Saturday, December 31, 2022
poem
ငါ့ဟက်ပီးဖျားနေတယ် နယူးရီးယား
~~~~~~~~~~~~~~~~
တံခါးတွေအားလုံးကို ခေါက်လိုက်တဲ့အသံတွေက
သြခက်စထရာဝိုင်းထဲက ဒရမ်တွေမြည်
သလို တပြိုင်တည်း .ပဲ့တင်လှိုင်းထပ်လို့
ဟယ္လို ၂၀၁၅ ၊
သင့်ရဲ့ဆန္ဒပြင်းတဲ့ရိုက်ချက်မှာ
အိမ်တံခါးကိုဖွင့်လိုက်ဖို့ ငါ့လက်တွေတွန့်ဆုတ်နေခဲ့၊
ကိုပါကြီးနဲ့ ဒေါ်ခင်ဝင်းတို့လို
သင့်အတွက်လည်း တရားခံမရှိတဲ့ကျည်ဆံတတောင့်
နှစ်သစ်လက်ဆောင်ရောက်ချင်ရောက်လာနိုင်တယ်
ပြီးတော့မကြာမီအချိန်မှာ မီးရှူးမီးပန်းတွေပစ်ဖောက်ကြတော့မယ်
အဲဒီရောနှောနေတဲ့အသံတွေထဲမှာ
ကျည်ဆံတတောင့်သို့မဟုတ် အမြောက်ဆံတခုရောယောင်
ပါလာမှာမဟုတ်ပါဘူးလို့ ဘယ်သူကလာပြီးအာမခံနိုင်မလဲ
ညိုမြသွေး
poem#observation #shinlhu 
Tuesday, December 27, 2022
story
ဝိုင်လိုချင်ရင် ဝိုင်ဖြစ်ရမယ်
🍂🍁🌼🙄💮😌📱
          fb ပေါ်က live လွှင့်တဲ့သူက သူ Christmas ဧည့်ခံပွဲတခုကို တက်ရောက်နေတဲ့ အကြောင်း ဝိုင်ခွက်ကလေး ကိုင်ရင်း
တင်ဆက်နေတယ်။ အင်း..ဝိုင်သောက်ရင်း Live လွှင့်တော့ ပိုကောင်းတာပေါ့လေ။ တချို့ဆို ရေခဏခဏ သောက်ပြရ ၊ကော်ဖီငုံပြရတာထက်တော့ အဆင့်မြင့်တာပေါ့...
          "ရှင်လူ.. ဧည့်သည်.."
           ရှင်လူ ဖုန်းပွတ်နေတုန်း
ဖွေးဖွေးသိမ့်အဖွားက အပြင်ကိုမေးဆတ် ပြရင်း သတိပေးလို့ ကြည့် လိုက်တော့ မင်းမင်း ဖြစ်နေတယ်။ လက်ထဲမှာလည်း ဆီပုလင်းကြီးကိုင်လို့...
            "ရှင်လူ..သွားမယ် အရက်ဆိုင်..."
              မင်းမင်း က အဲ့လိုကောင် ၊ အမြဲတန်း နောက်တောက်တောက်နဲ့ ...
               သူဝင်လာတဲ့အချိန်က
မွန်းလွဲ၂ နာရီ ၁၅ ဖြစ်နေပြီ ၊အရက်ဆိုင်သွားစရာလား။
               ရှင်လူ့ လက်ထဲ ပုလင်းလှမ်းပေးပြီး 
               "အရင် မြည်း ကြည့်လိုက်အုံး "ဆိုမှသတိရလာတယ်...
သူ ချဉ်ပေါင်သီးဝိုင်တွေ စမ်းပြီး
စိမ်နေတယ် ပြောလို့ "ငါ့လည်း
တပုလင်းလောက်ပေးပါအုံး ၊ကျန်းမာရေး မကောင်း ဖြစ်ပြီးကတည်းက အားနည်းနေတာ၊ ဝိုင်လေး သောက်ရရင် ကောင်းမလားပဲ"ပြောထားမိတာ ခု..ဝိုင်ပုလင်း လာပေးတာကိုး။ သူ့ဆန္ဒကတော့ သိတ်မပေးချင်သေးဘူး ၊ဒီဝိုင်က ၆လ လောက်ပဲရှိသေးတာ ။သူကအနည်းဆုံး နှစ်ပေါက်အောင်ထားချင်တာ။ ရှင်လူက သောက်ချင်နေပြီး နှစ်ခါသုံးခါ စကားနာထိုးလွန်းလို့ လာပို့တာ။
              ကဲ...သောက်ရေအိုးအဖုံးပေါ်က ကိုင်းဖန်ခွက်ယူ ၊ချဉ်ပေါင်သီး ဝိုင် လက်လေးလုံး လောက်ထည့် ပြီး တငုံချင်းစုပ်မြည်းပလိုက်တယ်။ ဝါကြည်လဲ့လဲ့ ချဉ်ပေါင်သီးဝိုင်ကလေးက ချိုမြ ရှတ..ရင်ထဲ နွေးဆင်းသွားတယ် ။ ရှင်လူက ဝိုင်သောက်တာ ကို Live တော့ မလွှင့်ချင်ဘူး၊ ပြောစရာလည်း များများ စားစားမရှိဘူး။ သူများ Live ကြည့်ပြီး ဝိုင်ခွက်ကိုစိတ်နဲ့ပစ်မှား နေတုန်း ကိုယ့်အတွက် ဝိုင်တပုလင်း ချက်ချင်းရောက်လာခဲ့တာ...တခါတခါ ကံကြမ္မာ
ကို ကျေးဇူးတင်တယ်။
story#observation#shinlhu
Friday, December 23, 2022
story
Today crisis
(ဒီယနေ့ အကြပ်အတည်း)
💻👿💻😖💻👿💻😖
မနေ့ညနေက ရှင်လူကြီး ညနေဘက် အလုပ်သွားဖို့ စက်ဘီးစီးမယ်ကြံတော့ စီးလို့မဖြစ်နိုင်တော့။ လူက ဆီးစပ်တွေနာကျင်နေပြီး လိပ်ခေါင်းကယောင်နေတာ ကွတကြီးဖြစ်နေတယ်။ဒါနဲ့ ကျောပိုးအိတ်ကောက်လွယ်ပြီး ဘတ်စ်ကားနဲ့ပဲလစ်ခဲ့ရတယ်။ ဒီလိပ်ခေါင်းက ခုမှ ဘာလို့ထဖောက်ရသလဲ စဉ်းစားလိုက်မှ အဖြေကပေါ်တယ်။ ပြီးခဲ့တဲ့အပတ်က
One Stop Mart သွားရင်း အရက်ပုလင်းတွေကြည့်မိတော့ Mandalay Rum Export Quality သွားတွေ့တယ်။တလောက fb ပေါ်မှာထင်တာပဲ
ညနေတိုင်းရမ်သုံးပက်သောက်တယ်ဆိုတဲ့ နွေလယ်နေပြော
ခဲ့တာ Mondaly Rum Export Quality ကောင်းတယ်ဆိုပဲ။
ဒါနဲ့ စမ်းကြည့်ဖို့ တပုလင်းသုံးထောင်နဲ့ ဝယ်ခဲ့တယ်။အဲဒါ
အိမ်ရောက်တော့ ပဲ​ခြမ်းကြော်နဲ့ခရမ်းချဉ်သီးသုပ်ပြီး ရမ်နဲ့မြည်းပေါ့။များများမဟုတ်ပါဘူး နှစ်ပက်လောက်ပါ။အဲနေ့က နေ့လယ်စာစားပြီးလှဲလိုက်တာ အိပ်ပျော်သွားတယ်။မွန်းလွဲပိုင်းတရေးနိုးလာတော့
လန်းလန်းဆန်းဆန်း ၊ခေါင်းလည်းကြည်တယ်။အမ်မာ..
အိတ်စပို့ ရမ်မဆိုးဘူးပဲ။ရှင်လူကအရက်နဲ့တည့်ပုံမရဘူး။တခြားအရက်တွေဆို နည်းနည်းသောက်မိတာနဲ့ ခေါင်းကိုက်ကရော။ဘီယာတောင် နှစ်ခွက်ကသုံးခွက်သောက်မိရင် ခေါင်းအုံတတ်တာ။
ဒီလိုနဲ့ မန္တလေးရမ်လေးကို
တနေ့နည်းနည်းစီကစ်လာလိုက်တာ ပုလင်းဖင်ကပ်လည်းရောက်ရော လိပ်ခေါင်းလည်းထွက်လာပါလေရော။တေဇော ဝါယော အားလွန်သွားပြီလေ။အဲဒါ ဒီမနက် အလုပ်ကအိမ်ပြန်ရောက်တော့ ဖွေးဖွေးသိမ့်တို့အခန်းမှာ အိမ်သော့သွားယူရင်း စာရေးနေတဲ့ဖွေးကိုတွေ့လို့"အား..ကျွတ်ကျွတ်..သမီးလေး ရှင်လူလိပ်ခေါင်းအရမ်းနာနေပြီ ၊ဆေးသွေးပေးအုံး"ဆိုတော့ ဖွေးကစာရေးနေရင်း
"နေအုံး သွေးပေးမယ်"ဆိုပြီးသူ့စာကိုဆက်ရေးနေတယ်။
ရှင်လူ့ဆီမှာ အေးချမ်းမေက
ဇီဝိတဒါန လှူထားတဲ့လိပ်ခေါင်းဆေးမြစ်ရှိတယ်။ရန်ကင်းမှာသွားယူထားရတာ။အဲဒါ ဆေးမြစ်ရရချင်းကတည်းက ဖွေးအမေငမိုးရိပ်ပေးထားတဲ့ကျောက်ပြင်သေးသေးလေးနဲ့ ဖွေးသွေးပေးဖူးတာကိုး။ခုလည်းဖွေးက သူ့စာရေးပြီးပြီးချင်း ရှင်လူ့အတွက်ဆေးမြစ်သွေးပေးရှာတယ်။ဆေးလူးပြီးကွတကွတနဲ့ထွက်လာတုန်း အပေါ်ထပ်ကရူပါက ရှင်လူ့ကိုတွေ့တော့ သူ့သားအောင်ညာဏ်ဖြိုးကိုရှင်လူ့ရင်ခွင်ထဲထိုးထည့်ရင်း"ရှင်လူ အောင်ညာဏ်ဖြိုး ခနခေါ်ထားအုံး လုပ်စရာရှိလို့"ဆိုပြီးအပေါ်ပြန်တက်သွားတယ်။အဲဒါနဲ့အောင်ညာဏ်ဖြိုးကိုချီပြီးဖွေးတို့အခန်းထဲကပလပ်စတစ်ခုံပေါ်မှာဖင်တစောင်းထိုင်နေရတယ်။အဲဒါအောင်ညာဏ်ဖြိုးဆိုတဲ့ကိုယ်တော်လေးကအငြိမ်မနေဘူး။ဘယ်နေမလဲကြမ်းပေါ်မှာ ဖွေးက ရာဘာနဲ့ထွင်းထားတဲ့မြန်မာပြည်မြေပုံကိုချ။တိုင်းဒေသတွေကို စားသောက်ဆိုင်သုံးဝါးတူနှစ်ချောင်းနဲ့ညှပ်ပြီးနေရာချနေတယ်။"သမီး..အဲ့ဒါမဟုတ်ဘူး၊ရှမ်းပြည်က ဟိုအချွန်အကွေးလေးထဲမှာ"ဆိုတာကို"ဟင်း..လာမပြောနဲ့"ဆိုပြီးရှင်လူ့ကိုငေါက်တယ်။ရှင်လူတို့ဖယ်ဒရယ်ပြည်ထောင်စုလည်းရက်စတောရင့်ကမီးနူးလို ဝါးတူနဲ့အညှပ်ခံနေရတယ်။အဲဒါကိုမြင်တဲ့ ရှင်လူ့အပေါ်ကအဖျက်သမား အောင်ညာဏ်ဖြိုး ကလူးလွန့်ရုန်းကန်ရင်းလှိမ့်ချလိုက်တော့"အား..အမလေးသေပါပြီ၊ငါ့လိပ်ခေါင်းတော့"ရှင်လူလည်း အော်ရင်းဟစ်ရင်း အောင်ညာဏ်ဖြိုး ကိုအင်းကျီစကလှမ်းဆွဲထားရတယ်။ဒါတောင် တနှစ်မပြည့်သေးတဲ့ဒီကောင်က
အောင်လအင်ဆန်းလိုမြန်လွန်းသန်လွန်းတော့ သူ့လက်ထဲတနင်းသာရီပါသွားတယ်။အဲဒါဖွေးကအတင်းပြန်လုရင်းတွန်းထုတ်နေလို့ သူတို့ နှစ်ယောက်စစ်ပွဲကြားမှာ လိပ်ခေါင်း..အနာနဲ့ရှင်လူ့ခမျာဖင်ဒရွတ်.ဆွဲရင်းဆွဲရ ကာရဖြန်ဖြေရနဲ့ဒီယနေ့ရင်ဆိုင်ခဲ့ရတဲ့အကြပ်အတည်းဟာ အင်တာနေရှင်နယ်နဲ့တော့ဆိုင်ချင်မှဆိုင်လိမ့်မယ်။ခံစားရတဲ့ ရှင်လူ့ခမျာတော့
ဖင်တခုလုံးပွင့်ထွက်တော့မလားဘဲ..
