အာစွတ်ပုံ ပြင်များ
🎃👺🙄👻😕
ရှင်လူက စာရေးပျင်းသူတယောက် ဖြစ်ပါတယ်။ရှင်လူ ၁၅ နှစ် အရွယ် ဖြူးမြို့  အုတ်ဖြတ် လမ်းနားက မိထွေး အိမ်မှာ နေရစဉ် ရှင်လူ
အပါအဝင် ညီအကို မောင်နှမ လေးယောက်ဟာ
အင်မတန် ငတ်မွတ်ခေါင်းပါးခဲ့ရပါတယ်။ တနေ့  တနေ့ 
မနက်လင်းတာနဲ့ မိထွေးတော် ပို့ ပေးတဲ့ အမဲရိုးတွေကို
ဒန်အိုး ကြီးတလုံးထဲထည့်၊
ဆန်နဲ့ ရော ပြုတ် ပြီး ခြံထဲမွေးထားတဲ့ ခွေး ၆ ကောင်ကို
ခွေးစာေ ကြွး ပြီးမှ အဲ့အိုးနဲ့ ပဲ ရှင်လူတို့ အတွက် ထမင်းချက်ရပါတယ်။ ပြီးရင် ကုန်းကျော် မှာ မုန့်ဟင်းခါး ရောင်းတဲ့ မိထွေးတော်ရဲ့ ဆိုင်သွား ပြီး မုန့်ဟင်းခါးယူခါ
ထမင်းနဲ့ စားခဲ့ရပါတယ်။
အဲဒါ နေ့ စဉ်နဲ့ အမျှ ဆိုတော့ မုန့်ဟင်းခါးဆို အနံ့ မခံနိုင်အောင် ဖြစ်လာပါတယ်။
မိထွေးတော်ကတော့ သူ နဲ့ သူ့ သားသမီးတွေစားဖို့ ဟင်း ကို ဆိုင်မှာပဲသီးသန့် ချက်စားပါတယ်။ ရှင်လူ့ ညီလေး ညီမလေးတွက ငတ်လွန်းတော့ စားချင်လွန်းလို့ ခြံထဲက ပုစွန်လုံးတွေဖမ်း ပြီး
မီးဖုတ်စားတာ ဝမ်းတွေသွားကုန်တဲ့ အထိပါပဲ။ အဲဒါ မနက် ဘရိတ်ဖတ်စ်အတွက် ရတဲ့ မုန့်ဖိုးလေးတွေ စုပေါင်း ပြီး တဝက်ကို ကောက်ညှင်းပေါင်းဝယ်။ လက်နဲ့ အဆုပ် အလုံးလေးတွေလုပ် ပြီး
တယောက်တလုံး ဝေစား ကြ။ ကျန်တဲ့ ပိုက်ဆံ တဝက်ကို အဲ့တုန်းက ထွက်တဲ့
လမ်းစဉ် လူငယ်ဂျာနယ် ဝယ်ဖတ် ပြီး မိမိတို့ အတွက်ပညာဗဟုသုတ ရှာ ရပါတယ်။ လမ်းစဉ်လူငယ်ဂျာနယ်ဖတ်ရင်း ရှင်လူ သတိထားမိတာက ဂျာနယ်ထဲမှာ ကဗျာ ပြိုင်ပွဲ တခုအ မြဲပါတာပါပဲ။ဒီတော့ ငွေရပေါက် တခုရှာနေတဲ့ ရှင်လူဟာ စိတ်ကူးပေါက် ပြီး ကဗျာတွေစရေးတော့တာပါပဲ။
တခါမှ မရေးဘူးတော့ ဂျာနယ်ထဲ သူများရေးထားတာတွေ ကိုအတုယူ ပြီး ရေးရတော့ မဆလ ပေါ်လီစီ ကဗျာပေါ့ဗျာ။ ငွေလိုချင်နေတဲ့
ငတ်နေတဲ့ လူငယ်တယောက်ဟာ ပေါ်လီစီသော ၊ဖေါ်လံဖားသော ၊ဘာသောညာသောမသိ ကဗျာတွေ တွင်တွင်ရေး ပြီး လမ်းစဉ်လူငယ်ဂျာနယ် ကဗျာ ပြိုင်ပွဲ ဝင်တော့တာပါပဲ။ဒါပေမယ့် ကဗျာ့သဘောတရား ၊ကဗျာ့ စည်းမျဉ်း နဲ့ စကားလုံးတွေကို နိုင်နင်းမှုမရှိတဲ့ ရှင်လူလေးဟာ စာအိတ်နဲ့ တံဆိပ်ခေါင်းဖိုးတွေသာ ကုန်ခဲ့တယ် ၊တခါမှ ဆုငွေမရခဲ့ဖူးပါဘူး။ ဒီလိုနဲ့  ငွေရလိုမှု နဲ့ ကဗျာစရေးခဲ့တဲ့ ၁၅ နှစ်ရွယ် ရှင်လူလေးဟာ ၁၆ နှစ်အရွယ်
၁၉၆၉ ခုအရောက်မှာ
"အချစ်တော်"စာစောင်၊ "သင့်ဘဝ" မဂ္ဂဇင်း၊ "ကြက်ခြေနီ"လူမှုရေး သတင်းစဉ်စတဲ့ စာစောင်တွေထဲမှာ ကဗျာနဲ့ 
ဝတ္ထုတိုလေးများ ပါဝင်စ ပြုလာခဲ့ပါတယ်။ ဒါပေမယ့်
အဲ့စာနယ်ဇင်းတွေဟာ စာမူခရဖို့ နေနေသာသာ စာမူပါတဲ့ စာစောင်တောင် ကိုယ့်ဖာသာ ဝယ်ဖတ်ရပါတယ်။ ကြက်ခြေနီ လူမှုရေးသတင်း စဉ်တခုသာ စာတိုက်က Book Post နဲ့ ပို့ပေးလေ့ရှိပါတယ်။
