Tuesday, December 22, 2020
story
ရှင်လူ့ စီးတော် မြင်း Blue Diamond
🏇🏇🏇🏇🏇🏇🏇🏇🏇
ဒီစီးတော် မြင်းကလေးက ရှင်လူ့ ကိုဝန်ဆောင်မှုပေးခဲ့တာ လေးနှစ်‌ကျော်ခဲ့ ပြီ။
ရှင်လူ Bella မှာ အလုပ်စဝင်တော့ ရှင်လူ့အသက်က ၆၄ ၊အခု ၆၈ နှစ်ထဲရောက်ခဲ့ ပြီ။အဲ့တုန်းကနေ့ စဉ် အလုပ်ဆင်းဖို့ Bella ဂိုဒေါင်ရှိရာ ‌တောင်ဒဂုံစက်မှုဇုံ
(၁ ) ဟားခါးလမ်းကိုသွားဖို့ ရာ အမှတ် (၆) ကားက သစ်ဆိုင်ကွေ့ မှာပဲ မှတ်တိုင်ရှိလေတော့ ဟားခါးလမ်းကိုရောက်ဖို့ အဝေးကြီး လမ်းလျှောက်ရမှာ။ဒီတော့ ဖွေးဖွေးသိမ့် ဦးငယ်ချောင်ထိုးထားတဲ့ Mountain ဘီးလေးကို ဆွဲထုတ် မွမ်းမံပြီး နေ့ စဉ် အလုပ်ဆင်းခဲ့ရတယ်။ ရှင်လူ့ အိမ်ခန်းရှိရာ
တောင်ဥက္ကလာက နေ ပြီး ဘေလီတံတားကို ဖြတ် ‌မြောက်ဒဂုံကို‌ကျော် တောင်ဒဂုံစက်မှုဇုံထိ နေ့ တိုင်းအသွား အ ပြန် ဒီဆေးသားအ ဖြူတွေကွက် ပြီး သံချေးတွေတက်နေတဲ့ သံချေးတဝက် ဆေးတဝက်ဘီးကလေးနဲ့ တွဲလာခဲ့တာ အတော် ကြာခဲ့ ပြီပေါ့။သူ့ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း
အစိတ်ဝန်းကျင်က ရှင်လူ့ မှာ BSA စက်ဘီးအစိမ်းပုပ်လေးတစီး ရှိခဲ့ဖူးပါတယ်။အဲ့ BSA လေးကလည်း ဦးလေးဝမ်းကွဲတယောက်မှာ တစီးပိုနေလို့ ပြန်ရောင်းတာနဲ့ အရစ်ကျ ငွေသွင်း ပြီး ပြန်ဝယ်ထားတာပါ။အဲ့ဘီးလေးနဲ့ ရှင်လူတို့မောင်နှံ(မမ
မကွယ်လွန်ခင်ချိန်ထိ) တောင်ဥက္ကလာတခွင်မက တ ခြား မြို့ နယ်များကိုပါ တဝီဝီပတ်ခဲ့ပါတယ်။နာဂစ်မုန်တိုင်း ပြီးခါစ ကဆို
တောင်ဥက္ကလာကနေ ပြီး ယုဇနဥယျာဉ် မြို့ တော်ထိ သွားလည်ပြီး လက်ဖက်ရည်သောက်ခဲ့ ကြပါတယ်။ နီးနီးလေးထင်လို့
မမကို ကယ်ရီယာပေါ်တင်ပြီးနင်းသွားလိုက်တာ တောင်ဒဂုံ စက်မှုဇုံ(၃)ကိုကျော်တော့ တမျှော်တခေါ် လယ်ကွင်း ပြင်ကြီးတဆုံးမှာ ယုဇနဥယျာဉ်က မှုန်ပျပျ။တချို့ 
ကွန်ကရစ်လမ်းတွေက ပေါက်ပြဲ ပြီး သံချောင်း ကြီးတွေကထိုးထိုးထောင်ထောင်။
အဲ့ဒီနေ့ ကဥက္ကလာ ပြန်ရောက်တော့
လင်မယားနှစ်ယောက်လုံး ဒီကိုဂျင် တလုံးစီပဲသောက်ခဲ့ရတယ်။၂၀၀၉ ဇန္နဝါရီမှာမမကွယ်လွန် ပြီးနောက် ဝန်တဝက်ပေါ့သွားတဲ့ BSA လေးကို သိတ်မကျန်းမာတော့တဲ့ ရှင်လူ ကြီး ဆက်စီးနေပါသေးတယ်။TB ဖြစ်လို့ TBဆေး ၆ လ သောက်ရင်း လုပ်လက်စ အိမ်တွင်းလုပ်ငန်းလေး(ပန်းထိမ် မီးဂေါက်၊ဆီဘူး)ဆက်လုပ်ရင်း
တနေ့  လုပ်ငန်းမိတ်ဖက်(ပါတနာ)ဦးထွန်းရင်တို့အိမ် ကို ကုန်ချောပေး ကုန်ကြမ်းယူအသွား "တနေ့ ကရှင်လူလာတော့ စက်ဘီးနောက်မှာ ရှင်လူ့ မိန်းမပါလာတယ်"လို့ ဦးထွန်းရင်က ဆီး‌ပြောပါတယ်။
"အာ...မဟုတ်တာ"
"ဟုတ်တယ် သမီးငယ်ကြည်ပြာက
ရှင်လူ့မိန်းမပါလာတယ် ‌ပြော ပြီး ညက
အိပ်မက်ပေးလို့ သူ ကြိုက်တဲ့ မုန့်ဟင်းခါး
ချက်ပြီး ဘုရားဆွမ်းတော်ကပ်ထားတာ
ဟိုမှာ ကြည့်"ဆို ပြီးပြလို့ ဘုရားစင် ကြည့်လိုက်တော့ ထမင်းစားပန်းကန်ကြီးနဲ့ကို
မုန့် ဟင်းခါး ဆွမ်းကပ်ထားတာ။ အင်း ကိုယ်က သိတ်နေမကောင်းပေမယ့် စက်ဘီးနောက်မှာ အဖော်ပါတယ်ဆိုတော့
နင်းရတာ အရင်ကလို အားပါလာတယ်။
တကယ်တော့ ည ညဆိုယောင်ယမ်းဖက်မိတုန်းလေ။နှစ်ပေါင်း၄၀စာ ဥပါဒါန်တရားတွေ။နောက်ဆုံး ဒီBSAဘီးလေးကိုယ်တိုင် ချူချာလာတယ်။ခဏခဏလည်းမ ပြင်နိုင်၊ ပြန်ရောင်းလိုက်ဖို့ကလည်း သံယောဇဉ်က မ ပြတ်။ စစ်အစိုးရခေတ် အနှစ်၂၀ လုံးလုံး ပါတီ‌ကြေညာချက်စာရွက်စာတမ်းတွေခါးကြားထိုး ပြီး စစ်ထောက်လှမ်းရေးဆိုင်ကယ်တွေနဲ့ အ ပြိုင်ကြဲ၊
ရပ်ကွက် လမ်းကြိုလမ်းကြားမကျန် အတူတွဲခဲ့တဲ့ ရဲဘော်စက်ဘီးလေး။ဆက်လက်ထိမ်းသိမ်းထားဖို့  မတတ်နိုင်ဆဲမှာပဲ
လေ ဖြန်းထားဖူးတဲ့မိတ်ဆွေတယောက်
စက်ဘီးပြန်စီးကျင့်ချင်တယ်ဆိုတာနဲ့ 
"ပြင်သုံးဗျာ"ဆို ပြီးပေးလိုက်တာ တခါတခါ သူ ပြု ပြင်မွမ်းမံထားတဲ့ BSA လေးစီးပြီး လက်ဖက်ရည်ဆိုင်လာတာတွေ့ ရင်
"ငါ့ရဲဘော်လေးက ခုလို ယုယလိုက်တော့လည်း မဆိုးဘူး"ဆို ပြီး ‌ဖြေသိမ့်နိုင်ခဲ့ပါရဲ့။
ခုတော့ ဖွေးဖွေးသိမ့်အဖေ မောင်ဝင်းက
"ရှင်လူ့ Mountain ဘီးလေး ဆေးမသုတ်ဘူးလား"မေးတာနဲ့"ငါ မှ မလုပ်တတ်တာဘဲကွာ"ဆိုတော့ "ကျနော်ဒီနေ့ အားတယ်၊ပေးပိုက်ဆံ၊ဆေးဘူးနှစ်ဘူးလောက်ဝယ်ရမယ်"တဲ့။"ငါ့မှာ ပိုက်ဆံနည်းနေ ပြီ၊ မင်းပဲစိုက်ဝယ်ထားလိုက် ၊လကုန်ငါပေးမယ် ၊အ ပြာနုသုတ် ကွာ"‌ပြောလိုက်တာ မောင်ဝင်း အ ပြင်ထွက်သွား ပြီး
မှုတ်ဆေးနှစ်ဘူးနဲ့ သံဘရပ်ရှတွေ စက်ကော်ပတ်တွေဝယ်လာတယ်။မောင်ဝင်းတယောက် စက်ဘီးကို တစစီ ဖြုတ်ရင်း"
ရှင်လူ့ ဘီးက သံချေးကိုက်နေတော့ တချို့ဟာတွေ ဖြုတ်မရဘူး"တဲ့။
"အေး မရတဲ့နေရာ ဒီတိုင်းထား၊ သတင်းစာပတ်ပြီးသာမှုတ်ကွာ"လို့။
ခွေးခြခုံပေါ် စက်ဘီးဖရိမ် ကြီးခွတင် ပြီးဆေးမှုတ်နေလေရဲ့။ ညနေလည်းစောင်းရော
"ရ ပြီ ရှင်လူ၊ ဆေး‌ခြောက် ပြီဆို ပြီးစက်ဘီးကို ပြန်ဆင်နေတယ်။သူ့ နားကို
ရှင်လူ့ မိတ်ဆွေ အ ငြိမ်းစား လေတပ်ကအရာခံဗိုလ် ကြီးရောက်လာ ပြီး ဝိုင်းဝန်း
ကိုင်တွယ်ပေး၊အ ကြံပေးရင်းနဲ့ပဲ ရှင်လူ့ 
Mountain ဘီးလေး အသက်ပြန်ဝင်လာခဲ့တယ်။အပြာရောင်ဖြစ်သွားတဲ့ စီးတော်မြင်းကလေးကို နာမည်တခုတော့ ပေးဦးမှပါပဲ။သူ့ ကိုခွစီးရင်း သမီးထက်ထက်တို့အွန်လိုင်းဖွင့်ရောင်းနေတဲ့ Blue Lady နာမည်လေးသတိရ ပြီး Blue Angel ပေးရကောင်းမလား တွေးမိသေးတယ်။အာ..မ ဖြစ်သေးပါဘူး။ တော် ကြာ ကယ်ရီယာပေါ်
Angel လေးတွေပါလာမှ ဖြင့်တွေးမိ ပြီး။
အင်း Blue Diamond ...ဆိုရင်။
ဟုတ် ပြီ ဒါမဆိုးဘူး။
ကိုင်း ..ရွာစားရေ၊ မ ကြာ မဆိုင်း ဝဠာတိုင်း ခွင် ဒုန်းစိုင်းလို့သာ နှင်တော့မည်
Blue Diamond ဖေ့သားကြီး ခွာစုံပေါက်လို့သာ ဟီလိုက်ပေရော့ ၊ရွာအပြန်
ခွာသံပေးလိုက်မယ် တိုင်းတုန်ရော့လဟယ်...
Thursday, December 3, 2020
story
ကလောင်ကို ကိုင်စွဲ... တလှမ်းစီသွားခဲ့
ကြပေ
🕛🕧🕐🕜🕑🕝🕒🕞🕓🕟
ညို မြသွေး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကို ပြန်ငေး ကြည့်မိတော့ မိမိကိုယ် မိမိ အံ့ သြတ ကြီး ဖြစ်ရပေါ့။ 
နှစ်ပေါင်း ၅၀ ကျော် ကို ပြန်ငေးနိုင်သူဆိုတာ ရာစုနှစ်တဝက်ကျော်အောင် ကောင်းကောင်း ဖြတ်‌သန်းနိုင်တာမဟုတ်လား။
တကယ်တော့ တချို့ အတိတ်တွေဟာ
စိတ်ကူးယဉ် အိပ်မက် တွေလို ဝိုးတဝါး
ပျောက်ကွယ်သွား တတ် ကြပါတယ်။ အသက်အရွယ်အရ မှတ်ညာဏ်တွေက
ယိုယွင်း ပျက်စီးတတ်တဲ့ ဇရာ ရဲ့ သဘာဝတွေ။ ဒါပေမယ့် မိမိရဲ့ ကျန်းမာရေး
ကိုယ်ခံအားကပဲ ကောင်းလို့လား ကံတရားကို ကျေးဇူးတင်ရမယ်။ မိမိအသက်က အခု ၆၇ နှစ် တင်းတင်း ပြည့်လုဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်၊
အသက် ၁၆ နှစ်အရွယ် လူငယ်လေးတယောက် ရဲ့ အ‌ကြောင်း ‌ပြော ကြရအောင်။
၁၉၆၉ ခုနှစ်မှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အ‌ကြောင်းတခုနဲ့ မိမိဟာ ဇေယျဝတီ မြို့ ကလေးကိုရောက်ခဲ့ပါတယ်။
ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့ နယ် အတွင်းက ဇေယျဝတီ မြို့ လေးဟာ သ ကြားစက် ‌ကြောင့် လူသိများတဲ့ မြို့ လေးတ မြို့ 
ပါ။ အဲ့ဒီ မြို့ လေးကိုမိမိ ရောက် ပြီး မ ကြာခင်မှာပဲ တူရာ တူရာ  မြို့ ခံ ကဗျာ စာပေ သမားတွေနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။
သူတို့ အုပ်စုထဲမှာ အသက် အ ကြီးဆုံးက
လွမ်းနိုင်ဦး(ဇေယျဝတီ)ပါ။အဲ့အချိန်ကသူ့အသက် ၂၀ ကျော်လောက်ရှိပါ ပြီ။သူက မူလတန်းပြကျောင်းဆရာတယောက်ပါ။ပြီးတော့သူကိုယ်တိုင် ဦးဆောင် ပြီး ပန်းခရေ(ကဗျာမိသားစု)ဆိုတဲ့ အဖွဲ့လေးတဖွဲ့ ထူထောင်ထားပါတယ်။သူက အားလုံးထဲမှာဝါအရင့်ဆုံးဖြစ် ပြီး လစဉ်ထုတ် ငွေတာရီ နဲ့ မြဝတီ တို့မှာလည်း ကဗျာနဲ့ ဝတ္ထုတိုတွေ ရေးနေပါ  ပြီ။နောက်ပိုင်း လုပ်သား နဲ့ မြန်မာ့အလင်းသတင်းစာ တွေ
မှာလည်း သ ကြားစက်နဲ့ပါတ်သက်တဲ့
ဆောင်းပါးတွေလည်းရေးခဲ့ပါတယ်။
ကျန် လူငယ်အများစုကတော့ ကလောင်သွေးစ လူငယ်တွေပါ။မောင်ယဉ်ဌေး(ဇေယျဝတီ) မောင်ယဉ်သန့် ၊မောင်ယဉ်ရှိန်
(‌ဇေယျဝတီ)စသူတွေအပါအဝင်ဖြူးသားတွေ ဖြစ် ကြတဲ့ ရွှေ ဖြူးကိုကျည်းတန်၊
ရွှေ ဖြူးမောင်ယဉ်မျိုး၊ ဖြူးအောင်အောင်
စသူတို့ကလည်း ပန်းခရေ(ကဗျာမိသားစု)ထဲမှာ လာပေါင်းခဲ့ ကြပါတယ်။
မိမိလည်း ဇေယျဝတီ-မင်းလွင်စိုး အမည်နဲ့ ပန်းခရေ(ကဗျာမိသားစု)ဝင်တယောက် ဖြစ်ခဲ့ပါတယ်။၁၉၆၉ ဆိုတော့
ဦးနေဝင်း မဆလပါတီ ကြီးစိုးနေတဲ့ချိန်ပါ။
စာပေ သမဂ္ဂ၊ကဗျာသမ ဂ္ဂ ဆိုတာတွေလည်း ကြားတောင် မ ကြားရတဲ့ အချိန်ပါ။
ဒီလိုကာလမျိုးမှာ မိမိတို့ပန်းခရေ(ကဗျာမိသားစု) က အဖွဲ့ဝင်ကတ် ပြားတွေဘာတွေနဲ့ ရာဘာတံဆိပ်တုံးထု ပြီး ဥက္ကဌ
လွမ်းနိုင်ဦး လက်မှတ်နဲ့အကျအနပါ။အဲဒီအချိန်က မိမိတို့ ဘာသာပိုက်ဆံစု ပြီး
စာတမျက်နှာ သာပါတဲ့ ပန်းခရေ ကဗျာစုစည်းမှုလေးကိုလည်းမြို့ ထဲကစာပုံနှိပ်စက်မှာအပ်ပြီးထုတ်ဝေခဲ့ ကြပါတယ်။
အဲ့ ဒီအချိန်ကတော့ မိမိတို့ ကလောင်သစ်တွေ လက်တည့်စမ်းပြီးစာတိုက်ကနေကဗျာပို့ခဲ့တဲ့ နေရာတွေကတော့ အချစ်တော်စာစောင်၊သစ်ဆန်းစာစောင်၊တံခွန်နဲ့ 
သင့်ဘဝ၊တိုင်းရင်းမေ ဂျာနယ်စတဲ စာနယ်ဇင်းတွေပေါ့။
စာစောင် တွေမှာ မိမိတို့ကဗျာ၊ဝ တ္ထု
တို‌လေး‌တွေ ပါလာခဲ့ရင် ဝမ်းပန်းတသာဝယ်ဖတ်ခဲ့ ကြ ပြီး စိတ်တွေကတော့ ပဲခူးရိုးမ ကြီးတိုင်ပဲ့တင်ထပ် ခဲ့ ကြပါတယ်။
အဲ့ ဒီအချိန်က အချစ်တော်စာစောင်မှာ ကဗျာ ဝတ္ထုရေး နေ ကြတာ ကျည်းတန် နှစ်ယောက်ရှိပါတယ်။ တယောက်က
ရွှေ ဖြူး ကိုကျည်းတန် ဖြစ် ပြီး တယောက်က မကျည်းတန် လွိုင်ကော် ပါ။
မကျည်းတန် လွိုင်ကော်ကတော့ နောက်ပိုင်း လုံးချင်းလိုင်းမှာ မဟူရာ လွိုင်ကော်
ဖြစ်‌ကြောင်း စာတွေကတဆင့် သိရပါတယ်။
တနေ့ မှာ လုပ်နေကျထုံးစံအတိုင်း ဇေယျဝတီ ဈေးပိုင်း ဘုန်းကြီးကျောင်း ပဝါရနာပွဲ
အတွက် ပြင်ဆင် ကြပါတယ်။မိမိတို့ 
ပန်းခရေ အဖွဲ့ စင်တင်‌ဖြော်ေ ဖြရေးကဏ္ဏတခုပါပါတယ်။အဲတော့ မိမိသတ္တမတန်းတက်နေတဲ့ ဇေယျဝတီ အလက ထဲမှာပဲ ဇာတ်တိုက် ခဲ့ ကြပါတယ်။မိမိက ကဗျာလွတ်အက ကရမှာပါ။တခါမှမကဘူးတော့
စာသင်ခုံတွေ ခေါက် ပြီး တိုးဗေတိုးဗေ
လုပ်သူက လုပ်ပေမယ့် သိတ်အဆင်မ‌ပြေ လှပါဘူး။အဲ့ချိန်မှာ ရွှေ ဖြူးကိုကျည်းတန်က "ဒီလို ဒီလို မုန့်လေပွေ ဖုတ်သလို ဘယ်ပြန်ညာ ပြန် လက်ကိုလုပ်ရတယ်ဗျ"တဲ့။
ဒီလိုနဲ့ မြို့ ခံ ပရိတ်သတ်အလယ်မှာ စင်ပေါ်လည်း ရောက်ခဲ့ပေါ့ ဗျာ။
မှတ်မှတ်ရရ အဲ့ဒီ ၁၉၆၉ ခု က အချစ်တော် စာစောင်မှာ မိမိရဲ့ကဗျာ လေးတပုဒ်
စတင်ပါခဲ့ပါတယ်။
ရှေးမူနဲ့  ခေတ်မူ
------------
ရှေးအခါ မျိုးသမီးများ
ကေသာထား ကြသည်မှာ
‌ခြေဖျားထိပါ
နက်‌ပြောင် ကေသာ 
လိုရာကိုထုံး
သူ့ ကေသာသူ ကြည့် မြူး၍
ကြည်နူးမဆုံး။
ခုခေတ်ခါ မျိုးသမီး များ 
ကေသာထား ကြသည်မှာ
တ‌တောင့်တထွာ
နီ‌ကြောင်ကေသာ
ဂုတ်မှာ ဖြန့်ထား
သူ့ ကေသာပုံ အမှား‌ကြောင့်
က ပြားနဲ့ညား။
ဇေယျဝတီ-မင်းလွင်စိုး
စာစောင်မှာ ကဗျာပါ ပြီးမိမိမှာေ မြာက် ကြွ ကြွ ဖြစ်နေပါ ပြီ။ဘဝမှာ ပထမဆုံးကိုယ့်ကလောင်နာမည်လေးနဲ့ပါတဲ့ကဗျာလေ။ဒါပေမယ့် သိတ် ကြာ ကြာမပျော်လိုက်ရပါဘူး၊ နောက်တပတ် အချစ်တော်မှာ 
ကိုယ့် ပန်းခရေ (ကဗျာမိသားစု)ထဲက
မောင်ယဉ်ရှိန်(ဇေယျဝတီ)ရဲ့ "ယဉ်ကျေး
မှု သစ် သို့" ကဗျာပါလာပါတယ်။
ယဉ်ကျေးမှုသစ် သို့
---------------
ဘောင်းဘီဝတ်ဆင် 
သူ့ အသွင်ကို
မယဉ်ကျေး ဟုမဆိုသင့်။
ဆံတိုထားတိုင်း
ပုံတွေခိုင်း၍
ရိုင်းစိုင်းသည်ဟု မဆိုသင့်။
တိုးတက်စံနစ်
ယနေ့ ခေတ်တွင်
ညာဏ်သစ် ဖြာဝေ
အ‌ခြေနေအရ
ပြုကျင့်ရမည်
ဘောင်းဘီ ဝတ်သင့်ဝတ်ရမည်
ဆံတိုထားသင့်ထားရမည်။
မောင်ယဉ်ရှိန်(ဇေယျတီ)
သူ့ကဗျာဖတ်  ပြီးမိမိမှာထူပူသွားပေါ့။
ဒါ ငါ့ကိုဆော်တာပဲ။ တ ခြားလူမဟုတ်ပဲ
အချင်းချင်း ဆော်ရမလား ဆို ပြီး တွေးလေ ဒေါသ ဖြစ်လေ၊ညဘက် အိပ်လို့တောင်မပျော်။ဘယ်သူ့ ကိုမှ ဘာမှတော့ ရင်မဖွင့်ပါဘူး။သူ့ကဗျာကို ညပေါင်းများစွာ ပြန်ဖတ်တာ ခုတိုင် နှစ်ပေါင်းငါးဆယ်ကျော်တာတောင် အလွတ်ရဆဲ။သူ့ကဗျာဖတ်လိုက်တွေးလိုက် လုပ်လာတာ ဒီနေ့ ထိပဲ။ မျက်စိထဲမှာ ဘောင်းဘီ ရှည်နဲ့ ဓါတ်တိုင်တက်နေတဲ့ လုပ်သား ကြီးတွေ၊
