Saturday, December 30, 2017
နှုတ်ခွန်းဆက် ♥ ❀ ♡
♥ ❀ ♡ ♥ ❀
ရှင်လူဒီလမ်းထဲရောက်စ(လွန်ခဲ့တဲ့နှစ်ပေါင်း
၃၀ကျော်)ကသူ့ဆီမှာဧည့်စာရင်းတိုင်ခဲ့ရတယ်။
၈ လေးလုံးကာလ ရှင်လူ့အခန်းမှာ ထင်ရှားတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ဝရမ်းပြေးများ
ဖြစ်တဲ့ သူရိန် ၊ရွှေဘုန်းလူ(တာရာမင်းဝေ)၊
အောင်ဒင်၊ ဝင်းနိုင်ဦး(RFA)နှင်းခါးမိုးစတဲ့သူတွေ
ဝင်ကြ ထွက်ကြ ခိုလှုံကြ လုပ်ခဲ့ကြပေမယ့်
လမ်းလူကြီးလုပ်နေတဲ့ ဦးသန်းထွန်းကြောင့်
ရှင်လူ အန္တရာယ်မဖြစ်ခဲ့။သာကေတက
ကဗျာဆရာ လှသန်းနဲ့ ပန်းချီဆရာ မောင်နိုးတို့ ညီအကို နှစ်ယောက် ရှင်လူ့
လိုပဲ ဗကသ က နေနွယ်ကို အိမ်မှာ လက္ခံ
ထားကြတဲ့အတွက်ထောင်နန်းစံခဲ့ကြရတယ်။ ဦးသန်းထွန်းက သူကိုယ်တိုင်လည်း
ထရန်စစ္စတာ ရေဒီယိုလေးတလုံးနဲ့ ဒီမိုကရေစီ နိုင်ငံရေးသတင်းတွေကို နှစ်ပေါင်းများစွာ ဝင်စားခဲ့သူဖြစ်တယ်။
လေဖြတ်ထားလို့ ဆေးဝါးကုသနေခဲ့တာ
ခုတော့သူ အပြီးတိုင် အနားယူသွားခဲ့ပြီ။
ရှင်လူ့ နောင်တော်ကြီး ဦးသန်းထွန်း
ငြိမ်းချမ်းစွာ အနားယူနှင့်ပါတော့
R I P ပါ နောင်တော်ကြီး...
story#observation #shinlhu
Monday, December 25, 2017
တူရဲ့သားနဲ့ မတူတဲ့ပညတ်နှစ်ခု ❀ ❀
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ဒီညနေ ၄နာရီခွဲမှာ ရှင်လူကြီး ပုံမှန်အတိုင်း
စီးတော်မြင်းကလေးနဲ့အလုပ်ဆင်းဖို့ထွက်လာခဲ့တယ်။
ဘေလီတံတားကိုကျော်လာပြီ့းသွားမယ့်လမ်းကြောင်းကိုစဉ်းစားလိုက်တော့ ခုတလောမဖြတ်တာကြာပြီဖြစ်တဲ့ မြောက်ဒဂုံ ၃၃ ရပ်ကွက် စိန်ပန်းမြိုင်လမ်း
ထဲကဝင်ဖို့ဆုံးဖြတ်လိုက်တယ်။
အရင်သွားဖူးနေကျအတိုင်းလမ်းကြိုလမ်း
ကြားတွေဖြတ်ကျော်လာရင်း လုပ်ငန်းကိစ္စကစိတ်ထဲဝင်လာတယ်။ဒီ
Bella မှာ ရှင်လူကြီး ၃ လစာချုပ်နဲ့ အလုပ်ဝင်ခဲ့တာ ပြီးခဲ့တဲ့ နိုဝင်္ဘာ ၉ ရက်မှာ
၃ လပြည့်ခဲ့ပြီ။၃ လပြည့်ချိန်မှာ ရှင်လူကြီးလိုပဲ ၃လ စာချုပ်နဲ့ဝင်လုပ်နေတဲ့
အောင်နိုင်ဝင်းလည်းရှိနေတယ်။အဲဒါ ဂိုဒေါင် မန်နေဂျာတွေက ဒီ ၃ လသမားတွေ
ဆက်ခန့်ဖို့ စာတင်တော့ အထက်က လိုရမယ်ရတယောက်ပဲဆက်ထားဖို့ခွင့်ပြုတယ် ဒီတော့ တယောက်ဖြုတ်ရမယ်။
ပဋ္ဌမတော့ရှင်လူကြီးထွက်ပေးလိုက်ဖို့စဉ်းစားလိုက်တယ်။ဟိုကောင်လေးအောင်နိုင်