story#observation#shinlhu 
Wednesday, December 21, 2022
story
ရှင်လူ့ စီးတော် မြင်း Blue Diamond
🏇🏇🏇🏇🏇🏇🏇🏇🏇
ဒီစီးတော် မြင်းကလေးက ရှင်လူ့ ကိုဝန်ဆောင်မှုပေးခဲ့တာ လေးနှစ်‌ကျော်ခဲ့ ပြီ။
ရှင်လူ Bella မှာ အလုပ်စဝင်တော့ ရှင်လူ့အသက်က ၆၄ ၊အခု ၆၈ နှစ်ထဲရောက်ခဲ့ ပြီ။အဲ့တုန်းကနေ့ စဉ် အလုပ်ဆင်းဖို့ Bella ဂိုဒေါင်ရှိရာ ‌တောင်ဒဂုံစက်မှုဇုံ
(၁ ) ဟားခါးလမ်းကိုသွားဖို့ ရာ အမှတ် (၆) ကားက သစ်ဆိုင်ကွေ့ မှာပဲ မှတ်တိုင်ရှိလေတော့ ဟားခါးလမ်းကိုရောက်ဖို့ အဝေးကြီး လမ်းလျှောက်ရမှာ။ဒီတော့ ဖွေးဖွေးသိမ့် ဦးငယ်ချောင်ထိုးထားတဲ့ Mountain ဘီးလေးကို ဆွဲထုတ် မွမ်းမံပြီး နေ့ စဉ် အလုပ်ဆင်းခဲ့ရတယ်။ ရှင်လူ့ အိမ်ခန်းရှိရာ
တောင်ဥက္ကလာက နေ ပြီး ဘေလီတံတားကို ဖြတ် ‌မြောက်ဒဂုံကို‌ကျော် တောင်ဒဂုံစက်မှုဇုံထိ နေ့ တိုင်းအသွား အ ပြန် ဒီဆေးသားအ ဖြူတွေကွက် ပြီး သံချေးတွေတက်နေတဲ့ သံချေးတဝက် ဆေးတဝက်ဘီးကလေးနဲ့ တွဲလာခဲ့တာ အတော် ကြာခဲ့ ပြီပေါ့။သူ့ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း
အစိတ်ဝန်းကျင်က ရှင်လူ့ မှာ BSA စက်ဘီးအစိမ်းပုပ်လေးတစီး ရှိခဲ့ဖူးပါတယ်။အဲ့ BSA လေးကလည်း ဦးလေးဝမ်းကွဲတယောက်မှာ တစီးပိုနေလို့ ပြန်ရောင်းတာနဲ့ အရစ်ကျ ငွေသွင်း ပြီး ပြန်ဝယ်ထားတာပါ။အဲ့ဘီးလေးနဲ့ ရှင်လူတို့မောင်နှံ(မမ
မကွယ်လွန်ခင်ချိန်ထိ) တောင်ဥက္ကလာတခွင်မက တ ခြား မြို့ နယ်များကိုပါ တဝီဝီပတ်ခဲ့ပါတယ်။နာဂစ်မုန်တိုင်း ပြီးခါစ ကဆို
တောင်ဥက္ကလာကနေ ပြီး ယုဇနဥယျာဉ် မြို့ တော်ထိ သွားလည်ပြီး လက်ဖက်ရည်သောက်ခဲ့ ကြပါတယ်။ နီးနီးလေးထင်လို့
မမကို ကယ်ရီယာပေါ်တင်ပြီးနင်းသွားလိုက်တာ တောင်ဒဂုံ စက်မှုဇုံ(၃)ကိုကျော်တော့ တမျှော်တခေါ် လယ်ကွင်း ပြင်ကြီးတဆုံးမှာ ယုဇနဥယျာဉ်က မှုန်ပျပျ။တချို့ 
ကွန်ကရစ်လမ်းတွေက ပေါက်ပြဲ ပြီး သံချောင်း ကြီးတွေကထိုးထိုးထောင်ထောင်။
အဲ့ဒီနေ့ ကဥက္ကလာ ပြန်ရောက်တော့
လင်မယားနှစ်ယောက်လုံး ဒီကိုဂျင် တလုံးစီပဲသောက်ခဲ့ရတယ်။၂၀၀၉ ဇန္နဝါရီမှာမမကွယ်လွန် ပြီးနောက် ဝန်တဝက်ပေါ့သွားတဲ့ BSA လေးကို သိတ်မကျန်းမာတော့တဲ့ ရှင်လူ ကြီး ဆက်စီးနေပါသေးတယ်။TB ဖြစ်လို့ TBဆေး ၆ လ သောက်ရင်း လုပ်လက်စ အိမ်တွင်းလုပ်ငန်းလေး(ပန်းထိမ် မီးဂေါက်၊ဆီဘူး)ဆက်လုပ်ရင်း
တနေ့  လုပ်ငန်းမိတ်ဖက်(ပါတနာ)ဦးထွန်းရင်တို့အိမ် ကို ကုန်ချောပေး ကုန်ကြမ်းယူအသွား "တနေ့ ကရှင်လူလာတော့ စက်ဘီးနောက်မှာ ရှင်လူ့ မိန်းမပါလာတယ်"လို့ ဦးထွန်းရင်က ဆီး‌ပြောပါတယ်။
"အာ...မဟုတ်တာ"
"ဟုတ်တယ် သမီးငယ်ကြည်ပြာက
ရှင်လူ့မိန်းမပါလာတယ် ‌ပြော ပြီး ညက
အိပ်မက်ပေးလို့ သူ ကြိုက်တဲ့ မုန့်ဟင်းခါး
ချက်ပြီး ဘုရားဆွမ်းတော်ကပ်ထားတာ
ဟိုမှာ ကြည့်"ဆို ပြီးပြလို့ ဘုရားစင် ကြည့်လိုက်တော့ ထမင်းစားပန်းကန်ကြီးနဲ့ကို
မုန့် ဟင်းခါး ဆွမ်းကပ်ထားတာ။ အင်း ကိုယ်က သိတ်နေမကောင်းပေမယ့် စက်ဘီးနောက်မှာ အဖော်ပါတယ်ဆိုတော့
နင်းရတာ အရင်ကလို အားပါလာတယ်။
တကယ်တော့ ည ညဆိုယောင်ယမ်းဖက်မိတုန်းလေ။နှစ်ပေါင်း၄၀စာ ဥပါဒါန်တရားတွေ။နောက်ဆုံး ဒီBSAဘီးလေးကိုယ်တိုင် ချူချာလာတယ်။ခဏခဏလည်းမ ပြင်နိုင်၊ ပြန်ရောင်းလိုက်ဖို့ကလည်း သံယောဇဉ်က မ ပြတ်။ စစ်အစိုးရခေတ် အနှစ်၂၀ လုံးလုံး ပါတီ‌ကြေညာချက်စာရွက်စာတမ်းတွေခါးကြားထိုး ပြီး စစ်ထောက်လှမ်းရေးဆိုင်ကယ်တွေနဲ့ အ ပြိုင်ကြဲ၊
ရပ်ကွက် လမ်းကြိုလမ်းကြားမကျန် အတူတွဲခဲ့တဲ့ ရဲဘော်စက်ဘီးလေး။ဆက်လက်ထိမ်းသိမ်းထားဖို့  မတတ်နိုင်ဆဲမှာပဲ
လေ ဖြန်းထားဖူးတဲ့မိတ်ဆွေတယောက်
စက်ဘီးပြန်စီးကျင့်ချင်တယ်ဆိုတာနဲ့ 
"ပြင်သုံးဗျာ"ဆို ပြီးပေးလိုက်တာ တခါတခါ သူ ပြု ပြင်မွမ်းမံထားတဲ့ BSA လေးစီးပြီး လက်ဖက်ရည်ဆိုင်လာတာတွေ့ ရင်
"ငါ့ရဲဘော်လေးက ခုလို ယုယလိုက်တော့လည်း မဆိုးဘူး"ဆို ပြီး ‌ဖြေသိမ့်နိုင်ခဲ့ပါရဲ့။
ခုတော့ ဖွေးဖွေးသိမ့်အဖေ မောင်ဝင်းက
"ရှင်လူ့ Mountain ဘီးလေး ဆေးမသုတ်ဘူးလား"မေးတာနဲ့"ငါ မှ မလုပ်တတ်တာဘဲကွာ"ဆိုတော့ "ကျနော်ဒီနေ့ အားတယ် ၊ပေးပိုက်ဆံ၊ဆေးဘူးနှစ်ဘူးလောက်ဝယ်ရမယ်"တဲ့။"ငါ့မှာ ပိုက်ဆံနည်းနေ ပြီ၊ မင်းပဲစိုက်ဝယ်ထားလိုက် ၊လကုန်ငါပေးမယ် ၊အ ပြာနုသုတ် ကွာ"‌ပြောလိုက်တာ မောင်ဝင်း အ ပြင်ထွက်သွား ပြီး
မှုတ်ဆေးနှစ်ဘူးနဲ့ သံဘရပ်ရှတွေ စက်ကော်ပတ်တွေဝယ်လာတယ်။မောင်ဝင်းတယောက် စက်ဘီးကို တစစီ ဖြုတ်ရင်း"
ရှင်လူ့ ဘီးက သံချေးကိုက်နေတော့ တချို့ဟာတွေ ဖြုတ်မရဘူး"တဲ့။
"အေး မရတဲ့နေရာ ဒီတိုင်းထား၊ သတင်းစာပတ်ပြီးသာမှုတ်ကွာ"လို့။
ခွေး‌ခြေခုံပေါ် စက်ဘီးဖရိမ် ကြီးခွတင် ပြီးဆေးမှုတ်နေလေရဲ့။ ညနေလည်းစောင်းရော
"ရ ပြီ ရှင်လူ၊ ဆေး‌ခြောက် ပြီဆို ပြီးစက်ဘီးကို ပြန်ဆင်နေတယ်။သူ့ နားကို
ရှင်လူ့ မိတ်ဆွေ အ ငြိမ်းစား လေတပ်ကအရာခံဗိုလ် ကြီးရောက်လာ ပြီး ဝိုင်းဝန်း
ကိုင်တွယ်ပေး၊အ ကြံပေးရင်းနဲ့ပဲ ရှင်လူ့ 
Mountain ဘီးလေး အသက်ပြန်ဝင်လာခဲ့တယ်။အပြာရောင်ဖြစ်သွားတဲ့ စီးတော်မြင်းကလေးကို နာမည်တခုတော့ ပေးဦးမှပါပဲ။သူ့ ကိုခွစီးရင်း သမီးထက်ထက်တို့အွန်လိုင်းဖွင့်ရောင်းနေတဲ့ Blue Lady နာမည်လေးသတိရ ပြီး Blue Angel ပေးရကောင်းမလား တွေးမိသေးတယ်။အာ..မ ဖြစ်သေးပါဘူး။ တော် ကြာ ကယ်ရီယာပေါ်
Angel လေးတွေပါလာမှ ဖြင့်တွေးမိ ပြီး။
အင်း Blue Diamond ...ဆိုရင်။
ဟုတ် ပြီ ဒါမဆိုးဘူး။
ကိုင်း ..ရွာစားရေ၊ မ ကြာ မဆိုင်း ဝဠာတိုင်း ခွင် ဒုန်းစိုင်းလို့သာ နှင်တော့မည်
Blue Diamond ဖေ့သားကြီး ခွာစုံပေါက်လို့သာ ဟီလိုက်ပေရော့ ၊ရွာအပြန်
ခွာသံပေးလိုက်မယ် တိုင်းတုန်ရော့လဟယ်...
story#observation#shinlhu
Saturday, December 17, 2022
story
" ကီးပွိုင့်" 
🌼🙄💮😌📱
🤐🌸🌷
 ဒီ​နေ့ ရှင်လူ စိတ်ကူးတခုရတာနဲ့ ဖွေးဖွေးသိမ့်ကို ခေါ်လိုက်တယ်။
      "ဖွေးဖွေး..စာအုပ်နဲ့ ဘောပင်
ယူခဲ့"
       "ဘာလုပ်မို့လဲ"
       "နင်..စာစီစာကုံးရေးရမယ်"
       "မရေးချင်ပါဘူး"
        "မရေးလို့မရဘူး ၊ဒါမှစာရေးတတ်မှာ"
         "မရေးဘူး"
         "ရေးရင် ဆုချမှာ "
          "ဘာဆုချမလဲ"
          "မုန့်ဖိုးပေးမယ်"
           ဖွေးက စိတ်မဝင်စားသလို ကျောခိုင်းနေသမို့
           "အေး...စဉ်းစား၊ ဒီနေ့မရေးလည်း နက်ဖန်မှ ရေးပေါ့" ဆိုလိုက်တော့ ဖွေးက အတန်ကြာစဉ်းစားနေပြီး
         "ခုပဲ ရေးမယ်"ဆိုပြီး စာအုပ်နဲ့ ဘောပင်ယူလာခဲ့တယ်။ ဒါနဲ့
ရှင်လူက 
           "ခေါင်းစဉ်က #အမေနှင့်
သူ၏ သမီး#"
            "၏ ကဘယ်လိုရေးလဲ"
            ဖွေးက ၏ မရေးတတ်လို့မေးလာတော့ ရှင်လူ့ ဖုန်းက
ကီးဘုတ်ဖွင့်ပြီး ၏ ရေးပြလိုက်တယ်။ အမှန်တော့ ရှင်လူ ရေးခိုင်းတဲ့ စာစီစာကုံးရဲ့ ဇာတ်လမ်းအစက မနေ့က ပေါ့.....
           #    #     #     #
          မနေ့ မနက်က ဖွေးဝယ်လ
ာတဲ့ ပွိုင့် အသင့်စား နေကြာစေ့ ထုပ်ကိုတွေ့တော့သူ့အမေ ငမိုးရိပ်က စားချင်လို့ ဖောက်လိုက်ပါတယ်။ အဲ့မှာ ဘရိတ်ဖတ်စ် ထမင်းစားနေတဲ့ ဖွေးက စိတ်ကောက်ပြီးစူပုပ်သွားပါလေရော။စားနေတဲ့ ပန်းကန်ထဲက ထမင်းဟင်းတွေကိုလည်း လက်ထဲဆုပ်ညှစ်ပြီး
မကြေနပ်တဲ့ ဒေါသတွေ ဖော်ပြနေပါတယ်။ ဒါကို ဖုန်းပွတ်နေတဲ့ ရှင်လူ လှမ်းမြင်တော့ မနေနိုင်တော့ပဲ 
          "ကိုယ့်အမေစားချင်လို့ စားတာပဲ ၊နောက်ပြန်ဝယ်လို့ရတဲ့ဟာ ၊ စိတ်ပုပ်တာငါမကြိုက်ဘူး၊
ချစ်လည်းမချစ်တော့ဘူး၊ ငါကတော့ ကလေးက ကြီးလာရင် လိမ္မာလာမှာလို့ အာမခံထားတာ၊ ခုတော့ အလုံးကြီးလေ ချဉ်လေပဲ"ဆိုလိုက်တော့ 
         "မချစ်နဲ့ပေါ့"
          "အေး.. မချစ်တဲ့အပြင် နင့်ကို ဘဒိတ်ပါ မှောက်လိုက်ပြီ"
           "ဖွေး သုံးလေးနှစ်သမီးအရွယ်ကတည်းက ရှင်လူ မကျေနပ်ရင် သပိတ်မှောက် တယ်ဆိုပြီးသူ့ကို စကားမပြောပဲ နေခဲ့တာ ဖွေးက နားကြားမှားပြီး ဘဒိတ်မှောက် ချည်း ပြောပြောနေလို့ ခုချိန်ထိရှင်လူနဲ့ဖွေး နှစ်ယောက်ထဲ
အသုံးပြုနေကြတဲ့ ဘဒိတ်မှောက်အသုံးကအမြဲထိရောက်ပါတယ်။ ဘဒိတ်မှောက်တာကို လှန်စေချင်ရင် မှားတဲ့လူက 
           "မှားပါတယ် ဆရာရယ်"လို့ ဝန်ချရင် အမြဲ ခွင့်လွှတ်ပေးရကြေးလေ။ ခုလည်း ဖွေး နည်းနည်း တွေဝေသွားပြီ
          "တောင်းပန်လိုက်လေ မြန်မြန်.. တော်ကြာ မုန့်ဖိုးမရဘဲနေမယ်"
           အနားမှာဖုန်းပွတ်နေတဲ့ သူ့ဖွားလေး မယု ကတိုက်တွန်းတော့မှ မပြောချင် ပြောချင်နဲ့
         "မှားပါတယ် ဆရာရယ်"ဆိုပြီး လက်လျော့သွားတယ်။ ဒီတော့မှ သူ့ စိတ်တွေပြေပြီး မျက်နှာလည်း နည်းနည်းချင်း ပြန်ကြည်လာတယ်။ ဒီအကြောင်းကို ရှင်လူကနှုတ်တိုက်ပြန်ချပြီး သူ့ကို ရေးခိုင်းနေတာ။သတ်ပုံတွေ ယဉ်ပါးဖို့၊ တွေးတတ် ရေးတတ်ဖို့ အပြင် သူ့အမှား သူဝေဖန်တတ်ဖို့ပါ ရှင်လူကရည်ရွယ်ခဲ့တာ။ သူစာရေးနေတာကို
အပြင်ကဝင်လာတဲ့ သူ့အဖေ မောင်ဝင်းက ကြည့်ပြီး 
            "လက်ရေးလှလှ ရေးစမ်း၊ ကြောင်ခြစ်သလိုနဲ့"ဆိုပြီးဝင်ငေါက်လို့ ရှင်လူက လက်ကာပြပြီး
           "ရေးချင်သလို ရေးပါစေ၊
ဆရာဝန် တွေလက်ရေးလည်း ကြောင်ခြစ်သလိုပါပဲ" ဆိုပြီး ရှင်လူက ဝင်ကာရတယ်။ ဒီမှာ စာတပုဒ်ရေးချင်အောင်တောင်မနည်းစည်းရုံး ထားရတာ။ အမှန်တော့
မောင်ဝင်းက သူနဲ့ အကျင့်ချင်းတထပ်တည်းတူတဲ့ သူ့သမီးအကြောင်း သူမရိပ်မိတာပါ။ ဖွေးက ဘာမဆို လက်တွေ့ကျတယ်၊ အကင်းပါးတယ်။ သူ လက်ရေးလှပေမယ့်
မြန်မြန် ပြီး မြန်မြန် မုန့်ဖိုးရဖို့ကိစ္စအတွက် သူ့လက်ရေးတွေက သော့လိုက်ရတာ။
            နိဂုံး ကတော့ ရှင်လူကြီး
ငွေတထောင်ထွက်သွားပါတယ်အမရေ။
17/12/2022
story#observation #shinlhu
Friday, December 16, 2022
story
(အမှာစာ)
ရှင်လူတခါ ဈေးဝယ်ထွက် ၊ပဲ ကြီးနှစ်ခါချက် 
🤔👺🤗🤡🙄😌😁👺🤡🤗
အမ်! ရှင်ဘုရင်တခါထွက် ပဲ ကြီးတလှေချက်ပဲ ကြားဖူးပါတယ်၊ ဘယ့်နှာ ကြီးပါလိမ့်ဆို ပြီး မိတ်ဆွေများ ခေါင်းစား သွားနိုင်ပါတယ်။
ဒီလိုပါ ၊ ရှင်လူ ကြီး ဇနီးသည်မမ ကွယ်လွန်တာ လာမယ့် ၂၀၂၁ ဇန္နဝါရီဆို ၁၂နှစ်တင်းတင်း ပြည့်ပါ ပြီ။
မမဆုံး ပြီးကတည်းက မနက်မနက် ဈေးဝယ်ထွက်ရင် အ မြဲလို ကသိကအောင့်
ဖြစ်ရပါတယ်။ခုပဲ ကြည့်၊ ပဲ ကြီးဟင်းချိုလေး ချက်စားချင်လို့ ဝယ်တာ ဈေးသည်က
ပဲ ကြီး ငါးကျပ်သား မရောင်းချင်။တချို့ 
သားငါးသည်များဆိုရင်လည်းး အစိတ်သားနှစ်ထောင် ဘာညာနဲ့ ‌ပြော ပြီး
တဆယ်သားလောက်ဝယ်ရင် ငြို ငြင်တတ် ကြပါတယ်။
ကဲခုတော့ ပဲ ကြီးတဆယ်သား ငါးရာနဲ့ဝယ်လာရ ပြီး တရက်စာ ညမနက်အတွက် တဝက်ချက် ပြီး ကျန်တာကို Fridge ထဲထည့်ထား။ ဟော ဒီနေ့  မစားချင်တော့ပေမယ့် ကြာ ကြာသိမ်းမထားနိုင်တာနဲ့ ပဲ ကြီးဟင်းပဲထပ်ချက်ရ ပြန်တယ်။