စက်ရုံထဲမှာ၊ ဘတ်စ်ကားပေါ်မှာ ပင်နယံတွေ ကြား အန္တရာယ်တွေ ကြားက ဆံတို
မိန်းကလေးတွေ။ တိတိပပ တွေးလိုက်မိတာကတော့ ကဗျာရေးရေးစာရေးရေး
မိမိရောက်နေတဲ့ ထောင့်တခုထဲက ကြည့်
ပြီး ရေးနေတာ အမှန်နဲ့ မနီးစပ်နိုင်ဘူး
ဆိုတာ နဲ့ အရိုးစွဲပါလာတဲ့ အတွေးအခေါ်အယူအဆဟောင်းတွေဟာ စိတ်မချရဘူးဆိုတာပါပဲ။‌မောင်ယဉ်ရှိန့် ကဗျာကို
ဒီနေ့ ထိ လေးစားနေမိပါတယ်။
၁၉၇၂ မှာ အမှတ်၁ စက်မှုတွင်းထွက်ကုန် ကြမ်းကော်ပိုရေးရှင်း ၊သ တ္တုတူးဖော်ရေး(၄) မှာမိမိဝင်လုပ်တော့ ရုံးချုပ်မှာ
အရာရှိငယ်တယောက်အ ဖြစ် မောင်ယဉ်ရှိန်ကို ပြန်တွေ့ ခဲ့ပါတယ်။
(--------)
ချစ်သူက ဟိုတနယ်
ကိုယ့်မယ်က တဌာန
ဇာတ်ဆရာ ကံတရားက 
ခွဲထားသည်ပ။
တမ်းတကာ ကိုယ့်မှာဆွေး
နေရေးဖြင့် ဘယ်မရွှင်
ကိုယ့် ဖြစ်အင် ‌မြေမှာလူး
ရူးရပေါ့ခင်
လမင်းနဲ့ ကြယ်တာရာ
တိမ်လွှာနဲ့ လေမင်းသား
ချစ်သူထံတမန် လွှတ်မယ်
လွမ်းဆွတ်ပံများ
ရွှေကျီးလေး ညို ပြာ ပြာ
‌ဖြေပါကွဲ့ မနှေး
ကိုယ့်ချစ်သူ ဘယ်ခါမှ
ကိုယ့် ဌာနေ ရောက်လိမ့်သောရယ်လို့
သာယာဘွယ် ခွန်းချို နှောကာ
‌ပြောပါတော့ လေး။
မောင်ယဉ်ဌေး(ဇေယျဝတီ)
အချစ်တော်စာစောင်မှာပါခဲ့ တဲ့ မောင်ယဉ်ဌေးရဲ့ ကဗျာလေးပါ။တပုဒ်လုံး ခုထိ အလွတ်ရနေပေမယ့် ခေါင်းစဉ် တော့ စဉ်းစားမရတော့ပါ။ နှစ်ပေါင်းများစွာ ကွဲကွာ
ခဲ့ ကြ ပြီးနောက် တခေါက်တလေ ဇေယျဝတီကို ပြန်ရောက်တဲ့အခါ မိမိနဲ့ ပဝါရနာပွဲစင်ပေါ်တက်ကခဲ့တဲ့ ကိုသိန်းဌေး(မောင်
ယဉ်ဌေး)တယောက် ဇာတ်ပိုးဝင်ပြီး ဇာတ်ပွဲနောက် လျှောက်လိုက်၊ဇာတ်မင်းသမီးနဲ့ညား ။သူကတော့ မင်းသားလား ၊ဇာတ်ဆရာလား ၊ရှိကောရှိသေးလား၊မသိ‌တော့။
‌နောက်ပိုင်း ရန်ကုန်မှာ ဖြတ်ခနဲ ဖြတ်ခနဲ ခဏတ ဖြုတ် မျက်နှာချင်းဆိုင်မိရုံ
ရှိခဲ့တဲ့ ရွှေ ဖြူးကိုကျည်းတန်ကတော့
ပြည်သူ့ ဆက်ဆံရေးတပ်မှာအရာခံဗိုလ်ဖြစ်နေချိန်သာနောက်ဆုံးသိရ ပြီး ချစ် ကြည်မောင်(ဖြူး)အမည်နဲ့  အစိုးရ သတင်းစာတွေမှာ ဆောင်းပါးတွေ ရေးနေတာ
တွေ့ ရတတ်သလို တခါတခါ လည်း မြဝတီ က ထုတ်လွှင့် တဲ့ ဇာတ်တွေမှာလည်း
သူ့ နာမည်တွေ တွေ့ မိသလိုလိုပါ။
၁၉၈၀ ဝန်းကျင် နှစ်များမှာတော့ နောင်တော် စာရေးဆရာ မောင်ရွှေစွန်နဲ့ တွဲမိ ပြီး ဇာတ်စင်တကာ၊ကလပ်တကာနဲ့  ရန်ကုန် စာပေ အနုပညာအသိုင်းအဝိုင်း
မှာ အချိန်အတိုင်းအတာတခုထိ ကျင်လည်ခဲ့ပါသေးတယ်။အဲဒီအခါ ဖြူး အောင်အောင်ကို ဗိုဝမ်း အမည်နဲ့ မ ကြာမ ကြာ
ပြန်တွေ့ ရပါတယ်။သူက ဇာတ်သဘင်ရုပ်ရှင်‌ဆောင်းပါးတွေရေးနေခဲ့ပါတယ်။
ဟိုတချိန်ကတော့ ဖြူးမြို့ ဈေးထဲမှာ
 ဖြူးအောင်အောင် စာပေဆို ပြီး စာအုပ်ဆိုင်ဖွင့် ခဲ့သူပါ။ နောက်တယောက် ရွှေ ဖြူး
မောင်ယဉ်မျိုးကတော့ မိမိအမှတ်မမှားဘူးဆိုရင် မဟာဗန္ဓုလလမ်းနဲ့ ၃၉ လမ်းထောင့်မှာ ယဉ်မျိုးစာပေ ဆို ပြီး စာပေလုပ်ငန်းလုပ်နေပါတယ်။တခါတခါ မောင်ရွှေစွန်နဲ့အတူ သူ့ ဆီဝင်တဲ့အခါ မောင်ဝဏ္ဏ တို့ လည်းဝင်ထွက်နေတာတွေ့ ရတယ်။ခုနောက်ပိုင်း အတန် ကြာအဆက်ပြတ်နေခဲ့ ပြီး အခု မြို့ ထဲ ၃၉ လမ်းထဲမှာရှိတဲ့ ယဉ်မျိုးစာပေတိုက်ရောက်တဲ့အခါ တွေ့ တဲ့ကောင်လေးတွေမေး ကြည့်တော့ ရွှေ ဖြူးမောင်ယဉ် မျိုးကိုသူတို့မသိ ကြပါဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အ‌ကြောင်းကိစ္စတခုနဲ့ ဇေယျဝတီကိုရောက်တော့ သတင်းသိရရချင်း မြို့ လယ်ကနေ ပြီး လမ်းကြားလေးကို ဖြတ် ပဲခူးရိုးမကိုနောက်ခံ ပြုထားတဲ့ သုဿန်လေး ဘက်ထွက်လာခဲ့ပါတယ်။သုဿန်ဇရပ်လေးရဲ့ ဘေး ကွင်းစပ်မှာ အုတ်ဂူ ဖြူ ဖြူတလုံး၊ ဂူပေါ်က
ကဗ္မည်းစာတမ်းက ၊လွမ်းနိုင်ဦး(ဇေယျဝတီ၊အသက်(-)နှစ်၊အောက်က ခုနှစ်သက္က
ရာဇ်များ။အသက်နဲ့ သက္ကရာဇ်များ မမှတ်မိတော့ ပေမယ့် မှတ်မှတ်ရရ ၅၀
ကျော်မှာကွယ်လွန်ပါတယ်။နောင်တော်
ကြီးလွမ်းနိုင်ဦးဆီကအ ပြန်မှာတော့
လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀ ကျော်က ညနေခင်းတွေမှာ ဇေယျဝတီ မြို့  ပြင်ကို လမ်းလျှောက်ထွက်‌နေကျ လူငယ်ကဗျာဆရာ
တသိုက် တွံတေးသိန်းတန်သီချင်းတွေအော်ဆိုလေ့ရှိတဲ့အတိုင်း အသီးတရာ
အညှာတခု သီချင်းကို စိတ်ထဲကဆိုလာမိပါတယ်။တွံတေးသိန်းတန်ပုံအမောက်ထောင်ထောင်နဲ့ ယက်ကန်ယက်ကန်လမ်းလျှောက်လေ့ရှိသူ  ကိုသန်းစိန်ခေါ် လွမ်းနိုင်ဦး(ဇေယျဝတီ)တယောက် မြင်းပျံဆေးပေါ့လိပ်ကလေးပါးစပ်မှာခဲရင်း လက်ခုပ်တီးပေးနေလေမလား။
ညို မြသွေး
ရုပ်ရှင်တေးကဗျာ
ရသစုံမဂ္ဂဇင်း
၂၀၂၀၊ ဒီဇင်ဘာ။
Wednesday, December 2, 2020
story
ရှင်လူ ကြီးရဲ့ (၆၇)နှစ်‌မြောက်သာမညဖလ Birthday
👻💩👺👻💩👺👻💩👻💩
ဒီနေ့ က ရှင်လူ ကြီးရဲ့ အသက် ၆၇ နှစ်‌မြောက် ‌မွေးနေ့ အခါ သမယပါ။
တနှစ် ပြီးတနှစ် မွေးနေ့ ရောက်တိုင်း အမှတ်တရ စာတွေ ရေးတင်လေ့ရှိတဲ့ ရှင်လူ ကြီး ဟာ ဒီနှစ်တော့ ဘာမှရေးချင်စိတ်လည်း မရှိတော့။ ဘာလို့လည်းဆိုတော့ မွေးနေ့  တနှစ်တိုးလာတိုင်း ရေဝေးသုဿန် ဘက် တလှမ်းပိုနီးလာတာ သတိထားမိသွားတာကိုး။ ဘယ်လိုလုပ် Happy Birthday ဖြစ်ပါတော့မလဲ။ Un Happy 
Birthday ချည်းပဲ စိတ်မှာပေါ်နေတော့တာပဲ။ ဒီလိုနဲ့ အမှတ်မထင် ပြက္ခဒိန်ကို
ကြည့်လိုက်တော့ November 29 ရက်နေ့ ဟာ တိုက်တိုက်ဆိုင်ဆိုင် Sunday
ဖြစ်နေတာမို့ တနင်္ဂနွေသား ရှင်လူ့ အဖို့
မွေးနေ့ မွေးရက် တထပ်ထဲ ကျနေပါရော။
ဒါ့ အ ပြင် တန်ဆောင်မုန်း လ ပြည့်နေ့ လည်း ဖြစ်နေ ပြန်တော့ "ဟ ...တယ်ဟုတ်ပါလား"..ပေါ့လေ။ စိတ်ထဲ က ရေဝေး‌ကြောက်စိတ် နည်းနည်း ‌ပြေသွားတယ်။
ဒီ ကြားထဲ တန်ဆောင်မုန်း လ ပြည့်နေ့ ဟာ သမညဖလ အခါတော်နေ့ လို့ဆိုထားပြန်တော့ ရှင်လူ ကြီး ခေါင်းစားသွားတယ်။
သီတင်းကျွတ်လ ပြ ည့်နေ့ က(အဘိဓမ္မာ
အခါတော်နေ့ ) နယုန် လ ပြည့်နေ့ က
(မဟာသမယနေ့ ) စတာတွေ ရှင်လူသိပေမယ့် ဒီ သာမညဖလနေ့ အ‌ကြောင်းတော့ ရှင်လူ ဘာမှမသိ။ ဒါ‌ကြောင့် Facebook ထဲရိုက်ရှာလိုက်တာ သီတဂူဆရာတော်ကြီး ဟောထားတဲ့ Vedio ကိုတွေ့ တာနဲ့ ဖွင့် ပြီးနာ ကြည့်လိုက်မှ သဘောပေါက်သွားတယ်။
ဇာတ်လမ်းအကျဉ်းကတော့မာဂဓတိုင်း ရာဇ ဂြိုလ် ပြည့်ရှင် ဘုရင်အဇာတသတ်ဟာ ဖခင် ဗိမ္မိသာရမင်းကိုသတ်မိတဲ့ကံ‌ကြောင့် မအိပ်နိုင်မစားနိုင် စိတ္တဇဝေဒနာစွဲကပ်နေတာမို့ ဆေးဆရာ ဇီဝကကိုခုလို တန်ဆောင်မုန်းလ ပြည့်ညနေမှာ ဘယ်ဆရာ ဘယ်ရဟန်းထံ စိတ် ကြည်လင်ရွှင်လန်းအောင်ချဉ်းကပ်တရားနာရရင်ကောင်းမလဲလို့ မေးခဲ့တယ်။ ဒီတော့  ဇီဝကက သူကျောင်းဆောက်လှူဒါန်းထားရာ သရက်ဥယျာဉ်မှာသီတင်းသုံးတော်မူနေတဲ့
မြတ်စွာဘုရားရှင်ထံညွှန်းခဲ့တယ်။ဒါနဲ့ အဇာတသတ်ဟာ ဘုရားရှင်ထံ ရောက်လာခဲ့တယ်။ ဘုရားနားရောက်တော့ ထောင်နဲ့ချီတဲ့ ရဟန်းတွေဟာအိေ န္ဒြသိက္ခာအ ပြည့်နဲ့စည်းကမ်းကျနသေဝပ်စွာရှိနေတာ အဇာတသတ် မြင်တော့ အံ့ သြသွားတယ်။ဒီအချိန်မှာပဲ အဇာတသတ်ကို ဘုရားက အဘယ် အ‌ကြောင်းကိစ္စနဲ့ ကြွလာပါသလဲ မင်း ကြီး လို့မေးတော့ အဇာတသတ်က ဖခင်သတ်မိလို့ စိတ်တွေ ပူပန်ဆင်းရဲနေတာကို ‌ပြောမထွက်ရဲဘဲ "အရှင်ဘုရား၊ ရဟန်းတွေဟာ ဘာ‌ကြောင့်ဒီလောက်တည်ကြည် ငြိမ်သက်နေပါသလဲ(ပူပင် ‌ကြောင့် ကြကင်းနေ ကြပါသလဲ) ပေါ့။ဘုရားကသိတယ်။ဒါေ ကြာင့် ဘုရားရှင်က အပူသည်အဇာတသတ်ကို အပူ ငြိမ်း‌ကြောင်းတရားဟောရာမှာ သူ့မေးခွန်းအတိုင်းပဲ ရဟန်းတွေကို အ‌ခြေ ပြု ပြီး ရဟန်းဝတ်ခြင်းရဲ့ အကျိုးတရား သာမညဖလ ကိုဟောတော်မူတယ်။သာမည ဖလဆိုတာကတော့
တ ခြားမဟုတ်ပါဘူး သီလ သမာဓိ ပညာ
ကို ကျင့်ဆောင်ပြီး ရတဲ့ ချမ်းသာ ခြင်းအကျိုးတရားတွေပါပဲ။ သီလကျင့်တဲ့သူဟာ
အ ပြစ်ကင်းတဲ့ အကျိုးကျေးဇူးကိုရမယ်။
လောကမှာ အ ပြစ်ကင်းတဲ့ချမ်းသာမှုကို
အနဝဇ္ဇသုခခ်ါတယ်။ သမာဓိ(သမထ)ကို
ကျင့်တဲ့သူဟာ အာရုံနောက်စရာတွေကကင်း ပြီးတည် ကြည်ငြိမ်သက်တဲ့ချမ်းသာ
ဝိဝေကသုခကိုရမယ်။နောက်ဆုံး ပညာဆိုတဲ့ကျင့်စဉ်ကို ကျင့်တဲ့ပုဂ်္ဂိုလ်ဟာ အမှန်တရားကိုသိတဲ့ ချမ်းသာ ဝိမုတ္တိသုခကိုရမယ်။ တကယ်တော့ သာမညဖလ ဆိုတာ
သီလ သမာဓိ ပညာ သုံးပါးရဲ့ အကျိုးကျေးဇူးတွေ အ‌ကြောင်းပါပဲ။ရှင်လူတို့ နေ့ တိုင်းဘုရားရှိခိုး ပြီး တိုင်တည်နေတဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် လမ်းပြ‌မြေပုံ Road Map ကလည်း အားလုံး အကျဉ်းခြုံးလိုက်ရင် ဒီ သီလ သမာဓိ နဲ့ပညာ ပါပဲ။
၆၇ နှစ်‌မြောက်မွေးနေ့ ကို အ‌ကြောင်းပြုပီး ဖုန်းပွတ်တရားနာမိလိုက်တော့ နဂိုရ်က
ရေဝေးနဲ့နီးလို့ ပူပန်ဆင်းရဲနေတဲ့ စိတ္တဇဟာ အဇာတသတ်နည်းတူ သရဏဂုံ တည်မိသွားတဲ့အတွက် အကျိုးတော့ မယုတ်ပါဘူးလေ။ နည်းနည်းတော့ အ‌ကြောက်‌ပြေသွားတာပဲ။ ဒါနဲ့ ရှင်လူ့ သူငယ်ချင်းတွေ ပါ သာမညဖလ တရားနာနိုင်ကြရအောင် ဒီစာကို ခြင်အကိုက်ခံ ပြီး ရေးလိုက်ပါရဲ့။
နည်းနည်းတော့ Happy တဲ့ Birthy  ဖြစ်သွားတာပေါ့ဗျာ။
Thursday, November 5, 2020
story
ကိုဘချစ် ဗိုလ်အောင်ဒင် နဲ့ မ မြဝင်းတို့
လှေနံနင်းကြပေတော့မည်။
💩👻👺💩👻👺💩👻👺
ရှင်လူ
စောစောက ရှင်လူ တင် ခဲ့တဲ့"မျိုးချစ်လွန်မွေးနေ့ နဲ့ ချစ်ဧည့်သည်"Post မှာ ဒီမိုကရေစီ စံနစ် အသားကျ ပြီး နိုင်ငံသားတွေကိုယ်တိုင် သာတူညီမျှ ထူထောင်ထား ကြတဲ့ပါတီ အချင်းချင်း ‌ရွေးကောက်ပွဲဝင် ပြိုင်ရာမှာ အ ပြန်အလှန် သဘောထား ကြီးကြဖို့ ရေရှည် ကျင့်သုံးရမယ့် ကျင့်ဝတ်များကိုရည်ညွှန်း ခဲ့ပါတယ်။
လက်ရှိ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကတော့ မစခင်ကတည်းက
လူချနေတဲ့ ဘောပွဲလို Fair Play မ ဖြစ်တဲ့ပွဲပါ။
ဘာလို့ Fair Play မ ဖြစ်လဲဆိုတော့။
လက်ရှိ ပါတီ စုံ စံနစ် ဖွဲ့စည်းရာမှာ
နှစ်ပေါင်းများစွာ အဖိနှိပ်ခံထားရတဲ့ ပြည်သူများကတဘက်၊ ပြည်သူကို အစဉ်တစိုက် ဖိနှိပ်လာခဲ့တဲ့ စံနစ်ဟောင်း နောက်ခံပါတီများကတဘက်။ ရှင်းရှင်း ‌ပြောရရင်
ရိုက်နှက် နှိပ်စက်သူများပါတီ နဲ့ တကိုယ်လုံး ကျောက်ပတ်တီး စီးထားတဲ့ပါတီနှစ်ပါတီထဲ ယှဉ် ပြိုင်ရမှာပါ။တိုင်းရင်းသား
လူမျိုးစုများ အပါအဝင်ပေါ့ဗျာ။အဲဒီတော့
ရှင်လူ ကြီးက ဘယ်သူ့ကို ဘယ်အထဲမဲထည့်ပါလို့ ဝင်မစွက်တော့ပါဘူး။
ဝါးရင်းတုတ် ကိုင်ထားသူက ဝါးရင်းတုတ်မဲပုံးထဲထည့် ပြီး၊ ကျောက်ပတ်တီးစီးထားတဲ့လူက ကျောက်ပတ်တီးမဲပုံးထဲ
အသီးသီးထည့် ကြပါလိမ့်မယ်။
ဝါးရင်းတုတ်အင်အားနဲ့ ကျောက်ပတ်တီးအင်အား ပိုများတဲ့ ပါတီက အနိင်ရပါလိမ့်မယ်။ ဆက်လက်ရှုစား‌တော်မူ ကြပါ။
story
မျိုးချစ်လွန်မွေးနေ့ နဲ့ 
ချစ်ဧည့်သည်
👻👻👻
ရှင်လူ
"ဒီအချိန် ဧည့်သည် လာလို့မရသေးဘူးလေ" ကျနော့ စကားကို သူက မ ကြားသလို ကျောခိုင်းရင်း တုံဏှိဘာဝေ ဆိတ်ဆိတ်နေ မြဲ။ 
ကျနော်ကလည်း သူ့ကို ဝတ္တရားအရ ‌ပြောမယ့်သာ ‌ပြောလိုက်မိတာ၊ ရင်ထဲက အထီးကျန် ဝေဒနာက ကင်ဆာ အ မြစ်တွယ်သလို တွယ်စ ပြု နေတာ ကြာ ပြီ။
"လူ့ ယဉ်ကျေးမှုတွေ အထွဋ် အထိပ်ရောက်နေတဲ့ ၂၁ ရာစု ကမ္ဘာ ကြီးမှာ နေထိုင်ရင်း အထီးကျန် ရတယ်လို့ဗျာ" အတိုက်အခံ ပြု မေးခွန်းတခု ကိုယ့်ဘာသာ
ပြန်မေး ကြည့်ရင်း ဆင်‌ခြေ ဆင်လက်တွေ ရှာ လိုက်တော့ အချက်အလက်တွေက
ပုံနှိပ်နေဆဲ နေ့ စဉ် သတင်းစာတစောင်လို
အချပ်လိုက် အထပ်လိုက် အစောင်လိုက်တွေ တထပ် ပြီးတထပ် တဖျပ်ဖျပ် ထွက်ပေါ်နေရဲ့။
အမှန်တော့ မိမိကိုယ်တိုင်က အုပ်စုဖွဲ့ မနေတတ်တော့ရာက စတင်တယ်လို့ ‌ပြောရမှာပဲ။
မိမိမွေးဖွား ကြီး ပြင်းရာပတ်ဝန်းကျင်က အစု အဖွဲ့ နဲ့ နေ ကြတဲ့ပတ်ဝန်းကျင်။မိမိ ကိုယ်တိုင်လည်း အစုအဖွဲ့ကို အားကိုး၊ အစုအဖွဲ့ကို ချစ်ခင်၊ အစုအဖွဲ့ နဲ့နေရမှ စိတ်လုံ ခြုံတဲ့ အကျင့်တွေ နှစ်အတန် ကြာ ကျင့်သားရနေခဲ့တယ်။
အစု အဖွဲ့ဟာ အားကိုးရတာ မှန်ပါတယ်။ဒါပေမယ့် အစုအဖွဲ့က ကိုယ့်ကို တန်ပြန်အားကိုးလာရင်လည်း ကိုယ့်ဘက်က