ဝင်းက ကျန်းမာရေးမကောင်းဖြစ်နေတဲ့
အညာကသူ့အမေဆီလတိုင်းငွေပို့နေရတာ။
ဒါပေမယ့် မန်နေဂျာတွေက ဘယ်သူ့မှမဖြုတ်တော့ပဲ ရှင်လူနဲ့ အောင်နိုင်
ဝင်းကိုတညဆင်းတညနားလခတယောက်တဝက်စီခွဲယူကြဖို့စီစဉ်ပေးတယ်။လကုန်ရင်
၇၅၀၀၀ကျပ်ပဲရမယ်ပေါ့။အင်းရှင်လူကြီးလည်း လုပ်ငန်းသံယောဇဉ်ကဖြစ်နေတော့
အသာလေးမှေးပြီး ဆက်လုပ်နေလိုက်
တယ်။ ဒီလိုနဲ့ တလပြည့်ခါနီးမှာ အောင်လှိုင်ဝင်းတယောက်ကျိုင်းတုံလမ်းကဆီစက်မှာအလုပ်ရသွားပြီတဲ့။ ဒါဆို ရှင်လူကြီး စီးတော်မြင်းကလေးနဲ့ နေ့တိုင်း
အလုပ်ဆင်းရတော့မယ်။အတွေးကောင်းကောင်းနဲ့ ၆၄ နှစ်ပြည့်မွေးနေ့တုန်းက ခွေးလိုက်ဆွဲခံခဲ့ရ
တဲ့မြခင်းသာ လမ်းလေးထဲကွေ့ဝင်လာခဲ့တယ်။ လမ်းထိပ်ကတည်းကသတိတော့ထားရတယ်။ခပ်လှမ်းလှမ်းမှာခေါင်းတုံးဆံပင်နဲ့လူကြီးတယောက်စက်ဘီးနဲ့
ထွက်လာတာတွေ့ရတယ်။အိုကေ လမ်းပေါ်မှာ အားလုံးရှင်းပါတယ်ခင်ဗျား
ပေါ့။ဒီလိုနဲ့ စက်ဘီးသမားနဲ့ ဘေးချင်းယှဉ်
အဖြတ်မှာ ရှင်လူကြီးမြင်းဇက်ကြိုးကို
တအားဆွဲချလိုက်တာမြင်းကပဒပ်ရပ်မတတ်ပါပဲ...ကျွီ..ဝီ..ဝီ..ဆိုတဲ့အသံကြီးပါ
မြည်သွားတယ်။
ကိုစိုးနိုင်။ပန်းချီစိုးနိုင်။နာမည်ကြီးခေတ်ပြိုင်
ပန်းချီဆရာ။သူကလည်းစက်ဘီးကလေးရပ်ပြီး ပြုံးတုံ့တုံ့နဲ့``အလုပ်သွားမလို့လား´´တဲ့။
``ဟုတ်တယ်..တောင်ဒဂုံစက်မှုဇုံ ထိသွားရမှာ၊ခင်ဗျားရောဘာလာလုပ်တာ
လဲ´´။``ဒီနားခဏလာတာ´´တဲ့။သူ့စက်ဘီး
ခြင်းထဲမှာတရားခွေတွေအများကြီးတွေ့တာမို့ ``ဘာလဲ တရားခွေတွေပါလား၊ တရားတော့မလွန်စေနဲ့နော်´´ဆိုတော့
သူကရီနေတယ်။``ကဲ.ကဲ သွားအုံးမယ်ဗျာ
တရားလွန်သွားရင်လည်း ဘက်ပြန်ဆုတ်
ရတယ်ဗျ၊ လောကကြီးကမလွယ်ဘူး´´လို့
သူ့ကိုပြောရင်း ယိုးဒယားဘုန်းကြီးကျောင်း
ရှိရာဘက်မြင်းကိုအသော့နှင်လာခဲ့တယ်။
ရှင်လူ့စိတ်ထဲကိုစိုးနိုင် အကြောင်းကတဝဲ
လည်လည်ပါလာခဲ့တယ်။ဒီလူကြီးက
နာမပညတ်အရပြောရရင်တော့ နည်းနည်း
နောနောမဟုတ် ။ဒီနေ့ ခေတ်ပြိုင်ပန်းချီ
Contemporary art မှာ သူ့လက်ရာတွေ
ဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံခြားသားများ
ကပါရင်သပ်ရှုမော(နားမလည်လို့)ကြရတယ်။ကင်းဘတ်စပေါ်ဆေးဗူးနဲ့ပက်ပြီး
ရောင်းတာတောင် ဒေါ်လာတွေအများကြီး
ပေးဝယ်ကြရတာ။အင်း ဒါတွေထားပါတော့။
တူရဲ့သားနဲ့မတူတဲ့ ပညတ်နှစ်ခုအကြောင်း
ဆက်ရအောင်။
