Wednesday, January 31, 2018

ဒီမိုက​ေ​ရစီ ညတည ♥ ♪

ဒီမိုက​ေ​ရစီ ညတည
♥ ♪ ♬ ♡ ♥ ♪ ♡
တ​နေ့ ကမှ
မ​လေးကပြန်​လာတဲ့ ​မောင်​မင်း​အောင်​က ``ဘဘ´´ဆိုပြီးပုဆိုးတထည်လာကန်​​​တော့ရှာတယ်​။
မကြာခင်​ကမှ​​ခေါင်းရင်းခန်းကိုပြောင်း
လာကြတဲ့သဲသဲတုန်​၊မင်း​ဇော်​ခန့်​၊
စုပုံချစ်​တို့ အ​ဖေ​ပေါ့။ ရှင်​လူကခုဆိုည​နေအလုပ်​သွားတိုင်း
စီး​တော်​မြင်းက​လေးနဲ့ပဲဒုန်းစိုင်း​နေရ
တော့ ဒဂုံ​ရွှေပြည်​​ဈေးက ​ဘေထုပ်​ထည်
အားကစား​ဘောင်းဘီ သုံးထည်​ တထည်​တ​ထောင်​နဲ့ဝယ်​ဝတ်​​နေတာ။
ပုဆိုးဝတ်​ဖို့​နေရာသိတ်​မရှိဘူး။ ဒီလိုပဲ
တန်​​ဆောင်​တိုင်​တုန်းက ​ကို​မောင်​နီ မခင်​လှမြိုင်​တို့ရဲ့ သားကြီး ​နိုင်မင်းခန့် 
လာကန်ေ​​တာ့ထားတဲ့ပုဆိုးရယ်​၊မိလှဝင်းကန်​​တော့ထားတဲ့ပုဆိုးရယ်​ ခုပုဆိုးရယ်​ပါဆို
မဝတ်​ရ​သေးတာချည်းသုံးထည်​။ရဲဆား
လေးဘာ​လေးနဲ့ ​လျှောက်​လည်​ရရင်​​တော့
လည်း ဝတ်​ရတာပ​လေ။
ခုမနက်​​မောင်​မင်း​အောင်​ပုဆိုးလာမကန်
တော့ခင်​​အချိန်​​လေးမှာပဲ သူ့မိန်းမ သင်းသင်းမိုးဘယ်​သူ့ကိုမှန်းမသိ​ပြော​ပြော
ပြီးရီ​နေသံကြားလို့ အဲ့အ​ကြောင်း​လေး အလုပ်​လုပ်​ရင်း​စိတ်​ကူးနဲ့ကဗျာစပ်​​နေတာ ပြီး​နေပြီ။
တုန့်​လှည့်​​မေတ္တာသ​ဘောနဲ့ အမှတ်​တရ
ကဗျာ​လေး တင်​​ပေးလိုက်​ပါတယ်​။

သွေးနဲ့ချက်​လုပ်​ထားတဲ့ဝိုင်​အရက်
♥ ♪ ♬ ♡ ♥ ♪ ♬ ♡ ♥ ♪ ♬
မ​လေးမှာ သုံးနှစ်​​နေပြီး
ပြန်​လာတဲ့ အဲ့​ကောင်​ မင်း​အောင်
ညအိပ်​ယာဝင်​​​တော့
သုံးနှစ်​ရွယ်​သမီးငယ်​က လက်​မခံ
``ဘဘ ယာအိပ်​နဲ့..´´တဲ့
ကန့်​ကွက်​မဲ တမဲ
ထောက်​ခံမဲတမဲ
တမဲစီ သ​ရေကျ​နေ​တော့
ခိုး​ချောင်​ခိုးဝှက်
ကိုယ့်​ခြင်​​​ထောင်​ထဲ ကိုယ်​ခိုးဝင်​ခဲ့ရ
သြော်​..ဒီမိုက​ရေစီ ညတည
story#observation#shinlhu

No comments:

Post a Comment