တခါတခါ ဘဝမှာ ငါးကျပ်သားလိုနေတဲ့ဝေဒနာက အတော်ဆိုးပါတယ်။ အခန့် မသင့်ရင် ဝမ်းတောင်လျှော သွားနိုင်ပါတယ်။
အဲ့လိုနဲ့ ခံစားချက်တွေ ပေါက်ကွဲ ပြီး ကဗျာတပုဒ် ရေးမိပါရော။တကယ်တော့ ကဗျာဆိုတာ ရှင်းပြဖို့ မလိုပါဘူး။
ဒါပေမယ့် နောက်ခံသမိုင်းမသိသူတို့က
ရှင်လူ ကြီး အရိုးလိုလို့ အသားတောင်းတယ် ထင်မစိုးလို့ ကဗျာကို အမှာစာရေး ပြီးတင်လိုက်ရ ‌ကြောင်းပါ။
ဇနီးသည် မရှိတဲ့ နောက်
💃🏃🕺🕴️💃🏃
သူတို့ က ငါးကျပ်သား
ရောင်းမပေးနိုင်
ငါက ငါးကျပ်သားတန် လူတယောက်
ဒီလိုနဲ့ လူ့အ ဖြစ်မှာ
ငါးကျပ်သား လိုနေခဲ့ပါတယ်။
ညို မြသွေး
story#observation#shinlhu
Saturday, December 10, 2022
story
"ကာလာမသုတ္တာန်ပူဇော်ခြင်း"
🌼🙄💮😌📱🤐🌸🌷
မနက် ၉ နာရီကျော် အလုပ်ကပြန်တိုင်း တကောင်းလမ်းထိပ် နားမှာ သံဃာ ဆွမ်းတန်းတခုနဲ့ မကြာခဏ ဆုံလေ့ရှိပါတယ်။
       "အမှတ် (၁)ဝိုင်း အောင်ရတနာ ကျောင်းတိုက်မှ သံဃာတော်များ ဆွမ်းခံကြွ လာပါပြီ ခင်ဗျာ"
           ၇ နှစ်သားအရွယ် ကိုရင်လေးတပါးက Hand Speaker လေးနဲ့ ဆွမ်းတော်
အော်သံလေးက ကြည်ညို သဒ္ဓါ
ပွားစရာ။ ဒီနေ့ လမ်းအရှေ့ခြမ်းမှာ သံဃာတန်းက ဆွမ်းရပ်နေတော့ နောက်နားကရောက်လာတဲ့ ရှင်လူကြီး ဖြတ်ရခက်နေတယ်။
           "လမ်းမှာ ရဟန်းသံဃာ
တွေရဲ့ အရိပ်တွေ့ရင် မနင်းမိစေနဲ့"
            ငယ်စဉ် ကထဲက အဖွားဖြစ်သူရဲ့ ဆုံးမစကားကြောင့် တသက်လုံး ရှောင်လာခဲ့တဲ့ သံဃာ့အရိပ် ။ မိမိ ကျန်းမာရေးအရ
လမ်းမှာ ကြာကြာရပ်မနေချင် ၊
အိမ် အမြန်ရောက်မှ အမြန် နားရမှာ။ ခုလို ရပ်စောင့်နေရတာ စိတ်ပင်ပန်းလှပေါ့။ လမ်းဘေးတိမ်းရပ်နေရင်း အတွေးထဲမှာအရိပ် အ​ကြောင်း တွေ စဉ်းစားနေမိတယ်။ အရိပ်ဆိုတာ နင်းလို့ ရသလား။ သစ်ပင်ရိပ်အောက် ဝင်တဲ့အခါ အရိပ်သာ ခြေထောက်အောက်ရောက်နေရင် နေပူကမိနေအုံးမှာပေါ့ ၊အရိပ်က ကိုယ့် ခန္ဓာပေါ် ဖုံးနေလို့သာ အပူကလွတ်နေတာ။
ဒါဆို အရိပ်ဆိုတာ နင်းလို့မရ ခိုလို့သာ ရတဲ့သဘော။
          ကာလမ သုတ္တန်ကို စိတ်က ရည်မှန်း ပူဇော် လိုက်မိပါတယ်။
strory#observation #shinlhu
Friday, December 9, 2022
story
The Art of Cooking
‌ဆေး  ‌ကြော် ငြာ
🚒🚒🚒🚒🚒🚒
ရှင်လူ ကြီး မနေ့ က ကကတစ် အစိတ်သားတကောင်ကို နှစ်ပိုင်း ပိုင်း ချက်စားခဲ့တော့ ဒီနေ့  အ မြီးပိုင်းကျန်ပါတယ်။အဲဒါ နဲ့ တွဲစားဖို့ မနက်က မြင်သာဈေးကနေ ပြီး ခွေးတောက်ရွက်တစည်း တရာနဲ့ ဝယ်လာခဲ့တယ်။ အဲဒါ နေ့ လယ်စာ စားခါနီးမှ ပူပူနွေးနွေး ချက်စားလိုက်တယ်။ အများအား ဖြင့်တော့ ခွေးတောက်နဲ့ ကြက်ရိုးချက်လေ့ရှိ ကြတယ်။ရှင်လူ ကြီးကတော့ ကြက်ရိုး ဝယ်မနေတော့ပဲ ပလပ်စတစ်ဘူးထဲကျန်နေတဲ့ အာ ပြဲ‌ခြောက် သုံးလေးပိုင်းလောက် ဖဲ့ထည့် ပြီးချက်လိုက်တယ်။
ဟင်းချက်တာနဲ့ပတ်သက်လို့ တချိန်က
TV မှာ ပြခဲ့ဖူးတဲ့ "ချန်ဂင်"ကိုရီးယားကားကိုသွားသတိရတယ်။အမှန်တော့ အဲဒီ "နန်းတွင်း ရတနာ" ကိုရီးယား ဒရာမာ ဇာတ်ကားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က ဂျိုဆွန်မင်းဆက်ကာလအတွင်း
ပဌမ ဆုံး တော်ဝင် သမားတော် ဖြစ်လာတဲ့ အမျိုးသမီး ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။နန်းတွင်းသမားတော်ဆိုပေမယ့် တော်ဝင်မိသားစုအတွက်
ဟင်းလျာတွေကို ကိုယ်တိုင်ကြီး ကြပ်ချက် ပြုတ်ပြီး မှ တည်ခင်းရတာပါ။ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို
ဓာတ်စာတွေနားလည်ရပါတယ်။ ဒါနဲ့ပတ်သက်လို့ တလောက FB ပေါ်မှာ မြန်မာနန်းတွင်း ဟင်းချက်နည်း စာအုပ် တအုပ်
တယောက်တင်တာတွေ့ လိုက်ပါသေးတယ်။ဝက်တကောင်လုံးကအသားတွေကို
သူ့နေရာနဲ့သူ ခေါ်နည်းအမျိုးမျိုး၊ အသီးအရွက်တွေနဲ့ ရောစပ်ချက်နည်း အမျိုးမျိုးတွေက ကိုယ်တောင် မ ကြားဘူးတာတွေပါ။
တကယ်တော့ အဲဒီ တော်ဝင်ဆိုတဲ့ မင်းမျိုးမင်းနွယ်တွေဟာ ဗမာ ဖြစ်ဖြစ်၊တရုတ်ဖြစ်ဖြစ် ကိုရီးယားဖြစ် ဖြစ် ရသတဏှာ ဇိမ်ခံတာချင်းကတော့ ထူးမ ခြားနားပါပဲ။
ခင်ဗျားတို့ရှင်လူ ကြီးကတော့ တော်မဝင်ပေမယ့် မြန်မာ တိုင်းရင်းဆေးဆရာ သုံးလေးယောက်လောက် မိတ်ဆွေ ဖြစ်ထားခဲ့လေတော့ ခုဆို Messenger ကနေ ပြီး
ဓာတ်စာပေး ကြပါတယ်။ဒီနေ့ ချက်စားတဲ့ခွေးတောက်ဟင်းချိုဟာ ကေတုမာလာထဲက လေ ဖြန်းထားလို့ ဝှီးလ်ချဲ နဲ့ထိုင်နေရတဲ့ ဆရာ ဦးစံပု ပေးထားတဲ့ ဓါတ်စာပါ။သူဖော်ထားတဲ့ဆေးတွေလည်း ရှင်လူ့ ကို ပေးထားတာ ပလပ်စတစ်လေးထောင့်ဘူးနဲ့အ ပြည့်ပါပဲ။ ခန်းတောက်မြစ် တဲ့(အမှုန့်လုပ်ထားတာ)ရေ နွေးနဲ့စိမ်သောက်ရပါတယ်။ပြီးတော့ မက်လင်ချဉ် အမှုန့် (ထန်းလျက်ရည်နဲ့ ဖျော်သောက်ရတာ)၊ဆား
လှော် တဲ့(သွေးမတိုးဘူးဆိုပဲ) ပြီးတော့
လေကွဲလေနှင် ဖေါ်ထား ပြီးပြီ ၊လာယူတဲ့။
တရဆ ဆရာ ကြီးတွေနဲ့ပေါင်းရတော့
ရှင်လူလည်း ဂျိုဆွန် မင်းဆက်နီးနီး ဘဝင်မြင့်စရာပေါ့ဗျာ။နောက်တယောက်ရှိ သေးတယ်၊ ဆရာ မြဆိုတဲ့ပုဂ္ဂိုလ်။ ကိုဗစ်ရောက်မလာခင်က ရှင်လူ့ကိုမေးတယ်"ခွေးလယားစေ့ ဘယ်မှာရမလဲဗျ"တဲ့။"ဘာလုပ်မှာလဲ"မေးတော့ "အားဆေးတမျိုးဖော်မလို့"တဲ့။ဒီလိုနဲ့ နောက်တပတ် သူနဲ့တွေ့ 
တော့ ရှင်လူ့ကို ဆေးတဘူး ပေးတယ်။
"ဘာဆေးလဲ"မေးတော့ "အားဆေး‌လေဗျာ၊ အသက်၆၀ ကျော်လာရင် ဒီဆေးမှီဝဲပေးရတယ်"တဲ့။ရှင်လူလည်း အားနာတာနဲ့ "ဆေးဖိုး ဘယ်လောက်ပေးရမလဲ"ဆိုတော့ "မလိုပါဘူး၊အချင်းချင်း တွေပဲ၊ယူသွားပါ၊ခင်ဗျား ဖေ့စဖုတ်မှာစာရေးနေတယ်ဆိုတော့ ဆေးကောင်း‌ကြောင်း ‌ကြော်ငြာပေးရင်ပဲ တော်ပါ ပြီ"တဲ့။ဒါနဲ့  ရှင်လူလည်း
ဆေးဘူးလေးယူ ပြန်လာ ပြီး ညစာတွေဘာတွေစားပြီးမှ သတိရတာနဲ့ ဆရာ မြဆေးလေး ကော်စားလိုက်တယ်။မန်ကျည်းမှည့် ပျားရည်စတာတွေနဲ့ တေဆေးလိုလုပ်ထားတော့ စားလို့ အကောင်းသား။ အင်း..အဲ၊ ညကျတော့ မျက်စိ‌ကြောင်နေတယ်
။အိပ်လို့ မပျော်ဘူး။အိပ်ယာထဲ ဘယ်လှိမ့်
ညာလှိမ့်နဲ့  တကိုယ်လုံး ဖိန်းတိန်းတိန်း
ရှိန်းတိန်းတိန်း။ ဖျားတာလည်းမဟုတ်ဘူး။
လူက လန်းဆန်း ပြီး ဘာလိုလို ကြီး။
ဟိုဘက် ဒီဘက်လူးလှိမ့်ရင်း "ဘာ ဖြစ်တာလဲ ဟ"ပေါ့။ ဗု‌ဒ္ဓေါ...ကာမစ္ဆန္ဒ နိဝရဏ တွေ သောင်း ကျန်းလာတယ်။ဒါ နဲ့မသင်္ကာလို့ ဆေးဘူးလေးယူ ပြီး စက္ကူပတ်မှာ ဆော့ပင်နဲ့ ရေးထားတဲ့ စာဖတ် ကြည့် လိုက်တော့"ကျားမာန်ဟုန်"အားဆေး ကြီးတဲ့။  တေဘီဆရာ။ ကိုဗစ်ကာကွယ်ဆေး Pfizer တို့ ဘာတို့ကမှ Side effect သိအောင် လက်တွေ့ စမ်းသပ်တာ
အချိန်စောင့် ကြည့်ရအုံးမယ်။ "ကျားမာန်ဟုန်"ဆေးတဘူးပေး ပြီး ရှင်လူနဲ့ လက်တွေ့  စမ်းထည့်လိုက်တာ အံ့ရော။
ဒါပေမယ့် ရှင်လူပဲလေ။ဘာရမလဲ ။၆၇ နှစ်ဆိုပေမယ့် ကလေးဘဝ ကတည်းက
အဖိုးအဖွားတွေ ဘုရားစင်ပေါ် ထပ်ထားတဲ့ တရား(လက်ကမ်းစာစဉ်တွေ) ယူဖတ်ထားတာ၊ သဘာရှိ ပြီးသား။ညာဏစာဂီထဲကလား ဘာလားတော့ မမှတ်မိတော့။
"မီးကို ရေဖျန်း သေရ၏"တဲ့။ မီးက  ကြာသာပတေးနံ ဆိုတော့ ၅ ၊ အာရုံငါးပါး
ကိလေသာတရား ။ရေ ကဗုဒ္ဓဟူးနံ ဆိုတော့ ၄ ၊ သစ္စာ၎ပါး နဲ့တိုက်ရမယ်။စာတရားကို ခန္ဓာနဲ့ တိုက်ပေမယ့် ခင်ဗျားတို့ရှင်လူ ကြီးမှာ မီးလောင်မှုက Level 5 ဖြစ်နေ ပြီး ငြိမ်းမရ။ဌာနေကော အရန်‌ကော
ဗဟိုကော မြို့နယ်အသီးသီးက မီးသတ်ကားတွေ ဖုန်းဆက်ခေါ်ရတော့မလို။
ဘုရား ဘုရား ဂျာနယ်ထဲတော့ ပါတော့မှာပဲ။ ကယ်တော်မူ ကြပါ....
story#observation #shinlhu
Wednesday, December 7, 2022
story
"ဘူး သီးသီး မသီးသီး အရီးတော် လိုက် ​တော့မယ် "
🍁🌼🙄💮😌📱🤐🌸🌷🍁🌼
          မနေ့ က "နွေးတဲ့မုတ်သုံ
(သို့) အင်းဝိဇ္ဇာကြီး" ဆိုပြီး ပန်းချီမုတ်သုံ အကြောင်း ရေးတင်တော့
ရှင်လူ့ fb မိတ်ဆွေတယောက်က
Comment မှာ "အနှုပညာအသိုင်းအဝိုင်းက
ထင်ရှားသူများအကြောင်း
များများရေးတင်ပေးပါဗျ
ကျနော်နဲ့အလှမ်းဝေးလို့ပါ " ဆိုပြီး
တောင်းဆိုလာတယ် ။ဒါနဲ့ ရှင်လူလည်း သူ့မန့်ကို like လုပ်ရုံလုပ်ပြီး ဘာမှ အကြောင်းမပြန်ဖြစ် ။တနေ့နေ့ လက်ဖက်ရည် ဆိုင်မှာလူချင်းဆုံတွေ့ မှပဲ ရှင်းပြမယ်..
တေးထားလိုက်တယ်။
            အမှန်တော့ ရှင်လူက မိမိ နဲ့ သိကျွမ်းခဲ့ဖူးတဲ့ ထင်ရှားသူတွေအကြောင်း သိတ်ရေးလေ့မရှိ ။ မိမိ အယူအဆ အရ လိပ်ပြာ မသန့် လို့ ဆိုရမယ်။ တချို့က
Cele တွေ အကြောင်း ချည်း အမြဲလို ရေးတတ်ကြတယ် ။ ဒါလည်း စာရေးသူတချို့ရဲ့ တက္ခနစ်တခုပေါ့ ။လူသိများထင်ရှားသူ အကြောင်း ဆို လူတွေ စိတ်ဝင်စားပြီးသားမို့ သူ့စာ ကို ဖတ်သူပိုများမယ်။ ဥပမာ ထင်ရှားသူတယောက်နဲ့ ဓပုံ တွဲရိုက်နိုင်ရင် သူ့ကိုပါ
လူသိသွားမယ်။ ကြော်ညာ လုပ်ငန်းရဲ့Demonstrate အခြေခံ သဘောပါပဲ။ မိမိဘဝမှာ Cele တချို့နဲ့ ပတ်သက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိခဲ့ပါတယ် ။ ဒါပေမယ့် တခါမှ "ဓပုံ တွဲရိုက် တာမျိုး"မလုပ်ခဲ့ပါ ။မတော်တဆ အရိုက်ခံ လိုက်ရတာမျိုးက လွဲလို့ပေါ့လေ ။ အဲ့ဒါမျိုးက သူ့အရှိန်အဝါကို မှီခိုလိုက်တဲ့သဘော ။
"ဘူးသီးမှ အရီးတော် "လိုက်တဲ့သဘော ။ နာမည် မထင်ရှားတဲ့သူ ၊ ဘဝနိမ့်ပါး ပြီး အမည်းစက်ထင်ခံရတဲ့သူမျိုးဆို ၊ အဲ့လူ မှားမှားမှန်မှန် သူနဲ့ရင်းနှီးကြောင်းပြောဖို့ ၊ သူနဲ့ဓပုံ တွဲရိုက်ဖို့ ဝန်လေးတတ်ကြသူတွေချည်း ။ မိမိ ကျင်လည်ရာ စာပေ နိုင်ငံရေး နဲ့ အနုပညာ နယ်တွေမှာ ဒါမျိုး တမင်
High light. လုပ်သူတွေတွေ့ရတိုင်း စက်ဆုတ်ရွံရှာ တတ်သူမို့ မိမိကိုယ်တိုင်လည်း ကိုယ်ကျင့်တရားလို ရှောင်ကျဉ် လေ့ရှိပါတယ် ။ အောင်မြင်မှု လှေကြုံ မစီး၊
ရောင်တော်ပြန်နဲ့ တော့ ရောမလွှတ်ဘူးလို့ ခံယူထားခဲ့ဖူးပါတယ်။
အခု မိတ်ဆွေကြီးရဲ့ မန့်ကို နှစ်ခါ သုံးခါ ဖတ်ပြီး မိမိရဲ့ "နွေးတဲ့မုတ်သုံ..........."ကို နှစ်ခါသုံးခါ ပြန်ဖတ်မိခါမှ မိမိအပေါ် "နွေး"ခဲ့
ကြတဲ့ ပုဂ္ဂိုလ်တွေ တသီတတန်းကြီး ခေါင်းထဲ ပေါ်လာခဲ့ပါတယ်။
           "အာ...ဒီလူ.. ဒီလူတွေ
ငါ့ အပေါ်နွေးထွေး ခဲ့ကြဖူးတယ်၊
သူတို့ ကျေးဇူး လည်းငါ့အပေါ် အများကြီးရှိခဲ့ဖူးတယ် ။ သူတို့ အကြောင်း ငါပြန်ရေးရရင် "ကတညုတ ကတဝေဒီ"ဆိုသလို ကျေးဇူးတရားသိရာလည်းရောက်မယ် ။
မိတ်ဆွေကြီး ပွဲတောင်း ထားတဲ့ 
အကြောင်းအရာလည်း ဖြစ်မယ်ပေါ့ ။ ပို ကောင်းတာတခုက ​ကျေးဇူး​တော် ချီးမွမ်းထိုက်သူ တွေ ထဲမှာ Cele တွေပါသလို သာမာန်မထင်မရှားသူတွေလည်းပါနေပါတယ် ။ အင်း..ဒါဆို.." ဘူးသီးသီး..မ
သီးသီး အရီးတော်လို့ လည်းရတယ် " တွေးမိပြီး ရှင်လူကြီး ပျော်နေမိပါကြောင်း။
story#observation#shinlhu
Tuesday, December 6, 2022
story
နွေးတဲ့မုတ်သုံ(သို့)အင်းဝိဇ္ဇာကြီး
🍁🌼🙄💮😌📱🤐🌸🌷
          ဒီမနက် လမ်းထဲက"သပြေ"စာအုပ်အငှါးဆိုင်လေးရှေ့ရပ်ရင်း  ပြင်သစ် စာရေးဆရာ Michel Houellebecq ရဲ့ Whatever ကို မိုးသက်ဟန် ပြန်ဆိုထားတဲ့ "ဘာဖြစ်ဖြစ်" ကိုမြည်းနေတုန်းစာအုပ်ပုံတခုထဲမှာ ပန်းချီ"မုတ်သုံ" ပုံနဲ့ စာအုပ်တအုပ်တွေ့ လို့ကောက်ကြည့်လိုက်တာ..