ဒီလိုဗျ၊အဲဒီကိုစိုးနိုင်ဆိုတဲ့လူကြီးကိုအကြောင်းမသိတဲ့လူတွေက ခုလို လမ်းပေါ် မြင်လိုက်ရင် ခေါင်းတုံးဆံပင်နဲ့
ပိုသီဖပ်သီ အဖိုးကြီး ပါ ဆိုတဲ့ ပုံသဏ္ဍာန်ကို
သဏ္ဍာဏပညတ် အနေနဲ့ သာသိကြမှာဖြစ်
ပြီး သူ့ဟစ်စထရီကိုသိသူများကျတော့
``ဟာ ..တကယ့်ပန်းချီဆရာကြီးကွာ..´´
ဆိုပြီး တလေးတစား နာမပညတ်ကို
ဂါကြမှာ။အင်း လူကတော့ သူတယောက်ထဲ
ပါပဲ၊လူတွေသတ်မှတ်ကြတဲ့ပညတ်ပုံစံ
တွေကကသာ....
Contemporary art is the art of today, produced in the late 20th century or in the 21st century. Contemporary artists work in a globally influenced, culturally diverse, and technologically advancing world. Wikipedia
❀ ဦးကြင်ဥလမ်းထဲ တွေ့တုန်းကသူ့ကိုမရိုက်လိုက်မိတဲ့အတွက်
အရင်သူ့ပန်းချီပြပွဲတုန်းက ကိုစိုးနိုင်ရယ်
ရှင်လူရယ် Customer ပြင်သစ်သူ မဒမ်ရယ်
သုံးယောက်တွဲပုံဟောင်းကိုပဲပြန်တင်လိုက်ရပါတယ်။❀
၆၄ ကွင်းပြင် ♥ ♥
♥ ♥ ♥ ♥
စက်ဘီးလေးက တရိပ်ရိပ်ပြေးတယ်
လမ်းကျယ်လမ်းမကြီးတွေပေါ်
တခါတခါမှာတော့
၆၄ ဟာ လမ်းပေါ်မှာ
အထီးကျန်လွန်းတယ်
ကားတွေ ဆိုင်ကယ်တွေ
ပျောက်ခြင်းမလှပျောက်လို့..
၆၄ ဟာ
အရင်ကထက်
စကားတွေပိုပြောလာတယ်
ပြောသင့်တာပဲလေ
နောက်ဆို ပြောရဖို့မသေချာတော့တာ
ဒါပေမယ့် သူ့စကားတွေက
မျဉ်းကြား ကကူးခဲ့တာချည်း
မီးနီဖြတ်မောင်းသူတွေကတော့
ကြိုက်ချင်မှကြိုက်မယ်
အထူးသဖြင့်ကတော့
ကိုယ့်တပ်ကိုယ်ပြန်နင်းခဲ့ရ...
၆၄ ကွင်းပြင်က
မျှော်လင့်ခြင်းမြက်တွေကိုမွေးတယ်
ကွင်းပြင် ၆၄ က
ခြေရာသေးသေးလေးတွေကိုချစ်တယ်
့မနက်ခင်းလှလှ
အလုပ်ကအပြန်
ရပ်ကွက်အားကစားကွင်းထဲဝင်ပြီး
ဟိုငေး ဒီငေး...
ကွင်းထဲမှာက
ခွေးတကောင်နဲ့
သူတယောက်ထဲ
`` ဒီခွေးက ဒီကွင်းထဲလာပြီး
ဘာလုပ်သလဲ ပေါ့´´
သူတွေးမိတာက
တံတိုင်းမရှိတဲ့ ကွင်းထဲဝင်ပြီး
တောင်ငေးမြောက်ငေးက တော့
ခွေးနဲ့လူနဲ့ အတူတူ
ူ
၆၄ က တရားရှိသူပါ
ကုသိုလ်လည်းတရား
အကုသိုလ်လည်းတရား
ကုသိုလ် အကုသိုလ်မဟုတ်တာလည်း
တရား
တရားမရှိရမှာ ပျင်းစရာ
Net Geo -Wild channel ကြည့်မိတိုင်း
နိုင်ရာစားလောကကို တရားမျှတစေချင်တာ
သူမှားနေပလား အတွေးချောင်ပြီး
နောက်တော့လည်း
မှန်ကန်ကြောင်းထပ် ထပ် အတည်ပြုတယ်
သတ္တဝါမှန်ပေမယ့်
လူလေ...