ပြန်လည် ပေးဆပ်နိုင်ရပါတယ်။
အပြန်အလှန်အမှီသဟဲ ပြုေ‌နထိုင် ကြတဲ့သဘောပါပဲ။ဒါကို တနည်းအားဖြင့် အမျိုး ဘာသာသာသနာ စသ ဖြင့် ထွေလီကာလီ အစုအဖွဲ့ တွေ၊ အတွေးအခေါ် အယူအဆ အမျိုးမျိုးကိုကျောရိုးမဏ္ဏိုင် ပြုထားတဲ့ ပါတီ အဖွဲ့အစည်းတွေ။
ဒါ တွေကတိရိစ္ဆာန်သာသာ  ဂူအောင်းလူသား ဘဝက‌နေ ပြီး Evolution သဘောအရ တရွေ့ ရွေ့  ‌ပြောင်းလဲတိုးတက်လာတဲ့ လူ့ယဉ်ကျေးမှုရဲ့ ရလာဒ် တွေပါပဲ။
အဲဒီ လူ့ အဖွဲ့အစည်း ကြီးဟာ တိုးတက်ရင်း တိုးတက်ရင်းနဲ့ ခေတ်လွန်သိပ္ပံပညာတွေကို ပိုင်ဆိုင်နေ ကြပေမယ့်အဲဒီနည်းပညာတွေနဲ့ သဟဇာတ ဖြစ်တဲ့လူ့အဖွဲ့အစည်းမျိုးကိုတော့ မတည်ဆောက်နိုင်ကြသေးပါ။ တိုရှင်း လိုရင်း ရှေးစကား တခွန်းနဲ့ ပမာပေးရရင် "‌မျောက်စတင်းဂန်း ရသလို"ပါ ပဲ။
‌ခေတ်လွန်သိ ပ္ပံပညာ ပိုင်ဆိုင်ထားတဲ့ လူ့ အဖွဲ့အစည်းအသီးသီးရဲ့ အသိညာဏ်ဟာ မျောက်သာသာ အသိညာဏ်ပဲ ရှိပါသေးတယ်။
ဒီ ခေတ်လွန်သိပ္ပံပညာပိုင်ဆိုင်ထားတဲ့
ကမ္ဘာ ကြီး ဟာ နေ့ စဉ် သင်တုန်းဓားထက်က ပျားရည်လျက်နေရသလိုပါပဲ။
စကားစပ်လို့ ကွယ်လွန်သွားရှာ ပြီ ဖြစ်တဲ့
စာရေးဆရာ တာရာမင်းဝေရဲ့ ဝတ္ထုတပုဒ်ကိုသွားသတိရပါတယ်။ဝ တ္ထုနာမည်မမှတ်မိတော့ပေမယ့် အထဲကစာသားက အသက်ပါ။ ကျောင်းဘော်လုံးအသင်းနှစ်သင်း ပြိုင်ကန် ကြတော့ တဖက်အသင်းက မိမိတို့အသင်းဘက်ဂိုးသွင်းခံရတဲ့အခါ အားလုံးဟာ ဟာခနဲ ဟင်ခနဲ ဖြစ် ပြီး တောက်ခေါက် ကြ ဒေါသ ဖြစ်နေ ကြချိန်မှာ
သူကတော့ လက်ခုပ်တီးပါသတဲ့။ဒါကို
ဘေးလူတွေက မ‌ကြေနပ်နိုင်ပဲ "မင်းကဘာလို့ သူများအသင်းဘက်ကအားပေးရတာလဲ"ဆို‌တော့‌"ဟ ဘော်လုံးကန်တယ်ဆိုတာ၊ကိုယ်ကနိုင်ချင်သလို သူများတွေလည်းနိုင်ချင်မှာပဲလေ။ကိုယ်ချင်းစာမှပေါ့။ဒါ‌ကြောင့် သူတို့ ဂိုးသွင်းတော့ငါက လက်ခုပ်တီးအားပေးတာ"တဲ့။ဒီလောက်ရိုးရှင်းတဲ့ ကိုယ်ချင်းစာတရား။ ဂ င်္ဂါဝါဠုသဲစု
မက ပွင့်ခဲ့ ကြတဲ့ဘုရားတွေကလည်း
ဣသာ မစ္ဆရိယ မထား ကြဖို့ မေတ္တာ ကရုဏာ မုဒိတာ ပွားကြဖို့ အ ကြိမ်ကြိမ်ဟောခဲ့ ကြ ပြီး၊ အ ခြား အ ခြားသော နတ်တွေ ဘုရားတွေ တမန်တော်တွေကလည်းအာပေါက်မတတ် သွန်သင်ခဲ့ပါလျက်နဲ့
ကိုယ်ချင်းစာ တရားဆိုတဲ့ ဖတ်စာတပိုဒ်တပါဒ လောက်တောင် အလွတ်မရနိုင်သေးတဲ့ လူ့ယဉ်ကျေးမှုဟာ အထက်ပါ စကားပုံအတိုင်း "မျောက်စတင်းဂန်း ရသလို"ပါပဲ။
ဒါ ‌ကြောင့် မိမိရဲ့ မွေးရာပါ ပတ်ဝန်းကျင်၊
အဲ့လို ကမ္ဘာ ကြီးကို နမ်းစရာပါးပြင်ရှာမရပါ။ မျိုးချစ်စိတ် ကို ပွေ့ ဖက်ချင်ပေမယ့် 
မျိုးချစ်စိတ်မှာ ဖက်စရာ ကိုယ်လုံးမရှိပါ၊
အနံ့ ဆိုးသော ပါးစပ်များသာ ရှိပါတယ်။
ဟော ဘာသာ သာသနာ တဲ့။အနည်းအငယ်မှအပ ဘုရားသာရှိရင် အမွေ ပြတ်အ‌ကြေညာ ခံရမယ့် ဘာသာအနွယ်ဝင် သာ
သနာအနွယ်ဝင်များ။ 
အဲဒီ အုပ်စု စိတ်၊ အစုအဖွဲ့ စိတ် မိမိမှာမရှိတော့ အထီးကျန်ပါတယ်။လက်ချိုးရေတွက်ရလောက်သော မိတ်ဆွေရင်း အနည်းငယ်ရှိပါတယ်။ အဲဒီမိတ်ဆွေများဟာ သူတို့ နှုတ်က ထုတ်ဖော်မ‌ပြော ကြတဲ့တိုင် မိမိလိုပဲ လွတ်လပ်မှု ၊တရားမျှတ မှုနဲ့ ငြိမ်းချမ်းမှုကို မြတ်နိုး ကြပါတယ်။ ငါ့မိသားစု၊ငါ့အမျိုး ငါ့ ဘာသာ ငါ့ပါတီ ဆိုတဲ့အစွဲတွေထက် ဓမ္မနဲ့ အဓမ္မ နှစ်ဘက်ယှဉ်လာရင် 
ဓမ္မ ဘက်က ရပ်တည်ရဲ ကြသူတွေ ဖြစ်ပါတယ်။
မိမိ အတွေးတွေက ‌မြောက်ပြန်လေထဲလွင့်မျောရင်း ဆောင်းအိမ်မက် မက်သလို
ယောက်ယက်ခတ်နေဆဲမှာ ဘာစည်းကမ်းချက်ကိုမှ ဂရုမစိုက်၊ လောကဓမ္မ၊ ဥတုရာသီရဲ့ သဘာဝ ကိုပဲ လက္ခံ လိုက်နာတတ်တယ်ဆိုတဲ့ ဧည့်သည် ကြီးဟာ မှန်တံခါး ကြီးပေါ်မှာ ငြိမ်သက်စွာ ထိုင်နေပါတယ်။ မိမိက သူ့အနီး ကပ် ပြီး ဓါတ်ပုံရိုက်တာတောင် ဖုန်းကင်မရာတွေကို ခေတ်လွန်အသုံးအဆောင်မှန်းမသိတဲ့ သူက
ဂရုမစိုက်ပါဘူး။မနေ့  ကတည်းကအ‌နောက်ခန်းထဲက  ဘေစင်နားမှာ မိမိကို သူလာနှုတ်ဆက်ပါတယ်။အ‌ကြောင်းမသိသူ ဆိုရင်ဇက်ပိုးကို တယောက်ယောက်က လှမ်းပုတ်လိုက် သလိုမျိုး။တကယ်တော့ သူ့ရဲ့သန်မာတဲ့ နောက်‌ခြေထောက်ရှည် ကြီးတွေနဲ့ မိမိဇက်ပိုးကိုထောက်ခုန်သွားတာပါ။သူ့ကိုအကောင်အထည်မ မြင်လိုက်ရပေမယ့်သူရောက်နေ ပြီဆိုတာသိလိုက်တော့ မိမိဝမ်းသာသွားပါတယ်။ တကယ်တော့ နိုဝင်္ဘာ ၂၉ ရက်ဟာ မိမိရဲ့ ၆၇ နှစ်‌မြောက်မွေးနေ့ ပါ။နှစ်စဉ် ဒီလ ဒီအချိန်ရောက်တိုင်း ဒီ မိတ်ဆွေ  ကြီးတွေက မိမိထံအလည်လာလေ့ရှိပါတယ်။ဒီလို ပိုးနှံကောင်စိမ်းစိမ်း ကြီးတွေ Mask မတပ်ဘဲအိမ်ထဲဝင်လာရင် စိတ်မဆိုးပါနဲ့ မိတ်ဆွေ၊
သူတို့ဟာ လူလုပ် Coronavirs အ‌ကြောင်းမသိပါ၊ သူတို့ရဲ့ဗီဇသဘာဝထဲမှာ စိမ့် ဝင်နေတဲ့ ဟေမန္တ ဥတုနဲ့ ‌မြောက်ပြန်လေကိုသာ လိုက်နာတတ်ပါတယ်။
ရှင်လူ
9;00 PM
3 Nov 2020
(နိုဝင်္ဘာ ၂၉ ရက်နေ့  ၊မိမိရဲ့ ၆၇ နှစ်‌မြောက် မွေးနေ့ မှာ တင်ဖို့ ရေးထားတာပါ။
ခု တင်သင့် ပြီထင်လို့ မွေးနေ့ အ ကြို တင်လိုက်ပါတယ်)။
Monday, October 19, 2020
story
စဉ်းစားကာနေရ အုံးမယ်
👺😈😂👽😭😎
ညနေ ၄ နာရီခွဲလောက်မှာ ဖွေးဖွေးသိမ့် အဖေ မောင်ဝင်း ဖုန်းဆက်တယ်
"ရှင်လူ ရေ ၊ရှင်လူ့ အတွက် ပါတီကပေးတဲ့ ဆန်နှစ် ပြည်၊ ကြက်ဥ တကတ် နဲ့ ဆီတပုလင်း သိမ်းထားပေး တယ်"တဲ့
"ဟေ ဘယ်ပါတီ လဲ"
"ပြည်သူ့ပါတီ တဲ့"
"ေ သြာ် သိ ပြီ ၊နေအုံး စားသင့်မစားသင့်
ငါ စဉ်းစား အုံးမယ်"
"ရှင်လူကလည်း ကိုယ့်တွက်ရတာပဲ၊စားပေါ့ "တဲ့။
နိုဝင်္ဘာ ရွေးကောက်ပွဲ နီးလာတော့ ဖေ့စဖုတ်ပေါ်မှာ ပွက်လောညံနေတယ်။
နဂိုရ် က ကိုကို ကြီးတို့ ပါတီ ဆိုတော့ 
၈ လေးလုံးသံယောဇဉ် ‌ကြောင့် စိတ်ဝင်တစား လေ့လာ မိတယ်။ သတင်းတွေုက
မှန်လား မှားလား သိတ်မဝေခွဲနိုင်ပေမယ့်
ပြည်သူ့ ပါတီ ကတချို့ Campaign လုပ်တာတွေ က သိတ်ဘဝင်မကျစရာ။
(ချွင်းချက်။ ။သဘောတရားဆရာ ကြီးတွေကို မဖတ်မိတာလည်း ဖြစ်နိုင်ပါတယ်)
ဒီ ကြားထဲ ပြည်သူ့ ပါတီတံဆိပ်နဲ့ တယောက်က Messenger ထဲကနေ ပြီး ရှင်လူ့ဆီကို Vedio Clip တခု ပို့လာတယ်။
ဖွင့် ကြည့် လိုက်တော့ စွပ်ကျယ် လက်တိုနဲ့ ဇိုးသမားပုံတယောက်က လက်ချာတွေပေးနေတာပဲ။"ခင်ဗျားတို့ အဲဒီ ကျပ်မ ပြည့်တဲ့ ပါတီကိုမဲပေးနေလို့ကတော့ လာဘ်ပိတ်နေအုံးမှာ ဘာညာ နဲ့"အတင်း အဖျင်းတွေ ဒလဟော။ အင်း ကိုကို ကြီးတို့ ပါတီတွင်း သဘောတရားရေး သင်တန်းတွေ မပေးနိုင်ဘူး ထင်ပ။အဲ့ အခွေကို ကြည့် 
ပြီး ပါတီ ကို အထင်ကြီးရမယ့်အစား
စိတ်ကုန်သွားတယ်။ဒါမျိုးတယောက်တလေ လောက်ပဲဆိုရင်တော့ တော်ပါသေးရဲ့ပေါ့။ ဒါနဲ့ ရှင်လူလည်း သူ့ကို အောက်က
Reply  ပြန်ပေးလိုက်တယ်။
မင်းတော်တယ်၊ ကမ္ဘာပေါ် မှာ ကျပ်အ ပြည့်ဆုံးပါတီကို ‌ပြော ပြပါ၊
ဘီအိုင်အေ ဝင်လာတုန်းကတောင် ဓားပြတွေ ပါလာသေးတယ်
သံဃာထဲမှာလည်း အလဇ္ဇီ၊ဒုသီလ တွေ ပါတာပဲ။
အပဲ့အရွဲ့ အနာအဆာတွေထဲက
နည်းနည်း အသုံး ဖြစ်မယ့် ဟာကိုရွေးရတာ။ မ ဆ လ ခေတ်က
သာယာဝတီ ပန်းကန်ရွေးသလိုပေါ့ကွာ
ကိုယ့် ပါတီက လက်ရှိ‌တွေထက် ပိုကောင်းအောင် ဘာတွေ လုပ် ပြမယ် ဆိုတဲ့ မူဝါဒကို ‌ပြောပါ။ 
သူများအပုပ်ချတာကတော့ အရပ်ထဲက သာမာန် လူစားတွေက ပိုကျွမ်းပါတယ်
၈၈ သံယောဇဉ် စကား‌ပြောရရင် ကိုကို ကြီးတို့ လုပ်တဲ့ မီးဒုတ်သတင်းစာ နဲ့အိုးဝေမှာ စာရေးခဲ့ဖူးတယ်။အဲ့ ဒီ ၈၈ သံယောဇဉ်ကို ပြတ်အောင်မလုပ် ကြပါနဲ့။
ရှင်လူ လည်း အဲ့လို ပြန်ရေးလိုက်ရော။
ဒီနေ့ ထိသူ့ဘက်က ဘာမှ တုန့် ပြန်မလာတော့ဘူး။ ဒါလောက်ဆို လိမ္မာတယ် ‌ပြောရမယ်။
အထက်က မောင်ဝင်းဖုန်းဆက်တဲ့ လူထု
(Covid-19 ဒဏ်ခံရတဲ့)ကို ရိက္ခာဝေတာကတော့ တနည်းအားဖြင့် တွေး ကြည့်ရင်
ဖက်ဆစ် နဲ့ စစ်အာဏာရှင်တို့ ကို တော်လှန် ဆန့်ကျင်ခဲ့တဲ့ အသီးအပွင့် လို့ပဲ မှတ်ရမယ်။(ဒီမိုကရေစီ အသီးအပွင့် လို့ မ‌ပြောသေးဘူးနော်)
ဘာ‌ကြောင့် အသီးအပွင့် လို့ ‌ပြောရသလဲဆို ၁၉၄၀ ခုက ဖက်ဆစ်ဂျပန်တွေဟာ သံ ဖြူဇရပ်နဲ့ ထိုင်းနိုင်ငံထဲကို ၄၁၅
ကီလိုမီတာရှိတဲ့ မီးရထားလမ်းကိုဖောက်ခဲ့ပါတယ်။ ရှေးလူအများကတော့ ချွေးတပ်လို့ သိခဲ့ပါတယ်။ အဲဒီအခါက မြန်မာချွေးတပ်သားချည်း ၈၀၀၀၀(ရှစ်သောင်း)သေခဲ့ပါတယ်။လုပ်အားခ အထောက်အပံ့ကတော့ ဖက်ဆစ်ပဲဗျာ၊ မည်ကာမတ္တပေါ့။
ဆရာ လေထီးဦးအုန်းမောင်ရေးခဲ့တဲ့ "နှစ်ပေါင်း ငါးဆယ် ကြာသောအခါ"ထဲမှာလည်း ချွေးတပ်အ‌ကြောင်း ထည့်ရေးထားပါတယ်။ ရှင်လူ ‌ပြောလိုတာက ဖက်ဆစ်နဲ့ စစ်အာဏာရှင် စံနစ်ဟာ လူတွေကို သေနတ်နဲ့ သိမ်းသွင်းခဲ့တာချည်းပါပဲ။အင်း လွတ်လပ်ရေး ရ ပြီး ဒီမိုကရေစီ ရွေးကောက်ပွဲများမှာတော့ ကျွေးမွေး ပေးကမ်း ပြီးသိမ်းသွင်းတဲ့ စံနစ် ပါလာပါ ပြီ။
၁၉၆၀ရွေးကောက်ပွဲတုန်းက ဆို ဦးနု
တို့ က သန့်ရှင်းဖဆပလပါ။ဦးကျော်ငြိမ်းနဲ့ဦးဗဆွေတို့ကတည်မြဲဖဆပလပါ။အိမ်စောင့်အစိုးရက စစ်တပ်ကိုကြားနေဖို့ ‌ပြောပေမဲ့ စစ်တပ်က တည်မြဲဘက်က လိုက်‌ပါတယ်။ 
အဲဒါကြောင့်ဦးကျော်ငြိမ်းက နိုင်ရင်လည်း နိုင်ရမယ်
ရှုံးရင်လည်း နိုင်ရမယ်လို့ ပြောခဲ့တာပါ။
နယ်တွေမှာ သေနတ်နဲ့တေ့ပြီး တည်မြဲထဲ ထည့်ခိုင်းတာတို့ နိုင်မယ်မထင်တဲ့ မဲရုံ မီးနဲ့ရှို့တာတို့ လုပ်ပါတယ်။
မြို့ မှာတော့  ရွေးကောက်ပွဲနေ့မတိုင်မီ ခုနစ်ရက်လောက် မဏ္ဏာပ်ထိုးပြီး တည်မြဲက  မနက်ထမင်း ညထမင်းကျွေးပါတယ်။
 ရွေးကောက်ပွဲနေ့မှာ မဲပေးမယ့်လူတစ်ယောက် ငွေ၅ကျပ် ပုဆိုးတစ်ထည် မိန်းမဆိုရင် ထမိန်တစ်ထည်ပေးပြီးမဲထည့်ခိုင်းတယ်။
ဒီအပိုဒ်လေး ရေး ပြတာက ရွေးကောက်ပွဲနီးလာရင် ပေးကျွေး ပြီး စည်းရုံးသလို
လက်နက်နဲ့ သိမ်းသွင်းတဲ့ သာဓက တချို့လည်း ရှိနေ‌ကြောင်း ‌ပြောချင်လို့ပါ။
ခုလို ခေတ်မီ လက်နက်ကိုင် ရောင်စုံ စစ်တပ် ကြီးတွေ ရှိနေတဲ့ အခါ ဆို လက်နက်နဲ့ သိမ်းသွင်းခံရမှာ ပို ပြီး စိုးရိမ်စရာပါ။
"ရှင်လူ ၊ဘယ်လိုလဲ၊ဘာလုပ်မှာလဲ"
မောင်ဝင်းဖုန်း ဆက် ချိန်အတွင်း အတွေးတွေက ပွားသွားတာပါ။ ‌အချိန်တိုအတွင်း တွေးမိတာကတော့ နည်းနည်းပါ၊ နောက်မှ စဉ်းစား ပြီးဖြည့် ရေးထားလို့ များသွားတာပါ။
"အေးကွာ ငါတို့ စစ်အာဏာရှင်ကိုတော်လှန်လို့ ရခဲ့တဲ့အသီးအပွင့်ပဲ စားထိုက်ပါတယ်၊ ဆန်နဲ့ ကြက်ဥကိုတော့ မင်းယူလိုက်၊ငါ့မှာဆီ ကုန်နေ ပြီ၊ ဆီတော့ ငါယူမယ်"
(ပထမတင်တဲ့ Post အချက်အလက်တွေ
ထွေးသွားလို့ အသစ် ပြန်တင်တာပါ)
story
စဉ်းစားကာနေရ အုံးမယ်
👺😈😂👽😭😎
ညနေ ၄ နာရီခွဲလောက်မှာ ဖွေးဖွေးသိမ့် အဖေ မောင်ဝင်း ဖုန်းဆက်တယ်
"ရှင်လူ ရေ ၊ရှင်လူ့ အတွက် ပါတီကပေးတဲ့ ဆန်တ ပြည်၊ ကြက်ဥ ဆယ်လုံးနဲ့ ဆီတပုလင်း သိမ်းထားပေး တယ်"တဲ့
"ဟေ ဘယ်ပါတီ လဲ"
"ဟို ပီ သုံးလုံး"
"ေ သြာ် သိ ပြီ ၊နေအုံး စားသင့်မစားသင့်
ငါ စဉ်းစား အုံးမယ်"
"ရှင်လူကလည်း ကိုယ့်တွက်ရတာပဲ၊စားပေါ့ "တဲ့။
နိုဝင်္ဘာ ရွေးကောက်ပွဲ နီးလာတော့ ဖေ့စဖုတ်ပေါ်မှာ ပွက်လောညံနေတယ်။ Campaign
လုပ်ပုံတွေကလည်း  သြချလောက်စရာ။အတင်း အဖျင်း အပုပ်ချ ရန်စောင် ကြ။
(ချွင်းချက်။ ။သဘောတရားဆရာ ကြီးတွေကို မဖတ်မိတာလည်း ဖြစ်နိုင်ပါတယ်)
ဒီ ကြားထဲ  PP  တံဆိပ်နဲ့ တယောက်က Messenger ထဲကနေ ပြီး ရှင်လူ့ဆီကို Vedio Clip တခု ပို့လာတယ်။
ဖွင့် ကြည့် လိုက်တော့ စွပ်ကျယ် လက်တိုနဲ့ ဇိုးသမားပုံတယောက်က လက်ချာတွေပေးနေတာပဲ။"ခင်ဗျားတို့ အဲဒီ ကျပ်မ ပြည့်တဲ့ ပါတီကိုမဲပေးနေလို့ကတော့ လာဘ်ပိတ်နေအုံးမှာ ဘာညာ နဲ့"အတင်း အဖျင်းတွေ ဒလဟော။ အင်း ကိုကို ကြီးတို့ ပါတီတွင်း သဘောတရားရေး သင်တန်းတွေ မပေးနိုင်ဘူး ထင်ပ။အဲ့ အခွေကို ကြည့် ပြီးPP ကို အထင်ကြီးရမယ့်အစား
စိတ်ကုန်သွားတယ်။ဒါမျိုးတယောက်တလေ လောက်ပဲဆိုရင်တော့ တော်ပါသေးရဲ့ပေါ့။ ဒါနဲ့ ရှင်လူလည်း သူ့ကို အောက်က
Reply  ပြန်ပေးလိုက်တယ်။
မင်းတော်တယ်၊ ကမ္ဘာပေါ် မှာ ကျပ်အ ပြည့်ဆုံးပါတီကို ‌ပြော ပြပါ၊
ဘီအိုင်အေ ဝင်လာတုန်းကတောင် ဓားပြတွေ ပါလာသေးတယ်
သံဃာထဲမှာလည်း အလဇ္ဇီ၊ဒုသီလ တွေ ပါတာပဲ။
အပဲ့အရွဲ့ အနာအဆာတွေထဲက