မြန်မာစာ စတင်သင်ယူသူများနဲ့
လူငယ်လူရွယ်များအတွက် မိတ်ဆက်စာစဉ် အဖြစ် စိတ်ကူးချိုချို က ထုတ်ထားတဲ့စာအုပ် လေး
တွေ့တာမို့ စိတ်ဝင်စားပြီး တပါထဲငှါးလာခဲ့တယ်။
            ပန်းချီ မုတ်သုံနဲ့ မိမိဟာ
၁၉၈၈ မတိုင်ခင် မိမိ English for All မဂ္ဂဇင်းမှာလုပ်စဉ် ကတည်းက မကြာခဏဆုံဖြစ်ခဲ့တဲ့ အလုပ်မိတ်ဆွေ လို့ပြောရမလားပဲ။ တခါတခါ ညနေဘက်တွေမှာ သူ့ကိုဆူးလေဘုရားလမ်း "လက်ရွေးစင်"က ကိုအောင်ချိမ့် တို့ ဝိုင်းမှာလည်း တွေ့ရတတ်တယ်။ သူနဲ့မိမိ မျက်မှန်းတန်းခင်ခဲ့ရတာကတော့ English for All ကြောင့်လို့ ပြောရမယ်။
English for All မျက်နှာဖုံးပုံများကို လနဲ့ချီ ပင်တိုင်ဆွဲခဲ့ကြတဲ့
ပိုပို၊ မောင်နိုး ၊ကိုဆန်း တို့နဲ့ ရင်းနှီးသလိုပဲ မာရသွန် မျက်နှာဖုံးဆရာ
မုတ်သုံ နဲ့ ရင်းနှီးခဲ့ရတာပါ။
          မှတ်မှတ်ရရ ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ရှင်လူကြီး
"နှင်းဆီဖြူ "မဂ္ဂဇင်း တိုက်မှာစာအုပ်နဲ့ စာမူခ သွားထုတ်ရင်း အမှတ်မထင် သူနဲ့ ပြန်ဆုံရပါတယ်။
ပြန်ခါနီးကျ နှုတ်နည်းတတ်တဲ့ သူ့ပါးစပ်က "လက်ဖက်ရည် လိုက်သောက်လေ"ဆိုတဲ့စကားကြောင့် သူနဲ့အတူ ငါးထပ်ကဆင်းလိုက်လာပြီး သူ့ကားလေးထဲ ဝင်ထိုင်ခဲ့ပါတယ်။ ကျောက်ကုန်းထဲက လက်ဖက်ရည် ဆိုင်ကြီးထဲ ထိုင်မိ ကြတော့ သူ့ဆန္ဒအလျောက်
ရှင်လူ့ကို သူ့ဖုန်းနံပတ်ပေးပါတယ်။ မိမိ လက်ဖက်ရည် သောက်နေတဲ့ တချိန်လုံး သူက ခေါင်းလေးမော့ စဉ်းစားလိုက် လေထဲမှာ
လက်ညိုးလေးနဲ့ ပုံတွေဆွဲလိုက်
လုပ်နေပါတယ်။ မိမိက စိတ်ထဲကြိတ်ပြုံးမိခဲ့ပါတယ်။ ပန်းချီအပေါ်
သူဘယ်လောက် Crazy ဖြစ်သလဲဆိုတာ မြင်ရုံနဲ့ သိနိုင်ရဲ့။ တကယ့်အင်းဝိဇ္ဇာကြီးတယောက်လိုပါပဲ။သူပေးထားတဲ့ ဖုန်းနံပတ်လေး ခုတိုင်ရှင်လူ့ဖုန်းထဲရှိပေမယ့် အကြောင်းမတိုက်ဆိုင်လို့ တခါမှ မဆက် ဖြစ်သေး။ တချိန်က အဆောင်လခ မပေးနိုင်လို့ ဘကြီး ဘုန်းကြီးကျောင်းမှာ ပြောင်းနေခဲ့ရတဲ့ မုတ်သုံဟာ ခုတော့ ဘောက်ထော်မှာ ဇနီးနဲ့ သမီးနဲ့ အခြေကျနေကြောင်း ရှင်လူ့ကို စာအုပ်လေးကတဆင့် Message ပေးနေပါတယ်။ အင်မတန် အေးဆေးသလောက် နွေးထွေးတဲ့ မုတ်သုံကို ကြည့်မိရင်း မုဒိတာ တွေပွားနေမိပါတယ်။
story#observation#shinlhu
Saturday, December 3, 2022
story
မောင်ဝင်းနဲ့ငမိုးရိပ် သို့ အိတ်ဖွင့်ပေးစာ..
🍁🌼🙄💮😌📱🤐🌸🌷🍁
        ဒီနေ့ ရှင်လူကြီး အလုပ်သွားခါနီး ၅ နာရီ မထိုးခင်လေးပေါ့။
         ငမိုးရိပ်က အခန်းအလယ်မှာ အဝတ်တွေ မီးပူထိုးနေတယ်။ ဖွေးဖွေးသိမ့်က အိမ်ရှေ့ခန်းမှာ တခုခုလုပ်နေတုန်း မောင်ဝင်းက တက္ကစီ နားရင်းဝင်လာပုံရတယ်။ ခဏနေတော့ ဖွေးနဲ့ မောင်ဝင်း
တို့ သားအဖ အိမ်ရှေ့တန်းပေါ်က အဝတ်တွေရုပ် လာပြီးငမိုးရိပ်နားလာအချ
         "ဘယ်လိုလုပ်လာလဲ.. ရေတွေစိုကုန်ပြီ ၊နင်ပြုတ်ကျလာတယ်မဟုတ်လား"ဆိုပြီးငမိုးရိပ်က
သူ့သမီးကိုအော်တယ်။
          "မကျပါဘူး ၊အရင်ထဲကစိုနေတာ"မောင်ဝင်းက ဝင်ပြောတော့ ငမိုးရိပ်က..
            "မြောင်းရေတွေ စိုကုန်တာ မစိုပါဘူး လာငြင်းနေတယ်၊အကုန် ပြန်လျှော်ရတော့မယ်"ဆိုပြီးငမိုးရိပ်က ဒေါသ သံနဲ့ ထပ်အော်တော့ မောင်ဝင်း တင်းပြီး..
            "နင်...ကလေးကို အပြစ်မရှိပဲ မအော်နဲ့.."
             ဒီလိုနဲ့ အပြန်အလှန် ခွန်းကြီးခွန်းငယ် အော်ဟစ်ကြရင်း
မပေါင်းချင်ရင်မပေါင်းနဲ့ ဘာညာ
ဖြစ်ကုန်ကြတော့ ဖွေးကငို ရင်းဖအေနဲ့မအေကြား မှာ ထုတ်စီးထိုးသလိုဝင်ကာ တယ်...၊ မောင်ဝင်းဆိုတဲ့ငနဲက ငမိုးရိပ်ကို တကယ်မရဲပဲ ရိုက်မလို လက်နဲ့ရွယ်တော့
ဖွေးက မလုပ်ကြပါနဲ့ ဆိုပြီး ကြားက ဗျာများနေရှာတယ်။ခဏနေတော့ ဖွေးက သူ့အမေရဲ့ပုခုန်းကိုဖက်ပြီး နားနားကပ် တိုးတိုးလေးနှစ်သိမ့်နေရှာတယ်။ မောင်ဝင်းခုတလော တက္ကစီ ဆွဲမကောင်း၊
အုံနာခတောင် အနိုင်နိုင်မို့ စိတ်တိုနေပုံရတယ်။ အိမ်ထောင်တခုမှာ လင်နဲ့မယား လျှာနဲ့သွား ဆိုသလို ကတောက်ကဆ ဖြစ်တာဘာမှမဆန်း ၊ ဒီကြားထဲကာလ ဒေသ ပယောဂ အခြေအနေတွေရဲ့ စေ့ဆော်မှုပါလာရင်ပိုဆိုးတယ်။ ဒါ သဘာဝပေမယ့် ဖွေးဖွေးသိမ့် ငိုနေ ၊သောကရောက်နေတာ မြင်တော့ ရှင်လူကြီး စိတ်မချမ်းသာ ။ ဒီကလေးမလေးကို မွေးကင်းစ ကတည်းက ရှင်လူကြီးက
Role Model တယောက်လိုယုယလာခဲ့တာ။ မိမိနဲ့သွေးသားမစပ် အိမ်နီးချင်းပေမယ့် မိမိအတွက် လူ့လောကထဲ ရောက်လာတဲ့ လူသားငယ်လေးတယောက်လိုကြိုဆို ယုယလာခဲ့တာ။ ဖွေးဆီကရှင်လူကြီး အတွက် ဘာကိုမှမျှော်လင့်ချက်မထား။ ဒါပေမယ့်ဖွေးလေး ရုပ်ပိုင်း စိတ်ပိုင်း ဖွံ့ ဖြိုးပြီး
လောကအတွက် အဖိုးတန် လူသားတယောက် ဖြစ်လာဖို့သာ
ရှင်လူ မျှော်လင့်တာ။
            ဘာပဲ ဖြစ်ဖြစ် လင်မယားရန်ဖြစ်တာ သဘာဝ ပေမယ့် ဖွေးကို စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်တဲ့အမှုအတွက် ရှင်လူ့မှာသာ အာဏာရှိရင် ငမိုးရိပ်တို့လင်မယားကို ထိပ်တုံးခတ်ပြီး သုံးရက်လောက်အပြစ်ပေးမိမှာပဲ ။ခုတော့ ဘာအာဏာမှမရှိလို့ ဖေ့စဖုတ်တင်ပြီး သဘောထားကို ထင်ဟပ် လိုက်တယ်။ နင်တို့လင်မယား သတိကြပ်ကြပ်ထားကြ။
story#observation #shinlhu
Saturday, November 26, 2022
story
"ဝ ထ က လ သ..ဝ ထ က လ သ..ဝ ထ က လ သ..ဆိုရင်ရပြီ"
󠽃🍃🚶🍃🍃🍃🚶🍃စ🍃🍃
ခုတလော အိမ်နားက"သပြေ"စာအုပ်အငှါးဆိုင်လေး ကျေးဇူးကြောင့် မဖတ်ရသေးတဲ့ စာအုပ်တချို့နဲ့ မဖတ်ဖူးသေးတဲ့ စာရေးဆရာ တချို့ ဖတ်ဖြစ်ပါတယ်။တချို့ မျိုးဆက်သစ်စာရေးဆရာ တွေလည်း ဖတ်ပြီး လေးစားရတာမျိုးတွေ့ရပါတယ်။ တနေ့က အင်တွမ်ချက်ကော့ဗ် ရဲ့ The Duel ကို ဆရာနတ်နွယ် ဘာသာပြန်ထားတဲ့ "စိန်ခေါ်ပွဲ"တွေ့တာနဲ့ ယူလာပြီး ဖတ်လိုက်တာ ရွာလည်သွားတယ်။ရုရှားစာရေးဆရာထဲမှာ ချက်ကော့ဗ်ရဲ့ Satire တွေဟာ အဆင့်အတန်းမြင့်ပါတယ်။ဆရာဖေမြင့် ပြန်ခဲ့တဲ့"လူနာဆောင် အမှတ်-၆ ဆို တဘဝစာလုံး ကိုးကားရမယ့် ကမ္ဘာကျော် စာပေအနုပညာမျိုးပါ။ ချက်ကော့ဗ် ရဲ့ ဝတ္ထုတိုများဟာလည်း တချိန်က ဖတ်ခဲ့ရသမျှ တသသ ဖြစ်ခဲ့ရတဲ့ ဂန္ဓဝင်တွေပါပဲ။ အဲဒီအစွဲနဲ့ "စိန်ခေါ်ပွဲ"ကို ဖတ်မိပြီးမှ ဆုံးအောင်မဖတ်နိုင်ဘဲ ပြန်အပ်ခဲ့ရပါတယ်။ ဒီနေရာမှာ စာအုပ် ကောင်းတယ် မကောင်းဘူး မပြောနိုင်ပါ။ မျက်မှောက် တွေ့ကြုံနေရတဲ့ ကာလ ဒေသ
ပယောဂ အခြေအနေတွေအရ
အသေးစိတ်အဖွဲ့အမွှန်းတွေကို စိတ်က သည်မခံနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
           တခါတခါ လက်တွေ့လောကနဲ့ ဘဝကို မအားမလပ်ဖတ်မှတ်နေရတဲ့အခါမျိုးမှာ စာအုပ်ဆိုတာ အလကားပါ။ ခုချိန် အိမ်ထားခဲ့ပြီး ပြေးရမယ်ဆိုရင် စာအုပ်အစား ဆန်ထုပ်ပဲ ထမ်းမိလိမ့်မယ်ထင်ပါတယ်။
story#observation#shinlhu
Thursday, November 24, 2022
story
ကလေးလိမ်နည်း 
အနုပညာ󠰊🚶🍃🍃🍃🚶🍃
          အိမ့်ချယ်တယောက်ခုတလော ရှင်လူ့ အခန်းမှာ အနေများတယ်။ ဖွေးဖွေးသိမ့်တို့ အခန်းပြင်တုန်း ရှင်လူ့ အခန်းမှာ လာပေါင်းနေကြတာကြောင့်လည်းပါတယ်။
သူကဖွေးကိုလည်းခင်တာကိုး။
         ဒီနေ့ မနက် ဖွေး ဖုန်းပွတ်နေတာတွေ့တော့ သူလည်းအားကျပြီး ဖွေးဖွားလေးဖုန်းကိုကောက်ကိုင်  ပွတ်နေလေရဲ့။ သူခေါင်းအုံးပုံကြီးမီပြီး ဇိမ်ကျကျ ဖုန်းပွတ်နေတာ ဖွေးအမေ ငမိုးရိပ်ကမြင်သွားပြီး"အိမ့် ရေ..သမီးမျက်စိပျက်မယ်၊တော်တော့ ဆိုပြီး ဖုန်းကို အသာ ချော့ယူ ဝှက်လိုက်တာမို့ အိမ့်ချယ် မျက်နှာကြီးကစူပုပ်နေပြီး ငိုမဲ့မဲ့ ဖြစ်နေတာနဲ့ ရှင်လူလည်းမနေနိုင်တော့ဘဲ...
