ်​ တခုခုသွားစားရ​အောင်​တဲ့။ ကဲ ဒါလည်း​နေ့စဉ်​ကိစ္စလိုဖြစ်​​နေလို့ ရှင်​လူနိဒါန်း​တွေသိပ်​မပျိုး​နေ​တော့ဘူး။လုပ်​လက်​စ အလုပ်​​တွေပစ်​ချ လက်​​ခြေ​ဆေး​ကျောပြီး စက်​ဘီးတစီးစီနဲ့ နန္ဒဝန်​​ဈေးဘက်​ထွက်​ခဲ့ကြ​ပေါ့။ ​ဈေး​ရှေ့ ​ရောက်​​တော့ လမ်း​ဘေး​ခေါက်​ဆွဲဆိုင်​ နဂါးနီက ခုမှ ဆိုက္ကား​ပေါ်က ဒယ်​အိုးတို့ မီးဖိုတို့ ချ​နေတုန်း။ နှစ်​​ယောက်​သားအလိုက်​တသိနဲ့ပဲ စက်​ဘီးကိုဆက်​နင်းခဲ့ကြပြီး ရှင်​လူက ဘယ်​သွားကြမလဲ​မေး​တော့ ငရဲက အင်းဝက ရခိုင်​အစားအစာဆိုင်​ပဲသွားမယ်​တဲ့။ ဒီလိုနဲ့ ရှင်​လူလည်း အဲဒီ​နေရာမှာ အဲဒီဆိုင်​ရှိ​နေမှန်း​တောင်​မသိတဲ့​တောင်​ဥက္ကလာပ ၆ ရပ်​ကွက်​ အင်းဝလမ်းထိပ်​``​ကျောက်​ဖြူ´´ရခိုင်​ရိုးရာ အစားအစာဆိုင်​ကို​ရောက်​ခဲ့တယ်​။
စားပွဲမှာထိုင်​မိကြ​တော့ Menu ကိုဖတ်​ပြီး ငရဲက မြန်​မာထမင်းသုတ်​ပဲမှာတယ်​..အသီးအရွက်​​ရှောင်​​ပေါ့။ရှင်​လူက​တော့ ဘာမှမမှာတတ်​လို့ နန်းပြားသုတ်​ပဲမှာလိုက်​တယ်​။နန်းပြားသုတ်​လာချ​တော့ ငရဲက အဘငါး​ပေါင်း​ကြော်​ထည့်​ခိုင်း​လေဆိုတာနဲ့ စားပွဲထိုး ရခိုင်​မ​လေးကို ငါး​ပေါင်း​ကြော်​ထပ်​ထည့်​ခိုင်းရတယ်​။ဆိုင်​မှန်​ပုံးထဲမှာက ပင်​လယ်​စာလည်းအစုံပဲ။ကဏန်းတို့ ပုစွန်​တို့လည်း​တွေ့ရတယ်​။ ပုစွန်​တုပ်​ကြီး​တွေကို မီး​သွေးဖိုနဲ့ထိုင်​ကင်​​နေတာလည်း​တွေ့ရတယ်​။
ရှင်​လူက​တော့ ဘာမှမစား​သေးခင်​ ထုံးစံအတိုင်းဖုန်းနဲ့ ဓာတ်​ပုံ​တွေလိုက်​ရိုက်​​ပေါ့။
နှစ်​​ယောက်​သား ကိုယ့်​စားစရာကိုယ်​စားလို့ပြီးကြ​တော့ ငရဲက အဘ ငှက်​​ပျော​ပေါင်းစားပါလားတဲ့၊ ကဲ မထူးပြီ ရခိုင်​ရိုးရာငှက်​​ပျော​ပေါင်းမြည်းကြည့်​ဖို့ မှာခွင့်​ပြုလိုက်​တယ်​။ငှက်​​ပျော​ပေါင်းကထူးခြားတယ်​။အုန်းသီးအုန်းနို့နဲ့​ပေါင်းထားတာ။ငရဲက မုန့်​လုပ်​​ဆောင်းမှာစားတယ်​။သူ့မုန့်​လုပ်​​ဆောင်းကိုခပ်​ပြီး ရှင်​လူနည်းနည်းမြည်းကြည့်​လိုက်​တယ်​။မဆိုးပါဘူး။ရှင်​လူ့ငှက်​​ပျော​ပေါင်းသူ့ဘက်​တိုး​ပေးလိုက်​​တော့ အဘပဲစား ကျ​နော်​မကြိုက်​လို့တဲ့။ ရှင်​လူဒါ​တွေအ​သေးစိတ်​​ရေးပြ​နေတာ
အဓိက အချက်​ နှစ်​ချက်​ရှိပါတယ်​။ တချို့ အထူးအဆန်းစားချင်​တဲ့ မိတ်​​ဆွေ​တွေလည်းစားချင်​တဲ့အခါသွားစားနိုင်​​အောင်​လမ်းညွှန်​​ပေးလိုတဲ့ဆန္ဒရယ်​၊ ​နောက်​တခုက အသက်​ ၆၃ နှစ်​အရွယ်​မှာ အုပ်​ထိမ်းသူမရှိ လူတကာနဲ့ ​တွေ့ကရာ​တွေကို လိုက်​လံ စား​သောက်​​နေတဲ့ ရှင်​လူတ​ယောက်​ ​ရောဂါ​တွေဘာ​တွေရပြီး​ရှောသွားရင်​လည်း ​နောက်​လူ​တွေဆင်​ခြင်​​တွေးဆနိုင်​ဖို့ပါပဲ ။သူများ​ကြွေးသမျှလိုက်​လံမျိုဆို့​နေတဲ့ အလုပ်​ဟာ ကြွားဝါဂုဏ်​ယူစရာမဟုတ်​တာ လူတိုင်းသိပါတယ်​။ ဒါနဲ့ မနက်​ဖြန်​မနက်​ လမ်း
လျှောက်​ကအပြန်​ ရှင်​လူတို့Maze Walker Team က အကိုကြီးဦး​မောင်​​မောင်​စိန်​က ဖိတ်​ထားပြီးသား ။ ကွယ်​လွန်​သွားတဲ့သူ့ဇနီးသည်​ကိုရည်​စူးပြီး တလတကြိမ်​ ဘုန်းကြီး​ကျောင်းကို ဆွမ်းကပ်​​နေကျ၊ သူ့သမီးအငယ်​ (ဖြူလုံးတို့အ​မေ)ရဲ့ လက်​ရာ မုန့်​ဟင်းခါး။
နောက်​ ​တခု ခြေရင်းခန်းက​ဖွေး​ဖွေးသိမ့်​ရဲ့ ဦးငယ်
သက်​နိုင်​ထွန်း (ခ)သားသားရဲ့ ​မွေး​နေ့ နန်းကြီးသုတ်​။ဒီ​နေ့တ​နေ့လုံး သားသားရဲ့ အ​မေ​နဲ့ အမ​တွေနဲ့ အ​ပေါင်းပါ​တွေက မနက်​​စော​စောကတည်းက ကြက်​သားကိုင်​ကြ ချက်​ကြ ပြုတ်​ကြ။ အင်း​ခုလတ်​တ​လော က​တော့ မ​နေ့ကTuborg ဘီယာသတင်းနဲ့ ​ကျောက်​ဖြူရခိုင်​ရိုးရာ ပင်​လယ်​စာဆိုင်​သတင်းကပုံနှစ်​မျိုး နှစ်​ရက်​စာ​ရောတင်​လိုက်​မယ်​ ​ဘော်​ဒါတို့...
story#observation#shinlhu

No comments:

Post a Comment