နည်းနည်း အသုံး ဖြစ်မယ့် ဟာကိုရွေးရတာ။ မ ဆ လ ခေတ်က
သာယာဝတီ ပန်းကန်ရွေးသလိုပေါ့ကွာ
ကိုယ့် ပါတီက လက်ရှိ‌တွေထက် ပိုကောင်းအောင် ဘာတွေ လုပ် ပြမယ် ဆိုတဲ့ မူဝါဒကို ‌ပြောပါ။ 
သူများအပုပ်ချတာကတော့ အရပ်ထဲက သာမာန် လူစားတွေက ပိုကျွမ်းပါတယ်
၈၈ သံယောဇဉ် စကား‌ပြောရရင်။ကိုကို ကြီးတို့ လုပ်တဲ့ မီးဒုတ်သတင်းစာ နဲ့အိုးဝေမှာ စာရေးဖူးတယ်။အဲ့ ဒီ ၈၈ သံယောဇဉ်ကို ပြတ်အောင်မလုပ် ကြပါနဲ့။
ရှင်လူ လည်း အဲ့လို ပြန်ရေးလိုက်ရော။
ဒီနေ့ ထိသူ့ဘက်က ဘာမှ တုန့် ပြန်မလာတော့ဘူး။ ဒါလောက်ဆို လိမ္မာတယ် ‌ပြောရမယ်။
အထက်က မောင်ဝင်းဖုန်းဆက်တဲ့PPP
ကလူထု(Covid-19 ဒဏ်ခံရတဲ့)ကို ရိက္ခာဝေတာကတော့ တနည်းအားဖြင့် တွေး ကြည့်ရင်ဖက်ဆစ် နဲ့ စစ်အာဏာရှင်တို့ ကို တော်လှန် ဆန့်ကျင်ခဲ့တဲ့ အသီးအပွင့် လို့ပဲ မှတ်ရမယ်။(ဒီမိုကရေစီ အသီးအပွင့် လို့ မ‌ပြောသေးဘူးနော်)
ဘာ‌ကြောင့် အသီးအပွင့် လို့ ‌ပြောရသလဲဆို ၁၉၄၀ ခုက ဖက်ဆစ်ဂျပန်တွေဟာ သံ ဖြူဇရပ်နဲ့ ထိုင်းနိုင်ငံထဲကို ၄၁၅
ကီလိုမီတာရှိတဲ့ မီးရထားလမ်းကိုဖောက်ခဲ့ပါတယ်။ ရှေးလူအများကတော့ ချွေးတပ်လို့ သိခဲ့ပါတယ်။ အဲဒီအခါက မြန်မာချွေးတပ်သားချည်း ၈၀၀၀၀(ရှစ်သောင်း)သေခဲ့ပါတယ်။လုပ်အားခ အထောက်အပံ့ကတော့ ဖက်ဆစ်ပဲဗျာ၊ မည်ကာမတ္တပေါ့။
ဆရာ လေထီးဦးအုန်းမောင်ရေးခဲ့တဲ့ "နှစ်ပေါင်း ငါးဆယ် ကြာသောအခါ"ထဲမှာလည်း ချွေးတပ်အ‌ကြောင်း ထည့်ရေးထားပါတယ်။ ရှင်လူ ‌ပြောလိုတာက ဖက်ဆစ်နဲ့ စစ်အာဏာရှင် စံနစ်ဟာ လူတွေကို သေနတ်နဲ့ သိမ်းသွင်းခဲ့တာချည်းပါပဲ။အင်း လွတ်လပ်ရေး ရ ပြီး ဒီမိုကရေစီ ရွေးကောက်ပွဲများမှာတော့ ကျွေးမွေး ပေးကမ်း ပြီးသိမ်းသွင်းတဲ့ စံနစ် ပါလာပါ ပြီ။
၁၉၆၀ရွေးကောက်ပွဲတုန်းက ဆို ဦးနု
တို့ က သန့်ရှင်းဖဆပလပါ။ဦးကျော်ငြိမ်းနဲ့ဦးဗဆွေတို့ကတည်မြဲဖဆပလပါ။အိမ်စောင့်အစိုးရက စစ်တပ်ကိုကြားနေဖို့ ‌ပြောပေမဲ့ စစ်တပ်က တည်မြဲဘက်က လိုက်‌ပါတယ်။ 
အဲဒါကြောင့်ဦးကျော်ငြိမ်းက နိုင်ရင်လည်း နိုင်ရမယ်
ရှုံးရင်လည်း နိုင်ရမယ်လို့ ပြောခဲ့တာပါ။
နယ်တွေမှာ သေနတ်နဲ့တေ့ပြီး တည်မြဲထဲ ထည့်ခိုင်းတာတို့ နိုင်မယ်မထင်တဲ့ မဲရုံ မီးနဲ့ရှို့တာတို့ လုပ်ပါတယ်။
မြိုမှာတော့ ရွေးကောက်ပွဲနေ့မတိုင်မီ ခုနစ်ရက်လောက် မဏ္ဏာပ်ထိုးပြီး တည်မြဲက  မနက်ထမင်း ညထမင်းကျွေးပါတယ်။ 
 ရွေးကောက်ပွဲနေ့မှာ မဲပေးမယ့်လူတစ်ယောက် ငွေ၅ကျပ် ပုဆိုးတစ်ထည် မိန်းမဆိုရင် ထမိန်တစ်ထည်ပေးပြီးမဲထည့်ခိုင်းတယ်။
ဒီအပိုဒ်လေး ရေး ပြတာက ရွေးကောက်ပွဲနီးလာရင် ပေးကျွေး ပြီး စည်းရုံးသလို
လက်နက်နဲ့ သိမ်းသွင်းတဲ့ သာဓက တချို့လည်း ရှိနေ‌ကြောင်း ‌ပြောချင်လို့ပါ။
ခုလို ခေတ်မီ လက်နက်ကိုင် ရောင်စုံ စစ်တပ် ကြီးတွေ ရှိနေတဲ့ အခါ ဆို လက်နက်နဲ့ သိမ်းသွင်းခံရမှာ ပို ပြီး စိုးရိမ်စရာပါ။
"ရှင်လူ ၊ဘယ်လိုလဲ၊ဘာလုပ်မှာလဲ"
မောင်ဝင်းဖုန်း ဆက် ချိန်အတွင်း အတွေးတွေက ပွားသွားတာပါ။ ‌အချိန်တိုအတွင်း တွေးမိတာကတော့ နည်းနည်းပါ၊ နောက်မှ စဉ်းစား ပြီးဖြည့် ရေးထားလို့ များသွားတာပါ။
"အေးကွာ ငါတို့ စစ်အာဏာရှင်ကိုတော်လှန်လို့ ရခဲ့တဲ့အသီးအပွင့်ပဲ စားထိုက်ပါတယ်၊ ဆန်နဲ့ ကြက်ဥကိုတော့ မင်းယူလိုက်၊ငါ့မှာဆီ ကုန်နေ ပြီ၊ ဆီတော့ ငါယူမယ်"
story
စဉ်းစားကာနေရ အုံးမယ်
👺😈😂👽😭😎
ညနေ ၄ နာရီခွဲလောက်မှာ ဖွေးဖွေးသိမ့် အဖေ မောင်ဝင်း ဖုန်းဆက်တယ်
"ရှင်လူ ရေ ၊ရှင်လူ့ အတွက် ပါတီကပေးတဲ့ ဆန်တ ပြည်၊ ကြက်ဥ ဆယ်လုံးနဲ့ ဆီတပုလင်း သိမ်းထားပေး တယ်"တဲ့
"ဟေ ဘယ်ပါတီ လဲ"
"ဟို ပီ သုံးလုံး"
"ေ သြာ် သိ ပြီ ၊နေအုံး စားသင့်မစားသင့်
ငါ စဉ်းစား အုံးမယ်"
"ရှင်လူကလည်း ကိုယ့်တွက်ရတာပဲ၊စားပေါ့ "တဲ့။
နိုဝင်္ဘာ ရွေးကောက်ပွဲ နီးလာတော့ ဖေ့စဖုတ်ပေါ်မှာ ပွက်လောညံနေတယ်။
နဂိုရ် က ကိုကို ကြီးတို့ ပါတီ ဆိုတော့ 
၈ လေးလုံးသံယောဇဉ် ‌ကြောင့် စိတ်ဝင်တစား လေ့လာ မိတယ်။ သတင်းတွေုက
မှန်လား မှားလား သိတ်မဝေခွဲနိုင်ပေမယ့်
ပီ သုံးလုံး အလံ ပါတီတံဆိပ်နဲ့ တက်လာသူ အများစုဟာ နိုင်ငံရေး အယူအဆထက် လက်ဝှေ့ရေး ပြနေတာ များနေတယ်။
(ချွင်းချက်။ ။သဘောတရားဆရာ ကြီးတွေကို မဖတ်မိတာလည်း ဖြစ်နိုင်ပါတယ်)
ဒီ ကြားထဲ ပီသုံးလုံး တံဆိပ်နဲ့ တယောက်က Messenger ထဲကနေ ပြီး ရှင်လူ့ဆီကို Vedio Clip တခု ပို့လာတယ်။
ဖွင့် ကြည့် လိုက်တော့ စွပ်ကျယ် လက်တိုနဲ့ ဇိုးသမားပုံတယောက်က လက်ချာတွေပေးနေတာပဲ။"ခင်ဗျားတို့ အဲဒီ ကျပ်မ ပြည့်တဲ့ ပါတီကိုမဲပေးနေလို့ကတော့ လဘ်ပိတ်နေအုံးမှာ ဘာညာ နဲ့"အတင်း အဖျင်းတွေ ဒလဟော။ အင်း ကိုကို ကြီးတို့ ပါတီတွင်း သဘောတရားရေး သင်တန်းတွေ မပေးနိုင်ဘူး ထင်ပ။အဲ့ အခွေကို ကြည့် ပြီး ပီသုံးလုံးကို အထင်ကြီးရမယ့်အစား
စိတ်ကုန်သွားတယ်။ဒါမျိုးတယောက်တလေ လောက်ပဲဆိုရင်တော့ တော်ပါသေးရဲ့ပေါ့။ ဒါနဲ့ ရှင်လူလည်း သူ့ကို အောက်က
Reply  ပြန်ပေးလိုက်တယ်။
မင်းတော်တယ်၊ ကမ္ဘာပေါ် မှာ ကျပ်အ ပြည့်ဆုံးပါတီကို ‌ပြော ပြပါ၊
ဘီအိုင်အေ ဝင်လာတုန်းကတောင် ဓားပြတွေ ပါလာသေးတယ်
သံဃာထဲမှာလည်း အလဇ္ဇီ၊ဒုသီလ တွေ ပါတာပဲ။
အပဲ့အရွဲ့ အနာအဆာတွေထဲက
နည်းနည်း အသုံး ဖြစ်မယ့် ဟာကိုရွေးရတာ။ မ ဆ လ ခေတ်က
သာယာဝတီ ပန်းကန်ရွေးသလိုပေါ့ကွာ
ကိုယ့် ပါတီက လက်ရှိ‌တွေထက် ပိုကောင်းအောင် ဘာတွေ လုပ် ပြမယ် ဆိုတဲ့ မူဝါဒကို ‌ပြောပါ။ 
သူများအပုပ်ချတာကတော့ အရပ်ထဲက သာမာန် လူစားတွေက ပိုကျွမ်းပါတယ်
၈၈ သံယောဇဉ် စကား‌ပြောရရင်။ကိုကို ကြီးတို့ လုပ်တဲ့ မီးဒုတ်သတင်းစာ နဲ့အိုးဝေမှာ စာရေးဖူးတယ်။အဲ့ ဒီ ၈၈ သံယောဇဉ်ကို ပြတ်အောင်မလုပ် ကြပါနဲ့။
ရှင်လူ လည်း အဲ့လို ပြန်ရေးလိုက်ရော။
ဒီနေ့ ထိသူ့ဘက်က ဘာမှ တုန့် ပြန်မလာတော့ဘူး။ ဒါလောက်ဆို လိမ္မာတယ် ‌ပြောရမယ်။
အထက်က မောင်ဝင်းဖုန်းဆက်တဲ့ လူထု
(Covid-19 ဒဏ်ခံရတဲ့)ကို ရိက္ခာဝေတာကတော့ တနည်းအားဖြင့် တွေး ကြည့်ရင်
ဖက်ဆစ် နဲ့ စစ်အာဏာရှင်တို့ ကို တော်လှန် ဆန့်ကျင်ခဲ့တဲ့ အသီးအပွင့် လို့ပဲ မှတ်ရမယ်။(ဒီမိုကရေစီ အသီးအပွင့် လို့ မ‌ပြောသေးဘူးနော်)
ဘာ‌ကြောင့် အသီးအပွင့် လို့ ‌ပြောရသလဲဆို ၁၉၄၀ ခုက ဖက်ဆစ်ဂျပန်တွေဟာ သံ ဖြူဇရပ်နဲ့ ထိုင်းနိုင်ငံထဲကို ၄၁၅
ကီလိုမီတာရှိတဲ့ မီးရထားလမ်းကိုဖောက်ခဲ့ပါတယ်။ ရှေးလူအများကတော့ ချွေးတပ်လို့ သိခဲ့ပါတယ်။ အဲဒီအခါက မြန်မာချွေးတပ်သားချည်း ၈၀၀၀၀(ရှစ်သောင်း)သေခဲ့ပါတယ်။လုပ်အားခ အထောက်အပံ့ကတော့ ဖက်ဆစ်ပဲဗျာ၊ မည်ကာမတ္တပေါ့။
ဆရာ လေထီးဦးအုန်းမောင်ရေးခဲ့တဲ့ "နှစ်ပေါင်း ငါးဆယ် ကြာသောအခါ"ထဲမှာလည်း ချွေးတပ်အ‌ကြောင်း ထည့်ရေးထားပါတယ်။ ရှင်လူ ‌ပြောလိုတာက ဖက်ဆစ်နဲ့ စစ်အာဏာရှင် စံနစ်ဟာ လူတွေကို သေနတ်နဲ့ သိမ်းသွင်းခဲ့တာချည်းပါပဲ။အင်း လွတ်လပ်ရေး ရ ပြီး ဒီမိုကရေစီ ရွေးကောက်ပွဲများမှာတော့ ကျွေးမွေး ပေးကမ်း ပြီးသိမ်းသွင်းတဲ့ စံနစ် ပါလာပါ ပြီ။
၁၉၆၀ရွေးကောက်ပွဲတုန်းက ဆို ဦးနု
တို့ က သန့်ရှင်းဖဆပလပါ။ဦးကျော်ငြိမ်းနဲ့ဦးဗဆွေတို့ကတည်မြဲဖဆပလပါ။အိမ်စောင့်အစိုးရက စစ်တပ်ကိုကြားနေဖို့ ‌ပြောပေမဲ့ စစ်တပ်က တည်မြဲဘက်က လိုက်‌ပါတယ်။ 
အဲဒါကြောင့်ဦးကျော်ငြိမ်းက နိုင်ရင်လည်း နိုင်ရမယ်
ရှုံးရင်လည်း နိုင်ရမယ်လို့ ပြောခဲ့တာပါ။
နယ်တွေမှာ သေနတ်နဲ့တေ့ပြီး တည်မြဲထဲ ထည့်ခိုင်းတာတို့ နိုင်မယ်မထင်တဲ့ မဲရုံ မီးနဲ့ရှို့တာတို့ လုပ်ပါတယ်။
မြိုမှာတော့ ရွေးကောက်ပွဲနေ့မတိုင်မီ ခုနစ်ရက်လောက် မဏ္ဏာပ်ထိုးပြီး တည်မြဲက  မနက်ထမင်း ညထမင်းကျွေးပါတယ်။ 
 ရွေးကောက်ပွဲနေ့မှာ မဲပေးမယ့်လူတစ်ယောက် ငွေ၅ကျပ် ပုဆိုးတစ်ထည် မိန်းမဆိုရင် ထမိန်တစ်ထည်ပေးပြီးမဲထည့်ခိုင်းတယ်။
ဒီအပိုဒ်လေး ရေး ပြတာက ရွေးကောက်ပွဲနီးလာရင် ပေးကျွေး ပြီး စည်းရုံးသလို
လက်နက်နဲ့ သိမ်းသွင်းတဲ့ သာဓက တချို့လည်း ရှိနေ‌ကြောင်း ‌ပြောချင်လို့ပါ။
ခုလို ခေတ်မီ လက်နက်ကိုင် ရောင်စုံ စစ်တပ် ကြီးတွေ ရှိနေတဲ့ အခါ ဆို လက်နက်နဲ့ သိမ်းသွင်းခံရမှာ ပို ပြီး စိုးရိမ်စရာပါ။
"ရှင်လူ ၊ဘယ်လိုလဲ၊ဘာလုပ်မှာလဲ"
မောင်ဝင်းဖုန်း ဆက် ချိန်အတွင်း အတွေးတွေက ပွားသွားတာပါ။ ‌အချိန်တိုအတွင်း တွေးမိတာကတော့ နည်းနည်းပါ၊ နောက်မှ စဉ်းစား ပြီးဖြည့် ရေးထားလို့ များသွားတာပါ။
"အေးကွာ ငါတို့ စစ်အာဏာရှင်ကိုတော်လှန်လို့ ရခဲ့တဲ့အသီးအပွင့်ပဲ စားထိုက်ပါတယ်၊ ဆန်နဲ့ ကြက်ဥကိုတော့ မင်းယူလိုက်၊ငါ့မှာဆီ ကုန်နေ ပြီ၊ ဆီတော့ ငါယူမယ်"
Thursday, October 15, 2020
story
တနေ့ က ညီ ကဗျာဆရာ တယောက်က
ဖုန်းဆက်တယ်။"အကို ကြီး ကိုလှကိုတယောက် ‌မြောက်ဥက္ကလာ ဆေးရုံမှာ သူ့နှလုံး ရောဂါအတွက် ပုံမှန်သွား ပြတာ
ကိုဗစ် Positive တွေ့ လို ဆို ပြီး ဆေးရုံတင်လိုက်တယ်၊ နီးစပ်ရာတွေ သတင်းပေးလိုက်ပါအုံး"တဲ့။
လှကို ဆိုတဲ့နာမည် ရှင်လူစသိတာ ခုနောက်ပိုင်း မှပါ။ ဟိုး မဆလခေတ် ၁၉၈၀
မတိုင်ခင် တောင်ဥက္ကလာမှာ စာ‌ပေလုပ်သားအဖွဲ့ စတင်ဖွဲ့စည်းစဉ်က စာပေ
လုပ်သားရုံးမှာ သူ့အကို ကိုအုန်းမြင့်
(အုန်းမြင့်ဦး) က အတွင်းရေးမှူး မြင့်ဝင်းနီနဲ့ ပတ်သက်ပြီး ရုံးထိုင်ဝိုင်းကူနေချိန်မှာ
တခါတခါ သူ့ကိုလည်းတွေ့ ရတတ်ပါတယ်။အဲ့တုန်းက သူ့ ကို ဆန်နီလို့ပဲသိခဲ့ရပါတယ်။၈ လေးလုံးကာလကျတော့ ကေတုမာလာကွေ့  ကွမ်းယာဆိုင် တံခါးတွေနဲ့
ဓါတ်တိုင်တွေမှာ ‌ကြေ ညာချက်စာရွက်တွေ ကော်သုတ် ပြီး တ ဗြန်းဗြန်းရိုက်ကပ်နေတာ တွေ့ နေရ ပြန်တယ်။ဒီလိုနဲ့  နောက်ပိုင်းအချိန်အတန် ကြာမှာ တောင်ဥက္ကလာ
NLD မြို့နယ် အလုပ်အမှုဆောင်ထဲပါနေသလိုလို ကြားရ ပြန်တယ်။
၁၉၉၀ ‌ရွေးကောက်ပွဲ မှာ NLD ပါတီ
အနိုင်ရ ပြီး စစ်အစိုးရရဲ့ အနှိပ်စက်ခံနေရတဲ့ အနှစ်နှစ်ဆယ် နောက်ပိုင်းကာလတွေမှာတော့ ၉၀ ခု တောင်ဥက္ကလာ လွှတ်တော်ကိုယ်စားလှယ်၊NLD ဗဟို အလုပ်အမှုဆောင်၊ရန်ကုန်တိုင်း ဥက္ကဌ သ္ခင်စိုးမြင့်
အိမ်မှာ သူနဲ့ ပြန်ဆုံရပါတယ်။အဲဒီ အချိန်က သတင်းမီဒီယာဆိုတာ ပြည်တွင်းမှာစစ်အစိုးရသတင်းမီဒီယာတွေပဲ ရှိတဲ့ကာလပါ။ဒါကို ခုခံနေရတဲ့ သတင်းလွှာကတော့
NLD ဗဟို ကထုတ်တဲ့ ‌ကြေ ငြာချက်များပဲ ဖြစ်ပါတယ်။ဘယ်လောက်ထုတ်သလဲ ဆိုရင် တခါတခါ တနေ့ ထဲ နှစ်စောင် သုံးစောင် ထွက်ပါတယ်။ဥ က္ကဌ ဦးအောင်ရွှေကိုယ်တိုင် ထုတ်တာပါ။ထောက်လှမ်းရေးေ တွ တကောက်ကောက်လိုက်နေတဲ့ ကြားက ရှင်လူ ကြီးတို့ စာရွက်လိပ် ခါး ကြားထိုး ပြီး BSA စက်ဘီးလေးနဲ့ သတင်းစာပို့သမားလို ရပ်ကွက်တကာ ပတ်ရပါတယ်။တခါတခါ တောင်ဥက္လလာတွင်းသာမက။ရန်ကင်း ၊မရမ်းကုန်း မြို့ နယ်တွေအထိ ‌ခြေဆန့်ရပါတယ်။နောက်ပိုင်း နှစ်များရဲ့ နေ့ တနေ့ မှာ သ္ခင်စိုးမြင့်က
"ဦးအောင်ရွှေ ‌ကြေ ညာချက်တွေ ဆက်မလုပ်တော့ဘူး၊ အန်ကယ့်ကိုတာဝန်လွှဲလိုက် ပြီ၊ ကိုအောင် မြင့် ကူအုံး ဆိုတာနဲ့
NLD ‌ကြေညာချက်အတော်များများ မှာ
ရှင်လူ ကြီး Ghost writer လုပ်ခဲ့ရပါတယ်။အဲ့အချိန် အတွေ့ အ ကြုံများအရ ပြည်ထောင်စုနေ့  ‌ကြေညာချက် ဘာညာဆို
Federal(ဖက်ဒရယ်)ဆိုတဲ့ စကားလုံးကို
လုံးဝသုံးလို့မရခဲ့ပါဘူး။ ရှင်လူ ကြီးရေးချင်ပေမယ့် အန်ကယ်ဦးစိုးမြင့်က"မလုပ်နဲ့ ကိုအောင် မြင့် ၊ဒု က္ခရောက်သွားမယ်၊စစ်မှန်သော ပြည်ထောင်စု လောက်ပဲလုပ်"လို့
တားခဲ့ပါတယ်။ မှတ်မှတ်ရရ NLD ခေါင်းဆောင်ပိုင်းAuto Biography စာအုပ်ထုတ်မယ် ဆိုတော့ သ္ခင်စိုးမြင့်ဘေးက‌ပြော ပြတဲ့ သူ့ဇာတ်‌ကြောင်းကို ရှင်လူရေးခဲ့ရတယ်။နောက် အင်္ဂပူမှာNLD ဆိုင်းဘုတ်ကို
ဖြုတ် ပြီး ချောင်းထဲ ပစ်ချခံရတာ တံငါပိုက်ထဲက ပြန်ရတဲ့အ‌ကြောင်း၊ဓနုတ်ဘုရားမှာ စစ်တပ်က ရွာသားတွေ ခေါ်ခိုင်းတုန်း
ညောင်ကိုင်းပိလို့ ရွာသားတွေ သေ‌ကြေ
ဒဏ်ရာရတဲ့အ‌ကြောင်း၊ ထောက်လှမ်းရေး
၂၆ က တပ်ကြပ်မောင်တိုးဆိုသူက တောင်ဥက္ကလာထဲက NLD အဖွဲ့ဝင်တွေကို