          "အား..အား..ငါ့မျက်စိ
ဘာဖြစ်သွားပလဲ.. နာလိုက်တာ၊
ဖုန်းကြည့်များလို့ အိုင်တီဗိုင်းရပ်စ်ကိုက်ပြီဗျ"ဆိုပြီး ညာဘက်မျက်စိကို မှိတ်ထားလိုက်တော့ အိမ့်ချယ်က ရှင်လူ့ညာဘက်မျက်စိကိုစိုက်ကြည့်ရင်း ငြိမ်သွားတယ်၊ ခဏနေတော့ သူစိတ်ကောက်နေတာလည်း ပြေသွားပုံရတယ်။ဒါပေမယ့် မကြာမကြာ ရှင်လူ့မျက်နှာလှမ်းကြည့်နေလို့  ရှင်လူလည်း
အတန်ကြာအောင် မျက်စိတဘက်မှိတ်ပြီးနေရတယ်။ အဲဒါနေ့လယ်နေ့ခင်း ထမင်းစားနားကြ ပြီး အိမ့်ချယ်လည်းသူ့အိမ်ပြန် တရေးတမောအိပ်ပေါ့။ ဒီလိုနဲ့ ညနေဘက်တခေါက် အိမ့်ချယ်ရောက်
လာတော့ ရှင်လူလည်း အမှုမဲ့ အမှတ်မဲ့ ကွကိုယ် ကွမ်းထိုင်ဝါးနေတုန်း ရှင်လူ့မျက်နှာကို အိမ့်ချယ် ခဏခဏ ကြည့်နေတာတွေ့မှ သတိရပြီး ညာမျက်စိကို ချက်ချင်းမှိတ်ထားလိုက်ရတယ်။
ဖုန်းကြည့်လို့ အိုင်တီဗိုင်းရပ်စ်အကိုက်ခံထားရတဲ့မျက်လုံးကြီးကပြူးနေလို့ဘယ်ဖြစ်မလဲ လေ။
           အင်း...ကလေးတွေကို
လိမ်တတ်တဲ့ လူကြီးတွေ သိထားဖို့က လိမ်စရှိရင် ပိပိရိရိ နဲ့ ဆက်လိမ်ထားတတ်ဖို့တော့ လိုသပေါ့။ ကလေးမှာလည်း မနက် နဲ့ ည
ဆက်စပ်တွေးတောတတ်တဲ့ဉာဏ်ရည်ရှိတာပဲ။ ခုတမျိုး တော်ကြာတမျိုးဆို ဘယ်ကလေးမှ ယုံတော့မှာမဟုတ်ဘူး။
story#observation#shinlhu
Monday, November 14, 2022
story
ဖြစ်ရပ်မှန်လက်စွပ်တကွင်းရဲ့သမိုင်း
 🍃🍃🚶🍃
     ဖြစ်ရပ်မှန်ဆိုတာ တနည်းအားဖြင့် သမိုင်းပါပဲ။
     ရာဇဝံသ ဆိုတဲ့ ဘုရင့်မျိုးနွယ်သမိုင်းတွေရှိသလို သာမာန်လူသားတွေမှာလည်း သမိုင်းရှိပါတယ်။ဒီအထဲကမှ လူတဦးချင်းစီမှာလည်း အတိတ်သမိုင်း ကိုယ်စီရှိကြပါတယ်။
       ဒီမနက်ခင်း ရှင်လူကြီး အားနေတာနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မျက်မှန်ဘူးလေးထဲသိမ်းထားတဲ့ ငွေလက်စွပ်လေးကိုထုတ်ယူလိုက်ပါတယ်။ကျောက်နီလေးကို ငွေနဲ့ကွင်းထားတဲ့ လက်စွပ်လေးဟာ သမိုင်းရှိပါတယ်။
        ဒီကျောက်နီလက်စွပ်လေးဟာ အရင်က ရွှေလက်စွပ်လေးပါ။ ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ဖက်စစ်ကိုတော်လှန်တဲ့ တော်လှန်ရေး တပ်သားတွေဟာ မြို့ တွေကို ပြန်လည် သိမ်းပိုက်ရင်း ဇေယျဝတီ မြို့ကိုရောက်ခဲ့ပါတယ်။ဒီအခါ မြို့ခံတယောက်ဖြစ်တဲ့ ရှင်လူ့ ယောက္ခထီး ကြီးလည်းတော်လှန်ရေးနဲ့အတူ ပြန်ပါလာခဲ့ပါတယ်။မြို့ကိုသိမ်းပိုက်ပြီးတော့
တော်လှန်ရေးတပ်သားတွေဟာ
ရန်ပုံငွေအတွက် သတင်းအရ စစ်ပြေးချစ်တီးတွေ စွန့်ထားခဲ့တဲ့တိုက်ဟောင်းကြီးကိုရှာဖွေရာမှာ
မြေကြီးထဲတူးမြှုတ်ထားတဲ့ မီးခံသေတ္တာကြီးကို ကျွဲ ၄ ကောင်နဲ့ ဆွဲတင်ခဲ့ရသတဲ့။အဲဒီမီးခံသေတ္တာထဲက လက်ဝတ်ရတနာ တွေကို ရံပုံငွေအတွက် ရောင်းချရာမှာ တော်လှန်ရေး ရဲဘော်တွေကို ကြိုက်ရာရွေးယူ ဆိုပြီး တန်ဖိုးသင့်အကြွေးရောင်းသတဲ့။ဒီအခါ ရှင်လူ့ယောက္ခထီးဟာ နားကပ်လေးတရံနဲ့ ကျောက်စီ လက်စွပ်လေးတကွင်းပဲယူသတဲ့။ လောဘတကြီး အများကြီးယူမိပြီး ပြန်မဆပ်နိုင်ရင် မြေခံရမယ် ဆိုပြီး သူဆပ်နိုင်သလောက်ပဲ ယူခဲ့တယ်။
(စစ်ကြီးပြီးလို့ ပြန်လာတဲ့ ချစ်တီးသူဌေးကို တော်လှန်ရေးသမားတွေက ပစ္စည်းဖိုးတွေပြန်ပေးတော့
ချစ်တီးက လက်မခံဘဲ အဲ့မီးခံသေတ္တာကိုပဲ ပြန်ပေးပါလို့ ပြောသတဲ့) မြို့လယ်မှာ လူတကာသေးကပ်ပန်းနေတဲ့ မီးခံသေတ္တာကြီးကို ပြလိုက်တဲ့အခါ ချစ်တီးက
လျှို့ဝှက်ခလုတ်ကိုနှိပ်လိုက်တာအံဝှက်ပွင့်လာပြီး စိန်တွေဆိုတာ တဖြတ်ဖြတ် လက်နေသတဲ့။
         အဲ့ဒီ ကျောက်နီလက်စွပ်လေးဟာ ကွယ်လွန်သူ ရှင်လူ့ဇနီး
(မမ)ရဲ့ လက်စွပ်လေးပေါ့။မမ
ရှင်လူနဲ့ ခိုးရာလိုက်လာတော့
သူ့မှာ ချယ်နားကပ်တရံနဲ့ အဲ့ကျောက်နီ လက်စွပ်လေးပါခဲ့ပါတယ်။ အဲ့နားကပ်တရံနဲ့ ကျောက်နီလက်စွပ်လေးဟာ တောင်ဥက္ကလာ နဲ့ ကံဘဲ့ အမိန့်ရ အပေါင်ဆိုင်တွေမှာ အလှည့်ကျ နေလေ့ရှိပါတယ်။ အပေါင်ဆိုင်စာရေးဟာ အမြဲလို ကျောက်နီလေးကို ထောင်ထောင်ပြီး ကြည့်လေ့ရှိတယ်။
           နောက်ပိုင်းတော့ ရှင်လူတို့ အစွမ်းအစက ကျောက်နီလေးကိုခွာ ရွှေကို မဂိုလမ်းမှာရောင်းပေါ့။
မမချယ်နားကပ်လေးနေရာမှာလည်း ၁၅၀၀ တန် ငွေနားကပ်လေးအစားထိုးပေါ့။ မမကွယ်လွန်တော့ မီးသင်္ဂြိုလ်ရာမှာ အဲ့ငွေနားကပ်လေး ထည့်ပေးလိုက်ပါတယ်။
         ဒီအတိုင်း ဘူးခွံတခုထဲထည့်ထားတဲ့ ကျောက်နီကလေးကိုတနေ့မှာ့ စိတ်ကူးပေါက်တာနဲ့ ရှင်လူ့အခန်းထဲပန်းတိမ်လာလုပ်နေတဲ့ ဖိုးသောကြာအဖေ မောင်ဖြူသီးကိုပြ ပြီး ငွေလက်စွပ်လေးလုပ်ခိုင်းတော့ မောင်ဖြူသီးက လုပ်ပေးပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကွင်းပြတ်သွားလို့
မျက်မှန်ဘူးလေးထဲထည့်ထားခဲ့တာ ဒီနေ့မှ အားနေတုန်းသတိရတာနဲ့ နန္ဒဝန်ဈေးထဲက ပန်းတိမ်တခုမှာ ဂဟေပြန်ဆက်ခိုင်းတာ
လက်ခက ၁၅၀၀ ကျတယ်။မဆိုးပါဘူး အရောင်ပါတင်ပေးလိုက်တော့ ဖွေးလက်လို့။ 
          ဒီကျောက်နီ ငွေလက်စွပ်လေးဟာ သမိုင်းတခုပါပဲ။ ဖက်ဆစ်တော်လှန်ရေးနဲ့ ဇနီးသည်အပေါ်
တာဝန်ချို့တဲ့ခဲ့တဲ့ ရှင်လူ့သမိုင်းပေါင်းစပ်ထားတဲ့ ဖြစ်ရပ်မှန်တခုပေါ့။
 story#observation #shinlhu
Sunday, November 13, 2022
story
စာအုပ်အငှါးဆိုင်ရှေ့ရပ်လိုက်တော့ ဆိုင်က ကောင်လေးက "ဒီစာအုပ်ကလေး ကောင်းတယ်"ဆိုပြီး ရှင်လူ့ကို စာအုပ်တအုပ်ချပေးတယ်။ ကောက်ကိုင်ကြည့်လိုက်တော့ ၁၉၈၉ -၉၀ 
၁၉၈၂ ခုမှာမွေးပြီး ဖြူးမြို့နယ်
ကညွတ်ကွင်း ဇာတိမှန်းသိရတယ်။ ရှင်လူရဲ့ စာပေဘဝ အစကလည်း ဖြူးနဲ့ ဇေယျဝတီ ဖြစ်လေတော့ တနယ်ထဲသားတွေလို့ဆိုနိုင်တယ်။ ရှင်လူက ၁၉၆၉ မှာ
စာတွေကဗျာတွေစရေးခဲ့ပြီး မိုးကျော်ဇင်က ၂၀၀၅ ခုနှစ် ရွှေအမြုတေ မဂ္ဂဇင်းမှာ ကလောင်စသွေးခဲ့တာဆိုတော့ သူ့စာရေးသက်က ရှင်လူ့ထက် ၃၆ နှစ် နောက်ကျတယ်။ ဒါပေမယ့် ဒီဆရာကစာရေးတဲ့အလုပ်ကို တစိုက်မတ်မတ် လုပ်နိုင်ခဲ့တယ်။ အခြားသောစာပေဆု အပြင် ၂၀၁၉ ခုနှစ်အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို"ငါးဖမ်းသမား"လုံးချင်းဝတ္ထုနဲ့ ရရှိထားသူဖြစ်တယ်။ သူ့စကားပြေဟာ သပ်ယပ်ပြေ ပြစ်ပြီး အက်ဆေးဟန် အဖွဲ့အနွဲ့ မျိုး အလေးကဲပြီး ဘဝသရုပ်ဖော် အမျိုးအစားပါပဲ။ အထူးသဖြင့် ဆရာမိုးကျော်ဇင်ရဲ့ ဝတ္ထုကိုဖတ်ရင်း မြန်မာပြည်မှာ TV တွေပေါ်စက MRTV
ကလွှင့် ခဲ့တဲ့ Little House
on the Prairie ဇာတ်လမ်းတွဲကို သတိရမိတယ်။ ကျောင်းနေစအရွယ် လူငယ်လေးတယောက်ရဲ့ အတွေ့အကြုံတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ရေုးပြထားတာတွေ့ရတယ်။တခြားဝတ္ထုတွေလို နောက်ခံဇာတ်ကြောင်း ကြီးကြီးမားမား မတွေ့ရပေမယ့် အဖိနှိပ်ခံအမျိုးသမီး မသီအကြောင်းပါးပါး ​လေးထည့်ထားတဲ့ Message ကြောင့် စာရေးဆရာ ရဲ့ လောကအမြင် ကို လေးလေးစားစား အသိအမှတ် ပြုလိုက်ပါတယ်။
story#observation #shinlhu
Wednesday, November 9, 2022
story
#မြန်မာ့
သူခိုးကြီးည အစွမ်း ကမ္ဘာလွှမ်းရမည်#
📱🤐👺😌💮🙄😁🌼🍁🍂
           ယနေ့ ကမ္ဘာကြီးမှာ
နိုင်ငံ တွေဟာ ဘာသာရေး
နိုင်ငံရေး စစ်ရေး စီးပွားရေး အစစ ကိစ္စတွေမှာ အချင်းချင်း ပွတ်တိုက် ကြိတ်ချေ ကူးလူး ဆက်ဆံ ခဲ့ ကြတယ်။ အရင် (World War -2)
ကာလတွေ မတိုင်ခင်က ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေအတွက် M သုံးလုံး သီဝရီ ခေတ်စားခဲ့ပါတယ်။ နယ်ချဲ့စံနစ်က Mission,Marchant,
ဆင်တူယိုးမှား ပုံစံသစ်တခုပေါ်လာပါတယ်။ အဲဒါကတော့
နိုင်ငံတွေရဲ့ အင်အားဟာ Hard Power နဲ့ Soft Power ဆိုပြီး နှစ်ခုခွဲ ပြီးတည်ဆောက်ကြပါတယ်။ Hard Power ဆိုတဲ့ စစ်ရေးအင်အားကတော့ ဒီနေ့
စူပါ ပါဝါ (နျူကလီးယား) ပိုင်ရှင် ကြီးတွေ နဲ့ ခေတ်မီ နိုင်ငံကြီးတွေက ဦးဆောင်နေပြီး သာမာန်နိုင်ငံလေးတွေကတော့ Hard Power မှာ သူမသာ ကိုယ်အသုဘ ပါပဲ။ အဲ့ထဲမှာ အဓိက Marketing လုပ်နိုင်တဲ့ နိုင်ငံ တွေကတော့ Soft Power ကို အသေအချာ
အသုံးချလာကြပါတယ်။ ဘာသာ၊ဓလေ့ထုံးတမ်း၊ယဉ်ကျေးမှု အနုပညာ စတဲ့ Soft Power တွေ ကမ္ဘာပြန့်လေ
မူရင်းနိုင်ငံတိုးတက်လေပါပဲ။
နမူနာ အနေနဲ့ ထိုင်း ကိုရီးယား စတဲ့နိုင်ငံတွေက အစားအစာ စတိုင်တွေဟာ
ကမ္ဘာကျော် တရုပ် ဂျပန် ပြင်သစ် အိန္ဒြိယအစားအစာတွေနဲ့ ရင်ပေါင်တန်းပြီး ကမ္ဘာပြန့်လာပါတယ်။အထူးသဖြင့်
တောင်ကိုရီးယားရဲ့ SoftPower ပိုင်းမှာ ဆိုဂျု
ကမ်ချီ ကအစ ရုပ်ရှင်ဂီတကအစ ဘက်စုံ တိုးတက်လာပါတယ်။ကိုရီးယားဟာ သူ့ ပြည်တွင်းဖြစ် တွင်မက အနောက်တိုင်း က Halloween
ယဉ်ကျေးမှုတောင် ကော်ပီကုးလိုက်တာ လူတရာကျော်အသက်ရှုကြပ်သေကုန်တဲ့အထိပါပဲ။ အဲ့လို Halloween ဓလေ့ ဆန်ဆန် ရှင်လူတို့ မြန်မာ့ဓလေ့ထဲမှာ ရှိနေတာကတော့ တန်ဆေင်မုန်း လပြည့် သူခိုးကြီးညပါပဲ။မနေ့ည လပြည့်ညကဆိုရှင်လူကြီး တော်တော်နဲ့ အိပ်ယာမဝင်ပဲ ကုမ္ပဏီ ဆိုင်ရှေ့ကို အကဲခတ်နေခဲ့ပါတယ်။ည ၁၂ နာရီထိ ပံသုကူ
ကောက်အဖွဲ့တွေ ရှိနေဆဲပါပဲ။ ရောင်တော်ပြန်နဲ့ရောလွှတ် သွားမစိုးလို့ပါ။ဒါတောင်မနက်မိုးလင်းတော့ ရှင်လူ့ပါတနာ ညစောင့်ကြီးက "ဝေး...လာလာ.. ပန်းအိုးတွေ
အသက် ၄၀ ကျော် ဒုတိယမ္ပိ
အပျိုကြီးလည်းပါသပေါ့။ အဲ့အပျိုကြီးဟာ လမ်းပေါ်တွေ့တဲ့ နှစ်ရာတန်အသစ်ကို
ပြေးကောက်လိုက်တာ လမ်းမပေါ်အလျားလိုက် လေးဘက်ထောက်ကျသွားပြီး တပြိုက်နက် ထမီပါကွင်းလုံးကျွတ်သွားသတဲ့ ။အဲ့ချိန် ကားရှေ့မီးရောင်ထဲ ဘွားခနဲမြင်လိုက်တဲ့ တက္ကဆီဆရာက
