ဒီညနေ ရှင်လူ ကြီးသိတ်မလန်း။ ဆေးတွေသောက်နေတဲ့ ကြားက ခုလိုမအီမသာ ဖြစ်တော့ နေရခက်နေတာနဲ့ ည ၈နာရီ ခွဲလောက် ဖွေးဖွေးသိမ့် ဆီ VCall ခေါ်လိုက်တယ်။
"ဘာလုပ်နေလဲ သမီးလေး "ဆိုတော့ "ပုံဆွဲနေတာ"တဲ့။သူဆွဲထားတဲ့ ဖရဲသီးစိပ် ပုံ ပြတယ်။
လှသား။ ခဏနေတော့ "ရှင်လူ့ပုံ ဆွဲပေးမယ်
ငြိမ် ငြိမ်နေ"ဆို ပြီး ခဲတံ ဖင်ပိုင်းကို လက်နဲ့ ညှပ်ကိုင် ပြီး ပန်းချီဆရာ ကြီးတွေ အချိုးတိုင်းသလို မျက်မှန်းနဲ့တိုင်းလေရဲ့ ။
ဒီလိုနည်းလမ်းတွေ သူဘယ်ကရပါလိမ့်။ YouTube ကများလား။
ခဏနေတော့ "ရ ပြီ ရှင်လူ့ပုံ "တဲ့။
ကဲဗျာ ဒီကလေးမတော့ ပန်းချီဆရာများ ဖြစ်လာမလားပဲ။
No comments:
Post a Comment