ဖိအားပေး ခြိမ်း‌ခြောက်ပြီး နှုတ်ထွက်ခိုင်းနေတဲ့ အ‌ကြောင်း စတာတွေပါပဲ။အဲဒါ တွေကို ရှင်လူကရေး သ္ခင်စိုးမြင့်က Edit  လုပ်၊
အပေါ်က ‌ပြောခဲ့တဲ့ ဆန်နီ ခေါ် လှကိုခေါ်
Kyimaw Htunzin က လက်နှိပ်စက်ရိုက်ရပါတယ်။အဲဒါေ တွ နောက်နေ့  ‌ကြေညာချက်ထုတ်၊BBC VOA RFA စတဲ့
ပြည်ပသတင်းဌာနတွေက ဖေါ် ပြခဲ့ပါတယ်။ ခုနောက်ပိုင်းငါးနှစ်လောက်ရှိမလားပဲ။
လှကိုတယောက်  လေ ဖြန်းပြီး သေမလို
ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် သူကအပေအတေ။ ‌မြောက်ဥက္ကလာ ဆေးရုံ နှလုံးကုသဆောင် မှာဆို ဆရာဝန်ဆရာမတွေ သူ့ ကိုမသိသူ မရှိ။ ဘိုပီ နှလုံးခွဲရတုန်းကတောင် 
သူကပဲ ဟိုလိုလုပ် ဒီလိုလုပ် ညွှန်ကြားနေသေးတယ်။မ‌တွေ့ တာ ကြာလို့ သေ ပြီ
ထင်မိတိုင်း ၄ ရပ်ကွက်လမ်းတွေပေါ်မှာ
မန်ဒါလီစတိုင်နဲ့ စောင်းငန်းစောင်းငန်းခဏခဏဆုံရ။ဟိုတုန်းကတော့။ဝမ်းစာအတွက် အိမ်တွေလိုက်ပြီးအင်္ဂလိပ်စာသင်ပေးနေတယ်ထင်တာပဲ။နိုင်ငံရေးပွဲတွေမှာ
ဖြစ်ဖြစ် အလုပ်သမားဆန္ဒ ပြပွဲတွေမှာ ဖြစ်ဖြစ် နံပတ်ဒုတ်တွေနဲ့ နီးနီးမှာ ဖုန်းကင်မရာကိုင် ပြီး ယက်ကန်ယက်ကန်နဲ့ ဗွီဒီယိုတွေလိုက်ရိုက်၊Kyimaw Htunzin accနဲ့
လိုင်းပေါ်တင်။တချက်မှ အ ငြိမ်မနေ။
ဘယ်အပ်စိုက်ရာက နည်းပေးလိုက်တယ်မသိ၊ သူ့ ရောဂါ သူကိုယ်တိုင် အပ်စိုက်ကုလိုက်သေး။မနှစ်ကတော့ ရှင်လူတို့
မနက်လမ်းလျှောက်အဖွဲ့  Maze Walker Team ရှိရာ ပါရမီဂုံးတံတား
မနက်ခင်းတွေဆီ သူရောက်လာခဲ့တယ်။
လေ့ကျင်းခန်းအတူလုပ် ကြ၊ လက်ဖက်ရည်ဆိုင်အတူထိုင်ကြနဲ့ သူလည်း Maze Walker တယောက် ဖြစ်လာခဲ့တယ်။
အဲဒါ Positive ဖြစ် ပြီး သူဆေးရုံတက်ရ‌ကြောင်း သတင်းကြားလို့  FB ပေါ်မှာ
ကဗျာဆရာ နီသျှန်နဲ့တွေ့ ခိုက် သတင်းပေးလိုက်တာ နီသျှန်က လှကို သတင်းကိုဓပုံတွေနဲ့တကွ ပြန်ပို့ပေးတယ်။
သကောင့်သားက ဧရာဝတီစင်တာမှာ ဇိမ်ကျနေတယ်။ဒါပဲကောင်းပါတယ်လေ။
အိမ်မှာနေလည်း သားမယားမရှိ ၅၀ ကျော် လူပျို ကြီး။
(နိုင်ငံရေးတွေပါ ကုန်တာ ခွင့် လွှတ်ပါ၊
ရေးတဲ့ ရှင်လူလည်း ၆၇ နှစ် ပြည့်တော့မှာဆို‌တော့ သေရင်ပါသွားမယ့် အ‌ကြောင်းလေးတွေ နောက်လူတွေအတွက် လိုရ မယ်ရ ပေါ့)
Tuesday, September 22, 2020
story
ဖွေးဖွေးသိမ့်တယောက်ဟာ အရာရာ
ထက်မြက်ပေမယ့် သဝန်တိုတတ်တဲ့စိတ် ၊ဆတ်ခနဲ တုန့်ပြန်တတ်တဲ့ အကျင့်တွေကတော့ အံ့မခန်းပါပဲ။ရှင်လူအပါအဝင် အားလုံးက သူ့ကို ပိစိကွေးအရွယ်ကတည်းကဝိုင်း အလိုလိုက်ခဲ့ ကြတာဆိုတော့လည်းမဆန်းဘူးဆိုရမှာပေါ့။
ဒီနေ့ မွန်းလွဲပိုင်း အိမ်သားတွေ တီဗွီရှေ့ ဝိုင်းထိုင်နေ ကြတုန်း ဖွေးအဖေမောင်ဝင်းက ငမိုးရိမ်ကို ပုခုန်းနှိပ်ပေးပြီး ကျောကိုကုပ်ပေးနေတာ ဖွေးက မြင်ကရော။
မောင်ဝင်းခမျာလည်း ကိုဗစ်‌ကြောင့် တက္ကစီ နားထားလို့သာ ခုလို မယားနားကပ်နိုင်ရှာတာပါ။ဒါပေမယ့် ဖွေးက အော် ပြီး
ပြဿနာ လုပ်ပါလေရော...
"ဟင်း သူ့မိန်းမကျတော့ နှိပ်ပေးတယ်၊
မီးမီးကျတော့ နှိပ်ပေးဘူး"
"ဟဲ့ ...စလာ ပြီ၊ သူ့မိန်းမသူနှိပ်ပေးတာ၊
ဘာ ဖြစ်လဲ"
သူ့အဖွားက အ ကြားမတော်လို့ ဝင်ဟန့်လည်းမရပါဘူး
"သူ့ မိန်းမကျတော့ ချစ်တယ်၊ငါ့ကျ မချစ်ဘူး..အီး ဟီး"
ဖွေးတို့ ကြမ်းပေါ်‌ခြေဆောင့် ပြီး လူးလှိမ့်အော်ပါလေရော
"ငါလုပ်တော့ ငါ့ကို အ ပြစ်‌ပြော ကြတယ်၊
အဲ့ ကောင်မလေးေ-ာက်ကျင့်ကမကောင်းဘူး"
ငမိုးရိပ်ခမျာလည်း ကိုဗစ်ကျေးဇူး‌ကြောင့်
သာယာခွင့်ရနေတုန်း သူ့သမီး လုပ်လို့
အာရုံစား ပြီး တင်းနေ ပြီ။ ဒီကလေးမလေး ငမိုးရိပ် လက်စာမိမှာစိုးလို့ ရှင်လူ
ကြားဝင်ရတယ်
"ကဲပါ မောင်ဝင်းရာ၊ချစ်သမီးလေးကို ပြုစုပေးလိုက်ပါအုံး" ဆိုတော့ မောင်ဝင်းကမိန်းမဖားပြီး သမီးဘက်လှည့်ဖားရ ပြန်တယ်။ဒါတောင် မချောကတော်တော်နဲ့ စိတ်မ‌ပြေ၊ မနည်းချော့ယူရတယ်။
တလောကလည်း တီဗွီ ကြည့်ရင်း မြန်မာ့
သြဘာ ‌ကြော်ငြာလာသတဲ့။
‌ကြော် ငြာက"ချစ်ဇနီးကို အချိန်ပေးပါ"ဆိုတော့ ဖွေးက ချက်ချင်းပဲ၊ "သူ့မိန်းမကို ဘာလို့ အချိန်ပေးရမှာလဲ၊သူ့ မိန်းမက ကလေးကိုပဲ ရိုက်နေတာ"တဲ့လေ။
အနာဂတ်အတွက် အတိုက်အခံ နိုင်ငံရေးသမားတယောက်တော့ ရ ပြီ...ဟား ဟား။
Friday, September 18, 2020
story
Write down September 17th!!
🌚🌞💟🌛😎🤡👽🌞👺
လွန်ခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကတည်းက ရှင်လူ့ ဗေဒင်ဆရာမ Jenna က
ရှင်လူ့ဆီ Emailနဲ့ ဟောစားတမ်းတစောင်ပို့ ထားတယ်။ ဘာရယ်မဟုတ် လွန်ခဲ့တဲ့
၇ နှစ်လောက်က YouTube ကြည့်ရင်း
‌ကြော်ငြာတွေ့ တာနဲ့free horoscopeဆို
လို့ အပျော်သဘော ဝင်မေးလိုက်တာ
‌အဲဒီ ပြင်သစ်က ဗေဒင်ဆရာမ ဒေါ် ဂျင်နာက ရှင်လူ့ဆီကို မ ကြာခဏဆိုသလို ဟောစာတမ်းတွေ ပို့နေတော့ တာပါပဲ။
သူတို့အလုပ်က အဲ့လိုပဲ ဖောက်သည်တွေဆီ ဟောစာတမ်း အ မြည်းတွေပေး ပြီး
အသေးစိတ်ဟောစာတမ်းကို ဒေါ်လာ နဲ့
ဟောပေးနေတဲ့သဘောပဲ။ သူကတော့
day by day ဟောစာတမ်းကို focus 
လုပ်ပေးမယ် ၊အောက်ပါ ပုံစံကို ဖြည့်ပါဆိုတဲ့ Link တခု အ မြဲပါတယ်။ဒီလိုနဲ့ သူနဲ့စခဲ့မိတဲ့ ၇ နှစ်လောက်အတွင်း သူ့ရဲ့
‌ကြော်ငြာ ဟောစာတမ်းတွေ ရှင်လူ့ ဆီပို့ ပို့နေတာ ရာနဲ့တောင်ချီနေလောက် ပြီ။
ရှင်လူလည်း အနည်းဆုံးတော့
Reading Skill တက်တယ်ဆို ပြီး သူ့
Email တွေ ဖတ်လာလိုက်တာ ဗေဒင်ဆရာ မ ဖြစ်ရုံတမည်ပဲ ကျန်တော့တယ်။
တခါမှတော့ ပိုက်ဆံပေး ပြီးမမေးဖြစ်။
ဒါပေမယ့် ဒေါ်ဂျင်နာ ဟောတဲ့ အရေးကြီးအချက်တွေက မှန်တာများနေတယ်။
ခုလဲ စက်တင်ဘာ ၁၂ ရက်ကရောက်လာတဲ့ Emailမှာ ခေါင်းစဉ်ကိုက
Shin,Write down September 17th!! တဲ့။သူ‌ပြောပုံအရ ရှင်လူ့ ရဲ့ဇာတာခွင်ဟာ ၁၆၄ နှစ် ကြာမှ တခါ ကြုံရမယ့်
အခါကောင်းကို ရောက်နေတယ် ဆိုပဲ။
သူ‌ပြောတဲ့ Pisces(မိန်ရာသီ)တွေ
Neptune (နက်ပကျွန်းဂြိုဟ်)တွေက ဘာတွေမှန်း ရှင်လူမသိပေမယ့် ဒီ
စက်တင်ဘာ ၁၇ ရက်ကစ ပြီး ရှင်လူ့ဘဝရဲ့ ကံကောင်းခြင်းတွေ အ ကြီးအကျယ်စတော့မယ် ဆိုတာ‌ကြောင့် အဲဒီ၁၂ ရက်နေ့ကတည်းက ဖွေးဖွေးသိမ့်ကို ကြွားနေမိတယ်။"ရှင်လူ ငွေတွေဝင်တော့မှာ သမီးရဲ့၊
ရှင်လူ့ကို ဖားထား"လို့ ဆိုတော့ ဖွေးက
"ဘယ်တော့ ရမှာလဲ"တဲ့။"ဒီလ ၁၇ ရက်ကစ ပြီး ရှင်လူ ထောဘီ"လို့။
"ဒါဆို KFC ကြက်‌ကြော် ဝယ်‌ကြွေးရမယ်"ဆိုတော့ KFC လောက်ကတော့ အပျော့ပေါ့သမီးရယ်"လို့ လက်မထောင်ခဲ့မိတယ်။ဒီတော့ ဖွေးက သေချာအောင်ဆို ပြီး
လက်သန်းချင်းချိတ် "ဂတိနော်..ဂတိ"လုပ်ထားသေးပေါ့။အဲဒါ နေ့တိုင်း လော်ပန်လောင်းရှင်လူက ဗေဒင်ဟောချက် ကြွားလိုက် ဖွေးက ကတိတောင်းလိုက် လုပ်နေလိုက်တာ ဒီမနက် ၈နာရီ ခွဲ မှာ Jenna
ဆီက အတည်ပြု Emailတစောင်ထပ်ရောက်လာ ပြန်တယ်။သူ့Emailသာရောက်လာတယ် ရှင်လု့မှာ လကုန်ထိသုံးဖို့ ပိုက်ဆံကတသောင်းတန် နှစ်ရွက်ထဲရယ်။ကလေးတွေမုန့်ဖိုးနဲ့ ကိုယ့် ဆေးဖိုး ကွမ်းဖိုး
လက်ဖက်ရည်ဖိုးက ဒီပိုက်ဆံနဲ့ လောက်ပုံမပေါ်။ဘယ်သူ့ ဆီကချေးရမလဲ ၊မျက်နှာ
တွေ စစ်ချက်ယူနေမိ ပြီ။ဒီလိုနဲ့  နေ့ ခင်းရောက်လာတော့ ဖွေးက ပြဿနာ စလာတယ်။"ရှင်လူ ဒီနေ့  ကောင်းစားပြီဆို၊ဘယ်မလဲ KFC ကြက်‌ကြော်""အာ...သမီးကလည်း ခုမှ နက္ခတ်တွေက သွေးပူလေ့ကျင့်ခန်းစနေတုန်း ဟို ထိုင်းကားထဲက မဟာကထိန်တို့တောင် နာရီ ကြည့် ပြီးတွက် ကြရတာ၊ ဒီနေ့  က အစပဲ ရှိသေး"
"ဒါဆို အာလူး‌ကြော် ဘူးရှည်တဘူးရယ်
ရွိုင်ရယ် ဒီ ရယ် ဝယ်ပေးရမယ်"
"ဗုဒ္ဓေါ ...ဒီကလေးမက ဇွတ်သမား၊သူ့ကိုမှ
ကတိပေးထားမိလေတော့၊ဒီ အ ကြွားသန်တဲ့ပါးစပ် ဝဋ်‌ကြွေးဆပ်ရတော့မယ်။
"ကဲပါ ဒီအချိန်က မုန့်စားတဲ့ အချိန်မဟုတ်သေးပါဘူး၊ထမင်းစား ပြီးရင် အန်တီမတင့်ဆိုင်က ဝယ်ပေးမယ်"
"ပြီးရော"
ဒီလိုနဲ့ နှစ်ယောက်သား Channel 7 ကလာတဲ့ "ရှေ့ ရေးကိုမျှော်တွေးသူ"ထိုင်းကား(ဗေဒင်ဆရာ မဟာကထိန်ကား)
ထိုင် ကြည့်နေလိုက်တယ်။ထုံးစံအတိုင်းပါပဲ နေ့ လယ်ထမင်းစားပြီးတော့ ဖွေးကရှင်လူ့ ကို "ထမင်းစား ပြီးပြီ ၊အာလူး‌ကြော်
ဘူးရှည် ရှည် သွားဝယ်ခဲ့တော့"တဲ့။
ကဲ..ဝဋ်ရှိရင်လည်း လည်စင်းခံမယ် ဆို ပြီး
မတင့်ဆိုင်ဘက်ထွက်လာခဲ့တော့ ကိုဗစ်
‌ကြောက်ပြီး မတင့်ဆိုင်က ပိတ်ထားတယ်။ခုရက်ပိုင်း သုတ၄လမ်းထိပ်က ဆိုက္ကားဆရာ တယောက်မှာပိုးတွေ့ တယ်ဆိုကတည်းက အဲဒီ တဝိုက်လမ်းတွေက ဆိုင်တချို့ ပိတ်ကုန်တယ်။တချို့ တံခါးစေ့၊တချို့
ရွှေ ကြိုး ငွေ ကြိုးတားတွေ ဖြစ်ကုန်တယ်။
ဒီလိုနဲ့ စက်ဘီးလေးယူ ပြီး လမ်းထိပ်ထွက်ခဲ့တော့ "ပီကင်းဆိုင်လည်း ပိတ်ထားတယ်၊ ကံကောင်းချင်တော့ ပီကင်းဆိုင်နဲ့မျက်နှာချင်းဆိုင် "ဇင်းနစ်စတိုး"က ရွှေ ကြိုး
ငွေ ကြိုးတားပြီးဖွင့်ထားလေတော့
အဲ့ဆိုင်ကပဲ Mr Potato အာလူး‌ကြော်
ဘူးရှည်တဘူးက ၁၁၅၀၊ Royal D က
၆၀၀ ဆိုတော့ ၁၇၅၀ ထွက်သွားပြီ။
ရှင်လူ တို့က ငွေစုလို့မရတဲ့ လူမျိုး။
လာဘ်က မဝင်ရသေးဘူး အိတ်ထဲရှိတဲ့ငွေက ထွက် ပြီ ။ ဒီလိုနဲ့ မချောလေးက
Mr Potato အာလူး‌ကြော်ဝါးလိုက် Royal D သောက်လိုက်နဲ့ ဟန်ကျနေတာ။ ဒီလိုနဲ့ ညနေ ၄နာရီ ၃၀ လောက်မှာ။ရူပါက ရှင်လူရေ လာ လာ၊လူ ကြီး
တွေ ပိုက်ဆံ လိုက်ပေးနေတယ် တဲ့ ။
သူ့သားအောင်ညာဏ်ဖြိုးကိုချီထားရင်း ရူပါအော်နေပေမယ့် ရှင်လူကတော့ သိတ်မထင် Covid ပထမလှိုင်းစကတည်းက
နှစ်သောင်းစီ နှစ်ခါ ရ ပြိးပြီဆိုတော့ ။
ဒါပေမယ့် ခဏနေတော့ သတင်းက အတည်ဖြစ်နေတယ်။ လက်မှတ်ထိုးပြီး တသောင်းတန်အသစ်နှစ်ရွက် ကိုင်ရင်း 
နက္ခတ်တွေက သွေးပူလေ့ကျင့်ခန်းတော့ စနေ ပြီလို့ တွေးနေမိတယ်။
ဖွေးအဖွားက ရှင်လူ့ ကို ကြည့်ပြီး
"ဒါ ဆို ရှင်လူ့ ဗေဒင် မှန်နေ ပြီပေါ့"တဲ့။
"ဒီလောက်နဲ့ မှန်တယ် မ‌ပြောနိုင်သေးပါဘူးဗျာ၊ Big Change တဲ့ဗျ။ အချစ်ရေးရော စီးပွားရေးပါ အ ကြီးအကျယ် ‌ပြောင်းမှာ၊ နက္ခတ်တွေက ဒီနေ့မှ စ‌ပြောင်းတာဗျ။ဒါမျိုးက ၁၆၄ နှစ်နေမှ တခါ တိုက်ဆိုင်တာဗျ"ဆိုတော့ ငမိုးရိပ်က
"အမေ ကလည်းသွား ‌ပြောနေ ပြန်ဘီ၊
နားကညည်းရတဲ့အထဲ"
အမ်မယ် ရှင်လူလေလုံးထွားလို့ ငမိုးရိပ်ကနားညည်းသပေါ့လေ။
သိမယ် သူ့သမီး KFC ကြက်‌ကြော်ကိုက်တာ မျက်ဝါးထင်ထင် ဖြစ်မှ ဒင်း ယုံမှာ။
Monday, August 3, 2020
story
လက်စုပ်ခြင်းအနုပညာ
✌ ✌ ✌ ✌ ✌ ✌ ✌ ✌ 
သင်ဟာ အစားအစာတခုကိုစားနေပါသလား၊
ခရင်းမ်ပေါင်မုန့် ဖြစ်စေ အခြားသော စားဖွယ်တခုခုကိုဖြစ်စေ စားတဲ့အခါ မှာ သင့်လက်
ချောင်းများမှာ ပေကျံမှုနဲ့ မလွဲမသွေ တွေ့ကြုံရမှာဖြစ်ပါတယ်။ ဥပမာ ထမင်းစားတဲ့အခါမှာလည်း ငါးသေလောက်ဆီပြန် ၊
ပဲကြီးနှပ် ၊ ဒါမှမဟုတ်ဝက်သားနီချက်နဲ့ တာလပေါဟင်း၊ငါးပိရည် ဖျော် တညင်းသီး
စသဖြင့်ပေါ့လေ၊ သင့် လက်ငါးချောင်းစလုံးနှင့် နယ်ဖတ်စားပြီးသကာလ ၊ သင့်လက်ချောင်းများမှာ ဟင်းအမယ်မယ်တို့မှ ချိုချဉ်ငံစပ် ခါးတို့ ရဲ့ ပဒေသာရသအဖြာဖြာတို့
စီးကပ်ပေကျံနေလိမ့်မယ်။ အဲဒီ နောက်ဆုံး အပြီးသတ်အချိန်လေးမှာ စိတ်ရှည်လက်ရှည်ထားပြီး သင့်လက်ချောင်းကလေးများကို တချောင်းစီ ပြောင်စင်အောင်စုပ်ပါ။ ဘေးလူမြင်ရင်ကဲ့ရဲ့ကောင်းကဲ့ရဲ့ ခံရနိုင်ပေမယ့် ထိုသူကိုယ်တိုင် လူမမြင်ကွယ်ရာများမှာ လက်စုပ်တဲ့အကျင့်ရှိနေနိုင်တာကိုသတိပြုပါ။
ရှင်လူ့သူငယ်ချင်းတွေထဲကဆိုရင် လက်စုပ်ကျွမ်းကျင် အဆင့် ၁ ရှိသူမှာ ကဗျာဆရာနွေလယ်နေဖြစ်ပါတယ်။ နွေလယ်နေတို့ လက်စုပ်ပုံက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကပင် ထင်ရှားပါတယ်။အဲ့တုန်းက လမ်းဘေးအရက်ဆိုင်ကလေးတွေမှာ ထိုင်တိုင်း
လက်ဖက်တပွဲဆိုပြီး မှာလိုက်ရင် ဘုရားဆွမ်းတော်ကပ်တဲ့ ပန်းကန်လောက် ပန်းကန်အသေးစားလေးနဲ့ တန်ဖိုးနည်းလက်ဖက်ဆီစိမ်တပွဲချပေးပါလိမ့်မယ်။ သဘောကောင်းတဲ့ အမြည်းဆိုင်ဆိုရင် ပန်းကန်ဘေးမှာ မြေပဲကြော်လေး ဆယ်လုံး ဆယ့်ငါးလုံးလောက်စီထည့်ထားပေးပါလိမ့်မယ်။ ထားပါတော့ ..