ကားကို ဘရိတ်တအားနင်းချလိုက်ရသတဲ့။ဆလိုက်ထိုးထားသလို လင်းထိန်နေတဲ့ ကားမီးရောင်အောက်မှာ ဖွေးပြောင်နေတဲ့ အပျိုကြီးကို
ဝိုင်းကြည့်နေတဲ့ ပိတ်သတ်ကြီးဟာ ကားဆရာတော့ ဆဲတော့မယ်ထင်နေတုန်း ကားထဲက တဟားဟားအော်ရယ်နေတဲ့ ဒရိုင်ဘာနဲ့အတူ အားလုံးဝိုင်းရယ်ကြတာ ပါရမီလမ်းတလျှောက် ကြွက်ကြွက်ညံသွားဆိုပဲ။ အပျိုကြီးလည်း
နှစ်ရာတန် တရွက်အတွက်နဲ့ ညတွင်းချင်း ဆယ်လီဖြစ်သွားဆိုပဲ။ ဒါပဲလေ ခုတလော ကြားနေကျသတင်းတွေက လုယက် သတ်ဖြတ်နေတဲ့ Hard Power သတင်းတွေထက်စာရင် မြန်မာ့ Soft
Power သတင်းဖြစ်တဲ့ ပံသုကူနဲ့ သူခိုးကြီး ည ဓလေ့တွေဟာ Valentaine day တို့ Halloween တို့လို ကမ္ဘာကိုရင်ပေါင်တန်းနိုင်တဲ့ Soft Power တွေမဟုတ်လား။
(ညဂျူတီဝင်နေရလို့ အပျိုကြီးပုံမရလိုက်ပါ)
story#observation #shinlhu
Monday, November 7, 2022
story
ရှင်လူ့ သမီးတွေြ၊ဖစ် ကြတဲ့ ပန်းအိ ဖြူနဲ့
မခိုင်တို့ ကတော့ တနေ့ လုံး လက်မဆေး  ကြတော့ဘဲ လက်သန်းလေးတွေတထောင်ထောင်နဲ့။သူတို့ အဲ့လိုလုပ်လေ ရှင်လူ့ သဲလေး ဖွေးဖွေးသိမ့်က သူ့ ဖွားေ လးကိုဖက် ပြီးငိုေ လပဲ။ သူအသက်၈၁ နှစ် ပြည့်မှ မဲပေးရမှာဆိုလို့လေ။ဒါတော့ ဘယ်တရားမလဲ ၈၁ နှစ်ဆို ဘိုးဘွားရိပ်သာရောက် ပြီပေါ့။ကလေးကို ၁၈ နဲ့၈၁ သေချာကွဲ ပြားအောင် ရှင်းပြ ကြ။
ဘာမဆို သူများလုပ်တာ မြင်ရင် လုပ်ချင်တာ ဖွေးရဲ့ ဝါသနာပဲ။
story#observation #shinlhu
Saturday, November 5, 2022
story
6 November 2020
ယောက်ျားစကားပါမေရယ်
🕺🕴️💃🕴️🕺💃🕴️
ဒီနေ့ မနက် မြင်သာဈေးထဲဝင်တော့ အခါတိုင်းလို ဝက်သားဆိုင်ရှေ့ မရပ်တော့။
ငါးတန်းဘက် ထွက်လာခဲ့တယ်။ တကယ်စားချင်တာက ကင်းမွန်။ ဒါပေမယ့်
လုပ်ရကိုင်ရ ညစ်ပတ်မယ်။ ပုစွန်ထုပ် ကျတော့ ၁၅ ကျပ်သား နှစ်ထောင် တဲ့။ဘတ်ဂျက်ထိသွားမယ်။ဟော ပုစွန်ကျော့ လေးတွေ လတ်လတ် ဆတ်ဆတ်။၁၀ သား တထောင့် နှစ်ရာ တဲ့။ မဆိုးဘူး
ချွေတာစားရင် နှစ်ရက် စားလို့ရတယ်။
မနက်ဖြန် fridge ထဲရှိတဲ့ ပိန်းဥ အ ကြီးတလုံးရယ် ငြုတ်သီးစိမ်းရယ် ပင်စိမ်းရယ်ထပ်အုပ်ရင် အရသာတမျိုး ထပ်စားရမယ်။ ဒီနေ့ တော့ ပုစွန်ရယ် ငါးပိထောင်းဘူးကပ်လေးရယ် ရေလမ်းသခွားရယ်၊
စား ပြီ အမရေ၊ ဓပုံရိုက်ဖို့ မေ့သွားလို့ စားရင်းတဝက်ရောက်မှ သတိရ ပြီး ရိုက်ဖြစ်တယ်။ ပုစွန်ကျော့ တထောင့်နှစ်ရာဖိုးဝယ်ချက်တာ ကြွားစရာမဟုတ်ပါဘူး။
ဒါပေမယ့် ‌ပြောရိုး‌ပြောစဉ် မိတ်ဆွေများကို‌ပြောလိုက်ရမှ ဝတ္တရားကျေတယ်ထင်လို့ပါ။ အရင် အိမ်မှာချက်စားတုန်းကဆိုရဲလင်းကျော်တယောက် စက်ဘီးလေးနဲ့ ပေါက်ချလာတတ် ပြီး "ရှင်လူ ဒီနေ့ ဘာချက်လဲ"မေးရင် မ‌ဖြေချင့် ‌ဖြေချင်နဲ့ ဘုတောမိရော"မင်းကွာ တနေ့ တနေ့ ဘာချက်လဲချည်းမေးမနေပါနဲ့ ၊ယောက်ျားတယောက်ဆိုတာ ဒီလို‌မေးခွန်းမျိုးလောက်နဲ့ တင်းတိမ် မနေသင့်ဘူး"။ဟုတ်တယ်လေ
တချို့ ယောက်ျား ကြီးတွေ သူများအိမ်မီးဖို‌ချောင်ထဲထိဝင် ပြီး မိန်းမလို မိန်းမရ
စပ်စု ကြတာ ရှင်လူ့ မျက်စိထဲ ကြည့်မရ။
ရှင်လူဆိုတဲ့ ငနဲကလည်း မလိုတမျိုး လိုတမျိုးကောင်ပါ။ ခုတော့လည်း တနေ့ တနေ့ ဘာချက်တယ်ဆိုတာ ဓပုံရိုက် ပြီးတင်နေတာ။တခါတလေ အကျိုးရှိရာရှိ‌ကြောင်းလေးဘာလေးတော့ ရေးသင့် ‌ပြောသင့်တာပေါ့။ကဲ ၈ ရက်နေ့ မဲထည့်ဖို့လည်းမမေ့ ကြနဲ့အုံး။တချို့ ကNo Vote တဲ့။ဘာသဘောလဲတော့မသိဘူး။ ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကြီးတုန်းကလို အနှစ်နှစ်ဆယ်ကြာတာတောင် လွှတ်တော်မပေါ်ပဲ နောက်ထပ် ရွေးကောက်ပွဲအသစ် ထပ်လုပ်ရ ပြန်တယ်။ဒါမျိုးက ဖဲဝိုင်းမှာဆို ဓါးနဲ့အထိုးခံရနိုင်တယ်။ဒါပေမယ့်အဲ့တုန်းကစစ်အစိုးရကတော့ ရှုံး‌ကြွေးမဆပ်တဲ့အ ပြင် သူကတောင်ဓါးနဲ့ ပြန်ထိုးချင်သေးတယ်။အဲ့တုန်းက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရဲမွန်ရောက်သူရောက် ၊ထောင်ထဲရောက်သူရောက်၊
ပြည်ပထွက်‌ပြေးသူ‌ပြေး နဲ့ ဖဲဝိုင်းရန်ပွဲလိုပဲ ကစင့်ကလျားတွေ။No Vote သမားတွေက ဒိုင်မလျော်မှာစိုးလို့လား ။ဒါမှ မဟုတ်
တော်လှန်ရေး အစိုးရ ထောင်မလို့လား။တခုခုတော့ သေချာအောင်‌ပြောထားလေ။
အာဏာကို ပြည်သူ့ဆန္ဒမဲမပါ ပဲရမယ်ဆိုရင်တော့ ရွေးကောက်ပွဲ ကုန်ကျ စားရိပ်တောင် သက်သာသေးတယ်။
ခု ပြည်သူတွေ အုံးအုံး ကြွက်ကြွက်တခဲနက် မဲပေးလည်း အာဏာက အလေးပြည့် တောင်းပြည့် တော့မရ ပါဘူး။ဈေးခေါင်းချိန်ခွင်ကမှ သမာမဓိသေးတာ။ဒီတော့ 
လောလောဆည် အဲ့ဒီ ရေထိုး အလေးခိုးထားတာ ကြီးအရင်ရအောင်ယူ။ပြီးတော့ သမာမဓိ ချိန်ခွင် ကြီးကို ပြန်ပြင်ဖို့ ဈေးခေါင်းကို‌ဖြောင့်ဖျရအုံး မှာ။ဈေးခေါင်းကလည်းသိတ်အားတာမဟုတ်ဘူး။တနေ့ တ
နေ့  ဈေးပတ်ပြီး ဈေးကောက်ကောက်ရ။ဘယ်တုန်းကမှ စည်းကမ်းမရှိတဲ့ဈေးကိုစည်းကမ်းတကျ ဖြစ်လာအောင် ပလန်တွေဆွဲရနဲ့ သူပါဖောမန့်ကလည်းတကယ်တော့ သနားစရာ။
story#observation#shinlhu
Monday, October 31, 2022
story
စိတ်မေး စိတ်ဖြေ စာမေးပွဲ(၁၂)
 📱🤐👺😌💮🙄😁🌼🍁🍂
          တခါတခါ တခြားကမ္ဘာတခုမှာ သွားနေချင်မိတယ်။ တကယ်တမ်း တွေးကြည့်တော့လည်း ကိုယ့် လက်ရှိ ကမ္ဘာကို သံယောဇဉ်က မပြတ်ချင် ပြန်ဘူး။
          ဂေဟသိတ ပေမ ဆိုတဲ့
နေရာ ဒေသ အစွဲမျိုး ကလည်း
ရှိတတ်တာပဲလေ။ 
          အီလွန်မတ်စ်ကြံစည်နေတဲ့ အင်္ဂါဂြိုဟ် စီမံကိန်းမျိုးကို မကြိုက်တာလည်း ဒီသဘောပါပဲ။
31/10/2022 
                            9: 11PM
story#observation#shinlhu
Tuesday, October 25, 2022
story
" စိတ်မေးစိတ်‌ဖြေ
                      စာမေးပွဲ (၁၁)
      📱🤐👺😌💮🙄😁🌼🍁🍂
         တန်ဆောင်မုန်းလဆန်း ၁
ရက်နေ့ ။ မနက်ခင်းရာသီဥတုက
မပူလွန်း မအေးလွန်း သာမာန်အနေတော်လောက်ပါပဲ။ 
           ဈေးရုံ ဒေါင့် ရှေ့ပေါက်တည့်တည့်က ခွေးခြေပု လက်ဖက်ရည်ဆိုင်လေးမှာထိုင်ရင်း လက်ဖက်ရည်တခွက် မှာပြီး အီကြာကွေးနဲ့ တို့စားနေလိုက်တယ်။ အရင့်အရင် လတွေတုန်းက သွေးတွေတိုးနေလို့ အီကြာကွေး မစားရဲ။
ဆော်ဒါကြောင့်ထင်ရဲ့ သွေးတိုးမကျနိုင်တဲ့အခါ အီကြာကွေး လေးနည်းနည်းစားမိတာနဲ့ သွေးကတိုးတာပဲ။ ခုတလောတော့ သွေးပေါင်ကို ထိန်းထား နိုင်ပြီထင်တာပဲ။
ငါးပိထောင်း ငါးပိရည် အစ ဟိုစပ်စပ် ဒီစပ်စပ် အစုံ စားပေမယ့် ဘာမှ ပြဿနာ မဖြစ်တာ နည်းနည်းစိတ်သက်သာရတယ်။ အသက်၇၀ နားကပ်နေတဲ့ တကိုယ်ရေ
ပြုတ်လု ရွက်ကျင်များကိုဖျောခနဲ သိမ်းယူလိုက်ပြီး မိမိထိုင်နေရာ စားပွဲ ပုကလေးဆီ ကျဲပက်လိုက်ပါတယ်။
            အင်း...ဒီအဖိုးကြီးကဥတုရာသီနဲ့ သဘာဝကို ဈာန် ဝင်စားရင်း ခရီးဆုံးဘူတာတိုင်အောင် တမဂ်တဖိုလ် ဆိုက်လေမလား။
ရထားပြူတင်းက တက်လာတဲ့ 
Nwes feed တွေနဲ့ပဲ ရွာလည်နေအုံးမလားဆိုတာ.....
story#observation #shinlhu 
Wednesday, October 19, 2022
story
" စိတ်မေးစိတ်‌ဖြေ
                      စာမေးပွဲ (၁၀)
      📱🤐👺😌💮🙄😁🌼🍁🍂
ရှင်လူကြီး ကွမ်းယာဝယ်ဖို့ထွက်လာတုန်း လူရှင်းတဲ့ လမ်းနံဘေးမှာ ကလေးနှစ်ယောက်  သူတို့ရဲ့ ပလုံကောက် တဲ့လှည်းလေးရပ်ထားပြီး လမ်းပုခုံးမှာ မြေဖြူခဲတတောင့်စီနဲ့ပုံဆွဲနေတာတွေ့ရတယ်။၈ နှစ်၉ နှစ်အရွယ်လောက်ရှိကြမယ်ထင်တာပဲ။ သူတို့ဘာပုံရေးနေတာလဲ ငဲ့ကြည့်လိုက်တော့ နှုတ်ခမ်းမွေးကားကားနဲ့ ကြွက်ပုံ လေးနဲ့ ဒီဇိုင်းစာလုံးက ဇိုး တဲ့။
 ဒီကောင်လေးနှစ်ယောက်လုံး ဇိုးပုံတပုံစီ ဆွဲနေပေမယ့်ပုံဒီဇိုင်းကအတူတူပါ။ လက်ရာလည်း သပ်ယပ်ပါတယ်။ အင်း... တခါတခါ ပလက်ဖောင်း တံတိုင်းအုတ်နံရံ ကြီးတွေမှာ တွေ့ရတတ်တဲ့
Graffiti Art ခေါ် စပရေးနဲ့
ရေးထားတဲ့ ဒီဇိုင်းတွေ သတိရမိပြီး သူတို့လည်း အနုပညာရှင် လောင်းလျာလေးတွေလို့ တွေးမိပါတယ်။ ပြီးမှ သူတို့ဆွဲထားတဲ့ ဇိုးအဓိပ္ပါယ်ကို ရှင်လူကြီး မသိသေးကြောင်း တွေးမိပါတယ်။ ရှင်လူတို့
အသက် ၂၀ ဝန်းကျင်တုန်းကလည်း အဲ့လိုဗန်းစကားတွေပေါ်ဖူးတယ်။ ဒါ​ပေမယ့် ကိုယ်က အဲ့​လောကနဲ့မကျွမ်းဝင်ခဲ့တော့ မမှတ်မိ​တော့ဘူး။ဒီကြွက်စုတ်ပုံက ဇိုးနဲ့ဘာဆိုင်သလဲ။ ရှင်လူ့ခေါင်းထဲ ဇိုးရောက်နေတာ တပတ်လောက်ရှိနေပြီ။ဒီနေ့မှfb ထဲမှာ အင်းစိန် အောင်စိုးရဲ့"မြန်မာပြည်က နွဲ့ ? ဇိုး များ"ဆိုတဲ့ ပို့စ်တခုဖတ်မိမှ ဇိုးဆိုတာ တကိုယ်လုံး တက်တူး ထိုးထားတဲ့ လူမိုက်များကိုဆိုလိုကြောင်းသိရတယ်။ဒါက ဇိုးရဲ့ ယျေဘုယျ လက္ခဏာကို ညွှန်းကြတာပါ။တကယ်တော့ ဒီနေ့ ကမ္ဘာကြီးမှာ အနုပညာရှင်များ တက်တူးဝါသနာရှင်များ နဲ့ အမျိုးသမီးတွေကအစ တက်တူးထိုးကြတာတွေ့ ရပါတယ်။ ရှေးမြန်မာကြီးတွေကတော့ ပေါင်မှာထိုးကွင်းမပါရင် ယောက်ျားမပြီသဘူးတောင်ဆို ကြသလို သီချင်းစာသားထဲမှာတောင် ထိုးကွင်းနဲ့အလှသားကွယ် ဆို ပြီးထည့်ဆိုကြပါတယ်။
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ၊ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး လို့လည်း စကားပုံရှိခဲ့လေတော့ ဆေးမင်ကြောင်၊ထိုးကွင်း၊
တက်တူး သမိုင်းဟာ ရှည်လျားလှပြီလို့ ဆိုနိုင်ပါတယ်။
            ဘာပဲဖြစ်ဖြစ်လေ ပလုံကောက်တဲ့ကလေးတွေရင်ထဲကိန်းနေတဲ့ အစွဲလေးတွေက Tattoo Art, Graffiti Art
သမားလေးတွေပဲ ဖြစ်လာကြပါစေတော့ လို့ ဆန္ဒပြုလိုက်မိပါတယ်။
story#observation#shinlhu
Monday, October 17, 2022
story
"ဟလို..."
