Sunday, September 17, 2017

ဒီ​နေ့ စ​နေတဲ့လား ~~~~~~~~~~ ဗီယက်​နမ်​ကမ်းလွန်​ အပူပိုင်းမုန်​တိုင်းက ငါတို့ဥက္ကလာ

ဒီ​နေ့ စ​နေတဲ့လား
~~~~~~~~~~
ဗီယက်​နမ်​ကမ်းလွန်​ အပူပိုင်းမုန်​တိုင်းက
ငါတို့ဥက္ကလာ ကို မိုးတဖွဲဖွဲ​စွေတယ်
တူ..တူ..တူ..
အဲဒီ ဖုန်းထဲက တူ..တူ..ဥသြသံက
ငါ့ အထီးကျန်​မှုကို သက်​​သေပြုလို့
အပူပိုင်းမုန်​တိုင်းက
ရင်​ထဲထိ​အောင်​ ဝင်​ခဲ့ပြီလား
ဘာ သတင်း​တွေ
ဘာ သီချင်း​တွေမှ
စိတ်​နဲ့ကိုယ်​နဲ့ မကပ်​ချင်​​တော့
ဝီစကီ တပုလင်း​တော့
မရှိမဖြစ်​ ​ပြေးဝယ်​ရ​တော့မယ်
ညိုမြ​သွေး
10:35 am
Sat,16 Sep 2017
poem#observation #shinlhu

No comments:

Post a Comment