ကြော်ငြာဝင်တာများသွားတယ်။ အဲဒါမျိုးကို
နွေလယ်နေရှေ့ရောက်လာလို့ကတော့ ပန်းကန်လေးကို စားပွဲပုကလေးပေါ်ကသူ့ရှေ့နားတည့်တည့်ရောက်လာအောင် ချိန်သားကိုက်ရွှေ့ယူပါလိမ့်မယ်။ ပြီးရင် မြေပဲတလုံးတလေ ကောက်မြည်းရင်မြည်းပါလိမ့်မယ်၊ အဲ ပြီးရင်တော့ လက်ဖက်ဆီစိမ်ကလေးကိုသူ့ရည်းစားလိုတယုတယ လက်ညိုးလေးနဲ့ တို့တို့ပြီး သူးပါးစပ်ပေါက်ချွန်ချွန်ကလေးနဲ့ ပြွတ်ခနဲ စုပ်ပါလိမ့်မယ်။ ဒါလောက်ပဲလားတဲ့ .မဟုတ်သေးပါ တခါတခါ မှာ လက်ညှိုးကိုအနားပေးပြီး လက်သန်းကလေးနဲ့ပြောင်းတို့ပြီး ရက်းသားကလေးငယ်လေး ဘိုချိုစို့သလို စို့ရှာပါတယ်။ ရှင်လူ ဒီအကြောင်းရေးပြနေတာ ခင်ဗျားတို့ကို ဖုန်းဘီလ်အကုန်ခံ၊အချိန်ကုန်ခံပြီး အလကားရေးပြနေတာမဟုတ်ပါ။ရှင်လူတို့နိုင်ငံမှာ ရသစာပေပိတ်သတ်အားနည်းနေတာ လူတိုင်းအသိပါ။ လူတွေခမျာ တနေ့တနေ့ စားဝတ်နေရေးဒုက္ခတွေနဲ့နပမ်းလုံးနေရတာတကြောင်း ရန်သူမျိုးငါးပါးဘေးကလည်းမကြာခဏကြုံကြရတာတကြောင်းစတဲ့အကြောင်းများကြောင့် ရသစာပေဘက်ကိုသိတ်မလှည့်နိုင်ကြတော့ပါ။ဒါကြောင့်ရှင်လူကစေတနာရှေ့ထားပြီး ရသခံစားမှုများပျောက်ဆုံးမသွားရအောင် ဒီ ✌ လက်စုပ်ခြင်းအနုပညာ✌ ကိုတင်ဆက်ပေးလိုက်ရပါတယ်။
အားလုံးဝေမျှခံစားနိုင်ကြပါစေ...
ဗိုလ်စုပ်မူးကြီး ရှင်လူ
6:68PM
Thu,4 Aug 2016
Friday, July 3, 2020
ကဗျာ
အချစ်ကဗျာ
🍃🍃🚶🍃
ညိုမြသွေး
ဖြတ်သွားဖြတ်လာလုပ်မိတိုင်း
သမင်လည်ပြန်ငေးခဲ့ရတဲ့
စာသင်ကျောင်းကလေးကို
ကျနော်က သံယောဇဥ်လို့ ခေါ်ပါတယ်။
ထိုင်ခဲ့ဖူးတဲ့ စားပွဲခုံကလေး
နဲ့ ကြိုးထုံးထားတဲ့ လွယ်အိတ်ကလေး၊ သနပ်ခါးအဖွေးသားနဲ့မိတင်လှကိုရော၊နှပ်ချေးတွဲလောင်းနဲ့ ဂျပုခင်မောင်ကြွယ်၊အတန်းပိုင်ဆရာမ ဒေါ်လှသိန်း 
နဲ့ ကျောင်းတက်ခေါင်းလောင်းထိုးတဲ့ သံချောင်းကြီးပါမကျန်
ကျနော်က သံယောဇဥ်လို့ခေါ်ပါတယ်
နောက်တော့ ကိုယ်လုံးကိုယ်ဖန်
တောင့်တောင့်နဲ့ ခေါင်းမော့ ရင်ကော့လျှောက်တတ်တဲ့မမကို သံယောဇဥ်ခေါ်မိပြန်တယ်။ 
လက်ဖက်ရည်ခွက်ကလေးတွေကိုယ်စီနဲ့ စီးကရက်ဖွာရင်း
ငြင်းကြခုန်ကြ၊ ပုလင်းတလုံးကိုဝိုင်းထိုင်ရင်း သီချင်းတွေဆိုခဲ့ကြတဲ့ နုနုငယ်ငယ်ဘဝတွေကနေ ရင့်ရင့်ထော်ထော်တွေဖြစ်လာကြတဲ့ သံယောဇဥ်တွေလည်း ကျနော့မှာ ရှိခဲ့ပါတယ်။
အဲဒီ..သံယောဇဥ်တွေကို ဗုဒ္ဓက
ဒုက္ခလို့ခေါ်ပြီး တချို့တလေက ဝတ္တရားလို့ ခေါ်ပါတယ်၊
အင်းလေ ဘယ်သူတွေက
သမုဒယခေါ်ခေါ် ဒုက္ခခေါ်ခေါ် 
ဝတ္တရားလို့ခေါ်ခေါ်...
ကျနော်ကတော့
အချစ်လို့ခေါ်ပါတယ်...
ညိုမြသွေး
poem#observation#shinlhu
အခ်စ္ကဗ်ာ
🍃🍃🚶🍃
ညိဳျမေသြး
စာသင်ကျောင်းကလေးကို
အင်းလေ ဘယ်သူတွေက
ဝတ္တရားလို့ခေါ်ခေါ်...
ကျနော်ကတော့
အချစ်လို့ခေါ်ပါတယ်...
ညိုမြသွေး
ကဗျာ
ငါက တစ္ဆေတကောင်ပါ
🍃🍃🚶🍃🍃🍃🍃🍃
ညိုမြသွေး
ပိတောက်ပန်းခြောက်တွေ
လေနဲ့လွင့်ပါးခဲ့ကြ..
ပိတောက်ပင်ကြီးကတော့
သူ့အမြစ်နဲ့သူ ကြံ့ကြံ့ခံတယ်
အိပ်မက်ဆိုးက
နိုးထသူတွေကို သနား
နိုးထပြီးမှ အိပ်မက်မက်နေသူတွေကို ရွံရှာ
ဆယ်စုနှစ်သုံးလေးခုစာ 
တကတ်ထဲရိုက်ပြခဲ့တဲ့ အပြောင်းအလဲတွေထဲ
မပြောင်းမလဲ ကျန်နေသေးတဲ့ရင်ခုန်သံ အဟောင်းကြီးဟာ
ဝမ်းနည်းရမှာလား
ဝမ်းသာရမှာလား
အထီးကျန်လွန်းရဲ့...
ညိုမြသွေး
poem#observation #shinlhu
ကဗျာ
အောက်တိုဘာ (၁၈) ညဦး
🍃🍃🍃🍃🍃🍃🍃🍃🍃
မုန်တိုင်းနောက်က
ကိုယ်ယောင်ဖျောက် ရင်း
ခိုးချောင်ခိုးဝှက် အေးသက်ညှင်းညှင်း
မင်းဝင်လာတာ♪
ငါသိပါတယ်  မြောက်ပြန်လေ♬ ♬ 
တိမ်စင်နက်ပြာ အာကာပြိုးပြက်
မလင်းတချက် လင်းတချက်နဲ့
စိန်စက်ကြယ်စင် ခရီးနှင်သလို
ငါ့ကိုလှည်းစား မင်းဝင်သွားပေါ့
မလေးရှားပိတောက်ကိုင်း
ဆိုင်းဆိုင်းတွေကြား ပုန်းကစားရင်း
မင်းပျော်နေလား ပိုးစုန်းငယ်...
ညိုမြသွေး
​poem#observation#shinlhu
ကဗျာ
ဆောင်းခိုငှက်​တ​ကောင်​ရဲ့ဆင်​ဖနီ
♪ ♬ ♪ ♬ ♪ ♬ ♬ ♪ ♪ ♬ ♪
​ဆောင်းရေ♪ ♬
ပြက္ခဒိန်​​ တွေPhoto slide ဆွဲသလို
သက္ကရာဇ်​​တွေလည်းဇရာ​ထောင်းပေါ့ကွယ်
နှင််းတွေက ​ဝေ​​နေတာလား ​ကြွေတာလား
မြက်​ဖျားခိုစီး နှင်းသီးပေါက်​ရဲ့ည​နေဟာ
ဆည်းဆာ​တောက်​​တောက်​အ​ဝေး​ပြေးလမ်းမကြီးပေါ်
အရှိန်​နဲ့ဖြတ်​သန်းနေကြတဲ့ ကား​တွေ​နောက်​က
အချက်​ပြမီး ရဲရဲ​လေး​တွေ လက်​ပြနှုတ်​ဆက်​မှုကို အသိမှတ်​ပြုရင်း
ကုန်းဆင်းကုန်းတက်​နဲ့ အ​ကွေ့အ​ကောက်​​တွေများတဲ့ခရီး
​ဝေးသလား နီးသလားမသိနိုင်​ခဲ့
သီချင်းတွေ ဆက်​ဆိုချင်​ပါ​သေးတယ်​​ဆောင်းရယ်​
သံစဉ်အက်​အက်​ ရင်​ကွဲထွက်​အန်​
ဖိတ်​လျှံ​သွေးစ နှင်းလွလွကြား
ပန်​ချီးကားတချပ်​ အပြီးသတ်​​တော့မလား
ဘဝ​ဖော်​နဲ့ ​ပျော်​ခဲ့တဲ့​ဆောင်း
​ဆောင်း  ဆောင်း ဆောင်း
ဆောင်းအဟောင်းတွေ
​ကြွေခဲ့ပြီလား ​ဝေးပြီလားကွယ်​
ရာသီနုသစ်​ ပြူတင်းလှစ်​ရင်း
နှင်းငွေ့​ဝေ​ဝေ ​မြောက်​ပြန်​​လေမှာ
​မျောပါတဲ့​ဆောင်း
သစ်​​တဲ့ ​ဆောင်းရေ
အ​ကြောင်း မသင့် အခွင့်မသာ
မကြိုပါက ငါ့ကိုပြစ်​တင်​
မငြိုငြင်​ပါနဲ့​တော့
သင်​နဲ့ ငါ ဟာ အခါလွန်သတင်းစာအ​​​ဟောင်းတရွက်ရဲ့
အထီးကျန်​​နေ့​တွေမှာ
တစိမ်းပြင်ပြင် တွေပ ကွယ်​...
ညိုမြ​သွေး
6:18 pm
Thu,19 Oct 2017
poem#observation#shinlhu
ကဗျာ
ဖြတ်လျှောက်ခဲ့တဲ့လမ်းကလေး
.🍃🍃🚶🍃🍃🍃🍃🍃
လူ့အဖြစ်ဟာ
အသေအချာတွက်ချက်ထားတဲ့
ပုစ္ဆာတခုမဟုတ်သလို
တခြားသူထုတ်ထားတဲ့
မေးခွန်းစာရွက်လည်း မဟုတ်ဘူး
ကိုယ်လျှောက်ခဲ့တဲ့ လမ်းကလေးမှာ
ကိုယ်တိုင် စိုက်ထူခဲ့တဲ့
လမ်းပြမြေပုံ ပဲဖြစ်တယ်...
ညိုမြသွေး
poem#observation #shinlhu
ကဗျာ
သေတမ်းစာ
☁☁️🌞☁ 
ငါထင်တာ မှားတယ်
ငါ့ခေါင်းဆောင်တွေ ကျောရိုးမဲ့
ငါထင်တာ မှားတယ်
ငါ့ရဲဘော် တချို့
တိုက်ပွဲကို ငှားရမ်းခဲ့
ငါထင်တာ မှားတယ်
ငါ့မိတ်ဆွေများ 
ဇာတ်ညွှန်းပြောင်းရိုက်ခဲ့
ငါက လုံးဝမှားတယ်
ဇာတ်ရုပ် မှားထွက်ခဲ့
ငါမှန်တာဆိုလို့
ဒီနေ့အထိ
ပညာမဲ့
ညိုမြသွေး
poem#observation #shinlhu
Monday, June 1, 2020
story
ကဗျာခံစားမှု အကြွေးဆပ်ခြင်း
🍃🍃🚶🍃🍃🍃🍃🍃
ညိုမြသွေး
၂၀၂၀ မတ်လ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ရှင်လူ(ညိုမြသွေး)အမည်နဲ့ ကဗျာဆရာ ကိုသန်းထွန်းရဲ့
"ဖိနပ်မပါတဲ့ အချစ်"ကဗျာစာအုပ်ကို "ဖိနပ်မပါတဲ့အချစ်နဲ့ဂျက်ပင်ထိုးခြင်း"ခေါင်းစဥ်နဲ့
ကဗျာခံစားမှု ဆောင်းပါးရေးခဲ့ပါတယ်။စာမူရေးစဥ်တုန်းက
အချိန်အကန့်အသတ်အရကော
မျက်စိတိမ်ကလည်မခွဲရသေးတာကြောင့်ပါ ကဗျာတွေကိုအကုန်ဖတ်ခဲ့ပေမယ့် မျက်စိလျှမ်းခဲ့တာ ဝန်ခံရမှာပါ။ ခုမှ ကဗျာစာအုပ်ကို ကောက်ကိုင်မိတော့ အကြိုက်ဆုံးကဗျာတပုဒ်ကိုသွားတွေ့ပါတယ်။ အမြီးအမောက်မတည့်တဲ့ နတ်ဘုရားတွေ ဆိုးဖစ်တွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ လူ့အဖွဲ့အစည်း မှာ နေလိုလလိုပညာရှင်တွေဟာ ဘုရားသခင်မသေခင် သေခဲ့ကြရတယ်ဆိုတဲ့ အတွေးက ဟောဒီကမ္ဘာကြီးမှာရင်နာစရာ ထိတ့်လန့်သည်းဖို ကမ္ဘာကြီးဖြစ်ကြောင်း
အတွေးပွားမိပြီး မိမိဝတ္တရား
အကြွေးဆပ်တဲ့အနေနဲ့ ဆရာကိုသန်းထွန်းရဲ့"မယုံကြည်ခြင်းအနုပညာ"ကိုပါ fbမှာတင်ပေးလိုက်ပါတယ်။
ညိုမြသွေး
24 March 2020
မယုံကြည်ခြင်းအနုပညာ
💻👿💻😖💻👿💻😖
ကိုသန်းထွန်း
ဘယ်အတ္ထုပ္ပတ္တိမှ
ကိုယ်တုံးလုံးချွတ်မပြဘူး
သူယုံကြည်ရာ ထိုးထိုးဟပ်တဲ့ ငါးတကောင်
သူ့ပါးစပ်နဲ့ ရှူတဲ့အသက်မှာ
သူ့"အမှတ်ရချက်များ"ဟာ
ဆတ်ဆတ်ခါလို့
"တီကောင်လေးတကောင်မှ ဖြစ်ဖြစ်မြောက်မြောက် မဖန်ဆင်းနိုင်ကြ 
နတ်ဘုရားတွေသာ ဘုံးဗောလအော ဖန်ဆင်းကြ"
"ဆိုးဖစ်"တွေနဲ့ နတ်ဘုရားတွေသာ လုံးလားထွေးလားခေတ်ထဲ
ပလေးတိုး တယောက်ပဲ။
"ဒုတိယတန်းစားတွေအတွက် ကိုးကွယ်ယုံကြည်မှုဟာ
လိုအပ်တယ်"တဲ့
ယုံကြည်မှုဟာ အရက်လိုပဲ
မီးတောက်တိုင်း ကောင်းမှတ်ရော့လား
ဘုရားသခင် သေတာကြာပြီ
ပလေတိုးသေတာ ဘုရားသခင်ထက်တောင် စောမှတ်တယ်
ဧသင်ဒီမိုကရေစီနိုင်ငံတော်ကို
စပါတာတွေ ဝင်မစီးခင်ကတည်းက
သူ့ဆရာ ဆိုကရေးတီး
အဆိပ်ခွက်ကို လှမ်းမယူလိုက်ခင်ကတည်းက
"ဟိတ်..မြည်းလိုကောင်
ငါ့စက်ဝိုင်းတွေပေါ်က ဖယ်လိုက်စမ်း"
သင်္ချာကိုမသိ ပညာကိုမသိ
"အာခီမီဒီ"ကိုမသိတဲ့ ရောမစစ်သားတယောက်ရဲ့ဓားချက်မှာ
ပညာရှင်တယောက် ကျဆုံးမသွားခင် တစက္ကန့်အလိုက...။
ကိုသန်းထွန်း
Sunday, May 31, 2020
ကဗျာ
အချစ်ကဗျာ
🍃🍃🚶🍃
ညိုမြသွေး
ဖြတ်သွားဖြတ်လာလုပ်မိတိုင်း
သမင်လည်ပြန်ငေးခဲ့ရတဲ့
စာသင်ကျောင်းကလေးကို
ကျနော်က သံယောဇဥ်လို့ ခေါ်ပါတယ်။
ထိုင်ခဲ့ဖူးတဲ့ စားပွဲခုံကလေးနဲ့
ကြိုးထုံးထားတဲ့ လွယ်အိတ်ကလေး၊ သနပ်ခါးအဖွေးသားနဲ့မိတင်လှကိုရော၊နှပ်ချေးတွဲလောင်းနဲ့ ဂျပုခင်မောင်ကြွယ်၊အတန်းပိုင်ဆရာမ ဒေါ်လှသိန်းနဲ့
ကျောင်းတက်ခေါင်းလောင်းထိုးတဲ့ သံချောင်းကြီးပါမကျန်
ကျနော်က သံယောဇဥ်လို့ခေါ်ပါတယ်
နောက်တော့ ကိုယ်လုံးကိုယ်ဖန်
တောင့်တောင့်နဲ့ ခေါင်းမော့ ရင်ကော့လျှောက်တတ်တဲ့မမကို သံယောဇဥ်ခေါ်မိပြန်တယ်။ 
လက်ဖက်ရည်ခွက်ကလေးတွေကိုယ်စီနဲ့ စီးကရက်ဖွာရင်း
ငြင်းကြခုန်ကြ၊ ပုလင်းတလုံးကိုဝိုင်းထိုင်ရင်း သီချင်းတွေဆိုခဲ့ကြတဲ့ 
နုနုငယ်ငယ်ဘဝတွေကနေ ရင့်ရင့်ထော်ထော်တွေဖြစ်လာကြတဲ့ သံယောဇဥ်တွေလည်း ကျနော့မှာ ရှိခဲ့ပါတယ်။
အဲဒီ..သံယောဇဥ်တွေကို ဗုဒ္ဓက
ဒုက္ခလို့ခေါ်ပြီး တချို့တလေက ဝတ္တရားလို့ ခေါ်ပါတယ်၊
အင်းလေ ဘယ်သူတွေက
သမုဒယခေါ်ခေါ် ဒုက္ခခေါ်ခေါ် 
ဝတ္တရားလို့ခေါ်ခေါ်...