         "ဟလို မောင်ဝင်း..ပြော"
         "ရှင်လူ ရေ ငမိုးရိပ်ကို ပြောလိုက်ပါ၊ ထမင်းစားစောင့်မနေနဲ့တော့ စားနှင့်လို့"
           "အေး ပြောလိုက်မယ်၊ဒါ
နဲ့ မင်းက ဘယ်ရောက်နေလို့လဲ"
           "ကျနော် အခု သူကြီးအိမ်
ရောက်နေလို့"
            အမ်...မောင်ဝင်းစကားကြောင့် ရှင်လူ ခေါင်းနပမ်းကြီးသွားတယ်။
           "နေပါအုံး မင်းက ဘာဖြစ်လို့ သူကြီးအိမ်ရောက်နေရတာလဲ"
           "အာရှင်လူကလဲ ၊တညင်က သူကြီးအိမ်...... ကိုပြောတာ" 
            "ဘာလဲ မင်းအသံက
မသဲကွဲဘူး သေချာပြောစမ်းကွာ"
            "တညင်က သူကြီးအိမ်
ရစော့ ကိုပြောတာ"
             အင်း ဒီကောင် ဘိုလိုမှုတ်တာ မသဲကွဲတော့ ရှင်လူရွာလည်သွားတယ်။Resort ကိုပြောတာကိုး။
           "မင်းက ဘာလို့ အဲ့ကိုရောက်နေတာလဲ"
            "ပါဆင်ဂျာ လိုက်ပို့ရတာလေ၊ သူတို့ကိုညနေထိ စောင့်ရမှာမို့ ကျနော်ဘီယာလေးဘာလေးသောက်ရင်းစောင့်နေရတာ၊
ရှင်လူ Messenger ဖွင့်လိုက်
Vcallခေါ်မယ်"
           ဒီလိုနဲ့ Messenger
ဖွင့်တော့ မောင်ဝင်းက "သူကြီးအိမ်" နောက်ခံပုံတွေပြလေရဲ့
           "ရှင်လူ ဒီမှာတွေ့လား
အိပ်ယာ ၊ရှင်လူ ကောင်မလေးနဲ့လာလို့ရတယ်"
             ဒီကောင်မောင်ဝင်း
တက္ကဆီ ဒလိုင်ဘာ ပီသလွန်းတယ်၊ ရှင်လူ တင်းချင်လာပြီ...
            "ငါနဲ့ လဆော့ နဲ့ ဘာဆိုင်လဲကွ"၊ ဒေါသလေးပါသွားတော့
စပိကင်တောင် မပြီချင်တော့၊ အင်းကွမ်းငုံထားတော့လည်း ဘယ်ပီပါ့မလဲလေ....။
story#observation#shinlhu 
story
" စိတ်မေးစိတ်‌ဖြေ
                      စာမေးပွဲ (၉)
      📱🤐👺😌💮🙄😁🌼🍁🍂
          ဒီ မနက်ခင်း မီးကအစောကြီးပျက်၊ အခန်းထဲထိုင်ရတာလည်းညောင်းညာတော့ ၉ နာရီလောက် မှာ စက်ဘီးလေးထုတ်ပြီး အပြင်ထွက်လာခဲ့တယ် ။ စက်ဘီးနင်းရင်း ဘယ်သွားရကောင်းမလဲတွေးလိုက်တော့ အရင်က ရှင်လူတို့
Maze Walker Team က
မနက်ခင်း လမ်းလျှောက်ဘက်
ဒါကြောင့် ဒီနေ့လည်း လက်ဖက်ရည်ရည်ဆိုင်မှာမတွေ့ ပြန်တော့ 
မကျန်းမမာများဖြစ်နေသလားတွေးမိပြီး သူ့ အိမ်ရှိရာဘက်လှည့်လာမိတယ်။ သူ့ခြံရှေ့ ရောက်တော့ အဆင်သင့်ပါပဲ ခြံထဲကလုံခြုံရေး အယ်လ်ဇေးရှင်းက ထိုးဟောင်တော့ ကိုကြီးထွက်လာတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ဗြဟ္မစိုရ်လမ်းကလက်ဖက်ရည်ဆိုင်ရောက်လာရတယ်။သူ ဆိုင်ပြောင်းထိုင်နေလို့ အရင်ခေါက်တွေကမတွေ့တာကိုး။သူ့ အကြောင်း "ဝန်ုကြီးနဲ့အတူ နာရေးသွားခြင်း"ဆိုပြီးရှင်လူရေးတင်ဖူးတယ်။အမှန်တော့ သူက စက်မှု(၁)က အငြိမ်းစားပါ။ဒါပေမယ့် ဟိုးယခင် ရန်ကုန်သင်္ကြန်ခေတ်ကောင်းတုန်းက
"ခြင်းကြားဒုတ်ထောက်"ဆိုတဲ့
သံချပ်အဖွဲ့မှာ ရှင်ဘုရင်(ကိုမြင့်လွင်)တို့ အမတ် ကိုဖိုးကွမ်းတို့နဲ့အ
တူ ဝန်ုကြီးနေရာကပါဝင်သံချပ်ထိုး ဖျော်ဖြေခဲ့ဖူးလို့ ရှင်လူကသူ့ ကို ဝန်ုကြီးလို့ ခေါင်းစဉ်တပ်တာပါ။ အင်းရှင်လူ့ မိတ်ဆွေ သင်္ကြန်မင်းသား သံချပ်သမားတွေလည်းကုန်သလောက်ရှိပါပြီ။"​မောင်မောင်ဆိုလေထီးရိုးရှည်"အဖွဲ့ကကိုနေဝင်းတို့ ၊"ခြင်းကြားဒုတ်ထောက်"ကိုမြင့်လွင်တို့ ။
            ရှားရှားပါးပါး ဒီဝန်ကြီးတပါးသာမိတ်ဆွေထဲ ကျန်ပါတော့တယ်။တခြား လူချင်းမရင်းနှီးခဲ့ဖူးတဲ့သင်္ကြန်မင်းသားတွေ ဘယ်လောက်များ ကျန်နေသေးလဲမသိရ။
လွမ်းပ......
syory#observation#shinlhu 
story
" စိတ်မေးစိတ်‌ဖြေ
                      စာမေးပွဲ (၈)
      📱🤐👺😌💮🙄😁🌼🍁🍂
       ဒီမနက် ဖွေးဖွေးသိမ့်က ရှင်လူကြီးကို "သစ်ခွ"ကတ္တီပါ ဖိနပ်တရံနဲ့ ကန်တော့ပါတယ်။ရိုးရာအစဉ်အလာ ဝါကျွတ်ကန်တော့ပန်း ပေါ့ဗျာ။ နှစ်ကာလတွေ ရှည်
လာတာနဲ့အမျှ ကိုယ်က ကန်တော့ရမယ့်သူတွေ တဖြည်းဖြည်းကုန်သွားပြီး ကိုယ်တိုင်က ကန်တော့ခံပုဂ္ဂိုလ်နေရာရောက်ရောက်လာတယ်။ရှင်လူ့လို ထိုင်ကားယား ထကားယား အပေအတေတယောက်အနေနဲ့ ကိုယ့်ကိုကန်တော့မယ့် ကလေးတွေရောက်လာရင် ကျောထဲကစိမ့်ပြီး ဖျားချင်သလိုလိုဖြစ်
လာတယ်။ ဖြစ်စရာအကြောင်းကလည်း ရှိပေသကိုး။ ဘုရားရှင်ပွင့်တော်မူစ အဇပါ
လညောင်ပင်ရင်းမှာ ထိုင်နေတော်မူတုန်း ရောက်လာတဲ့ပုဏ္ဏားအိုကြီးတစုက "အရှင်ဂေါတမက ကိုယ့်ထက်ကြီးတဲ့ သူတော်စင်ကြီးတွေကို ရှိခိုးဦးညွတ် အရိုအသေမပြုဘူးဆို၊ ကျင့်ဝတ်တွေကို ပယ်တယ်လို့  ပြောရမှာပေါ့၊ဟုတ်လား
"မေးကြတော့ ဗုဒ္ဓက" ကြီးတယ်ဆိုတာ တချို့ အသက်ကြီးလို့  လူကြီးဖြစ်နေကြတာ၊ အပြောအဆိုက ကလေးသာသာပဲ၊ အရိုအသေနဲ့ မထိုက်တန်ဘူး"လို့ ပြန်ဖြေခဲ့သတဲ့။ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိ ဆိုတာ အသက်အားဖြင့် ဂုဏ်အားဖြင့် ကြီးမားတဲ့ပုဂ္ဂိုလ်အနေနဲ့ ကန်တော့ကြတာကိုး။သူများကန်တော့ခံရပြီဆိုကတည်းက အကြီးအကဲဆိုတဲ့ဂုဏ်အင်္ဂါရှိမှလည်းတင့်တယ်ပေမပေါ့။လူကြီးဖြစ်ရတဲ့ဒုက္ခက အဲဒါပါပဲ။ ကန်တော့ခံရမှာကြောက်ပြီး လာကန်တော့ ​တော့လည်း ဝမ်းသာပီတိဖြစ်ရပြန်တယ်။ ငါ သူတို့အပေါ်မှာ ပိုမိုဂရုစိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့ သတိတရားတွေလည်း စိတ်ထဲလေးနက်လာရဲ့။ တခါတခါ
ငယ်ငယ်တုန်းက အမေငေါက်
တာပြန်သတိရမိတယ် "ဟိုကောင် ၊ကြီးပုံမပီ ကြီး နော် သတိထား အငယ်တွေအပေါ် ညှာရကောင်းမှန်းမသိဘူး"
          ကျောထဲ စိမ့်စိမ့်လာတယ်။
story#observation #shinlhu
Sunday, October 16, 2022
story
        စိတ်မေးစိတ်ဖြေ
                      စာမေးပွဲ (၇)
      😌🙄😁
          ရန္ကုန္ကနေ မော်လမြိုင်အစုံ/အဆန်လေအိတ်တွဲဆိုင်း ရထား ယနေ့စတင်ပြေးဆွဲ။
           အောက်တိုဘာ ၁၅ ရက် သတင်းထဲမှာ  ကြည့်ရင်းရှင်လူ ကြီးရဲ့စိတ်တွေဟာ လွန်ခဲ့တဲ့ ၆၅ နှစ် ဆိုတဲ့ အတိတ္ကာလဆီ ပြန်ရောက်သွားခဲ့တယ်။
           အဲ့တုန်းက ရှင်လူကြီး
၎ နှစ်သားအရွယ်ပေါ့။ အဖေနဲ့အမေတို့က အဖေ့ရဲ့ အလုပ်တာဝန်အရ ရန်ကုန်မှာနေကြ ပြီး ရှင်လူက အဖိုးအဖွားတွေရဲ့မြေးဦးမို့
အဖိုးအဖွားတွေရှိရာ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကဒူးရင်း ခြံကြီးထဲမှာလိုက်နေရတာ။ တနေ့တော့ ရန်ကုန်အမေတို့ဆီက စာတစောင်ရောက်လာခဲ့တယ်။သားကိုလည်း လွမ်းလှပြီ၊အမေတို့ မြေးအဖွား ရန်ကုန်ကိုတခေါက်လာခဲ့ပါအုံး ဆိုတာကြောင့် အဖြားက လိုအပ်တဲ့ပစ္စည်းတွေထုပ်ပိုးပြီး မြေးအဖွားနှစ်ယောက် ရွာကနေ မော်လမြိုင်ကိုဘတ်စ်ကားစီး ၊မော်လမြိုင်ကနေမုတ္တမကို သင်္ဘောစီးပြီးလာခဲ့ကြတယ်။ဟိုတုန်းက အခုဆောက်ထားတဲ့ သံလွင် မြစ်ကူးတံတား(ဘာဆိုလဲ)မရှိသေးတော့ သင်္ဘောနဲ့ကူးရတာ။ ထုံးစံအတိုင်း မုတ္တမဘူတာက လက်မှတ်ဝယ်ပြီးရန်ကုန်ကို ရထားစီးပေါ့။ရထားကလည်း အဲ့ချိန်တုန်းက ဒီဇယ်ခေါင်းတွေမရှိသေး၊ ကျောက်မီးသွေးသုံး စက်ခေါင်းမည်းမည်း ကြီးတွေပဲရှိသေးတာ ။အဲ့ရထားကြီးသံလမ်းပေါ်ပြေးလာရင် လေပေါင်လျော့သံ တရှူးရှူးနဲ့ နွားသိုးရိုင်း ကြီးလိုပဲ။ရှင်လူတို့နားရောက်တုန်း တူ ဝီးလို့ ဥသြဆွဲလိုက်ရင် ရင်ထဲထိတ်ခနဲ လန့်မိတယ်၊ ပြီးတော့ ပျော်လည်းပျော်မိတယ် ။ရင်ဖိုရတဲ့အရသာခေါ်ရမလားဘဲ။ 
            မုတ္တမဘူတာက ရထားစထွက်ချိန်တော့ မမှတ်မိတော့ဘူး။
မနက်ခင်းပဲထင်ပါတယ်။အဲ့ချိန်က
မုတ္တမ ရန်ကုန် ခရီးဟာ မနက်ထွက် ညရောက်ပါပဲ။
           ဒီလိုနဲ့မုတ္တမဘူတာက ရထားကြီး စထြက္လာလိုက္တာ တတူတူနဲ့ပေါ့။ အဲ့ချိန်က ဘူတာတချို့မှာ ရထားခေါင်းတွဲ ရေဖြည့်ဖို့
ရေပိုက် အမြင့် ကြီးတွေထားကြတယ်။ ရေနွေးငွေ့အင်ဂျင်ဆိုတော့ 
       မော်တာပစ်မယ် ၊ကလေးတွေနားပိတ်ထားကြဆိုတော့ အဖြားက ရှင်လူ့နားနှစ်ဖက်ကို သူ့လက်တွေနဲ့ အုပ်ထားပြန်တာပါပဲ။
           ဒီလိုနဲ့ တိုက္ပြဲ ငြိမ်သွားတော့ ရတဲ့သတင်းကရန်ကုန်ဘက်ကရထားတစင်းရောက်လာမယ် ၊ပြီးတော့ မော်လမြိုင်ဘက်ကလည်းရထားတစင်းရောက်လာမယ်။ရန်ကုန်ဘက် ဆက်သွားချင်တဲ့ခရီးသည်က ရန်ကုန်ရထားပေါ်တက်ပြီး မော်လမြိုင်ဘက်နောက်ကြောင်းပြန်မယ့်လူတွေက မော်လမြိုင်ရထားပေါ်တက်ကြပါ
တဲ့။ ဒီလိုနဲ့ သူရရှင်လူတို့ မြေးအဖွားအဲ ဒီနေ့ ရွာကထွက်လာပြီး ရွာကိုကောင်းမွန်စွာ ပြန်ရောက်ခဲ့ပါကြောင်း ပေါ့ဗျာ။
         သြော်...ဘယ်အဖွဲ့ ကထောင်တဲ့ မိုင်းလဲ မပြောတော့ပါဘူး။ရှင်လူ့စာက မော်လမြိုင် ရန်ကုန်ရထားစီး အေတြ့ အကြုံကိုပြန်ရေးပြရုံပါ။ ခုခါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မကြောင့်မကြ ခရီးသွားရမယ်ဆိုရင်ပဲ ဝမ်းမြောက်လှပါပြီ။၎ နှစ်သားအရွယ်က အတွေ့အကြုံမျိုးတော့
မလိုချင်ပါတော့ပြီ။
story#observation#shinlhu 
Wednesday, October 12, 2022
story
"အိုအေစစ်က ရေတပေါက်"
🌵🌷🌸📱💮😌🙄🌼🍁
           ပြီးခဲ့တဲ့ သီတင်းကျွတ်လ
ပြည့်ကျော် (၁)ရက်နေ့ မှာ‌ဖွေးဖွေးသိမ့်တယောက် ၈ နှစ်ပြည့်ခဲ့ပါ ပြီ။
           ကုန်ခဲ့တဲ့ နှစ်တွေအတွင်း ဘာမဆို သူလုပ်ချင်တာ ပဲ အလေးထား ပြီး ဖွေးနေပုံထိုင်ပုံကအ‌ကြောတင်း ခေါင်းမာတယ်လို့ ဆိုရမယ်။ သူ ဖုန်းပွတ်နေတာဖြစ်စေ တခုခု လုပ်နေတာ ဖြစ်စေ တစိုက်မတ်မတ် လုပ်နေတတ်ပြီး တခါတခါ ခေါ်မ ကြား အော်မ ကြား  ဘသူ့ မှ ဂရုမစိုက်သလိုအထာမျိုး ပေမယ့် ရှင်လူကတော့ဖွေးကို အာရုံစူးစိုက်မှု Concentrate အားကောင်းတယ် ၊ ဒါ ပညာပါရမီအတွက်‌ကောင်းတယ် လို့ ပဲ တွေးမိပါတယ်။ဒါပေမယ့် သူ့ အိမ်က လူ ကြီးတွေက တော့ ပမာမခန့်လုပ်တယ် ထင် ပြီး တခါ တခါ ဆူတာ ငေါက်တာတွင်မက ရိုက်ပုတ်တဲ့အခါတွေလည်း ရှိတတ်တယ်။ ဖွေးကလည်း‌ဖွေးပဲ အဝတ်အစားဝတ်တာကအစ လူ ကြီးရွေးပေးတာ မ ကြိုက်ဘဲ သူ့ စိတ် ကြိုက်ရွေးဝတ်ရမှ ကြေနပ်တာပါ။ ဒီလိုနဲ့ ဖွေးအရိုက်ခံရလုနီးပါးအ‌ခြေအနေမျိုးမှာ အနားမှာ ရှင်လူရှိနေရင်
          "ကလေးကို မရိုက် ကြပါနဲ့ ဟာ ၊ငါ့ သမီးလေးက ကြီးရင် လိမ္မာလာမှာပါ "လို့ ကြားဝင်ကာကွယ်ရပါတယ်။
            ဒီမနက်တော့ ဖွေးတို့ အခန်း မှာ ရှင်လူ ကြီး Break
           ဒီလိုနဲ့  မွန်းလွဲ ၃ နာရီလောက် တဖက်ခန်းက ဖွေး ကော်
ဖီဖျော်နေသံ ကြားတာနဲ့ "ဖွေးဖွေး
နဲ့စကားထိုင်‌ပြောနေတဲ့ သူ့ အမေ ငမိုးရိပ်ကို ကော်ဖီတခွက် သွားပေးလိုက် ပြီး ရှင်လူ့ ဆီကို
         အမ်...ရှင်လူမခိုင်းခင်ကတည်းက ရှင်လူ့ အတွက် ကော်ဖီကို သူဖျော် ပြီးနေ ပြီပဲ....
