Tuesday, June 27, 2017

အ​ဝေး​ပြေးဂိတ်​ ♥ ♥ ♥

အ​ဝေး​ပြေးဂိတ်
♥ ♥ ♥ ♥ ♥
ဒီ​နေရာ
မ​ရောက်​တာကြာ​တော့
ငါ့အတွက်​ တစိမ်းဆန်​လွန်းရဲ့
ဒီ​နေရာဟာ
မြို့​တော်​တခုရဲ့ ဗဟိုရ်​ချက်​မ
ကိစ္စ ဝိစ္စ​တွေ အစုံစုံ
စုပုံ​နေတဲ့​နေရာ
ဒီ​နေရာမှာ
ခေတ်​အဆက်​ဆက်​ရဲ့ ပန်းချီကားတွေ
အမှတ်​တရ ချိတ်​​​ဆွဲထား တဲ့​နေရာ
အော်​သံ ဟစ်​သံ ​ကြွေး​ကြော်​သံ​တွေနဲ့
ရုန်းကန်​စီတန်းခဲ့တဲ့​နေရာ
မလှမ်းမကမ်းမှာ စ​ကော့မားကက်​ တဲ့
တချိန်​က ​ခေါ်ခဲ့တာပါ
ခု​တော့ ဗိုလ်​ချုပ်​​ဈေး
အပြည့်​​ခေါ်ရင်​ ဗိုလ်​ချုပ်​​အောင်​ဆန်း​ဈေး
မြို့ပတ်​ရထားစီး ဘုရားလမ်းဘူတာဆင်းပြီး
လမ်းမ​ပေါ်တက်​လာခဲ့ရင်​ ပဋ္ဌမဆုံး​တွေ့တဲ့
မီးပွိုင့်​ကိုဖြတ်​လိုက်​ပါ
လေဟာပြင်​ည​ဈေး တဲ့
ပြားပြားဝပ်​ဝပ်​ ငါတို့ အကြိမ်​ကြိမ်​ဖြတ်​ခဲ့တဲ့​နေရာ
ခု​တော့အထပ်​ထပ်​ မတ်​မတ်​ရပ်​​မော့ကြည့်
ဖွံ့ဖြိုးမှု​တွေအ​ပေါ်မှာရှိ​နေပလား
ငါ့မှာ တက်​မကြည့်​အားနိုင်​​သေး
မလှမ်းမကမ်းက ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးရဲ့ မလွယ်​​ပေါက်​ကိုသာ
ငါ့မှာ လိုက်​ရှာ​နေမိတယ်
ဒီ​နေရာ တဝိုက်​ဟာ
ငါတို့လူ အ​တော်​များများ ခရီးထွက်​ရာ
အ​ဝေး​ပြေး ကားဂိတ်​ပဲ
မှတ်​မှတ်​ရရ
ဆရာ​ကွေးကိုလိုက်​ပို့ကြတုန်း
တဖက်​ဘတ်​စ်​ကားပြူတင်းက
ငါ့ကိုလက်​ပြနှုတ်​ဆက်​သွားတဲ့
နေကာမျက်​မှန်​နက်​နဲ့ လှသန်းကိုမြင်​​ယောင်​တယ်
သွားမယ်​လို့ ​ပြောတာလား
လိုက်​ခဲ့လို့​ပြောတာလား
အဓိပ္ပါယ်​ ဘယ်​လိုဖွင့်​ဖွင့်
သွားမယ်​ လိုက်​ခဲ့လို့ပဲရတယ်
ဒီ​​​နေရာမှာ လက်ပြရင်
အားလုံး ဒီအဓိပ္ပါယ်​ပဲထွက်​မယ်
ီလိုက်​ခဲ့မှာပါ
ဒီပရင်္ဂ လှသန်းရယ်
သိမီသူ​တွေ​ကော
မသိမမီသူ​တွေ​ကော
ငါတို့အားလုံးအတွက်​ တစိမ်းဆံလှတဲ့
ဟောဒီ ရန်​ကုန်​မြို့​တော်​ကြီးမှာ
ဟောဒီ​နေရာကွက်​ကွက်​​လေးသာ
ရင်းနှီး
ဟောဒီ​နေရာကွက်​ကွက်​​လေးသာ
ကျွမ်းဝင်
ငါတို့သမိုင်း​တွေ စတင်​တာထွက်​ရာ
အ​ဝေး​ပြေးဂိတ်​တခု မဟုတ်​လား
ငါတို့ အားလုံး လိုက်​ခဲ့မှာပါ
လုပ်​စရာရှိတာ​တွေကို
မင်းတို့လိုပဲ
အားလုံးလက်​စသတ်​ပြီးရင်​​ပေါ့
ီု့ညိုမြ​သွေး
4:48pm
Mon,26 Jun 2017
poem #observation #shinlhu

No comments:

Post a Comment