ကျနော်ကတော့
အချစ်လို့ခေါ်ပါတယ်...
ညိုမြသွေး
poem#observation#shinlhu
ကဗျာ
စျေးကွက်
💻👿💻😖
💻👿💻😖
သမိုင်းကို နောက်ပြန်လှည့်တာ
သူရဲဘောကြောင်တာပဲ..တဲ့..
စျေးထဲမှာ
ရွေးစရာ ဖရဲသီးက တလုံးထဲရှိတာမို့
ဒီတလုံးကို ရွေးခဲ့တာပဲ...တဲ့
ပယ်ရယ်စထရိုအိကာထဲမှာ
ဂိုဘာချော့ က အဲ့လိုပြောခဲ့တယ်...
ကြည့်မယ်...
ငါတို့ရွေးစရာ
ဖရဲသီး ဘယ်နှစ်လုံးရှိမလဲ..
ညိုမြသွေး
poem#observation #shinlhu
Saturday, May 30, 2020
ကဗျာ
ငါက တစ္ဆေတကောင်ပါ
🍃🍃🚶🍃🍃🍃🍃🍃
ညိုမြသွေး
ပိတောက်ပန်းခြောက်တွေ
လေနဲ့လွင့်ပါးခဲ့ကြ..
ပိတောက်ပင်ကြီးကတော့
သူ့အမြစ်နဲ့သူ ကြံ့ကြံ့ခံတယ်
အိပ်မက်ဆိုးက
နိုးထသူတွေကို သနား
နိုးထပြီးမှ အိပ်မက်မက်နေသူတွေကို ရွံရှာ
ဆယ်စုနှစ်သုံးလေးခုစာ 
တကတ်ထဲရိုက်ပြခဲ့တဲ့ အပြောင်းအလဲတွေထဲ
မပြောင်းမလဲ ကျန်နေသေးတဲ့ရင်ခုန်သံ အဟောင်းကြီးဟာ
ဝမ်းနည်းရမှာလား
ဝမ်းသာရမှာလား
အထီးကျန်လွန်းရဲ့...
ညိုမြသွေး
poem#observation #shinlhu
Sunday, May 24, 2020
story
Respect (သို့မဟုတ်)ဂါရဝေါစ
နိဝါတောစ
🍃🍃🚶🍃🍃🍃🍃🍃
ခုလော ခေါင်းထဲမှာ Respect ဆိုတဲ့ ဝေါဟာရလေးတခုကို မကြာမကြာ တွေးမိနေသည်။
အင်္ဂလိပ်မြန်မာ အဘိဓာန်တွေထဲ ရိုက်ရှာတော့လည်း Cambridge English Dictionaryတို့
Merriam -Webster တို့ကအစ
လေးစားမှု ရိုသေမှု သဘောအဓိပ္ပါယ်မျိုးဖွင့်ဆိုကြ၏။
မိမိတို့ နိုင်ငံမှာ ထင်ရှားပြီးလူသိများတဲ့မင်္ဂလသုတ် ထဲမှာ
ဂါရဝေါစ နိဝါတောစ သန္တုဌိစ
ကတညုတာ ကာလေန ဓမ္မဿဝနံ ဧတံမင်္ဂလမုတ္တမံ ဆိုတဲ့အပိုဒ်က
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ။မာနတံခွန်ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နှိမ့်ချအမြဲနေ။လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ လို့ဆိုထားလေတော့ Dictionary
တွေကပေးတဲ့အနက်အတိုင်းပဲ
အသက် ဂုဏ်ဝါ ကိုယ့်ထက်ကြီးသူများအပေါ် လေးစားရိုသေ ဂါရဝပြုထိုက်တဲ့သဘောသာ အထင်းအရှားတွေ့ကြရသည်။ဒါကြောင့်
ဒီနေရာမှာ စာတွေ့နဲ့ ငါတွေ့
ခြားနားပုံလေးကို ပြောပြလိုသည်။အမှန်တော့ ဂါရဝေါစ နိဝါတောစ ၏မူရင်းအနက်အဓိပ္ပါယ်သည် မူရင်းမင်္ဂလသုတ်ကိုဟောတော်မူခဲ့သည့် ဘုရားရှင်သာသက်တော်ထင်ရှားရှိသေးလျှင် ဆင့်ပွားမေးလျှောက်စရာတွေ အနန္တလို့ ဆိုနိုင်ပါသည်။
မိမိတို့ငယ်စဥ်တောင်ကျေး ကလေးဘဝက တောရွာမှာနေခဲ့ဖူးသည်။တောရွာဆိုတဲ့အတိုင်း ရွာမှထွက်လျှင်တော၊တောမှထွက်လျှင်ရွာ ၊တောနှင့်ရွာကတစပ်တည်းဖြစ်ခဲ့သည်။မိမိတို့ကလေးတသိုက် ရွာပြင်ထွက် ထင်းခုတ်၊မျှစ်ချိုး၊အင်ဥကောက်စတဲ့ တောအလုပ်မျိုးတွေလည်း အသက်အရွယ်အလိုက် ကူလုပ်ခဲ့ကြရသည်။
မိမိတို့ တောတိုးတဲ့အခါတိုင်းလိုလို ဘိုးဘွားမိဘတွေက အထူးတလည် မှာကြားတတ်သည်မှာ "သစ်ကိုင်း သစ်ခက်တွေကို အကြောင်းမဲ့မချိုးရဘူး၊ ရုက္ခစိုးနတ် ကိုင်တတ်တယ်"ဟူ၍ဖြစ်ပါသည်။မိမိတို့မှာ ကလေးသဘာဝအရ
သစ်ရွက်သစ်ကိုင်းတွေိကို ဆော့ကစားရင်း တခါတရံ အမှုမဲ့အမှတ်မဲ့ ချိုးဖဲ့မိတတ်ကြသော်လည်း သတိရသူက
"သစ်ရွက်တွေကို မခူးကောင်းဘူး၊ရုက္ခစိုးကိုင်လိမ့်မယ်"ဟုသတိပေးလျှင် လက်တွန့်သွားတတ်စမြဲ။ယ္ခု အိုကြီးအိုမ အရွယ်ရောက်မှ ဒီအကြောင်းတွေပြန်တွေးမိတိုင်း ဘိုးဘွားမိဘတွေရဲ့ ဆုံးမစကားအကြောင်းကိုပြန်တွေးမိသည်။ရုက္ခစိုးနတ်ကိုင်မကိုင်တော့မသိ၊ သေခြာတာက တော့ သစ်ပင်သစ်တောဟူသည်
ဂါရဝနိဝါတတရားထားအပ်၊ရိုသေစောင့်ရှောက်အပ်သောအရာအဖြစ်နားလည်လာသည်။မိမိတို့ အဘိုးအရွယ် အဘအရွယ် ကွယ်လွန်သူစာရေးဆရာ၊ကဗျာဆရာကြီးဆရာဇော်ဂျီရဲ့ ကဗျာလေးတပုဒ်ကိုသတိရမိသည်။
သစ်ပင်ကို တော်တော်ခုတ်ကြပါ
တောပြုတ်လိမ့်နောက်နောင်
တောခုတ်လို့တောပြောင်လျှင်
မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့ရေမကြွယ် 
သဲပင်လယ်ဖြစ်လိမ့်မလွဲ...။
ဆရာဇော်ဂျီ၏ကဗျာလေးမှာသတိပေးထားသည့်တိုင်း
တောခုတ်လို့တောပြောင်လျှင်
မိုးခေါင်တော့မှာပဲ။
 မိုးခေါင်လို့ရေမကြွယ် သဲပင်လယ်ဖြစ်လိမ့်မလွဲ...။
ဆိုတဲ့အပိုဒ်လေးသည် ဘိုးဘွားများပြောပြခဲ့သည့် ရုက္ခစိုးနတ် ကိုင်လိမ့်မယ်ဆိုတဲ့အပိုဒ်နဲ့တဆက်တစပ်ထဲတွေးရမလိုဖြစ်နေ​ ချေပြီ။
သစ်ပင် သစ်တောများ၊ ချောင်း၊ မြစ်၊ ပင်လယ်သမုဒ္ဒရာများ၊ တိရိစ္ဆာန် များ (ကုန်း၊ ရေ၊ လေ)၊ မြေအောက်သယံဇာတများ အကျုံးဝင်သည်။ ထင်းအတွက်ဖြစ်စေ၊ နေအိမ် အဆောက်အအုံနှင့် အသုံးအဆောင်ပရိဘောဂအတွက် ဖြစ်စေ သစ်ပင်များခုတ်ယူကြရ၏။ လူဦးရေတိုးလာသည်နှင့်အမျှ သစ်ပင်များ လျော့နည်းပြုန်းတီးလျက်ရှိ၏။  တောင်ယာခုတ်မီးရှို့မှု၊ တောမီးလောင်မှုများကြောင့်လည်း တောပြုန်းရုံသာမက လေထုညစ်ညမ်းမှုပါ ဖြစ်စေသည်။ ဖမ်းဆီးသတ်ဖြတ်စားသောက်ကြသဖြင့် တိရိစ္ဆာန် အရေအတွက် (မွေးမြူရေးမပါ)လည်း လျော့နည်းလာ၏။ အချို့တိရိစ္ဆာန်များ မျိုးစိတ်ပျောက်ကွယ်လု မတတ်အခြေအနေရှိသည်။ ထုတ်ယူသုံးစွဲမှုများသဖြင့် မြေအောက်သယံဇာတများ လျော့နည်းလာသည်။ ''အိမ်လာ ယာဆုတ်''ဆိုသလို မြို့ပြတိုးချဲ့မှုကြောင့် လည်းကောင်း၊ လမ်းဖောက်၊ စက်ရုံဆောက်သဖြင့် လည်းကောင်း လယ်ယာစိုက်ပျိုးရေးမြေများ လျော့ပါးသွား၏။
စီးပွားရေးဖွံ့ဖြိုးအောင် စက်ရုံတွေဆောက်လေ မော်တော်ကားတွေ၊ ရထားတွေတိုးလာလေ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့များကြောင့်  လေထုညစ်ညမ်းစေသည်။ စက်ရုံစွန့်ပစ္စည်းရေဆိုးများ စီးဝင်သဖြင့် ရေထုညစ်ညမ်းမှုဖြစ်စေပြန်၏။
ကာဗွန်ဒိုင်အောက်ဆိုက်စသော ဓာတ်ငွေ့များကြောင့် ဖန်လုံအိမ်အာနိသင်ဖြစ်ပေါ်စေပြီး ကမ္ဘာကြီးပူနွေးစေသည်။ သစ်တောများ ပြုန်းတီးမှု၊ အိုဇုန်းလွှာပေါက်သဖြင့် နေမှ ကမ္ဘာမြေသို့ ခရမ်းလွန်ရောင်ခြည်များ တိုက်ရိုက်ကျရောက်မှုတို့ကလည်း ကမ္ဘာကြီးပူနွေးလာမှုကို မီးလောင်ရာလေပင့်သလို ဖြစ်စေ၏။ ဝင်ရိုးစွန်း အအေးပိုင်းဒေသ ရေခဲပြင်ကြီးများ အရည်ပျော်ပြီး ပင်လယ်ရေမြင့်တက်သည်။ ရာသီဥတုဖောက်ပြန်လျက်ရှိ၏။
သစ်တောပြုန်းတီးမှုဆိုလျှင် အလွန်သိသာသည်။ ရန်ကုန်-မန္တလေး ရထားစီးစီး၊ ကားစီးစီး အမြဲစိမ်းလန်း နေသည့်  ရိုးမတောင်တန်းတစ်လျှောက် သွေ့ခြောက် တောင်ကတုံးဘဝ ရောက်နေပြီ။ ကချင်ပြည်နယ်နှင့်ရှမ်း ပြည်နယ်(မြောက်ပိုင်း) နယ်စပ်တစ်လျှောက် ဥပဒေချိုးဖောက် သစ်ခိုးထုတ်မှုမျိုးကို ထိရောက်စွာ အရေးယူမှု အားနည်းသည်။ သစ်တစ်ပင်ခုတ် အချုပ်သုံးလ စာတန်းများ ချိတ်ထားသော်လည်း တစ်တောလုံးပြုတ်အောင်ခုတ်သူများ သူဌေးဖြစ်နေကြပြီ။ ဆန်ခိုးမမိ ဖွဲခိုးမိကိန်း ဆိုက်နေပြီ။
မိမိတို့ ငယ်စဥ်ကသစ်ရွက်သစ်ကိုင်းလေးတွေကအစ ဂါရဝနိဝါတပြုခဲ့ကြပေမယ့် တဏှာ မာန ဒိဌိတရားတွေနဲ့ အဂါရဝပြုသူတွေကြောင့် ကမ္ဘာကြီးတခုလုံး
အကျည်းတန်အရုပ်ဆိုး ပြီး
သဘာဝဘေးအန္တရာယ်တွေမကြာခဏကျရောက်နေခဲ့လေပြီ။
မြတ်စွာဘုရားရှင်သာရှိသေးလျှင် မင်္ဂလသုတ်ထဲက ဂါရဝေါစ နိဝါတောစအပိုဒ်ကိုထပ်မံအကျယ့်ချဲ့ရှင်းပြပေးပါရန် အသနားခံ လျှောက်ထားမေးမြန်းလိုပါသေးသည်။
story#observation #shinlhu
Wednesday, May 20, 2020
ကဗျာ
"ဖြတ်လျှောက်ခဲ့တဲ့လမ်းကလေး"
နွေဦးက သူ့နုတ်စ်တွေချရေးနေချိန်
ငါက သီးပင် စားပင်တွေ ရေလောင်း
အဲဒီပေါင်းတွေ ဘယ်သူသင်မလဲ
ပိုးသတ်ဆေး ဘယ်သူဖြန်းမလဲ
အဲ့လို..
ဘဝင်မြင့်တဲ့ မေးခွန်းတွေ
သောက်ရူးတိုင်း မေးနေကျ
ညိုမြသွေး
poem#observation #shinlhu
story
နုထွားကြီးမဟုတ်
ဒီအရွယ် ဟာ ပြုတ်မနူးကြီးကွ
💻👿💻😖💻👿💻😖
ရှင်လူ​ကြီးတို့မှာ အိမ်ပိုင်နဲ့နေခဲ့တုန်းကနှစ်ထပ် အိမ်ကလေး အောက်ထပ် နှစ်ခန်းကို အိမ်ငှားတင်ထားခဲ့တယ်။ အပေါ်ထပ်ကတော့ မိမိရော အဖိုးအဖွားနဲ့ ဦးလေးမိသားစုပါ တလှေကြီးစုပေါင်းနေခဲ့ကြတယ်။
ဦးလေးမိသားစုမှာ ဦးလေးမိန်းမက အနေအထိုင်ပက်စက်တယ်။ ဒါကြောင့်  ရှင်လူနဲ့မတည့် ၊မကြာခဏစကားများရတယ်။ နေတော့ အိမ်အပေါ်ထပ် မှာနေပြီး သူ့သားသမီးတွေချေးသေး အစ
အချိန်မီ သုတ်သင်ဆေးကြောတာမျိုး မလုပ်တော့ အောက်ထပ်က အိမ်ငှားတွေခမျာ စိတ်ဆင်းရဲရတယ်။  ဦးလေးမိန်းမကတော့ "အိမ်ငှားပဲ၊ မနေချင်ပြောင်းပေါ့၊ငကန်းသေ ငစွေ
ပေါ်လိမ့်မယ်"ဆိုတဲ့ မျက်နှာပေးနဲ့ ခပ်တင်းတင်းပဲ။ ရှင်လူ က သာ လူ့ကျင့်ဝတ်အရ မျက်နှာပူပြီး ကြားက တောင်းပန်တန် တောင်းပန်၊ကိုယ်တိုင် ဝင်ပြီး သန့်ရှင်းရေးလုပ်လိုလုပ်ပေးပေါ့။
အခု ရှင်လူကြီး အိမ်ငှားဘဝ
နှစ်ပေါင်း ၄၀ ကျော်မှာ အောက်ထပ်ခန်း အတွေ့အကြုံ
ဇာတ်လမ်းစုံတွေ အများကြီးရခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင်က အပေါ်ထပ်နေသွားတဲ့ ကားဒရိုင်ဘာတယောက်ဆိုရင် မူးပြီး သေးပါပေါက်ချပေါ့။ တခါ နှစ်ခါ သုံးခါ ထိ
ဇနီးသည်က ဒေါသဖြစ်ပြီး
ရန်လုပ်မယ်ကြံ တိုင်း ရှင်လူက
ဇနီးသည်ကို ဖြောင့်ဖြရတယ်။
အရက်သမားကဒီလိုပဲ၊အရက်သောက်တာကြာလာရင် သူတို့အာရုံကြောတွေ ထိန်းမနိုင်တော့ဘူး...ဘညာ..နဲ့ ဖြောင့်ဖြ
ခဲ့ရပေါ့။ နောက်တော့ သိလာရတာက အဲ့ဒီ အရက်သမားဟာ
သူ့ ဘော်ဒါ တယောက် အိမ်ခန်း လိုချင်နေခိုက် သူနဲ့အပေါ်ထပ်အောက်ထပ် နီးနီးကပ်ကပ် နေနိုင်အောင် ရှင်လူ့ အပေါ် ယုတ်မာတာ၊ ပြောင်းပြေးအောင်လုပ်တာမှန်းသိလာ တယ်။ ဒီတော့ တနေ့...သူအပေါ်ထပ်လှေခါးပေါ်က
"လူတွေနဲ့... ဝေးဝေး...ဝေးတဲ့နယ်မြေ"ဆိုလားသီချင်းဆိုရင်း
ဆင်းလာတာနဲ့ ရှင်လူလည်း
စိတ်တိုပြီး ခွေးခြေနဲ့ကောက်ရိုက်လိုက်တယ်။
နောက် အဖွားကြီးတယောက်ကျတော့ ထမင်းအိုးဝေတာ
နောက်ဖေးခန်းမှာ နေ့တိုင်း
ထမင်းရည်ပူကျတယ်။ပြောလည်း ကြောင်ရိုက်မနာ ဆိုသလို နောက်နေ့ကျမြဲ။
တခါတခါ စဥ်းစားမိတာကတော့ တချို့ လူတွေ ဦးနှောက်ထဲ အိုင်အိုဒင်း ချို့တဲ့ပုံ
ရတယ်။ အောက်ထပ်မှာလည်း
ကိုယ့်လို လူတွေနေနေတယ်ဆိုတဲ့ အသိမျိုး ချို့တဲ့လွန်းတယ်။
အပေါ်ထပ်က ရေသွန်ရင် ပက်ခနဲသွန်တယ်။အောက်ကလူ ခေါင်းပေါ်ကျ၊ အပြင်သွားဖို့ ဝတ်ထားတဲ့ အဝတ်တွေစိုကုန်ပြီးမှ "ကန်တော့နော်၊
လူရှိမှန်းမသိလို့"ဆိုတာ။
တခါတခါ ကြမ်းကြားကဖိတ်လာတဲ့ရေက အောက်မှာလှမ်းထားတဲ့ တီရှပ် ဖွေးဖွေးလေးပေါ်ကျတော့ ကြမ်းကြားက
ချေးနဲ့ ကော်ဖီရောင်တွေစွန်းကုန်တယ်။အစွန်းကတော်တော်နဲ့ မကျွတ်တော့ဘူး။ အမြတ်တနိုးထားတဲ့ တီရှပ်အဖြူလေး ဝတ်မရတော့ဘူး။ဝတ်လိုက်ရင် သွေးတစိုစို ပြီတစိုစိုစွန်းနေတဲ့အတိုင်း။
သူ့မှာ နားတွေ မျက်စိတွေ အစုံရှိနေတာပဲ..လူလူချင်း လေးစားတန်ဖိုးထားရင် သိကိုသိရမယ်။
ခုပြောတဲ့ သေးအိုးမှောက်တာမျိုး ဆိုရင် အောက်ကစိုသွားတဲ့ အဝတ်စား အိပ်ယာ ဘာညာကို ပြန်လျှော်ပေးပြီး တောင်းပန်ရမယ်။နောက်ထပ်မဖြစ်အောင်လည်းသတိထားရမယ်။အခု ရှင်လူတို့အနားမှာ
ကိုရီးယား ကဆောက်နေတဲ့ 
Inno City ဆိုတဲ့ မိုးမျှော်လူမှု
အသိုက်အဝန်းတခု တည်ဆောက်နေတယ်။အဲ့မှာသာ သူတို့ကို အပေါ်ဆုံးထပ်
ဝယ်ပေးလိုက်ရင် ဘယ်လိုနေမလဲ။ တိုက်အထပ်မြင့်ဖို့ထက်
စိတ်အထပ်မြင့်ဖို့က ပိုအရေးကြီးတယ်။ လည်ပင်းကဆွဲကြိုးကြီးအချိန်စီးဖို့ထက်
ခေါင်းထဲကဦးနှောက်အချိန်စီးဖို့ကပိုအရေးကြီးတယ်။
အိမ်သာ ခေါင်မိုး သွပ်ပြားပေါ်
ခိုစာပက်ကြွေးတော့ အထဲကအီးပါတဲ့လူက လန့်ပြီး ထွက်ပြီးသားအီးတုံးပြန်ဝင်သွားတယ်။အိမ်သာအမိုးပေါ် ခိုတွေက တဝုန်းဝုန်း အစာကောက်တော့ သွပ်ပြားအဆွေးတွေကပေါက်ကုန်တယ်။မိုးဦးကျလို့ အိမ်ရှင်က ပြင်မမိုးပေးနိုင်ရင်
အီးပါရင်းရေပါချိုးနေရမှာ။
နိုင်ငံတော်အစိုးရက ပညာရေး
မှာ Sex Education အကြောင်း
ပြောတာကြားတော့ ရှင်လူက
လူတွေ စိတ်နဲ့ကိုယ်နဲ့ကပ်အောင် Body+Mind Education. ကို အကြံပြုချင်တယ်။တချို့ 
ကွန်ကရစ်လမ်းပေါ် ဗြစ်ခနဲ
ကွမ်းသွေးထွေးချတယ်။အထူးသဖြင့် ဆိုက္ကား သမားနဲ့ ကားသမားတွေ လုပ်တတ်တယ်။
ကိုယ်အမှီပြု လုပ်ကိုင်စားနေတဲ့ လမ်းကိုတောင် လေးစားရကောင်းမှန်းမသိ။ဒီလူတွေအထင်သေးလို့တော့မရ။ဆိုက္ကား သမား တက္ကစီသမားတွေထဲမှာ ဘွဲ့ရ ပညာတတ် မဟာဝိဇ္ဇာတွေတောင်ပါတယ်။
ပညာမတတ်လို့မဟုတ်။သူတို့ကိုသင်ပေးလိုက်တဲ့ ပညာထဲမှာ စိတ်နဲ့ကိုယ် အညမညပစ္စယော ဘာသာရပ်မပါခဲ့ကြလို့ပါ။
အဲ...အမှန်ကို အမှန်အတိုင်း
ထူးထူးဆန်းဆန်း ကိစ္စတခုအနေနဲ့ပြောရရင်တော့
မသန်းစီနဲ့ နောက်တမိသားစုနှစ်စုရှိခဲ့တယ်။အဲ့မိသားစုကတော့ ပြောင်းသွားတာကြာလို့ နာမည်တောင် မမှတ်မိတော့ဘူး။ သူတို့ကတော့ ရေကျဖို့နေနေသာသာ ခြေသံတောင်မကြားရပါဘူးဗျာ။
ရှငိလူက ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ အပြစ်မပြောဘူးနော်။ 
ပညာရေးရဲ့ အားနည်းချက်ကို ထောက်ပြနေတာ။
ဦးရှင်ကြီးထိပ်ခေါက်ပြီမှ ကွမ်းဆေး လက်ဖက်နဲ့ ကန်တော့ ကန်တော့ ဆိုရင် ရချင်ရမယ်။ရှင်လူကြီးကတော့
 ဝါဝင်ဝါထွက် ကန်တော့ဆွမ်းစားတဲ့ နတ်မျိုးမဟုတ်တဲ့ လခစား လုံခြုံရေးနတ်မို့ 
နည်းနည်း အခက်အခဲရှိနိုင်တယ်။ အဲ..တခုတော့ရှိတယ် 
ကိုယ့်အမှားကိုယ်သိကြမယ်ဆိုရင်တော့ ကျေနပ်တယ်။
ဒီရုပ် ဒီနာမ်တွေကို အပ္ပမါဒဆိုတဲ့ တရားနဲ့ မမေ့မလျှော့စောင့်ကြည့်နိုင်ရင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမှာနော်....