story#observation#shinlhu
Wednesday, October 5, 2022
story
စိတ်မေးစိတ်‌ဖြေ စာမေးပွဲ(၅)
💮🍂🍁🌼🌻🌷🌵
            မနေ့ က ကြည်ဇော်အေး
နာရေးပို့ ပြီး အိမ်ပြန်အရောက် 
နားနေတုန်း မင်းမင်းဆီက ဖုန်းဝင်လာတယ်။
          "ရှင်လူ ဘယ်‌ရောက်နေလဲ" ဆိုလို့
           "အိမ်မှာပဲ ရှိတယ်"
ပြန်‌ဖြေလိုက်တော့
           "ဒါဆို စောင့်နေ ၊ကျနော်တို့  လာခဲ့မယ်" တဲ့။ ဒီလိုနဲ့ စောင့် နေလိုက်တာ မ ကြာခင်မှာ
မင်းမင်းနဲ့  မူဆတ်ချီ တို့ နှစ်ယောက်သား ရောက်လာ ကြတယ်။
ကြီး ဘ ကြီးသဖွယ် သက္ကစ္စ ဂါရဝ
ထားပါတယ်။ ပြီး ခဲ့တဲ့ ကိုဗစ် လှိုင်းအတွင်းကလည်း ဆန်ချော ၊နေ
ကြာဆီ ၊ကော်ဖီမစ် အထုပ် ကြီးတွေအပါအဝင် မုန့်နဲ့ ဆေးဝါးတွေမကျန် ဟိုပုန်းမျောက်အရက်ပုလင်းတွေအစ စားပွဲတလုံး စာ အ
ပြည့် ဂါဖူးခဲ့ပါတယ်။ ခုလည်း လာမယ် လာမယ် ဆို ပြီး ဖုန်း အခါခါ
ဆက်ထားတာ‌ကြောင့် အရင်လိုပဲ
စားရေ ရိက္ခာစုံနဲ့ ဂါဖို့ လို့ ထင်ထားပါတယ်။ တကယ်တမ်း သူတို့ ရောက်လာတော့ လက်ထဲမှာ အိတ်မဲ ကြီးတလုံး ကိုင်လာပါတယ်။
သူကမ်းပေးတဲ့ အိတ်မဲ ကြီး အသာ လှပ် ကြည့်လိုက်တော့
Export Mandalay Rum
လေးထောင့်ပုလင်း ကြီး ဖြစ်နေပါတယ်။
          "လက်ဖက်ရည်ဆိုင်သွားမလား ၊ဘီယာဆိုင်သွားမလား "လို့ ရှင်လူ့ ကို ‌မေးလာပါတယ်။ အမှန်တော့ ညနေ အလုပ်သွားချိန်နီးနေပါ ပြီ။ ဒါပေမယ့် ဂါ ပြီး စကားစ
မြည်လေးဘာလေးတော့ ခနတ
ဖြုတ်တော့ ‌ပြောအုံးမှဆို ပြီး ဘီယာဆိုင်ကိုပဲရွေးလိုက်ပါတယ်။
အိမ်နဲ့မဝေးတဲ့" ကောင်းထူး"ကိုပဲ
ရွေးထိုင်လိုက် ကြပါတယ်။ဆိုင်ထဲထိုင် ကြအ ပြီးမှာ 
          "အဘ ဘာသောက်မလဲ"ဆိုတာနဲ့  
           "ဘီယာလောက်ပဲ ကောင်းပါတယ်" လို့ 
             ဒီလိုနဲ့ သူတို့ Tiger
နှစ်ပုလင်းမှာ ပြီး ဖန်ခွက်ရှည်ကလေးတွေထဲ ငှည့်ထည့် ပြီး
            "Cheers" လိုက် ကြပါတယ်။
             "အဘ ဘာစားမလဲ တခုခု စား "ဆိုတော့ 
              "မစားတော့ပါဘူး ၊အလုပ်ရာက်ရင် ‌ဟိုကဘော်ဒါ ကြီးနဲ့ 
ညစာစားမှာမို့ ပါ။
                ဒီလိုနဲ့  သူတို့ မှာထားတဲ့  ဝက်သား အ‌ခြောက်‌ကြော် ၊ရုံးပတီသီးအကင်နဲ့ မြည်းနေတုန်း
ဖုန်းဆက် ပြီး လိုက်လာပါတယ်။
            "သမီး မတွေ့ တာတောင် ကြာသွား ပြီ"ဆိုတော့ ခေါင်းညိတ် ပြီး ပြုံးနေပါတယ်။ ခနနေတော့ ကလးမက "ခန"လို့ ဆို ပြီး
တဖက်က စတိုးဆိုင်ထဲ ဝင်သွားပါတယ်။ ပြန်ထွက်လာတော့ သူ့ အတွက် အချိုရည် တဘူးနဲ့  အားလုံးအတွက် အာလူး‌ကြော်တထုပ် ဝယ်ခဲ့ပါတယ်။
ရှင်လူ စိတ်ဝင်စားသွားပြီး
              "ဟုတ်လား"လို့ ထောက်လိုက်တော့
               "သွားလိုက် လာလိုက်
နေမှာပါ ၊ဟိုမှာ Gallery သွားဖွင့် မလို့ ၊ ရေဆေးကားတွေချည်းယူသွားမယ်"
                မူဆတ်ချီ အလုပ်ကို ရှင်လူ သဘောကျ သွားတယ်။ဘာပဲ ‌ပြော‌ပြော ပြည်တွင်း အနုပညာကို ပြည်ပထိအောင် 
              မ‌နက်က ကြည်ဇော်အေး နာရေးပို့ ရင်း ရေဝေးမှာဆုံတော့ သူငယ်ချင်း နွေလယ်နေ ‌ပြောတဲ့စကားတွေ နားထဲ ထပ်ခါထပ်ခါ ပြန် ကြားနေမိတယ်။
              "တနေ့  တနာရီ ခြား
တရားထိုင် ဖြစ်တယ်၊ ညနေကျရင်တော့ ရမ် သုံးပက်လောက်တော့
သောက် ဖြစ်သေးတယ်"တဲ့။
story#observation#shinlhu
story
စိတ်မေးစိတ်‌ဖြေ စာမေးပွဲ(၄)
💮🍂🍁🌼🌻🌸🌷🌵
          မနေ့ ညနေကထဲက ညီကဗျာဆရာ လက်ျာဝင်း ဖုန်းဆက်တယ်။"အကို ကြီး မနက် ဖြန်မနက် 
ကြည်ဇော်အေး နာရေးသွားပို့မယ်၊
လိုက်မလား"တဲ့ ။ရှင်လူလည်းချက်ချင်းပဲ "လိုက်မယ်"လို့ ပြန်‌ဖြေလိုက်တယ်။ "ဒါဆို မနက် ၈နာရီေ လာက် တီးဘုရင်မှာ ဆုံ ကြမယ်၊‌နေလအောင် က ကိုမောင်ဝင်းကား ဖုန်းဆက်မယ် ‌ပြောထားတယ် ၊ နာရေးကို ဘိုပီလည်း လာလိမ့်မယ်"တဲ့။ အလွယ်တကူ လိုက်မယ် ‌ပြောလိုက်တာလည်း ကောင်းပါတယ် ၊ကိုဗစ် ပထမလှိုင်း ကစ ပြီး သိတ်မဆုံ ဖြစ်ကြတဲ့ မိတ်ဆွေတွေ ဒီလို အ‌ကြောင်းပေါ်မှပဲ ဆုံ ဖြစ် ကြတာမဟုတ်လား။
          အမှန်တော့ ခုနောက်ပိုင်း ရှင်လူ ကြီးနာရေးပို့ တာတွေ သိတ် လိုက်လေ့မရှိ။ ရှေး မြန်မာတွေကတော့ "မသာ တ‌ခေါက် ကျောင်း ဆယ်ခေါက်"တဲ့ ။အသုဘရှု ရတဲ့ကုသိုလ်ဟာ သံဝေဂဉာဏ်
ရင့်သန် ဆို လားပဲ ။ အရင်က ရန်ကုန်မှာ ကြံတော သုဿန် မဖျက်ခင်ကတည်းက စာရေးဆရာ
သ င်္ဂြိုလ်မယ့်‌နေ့ ကျတော့လည်း အသုဘကားနဲ့ ယဉ်တန်းကြီး
တနေ့  အသုဘပို့ ယဉ်တန်း ကြီးတွေ‌ကြောင့် လမ်းတွေ ဂျမ့် ဖြစ်နေတာ ရှင်လူ သိတ် မ ကြိုက်ချင်။
Vedio ကားတိုလေးတခုရှင်လူ ကြည့်ဖူးတယ်။ တိဘက်မှာ လူသေရင် သင်္ချိုင်းခေါ်သွား ပြီး ရင်ခွဲပေးလိုက်တဲ့ခါ အသန်မာဆုံး လင်းတ ကြီးက အူတွေအသဲတွေစား ပစ်တယ်။ ကျန်အစိတ်အပိုင်းတွေကို သ င်္ဂြိုလ်တဲ့သူကဓါးနဲ့ခုတ်ပိုင်း ပြီးကျန်တဲ့လင်းတတွေကို ‌ကြွေးတယ်။ ထင်းရှားပါးတဲ့ ကျောက်တောင်မြင့် ကြီး‌တွေပေါ်မှာ ဒါ ရိုးရာပဲ။ 
           ရှင်လူ့ အယူအဆ ‌ပြော ပြတော့ ညီကဗျာဆရာ လက်ျာဝင်းက "ခုထဲက ရှင်းရှင်း ‌ပြောထားအုံး၊ အကို ကြီး ကိစ္စကျရင် ကျနော်တို့ ပဲ တာဝန်ယူရမှာ ၊ခဲရာခဲဆစ်ေ တွသိတ်မလုပ်နဲ့ "တဲ့။
            ခု နာရေးကိစ္စမှာ အကျိုးရှိတာကတော့ နှစ်ပေါင်းဆယ်ချီ ကြာအောင်မတွေ့ ဖြစ်တဲ့ မိတ်ဆွေတွေ ပြန်တွေ့ ရတာပဲ။ ဆံပင်
ရှည်ရှည်နဲ့ ပုဂ္ဂိုလ်ကို မှတ်မိသလိုလိုရှိလို့ နှုတ်ဆက်လိုက်ပါတယ် 
သူကမမှတ်မိ ဖြစ်နေလို့  Mask
ဖြုတ်ပြလိုက်မှ မှတ်မိသွားတယ်။
အဲဒါ သူ့ နာမည် မမှတ်မိလို့  တယောက်နားကပ် ပြီး "အဲဒါ ဘသူလဲ"မေးမှ"မောင်နိုးလေ"ဆိုတော့
၈၈ မတိုင်ခင်ကာလများဆီက
လမ်း(၄၀) English for All
တိုက်မှာ မ ကြာ မ ကြာ ဆုံ ဖြစ်တဲ့ ပန်းချီဆရာ မောင်နိုးမှန်းသိတော့တယ်။ အ ပြန် ကားထဲရောက်ခါမှ"မုတ် ကြီးလည်းလာတယ်"တယောက်က‌ပြောလို့ "ဟုတ်လား မတွေ့ မိပါဘူး "ဆိုမှ
           အမှန်တော့ ဘယ်လောက်ခင်ခင် သေရင်နှုတ်ဆက်လို့ ရတာမှမဟုတ်တာ။ ခုလို တွေ့ တုန်း ကြုံတုန်း နှုတ်ဆက်ထားမှ။
          သေမှတော့ ဘသူကအလေးပြု ပြုမ ပြု ပြု ၊လင်းတေ ကြွးေ ကြွး ခွေးေ ကြွး ‌ကြွေး မသာ ကြီးက ထ ပြီး ကန့်ကွက်‌ကြောင်း အဆိုတင်သွင်းနိုင်တာမှမဟုတ်တော့တာ။
story#observation#shinlhu
story
စိတ်မေးစိတ်‌ဖြေ စာမေးပွဲ(၃)
💮🍂🍁🌼🌻🌸🌷🌵
           ဒီမနက် ဖွေးဖွေးသိမ့်တို့
တမိသားစုလုံး လှည်းကူး "မိချောင်းအိုင်"တောရကိုသွား ကြတယ်။
           မနေ့ ညနေကထဲက ဖွေးအဖေ မောင်ဝင်း ရှင်လူ့ကိုမေးတယ်"ရှင်လူ လိုက်အုံးမလား"တဲ့။
ရှင်လူက ချက်ချင်းပဲ "မလိုက်တော့ဘူး"လို့ ပြန်‌ဖြေလိုက်တယ်။
          အရင်တခေါက် သူတို့ "မိချောင်းအိုင်တောရ"ကို ဇူလိုင် ၁၈
ရက်နေ့ ကသွားတော့ ရှင်လူပါ
ကန့်လန့် ကန့်လန့် ပါသွားခဲ့တယ်။
အဲ့တုန်းက ရှင်လူ့ကိုတွေ့ တွေ့ ချင်း ဆရာတော်က အသက်မေးပြီး
"အသေမဦးခင်ဉာဏ်ဦးအောင်
လုပ်တော့ "လို့‌ပြောတော့ "တပည့်တော် ဝိပါက်တွေ မကုန်သေးဘူးဘုရာ့ "လို့ ပြန်‌ဖြေခဲ့တယ်။အမှန်တော့ ခုမှတွေ့ ဖူးတဲ့ ဒကာတယောက်ကို အလိုအပ်ဆုံး စကားမိန့် ကြားလိုက်တာပါပဲ။ ဒါပေမယ့် ရှင်လူ ကြီးက တရားဓမ္မအ‌ကြောင်းအတန်သင့် လေ့လာဖူးတော့ ကိုယ့်အ‌ကြောင်း ကိုယ် သိနေတယ်။
ရှင်လူဟာ လက်ရှိဘဝ လက်ရှိအချိန်မှာ ကျန်းမာရေးမကောင်း တာရော အသက်အရွယ်အရပါ
ဘာမှမလုပ်နိုင်တောင် ကျောင်းအလာ လယ်ကွင်းထဲ တွေ့ ခဲ့ရတဲ့
စာ‌ခြောက်ရုပ် ကို အားကျနေပါသေးတယ်။ 
           လောကီနဲ့ လောကုတ်ဆိုတာ လှေနံ နှစ်ဖက်နင်းလို့ မရဘူးထင်ပါတယ်။ စာ‌ခြောက်ရုပ်က
တမဂ်တဖိုရဖို့ တွေးရင် စိတ်ကူးယဉ်ပဲ ဖြစ်မှာပေါ့။ အဲ့နေ့ က ဆရာတော့် ကျောင်းနေ သီလရှင် ဆရာ ကြီးကလည်း "ဒကာ ကြီး ၃ လစဉ်းစား ၊၃ လနေရင် အ‌ဖြေပေး ၊၃ လမဟုတ် ခုချက်ချင်းဆုံးဖြတ်နိုင်လည်း ဆုံးဖြတ်"ဆို ပြီး ရှင်လူ့ကို
တရားအားထုတ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ လွန်ခဲ့တဲ့ ဇူလိုင်လကဆိုတော့ ခု အောက်တိုဘာမှာ ၃ လ အချိန် စေ့ ပြီ။ ဒီ စာ‌ခြောက်ရုပ်ကြီးရှင်လူ ကတော့ ဥပက တက္ကဒွန်း
ကြီးလို ဖြစ်နေ ပြီ။
(နောက်ဆက်တွဲသတင်းအရ
ဒိနေ့  မိကျောင်းအိုင် တောရ မှာ
ဘုရားထီးတင်ပွဲ လို့ သိရပါတယ်)
story#observation#shinlhu
Monday, October 3, 2022
poem
"အစာမ‌ကြေ ချောင်းဆိုး ရင်ကြပ်
အဆုတ်ပွ"
🌵🌷🌸🌻🌼🍁🍂💮
😌👺🤐
မြစ်တခုကိုအရောင်ဆိုး ‌နေမယ့်အစား
မြစ်ရေသာ ဆင်းချိုးလိုက်ပါတော့
(တုပ်ကွေးမိထားသူများကို မဆိုလို)။
ငါးမျှား သွားဖို့ 
တီတော့ တူးတတ်ရမယ်
မရိုးသားရင်
ငါဖျင်းသလက် တကောင်တောင်
ရမှာမဟုတ်ဘူး
စွန်လွှတ်မယ်ဆို စွန်ပဲလွှတ်
ငှက်ပစ်မယ်ဆို ငှက်ပဲပစ်
စွန်ပစ် ပြီး ငှက်လွှတ်နေရင်
ချာလီချက်ပလင် ရယ်လိမ့်မယ်။
လေတ ဖြူးဖြူးထဲ
Mask တပ်ရင်း
အောက်ဆီဂျင်ကျနေတာတော့ 
ငါလည်းမတတ်နိုင်ဘူး
အမြဲတမ်း ငြူစူနေတဲ့ နှုတ်ခမ်း ကြီး တက်တူးသာထိုးထားလိုက်ပါတော့ 
---။
ညို မြသွေး
                       4/10/2022 
10 : 20 AM
poem#observation#shinlhu