>ချစ်သူကိုငေါ့တဲ့ကဗျာ
>@$@$@$@$@$@$
>ညိုမြသွေး
>
>ကိုယ့်ရေခဲသေတ္တာထဲမှာမှ မင်းက ဘာလို့
>တကောင်လုံးပုပ်နေရတာလဲ...
>ဗာဟီရ တောင်ပို့ကို မင်းက မင်းကိုယ်မင်း
>ခြထင်ပြီး ထပ်ဖို့နေတာလား
>လူတကာကတော့ လူတကာလို
>သောက်လုပ်များနေကြရတာပါပဲ
>ချစ်သူ့ရင်ခွင်ဆိုတာ အရက်နံ့နဲ့ချွေးနံ့ရောနေရင်တောင်မိန်းမသားတယောက်အတွက်တော့ အပန်းဖြေကမ်းခြေတခုမဟုတ်လား..
>ကြေးစားတယောက်အတွက်တော့
>ငရဲကြီးရှစ်ထပ်ပဲဖြစ်မှာပေါ့....
>ညိုမြသွေး
>Thu,20 Apr 2016
>poem#observation #shinlhu
Saturday, June 3, 2017
Re: ချစ်သူကိုငေါ့တဲ့ကဗျာ @$@$@$@$@$@$ ညိုမြသွေး ကိုယ့်ရေခဲသေတ္တာထဲမှာမှ မင်းက ဘာလို့ တကောင်လုံးပုပ်နေရတာလဲ... ဗာဟီရ
Shin Lhu <shinlhu@gmail.com> wrote:
Subscribe to:
Post Comments (Atom)
No comments:
Post a Comment