(အရင်က ရေးမယ်လုပ်ပြီးမှ
မရေးဘဲ နေခဲ့တာ၊ခုတော့ ရေးသင့်ပြီထင်လို့ ရေးတာပါ၊တဖက်သားတွေနစ်နာစေလိုတဲ့စေတနာနဲ့မဟုတ်ဘဲ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေးကို
ဦးတည်ပါတယ်။ တဦးနဲ့တဦး
အပြန်အလှန် လေးစားရင် ငြိမ်းချမ်းတယ်)
story#observation #shinlhu
Thursday, April 30, 2020
ကဗျာ
ပျင်းရိဖွယ် နေ့များ
✆ ✆ ✆ ✆
တခုခု အလိုမကျတိုင်း
ငါ့ကိုယ်ငါ ချောင်းရိုက်တာ အကြိမ်ကြိမ်
အဆိပ်အမျိုးအစားက
စျေးကြီးတာ မတတ်နိုင်သေးတော့လည်း
အရာရာတိုင်း သည်းခံတတ်အောင်
လေ့ကျင့်
စိတ်က ဟိုးချောက်ကမ္ဘားထိပ်မှာ
ချိတ်နေတာလား
ပင်လယ်ထဲ သင်္ဘောမှောက်နေတာလား
တကယ်တော့
ငါ့ကိုယ်ငါ
တကြိမ်တခါမှ မမေးမိ
သူများတွေ အဲ့လိုဖြစ်နေတာမြင်တော့
အော်ဂလီဆန်တယ်..ငြီးငွေ့တယ်
ဘဝဟာ ဒီလောက်
အသေးစိတ်စရာလိုလို့လား
ညိုမြသွေး
6:14pm
Mon,1 May 2017
poem#observation #shinlhu
Wednesday, March 11, 2020
ကဗျာ
စိတ်​၏ ရုပ်​တုများ
🗽🎠🗽🎭🗿
ညိုမြသွေး
​ဟောဒီ ကမ္ဘာကြီးမှာ
ချို ဖန်​ စပ်​ ခါး သစ်​သီးဝလံ​တွေ​ပေါများဖို့ 
ဥတုသပ္ပါယ လိုအပ်
ဆန္ဒ​တွေလည်းလိုအပ်​
ချစ်​တတ်​တဲ့လူ​တွေက​တော့
ပိုပြီးလိုအပ်​တာ​ပေါ့ကွာ
မျက်​ရည်စက်တွေကိုခါထုတ်​လိုက်​ပြီး
လှလှပပ သူပြုံးတယ်​
​လောကဟာ
​နေ​ရောင်​မရရင်​​တောင်​
ကြယ်​​ရောင်​ လ​ရောင်​​တော့ရှိသင့်တယ်​
ဟုတ်​လား...ဖ​ယောင်းတိုင်​​လေး​ရေ
အမုန်းတွေ စစ်​ပွဲ​တွေ ရပ်​တန့်ဖို့က
နှလုံးသားလှလှ​လေးနည်းနည်းနဲ့လူနည်းနည်းပဲလိုအပ်​တာပါ
နားလည်​ရခက်​တဲ့
မ​တော်​​လောဘများ လိမ္မာပါ​စေ
အပြုံး ဆိုတာ
လူမှု​ရေးအရ လိုအပ်​
ငြိမ်းချမ်းဖို့ အဆင်​​ပြေဖို့
သံခင်းတမန်​ခင်း အပြုံး
ရင်းနှီးဖို့ ယုံကြည်​ဖို့
နှစ်​လိုဖွယ်​ အပြုံး
မ​ကြေလည်​တာ​တွေ
အကြိုက်​မတူတာ​တွေ အတွက်​က
သ​ရော်​ပြုံး
မခံသာဘွယ်​ ဖိအား​တွေကျ​တော့
မချိပြုံး
မျက်​နှာ​ပေါ်မှာ
အပြုံး အတွက်​
ဘတ်​ဂျက်​ မကျန်​တဲ့အခါမျိုးမှာ
ရှုတည်​တည်​ မျက်​နှာထားနဲ့
ခင်​ဗျား​ရှေ့က ဖြတ်​သွားမိတဲ့အခါ
ခွင့်လွှတ်​ပါ မိတ်​​ဆွေ
တကယ်​​တော့ လူ့အဖြစ်​မှာ
အပြုံးထက်​ အ​ရေးပါတဲ့
ဃာရာဝါသ ကိစ္စ​တွေလည်း
လူတိုင်းကိုယ်​စီ ရှိတတ်​ပါတယ်..
ခတ်​​ပေါ​ပေါ ဟာသကားကြည့်ပြီး
အမြဲ ပြုံးနေဖို့က​တော့
ကျွန်ုပ်​ မတတ်​နိုင်​ပါ
တဘဝစာ အလွဲများကို Edit လုပ်​တဲ့အခါ
အပိုဆာဒါး စကားလုံးများနဲ့
အရည်​မရ အဖတ်​မရ ပ​ရောပရီမှုများ
အချည်းနှီးမဲ့ စိတ်​ရူးမြူးတူးမှုများက
ကိုယ့်​ဘာသာ ​အော့နှလုံးနာ​လောက်​​အောင်​ ​တောထ...
ဆင်​ခြင်​တုံတရားသာ နည်းခဲ့ရင်​
တ​ကောင်​လုံး ပုပ်​ခဲ့မှာ ​သေချာ
​ရေချိန်​လွန်​အရက်​လိုပဲ
မျိုလို့မရ ​ထွေးလို့မရ မိတ်​​ဆွေများ
​ဒေါသမဖြစ်​ချင်​ဘူး
​ဒေါသမူစိတ်​ဟာ
ပဋိဃသမ္ပယုတ်​ အကုသိုလ်​
သူလုပ်​သမျှ မဟုတ်​က ဟုတ်​က
သူ​ပြောသမျှ မကြားဝံ့မနာသာများ
ကိ​လေသာနဲ့ လက်​ထပ်​ထိမ်းမြားပြီးကိ​လေသာကို ​နေ့တိုင်းရန်​လုပ်
ကိ​လေသာ​ကြောင့်ပဲ
ဘဝတခုလုံး ကံဆိုးမိုး​မှောင်​ကျ​နေသ​ယောင်​
တကယ့်တကယ်​ကျ
ပြတ်​လည်းမပြတ်​စဲရဲ
သိဒ္ဓတ္တကို အားကျသလိုနဲ့
သိဒ္ဓတ္တလိုလည်းသတ္တိမရှိ
သိဒ္ဓတ္တယောင်​​ယောင်​
အာ​ဘောင်​အာရင်းကသန်​​သေး
(ကိုယ့်ကိုယ်​ကို ​ပြောပါတယ်​)
၆၅ နှစ်​ဆိုတာ
ကိုယ့်မ​ကောင်းမှု​တွေကို​တော့
အကုန်​သိ​လောက်​ပြီ...
ဒါမှမသိ​သေးဘူးဆိုရင်​
​နောက်​ထပ်​ ၆၅ နှစ်​​နေကြည့်
ဖို့​တော့
သိတ်​မလိုအပ်​ဘူးထင်​တာပဲ
ဗုဒ္ဓ ​ဒေသနာကို
သံ​ယောင်​လိုက်​
ဟန်​​ဆောင်​ကြိုက်​
ကံ​ကောင်​ကိုက်​ပြီး သံသရာလည်
မ​ပြောခဲ့ရတဲ့စကား​တွေက
​တောင်​ကျ​ရေလို
ဒလ​ဟော ပြိုကျလာတယ်​
​ရေကြည်​​ရေသန့်တော့
ဘယ်​ရနိုင်​မလဲ
အမှိုက်​သရိုက်​ အညစ်​အ​ကြေးနဲ့
​ဘေးအန္တရာယ်​​တွေ​မျောလာတဲ့
​ရေစီးထဲပါမသွား​အောင်​
တ​ယောက်​လက်​တ​ယောက်​ဆွဲရင်း
မြဲမြဲမြန်​မြန်​ ခုခံကြမယ်​
သတ်​မှတ်​ယာဉ်​​ကျောအတိုင်း
မောင်းတတ်​လို့ ...
အပိန်​အချိုင့်တွေများလွန်းတယ်​
အမူအကျင့်ကို ပြင်​ဖို့ စဉ်းစားတိုင်း
ဒီ​ခေါင်းက မာလွန်းတယ်
​ဘော်​ဒီကို ပြန်​ထုဖို့ လိုချင်​လိုမယ်​
အင်ဂျင်က​တော့ ​ဒေါင်​​ဒေါင်​မြည်​
တသက်​လုံး
သွားဖြဲပြခဲ့​တော့
ဟဲဟဲ..ဟဲဟဲ နဲ့ အဆင်​​ပြေ
တခါ​လေး အသဲဖြဲပြလိုက်​တာ
ခါကာဘိုရာဇီက ​ရေခဲ​တောင်​ကြီးပြိုသလို
တခါတည်းပွဲချင်းပြီး...
​အေးက​ရော
အဖြစ်​​တွေမှာ သာယာပြီး
အပျက်​​တွေမှာ နာကျင်​ရင်း
သက္ကရာဇ်က
၂၀၁၈ ထဲချဉ်းနင်းခဲ့
အရက်​သမားတ​ယောက်​
မစို့မပို့​သောက်​ပြီး
ဟိုမ​ရောက်​ ဒီမ​ရောက်​ဆို
မြင်​မြင်​ကရာ ပတ်​ရမ်း
ဆဲချင်​ ကြမ်းချင်​ အစွမ်းပြချင်...​
အဲ...​ရေချိန်​လွန်​သွားလို့က​တော့
ဘယ်သူလာ ပါးရိုက်ရိုက်
သူပြန်​​ပြောနိုင်​တာက​တော့
ဂွတ်​ဒနိုက်​ပါပဲ...
ခု​တော့
ခင်​ဗျားတို့ မိတ်​​ဆွေ
ကဗျာ​ရေချိန်​လွန်​ခဲ့ပြီ
အားလုံး ဂွတ်​ဒနိုက်​ပါ..
ရာသီ​ပြောင်းချိန်​မှာ
စိတ်​ထဲ သရိုးသရီ
ပုံပန်းဖမ်းမရ​တော့တဲ့
အတိတ်​က ချစ်​သူများကို လွမ်းသလိုလို
အမ်မာ..ဒီရုပ်ဒီနာမ်
ဒီခန္ဓာကြီးက
လွမ်းတတ်​သူလိုလို
ငါက ပုံမှန်​ပါပဲ
Lodipin 5 mg
Synervit(အာရုံ​ကြော)
Vitahome(အား​ဆေး)
Arcalion(ဦး​နှောက်​)
အစာအိမ်​ဆေးနဲ့ အကိုက်​အခဲ​ပျောက်​​ဆေးက တခါတရံ
ငါက ပုံမှန်​တ​ယောက်​ပါပဲ​
သဘာဝပတ်​ဝန်းကျင်ထိန်းသိမ်းဖို့
လိုအပ်​သလို
တလွဲဘုရား​တွေလည်း
ခဏ ခဏ  မပွင့်ဖို့လိုတယ်​
ဘိန်းပန်းကသူ့အလိုလိုလှ​နေပြီး
​လောဘက အကျည်းတန်​​နေတာပါ
​ငွေနဲ့တည်​​ဆောက်​ထားတဲ့ နန်းတော်တွေ ​မပြိုပျက်​သ၍
​မေတ္တာ တဲကုပ်​​တွေ ​ရေတိမ်နစ်​​နေအုံးမှာ..
ပြက်လုံးကမရယ်ရဘဲ
လွမ်းခန်းက ရယ်​ရတာ တအား
ထ ကားယား ထိုင်​ ကားယားနဲ့
အချိန်​က ​စေ့သွားတာမျိုး​
သမ်းချင်​​ဝေချင်​တာ​တောင်​
ဟန်​​ဆောင်​ ပန်​​ဆောင်​မတ်​​​နေရ
သံကူကွန်​ကရစ်​လည်​​ချောင်း
ကြီး​တွေ
အားလည်းမရ အားလည်းမကျ
မြန်​မာအိုက်​​ဒေါသာ ဝင်​ပြိုင်​လိုက်​ချင်​​ 
ဆုတခုခု မရ​တောင်​
သုခုမ​တော့ အဖတ်​တင်​မယ်​
ငမိုးရိပ်​ကမ်းခြေက
​လေညင်းရှပ်​တိုက်​လှိုင်း
ပြေး​လေး​တွေက
မစ္စစ်​စပီထိ​အောင်​​ရောက်​သတဲ့လား
Butterfly effect ဟာ တိုး​ကြောင်​က​လေးကစပြီး
ကိုလိုရာဒိုမှာ ဆုံးသလား
အတိအကျ ငါမ​ပြောနိုင်​ခဲ့​ပေမဲ့
ငါတို့ရဲ့ စိတ္တဇ ရုပ်​များ
ခုငိုလိုက်ခုရီလိုက့်
သမုဒယနဲ့ ဒုက္ခကို အချိုးညီညီ ​ရော​မွှေလို့မှ မပြီးဆုံး​သေးခင်​က​လေးမှာ
ဗီဇာက သက်​တမ်းတိုး ဖို့ ရမရ
ဒါလည်းသိတ်​​တော့မ​သေချာ
အ​မှောင်​ဖုံးတာမဟုတ်​ဘူး
အဖုံးက​မှောင်​​နေတာ...
စကားလုံး​တွေကို
ဖဲထုပ်လို
ကုလားဖန်​ထိုး​နေရတာနဲ့ပဲ
ကိုယ်​လိုက်​ရမယ့်ရထားက
ထွက်​သွားနှင့်ပြီ...
အသက်​ကြီးလာတယ်​ဆိုတာ
ဒီကမ္ဘာပေါ်မှာ ကိုယ်​​နေရမယ့်
အချိန်​​တွေ နည်းနည်းလာတာ...
အပိုဆာဒါး 
မဟားဒယား​ကြော်​ငြာ​တွေ
ဆင့်ဟိုဒင်းအနာလုပ်​တဲ့
ဗရုတ်​ဗယက်​သတင််းတွေနဲ့ အပျင်းမ​ဖြေနိုင်တော့ ​ဘူးထင်​ရဲ့
ဖြစ်​နိုင်​ရင်​​တော့
နှလုံးသားထဲမှာ အ​ခြေတကျ
စစ်​​မဲ့ဇုံ​လေးတခု​ ထားသွားချင်​တယ်​
ပြုံးပြ
လက်​ဆွဲနှုတ်​ဆက်​
စကားလုံး​ဝေါဟာရ​တွေဖလှယ်​
ဟိုမှာက အသက်​​တွေဆန့်ငင်​ ဆန့်ငင်​
ခင်​ဗျားတို့ချင်းပြုံးပြ​နေရုံနဲ့
စစ်​ပွဲ​တွေ ရပ်​တန့်မသွားဘူး
တန်​ဖိုးနည်းအပြုံး​တွေနဲ့
ဗိုင်းရပ်​စ်​ဝင်​ စကားလုံး​တွေ ပြင်​ဆင်​ပါ
ကမ္ဘာ့အ​ရေးပါဆုံး ဆိုတဲ့ 
နိုင်ငံ့ခေါင်းဆာင်ကြီး​တွေ
တို့ ရွာ​ကျောင်းကဆရာ​တော်​​လောက်​
မင်္ဂလာ့သုတ်​မ​ကျေကြ...​
တချို့ ကိုယ်​​တော်​​တွေကျ​တော့လည်း
အီရန်​သမ္မတနဲ့ ရုပ်​ချင်းကခပ်​ဆင်​ဆင်ရယ်​​
လမ်းထိပ်​ဓမ္မာရုံက
ဘိက္ခုနံ ပဉ္စဝဂ္ဂီ သံမကြားရဘဲ
ငါတို့အရိုး စည်းရိုးထိုးသံဖွင့်နေမှ​တော့ 
ဓမ္မာရုံဟိုဘက်က
ဘီယာဆိုင်​​ရောက်​ခဲ့တာ
တပည့်တော်​ကို ``နင့်ထိုက်​နဲ့နင့်ကံလို့သာ´´
ပစ်​ထားလိုက်​ပါ​တော့ အရှင်​ဘုရား...
ရယ်မောစရာတွေကို
ရေခဲသေတ္တာထဲထည့်ပြီး
စိတ်ကြိုက်ပြန်နွှေးစားနိုင်သူကတော့
မိုးပဲခေါင်ခေါင် မြစ်ပဲကောကော
နိုးပရော်ဘလမ်ပေါ့ ဘဒ်ဒီ
ဘီယာဆိုင်ဆိုတာ
ညနေခင်းရဲ့ စကားသံတွေစုဝေးရာ
လူငယ်တွေနဲ့ ခွက်ချင်းတိုက်ပြီး
အိပ်ငိုက်နေတဲ့ အဲ့ဒီခေါင်းဖြူကြီးဟာ
ငါပေါ့..
ပေါချောင်ကောင်းတရားနဲ့
``သုဂတိ ဟိုတယ်´´မှာ 
အပျော်ကြူးခဲ့ နေ့ရက်များ
မိတ်ဆွေတို့ရေ
သံသရာဆိုတာ
ထင်ထားသလောက်လည်း ရှည်ချင်မှ
ရှည်တတ်တာမျိုးပါ
ဒုက္ခတွေ အပြွတ်လိုက်
သီးနေ ပွင့်နေတာတောင်
ပီတိနဲ့ အပြုံးမပျက် ငါတို့
ချဥ် ဖန် စပ် ခါး
ရသာလေးပါး စုံရင်
ဆေးဖက်လည်းဝင်ခဲ့ပြီ
နေကြာပန်းတွေလို
နေရှိရာမျက်နှာမူခဲ့ကြ
အပေါစား အရက်နဲ့
မူးရီခဲ့ ညနေခင်းများ
အိပ်တန်းပြန်ချိန်မသိ
ညဥ့်နက် သန်းခေါင်မသိ
လင်းကြက်တွန်သံ တိုင်အောင်
ငါတို့ကဗျာတွေကို 
ပရိတ်လို ရွတ်ဖတ်ခဲ့ကြ
မေးရိုးတွေ ခိုင်မာခဲ့ကြ
လွမ်း ပ...
ခုတော့
စစ်တလင်းထဲမှာ
ကျဆုံးသူတွေရဲ့ အလောင်းတွေ
သွေးအလိမ်းလိမ်း
အဆိုးဆုံးကတော့ 
မသေပဲ ရူးကျန်နေတဲ့
ကြောင်စီစီ မျက်လုံးများ
တချို့က အံကိုတင်းတင်းကြိတ်လို့
တချို့က လက်သီးလက်မောင်းတန်းလို့
နေဝင်လုလု မြင်ကွင်းဟာ
ပျို့ချင် အန်ချင်စရာ
ညိုမြသွေး
photo:credit