စာပေအနုပညာရဲ့သဘောဟာ ဆန်း ကြယ်ပါတယ်။ ငွေလိုချင်လို့  စာတွေ ကဗျာတွေ ရေးရင်း ဝမ်းစာရအောင် စာတွေ ကဗျာတွေပိုဖတ်ရင်း အလိုလိုရင့်ကျက်လာရပါတယ်။ စာပေအနုပညာဆိုတာ ငွေရှာဖို့ထက်
အမှန်တရားရှာဖို့ က ပဓါနကျတယ် လို့ နားလည်လာပါတယ်။ငွေ ကြေးချမ်းသာသူ တွေထဲမှာတောင် အဲ့ငွေနဲ့ လောကအကျိုး လှူတန်းပေးလိုသူနဲ့ ငွေကြေးအသုံးချ ပြီး မိမိရဲ့  သြဇာအာဏာကို
တည်ဆောက် လိုသူရယ်လို့ 
နှစ်မျိုးနှစ်စား ရှိသလို စာပေအနုပညာမှာလည်း အတ္တနဲ့
ပရသမားရယ်လို့ နှစ်စားကွဲလာ ခဲ့ပါတယ်။ရှင်လူကတော့ ကံကောင်းထောက်မစွာ
ငွေရှာထွက်ရင်း အမှန်တရားကို တွေ့ ခဲ့ရပါတယ်။အမှန်တရားဆိုတာ ငွေထက်တန်ဖိုး ကြီးကြောင်းလည်း နားလည် လာခဲ့ပါတယ်။
ဒီတော့ ပေါ်လီစီတခုကိုထောက်ခံရေးသားတော့မယ်ဆိုရင် အဲ့ ပေါ်လီစီက
လက်တွေ့ မှာလောကကို
ဘယ်လောက် အကျိုးပြုသလဲ လေ့လာရပါတယ်။
ပေါ်လီစီတခုက လောကကို
အကျိုးမ ပြုပဲ ဒုက္ခပါ ပေးနေတယ် ဆိုရင် မိမိအတွက် အကျိုးရှိတဲ့တိုင် အမှန်တရားအတွက် အဲ့ပေါ်လီစီကို ဆန့်ကျင်ရပါတယ်။အဲဒါ စာပေ အနုပညာ သတင်းသမားတွေရဲ့ ကျင့်ဝတ်ပါပဲ။ အဲ့ကျင့်ဝတ်ကိုဖေါက်ဖျက်ရင်
ဖော်လံဖား ဘောမ စတဲ့
ဂုဏ်ထူးဝိသေသတွေ ခပ်နှိပ်ခံရမှာပါပဲ။ ဒီအသိတွေကြောင့် ရှင်လူ ကြီး စာရေးပျင်းလာခဲ့ပါတယ်။ စာတပုဒ်ရေးတော့မယ်ဆို အဂတိကင်းကင်းနဲ့  အမှန်တရားရအောင် လေ့လာရတာကအရမ်းပင်ပန်းပါတယ်။ကိုယ့်ရဲ့ ပေါ့ဆမှု တခု ကြောင့် အမှန်တရားကို ဝေဝါးသွားရုံ လုပ်မိရင်တောင် အပြစ်ကြီးလှတယ်လို့ ခံယူမိပါတယ်။
အဲ့လောက်စာရေးပျင်းသူ ကြီးက ခု ရက်ပိုင်းအတွင်း အတွေးထဲမှာ ရေးချင်စရာ တခု ပေါ်လာခဲ့ပါတယ်။စာရေးပျင်းတော့ "စစ်နဲ့
ငြိမ်းချမ်းရေး"တို့  "လေရူး
သုန်သုန်"တို့ လို အရှည် ကြီးတွေလည်းမရေးချင်။အဲ့စာရေးဆရာေ တွလောက်လည်း လေ့လာနိုင်အား အသိဉာဏ်က မ ကြီး။ ဒီတော့ အရက်သမားတယောက် "အာစွတ်ရုံ"သောက်သလိုမျိုး ၊ထမင်းစားကောင်းရုံ
အိပ်ကောင်းရုံ ဝမ်းမီးကျေညက်ရုံ စာတိုပေစလေးတခု ရေးချင်စိတ် ဖြစ်လာပါတယ်။
၁၅ နှစ်သားက အခု ၆၉နှစ် အရွယ်ထိ နှစ်ပေါင်း ၅၄နှစ်တိုင်တိုင် ကဗျာတွေ စာတွေ ရေးခဲ့ပေမယ့် ကဗျာ ပန်းဖလက်လေးတအုပ် ၊ဝ တ္ထုတို ပေါင်းချုပ် စာအုပ်လေးတအုပ်တောင် မထုတ်ဖူးခဲ့ပါ။ သေရင်တောင် သင်္ချိုင်းအုတ်ဂူ မဆိုထားနဲ့ အမှတ်တရ ငုတ်တိုင်လေးတောင်မထူနိုင်မယ့်အတူတူ ရှင်လူ
ကြီး မသေခင် သစ္စာတပွင့်
ပွင့်ထားခဲ့ချင်ပါတယ်။
ခေါင်းစဉ်က"အာစွတ်ပုံ ပြင်များ"တဲ့။
ခင်ဗျားတိုတကယ်ဖတ်ချင်ရင် ကျနော်တကယ်ရေးမှာပါ။ေ ကြာ်ငြာဝင်တာ
မဟုတ်ဘူး၊ တိုင်ပင်တာပါနော် ၊တကယ်ဖတ်ချင်မှပြော။
story#observation#shinlhu
No comments:
Post a Comment