တိရိစ္ဆာန်တွေမှ မဟုတ်ပဲ
ဘုရားတွေ အများကြီးရှိပြီး
တရားတွေ အသက်မဝင်တာကလွဲလို့ပေါ့
သီလကိစ္စ မှာတော့
သူကမန်နေဂျာပဲ
တခါတခါ ဝိုင်သောက်
တခါတခါ ဝီစကီ သောက်
ကိုယ်ဖြစ်ကိုယ်ခံ လောကဓံကို
လူပြောသူပြော ခေါင်းစဉ်အောက်မှာ
တေးမှတ်မထားနိုင်ဘူးလေ
၆၄ ဟာ အရက်တော့မူးတယ်
ဘဝတော့မမူးဘူး
ဘဝမူးတဲ့သူတွေဆို
သောက်မြင်သိတ်ကပ်တယ်..
ကွင်းပြင် ၆၄ ရေ
အခြေနေအရပ်ရပ်က
နေဝင်ချိန်တိမ်တောက်နေတာမဟုတ်ဘူး
ငြိမ်းခါနီး ဆီမီး ထတောက်တာ
သုတ်သုတ်သွား သုတ်သုတ်ပြန်
သန်းခေါင်ယံ ငှက်ဆိုးမထိုးခင်
နိုးနိုးကြားကြားနေမှသင့်မယ်
ကမ္မဿကတာသမ္မာဓိဋ္ဌိ တဲ့လား
တူသောအကျိုး ပေးမပေးတော့မသိ
မေတ္တာ ဗြဟ္မစိုရ် အောက်ဆီဂျင်နဲ့နေမှ
အသက်ရှူ ရအဆင်ပြေမှန်းတော့
၆၄သိခဲ့...
၆၄ ကွင်ပြင်ကြီးက
လက်ဆွဲနှုတ်ဆက်ဖို့ကြုံတိုင်း
လက်ကဒဏ်ရာကို ပြန်ပြန် သတိရတယ်
ဒီလိုနဲ့ အထီးကျန်မှုဟာ
နေကြပ် လကြပ် နေ့ညများထဲ စမ်းတဝါး
ကိုယ့်မျက်နှာကိုယ်ပြန်မမြင်ရတာပဲ
ခပ်ကောင်းကောင်း ထင်ပြန်ရော
မသောက်တော့ပါဘူး ဆို
ကံစမ်းမဲက ထထ ပေါက်နေတယ်
ဒီလိုပါပဲ...
Market economy နဲ့ Promotion က
၆၄ ကိုမထိတထိလုပ်တယ်
၆၄ ကလည်း မထိတထိပြန်လုပ်တယ်
ရူးတတ်မိုက်တတ်တဲ့အရွယ်မဟုတ်ဘူးလေ
အသေအချာ တွက်ချက်ပြီးမိုက်တဲ့အရွယ်...
၆၄ က
တမလွန်ကို ဖုန်းခေါ်ချင်နေတယ်
ဒီ့ထက်ကောင်းမယ့်
ဘဝ ဇာတ်ညွှန်းများ ရှိနေမလား ပေါ့
မသောက်ချင်တဲ့ အရက်ကိုသောက်ပြီး
မရေးချင်တဲ့ ကဗျာကိုရေးတယ်
ကိုယ့်အတွင်းပိုင်းကိုယ်သိနိုင်ဖို့က
ဒီ တနည်းပဲရှိတာကိုး
အံ့သြပ
သူ့စိတ်က ဒဏ်ရာဗလပွနဲ့
သွေးစက်စက်ယိုတယ်
ဘဝတွေက
ကိန်းကြီးခန်းကြီး နိုင်တယ်..
ပုဆိုး ဘောင်းဘီဝတ်တာအစ
စတိုင်ကျဖို့လိုသတဲ့
ခေါင်းဖီးရတယ်
မှန်ကြည့်ရတယ်
မှန်က ဘာမှမပြောပေမယ့်
မမှန်တာတွေက အမျိုးမျိုးပြောခဲ့ကြ
၆၄ ဟာ
ဘုရားတွေ ထီးခဏခဏတင်ပြီး
တရားတွေနေပူမိနေတဲ့
မွေးဇာတိရွာကလေးကို ငေးရင်းမောရင်း
အဝေးကို ရောက်မှန်းမသိရောက်နေခဲ့
သူကပျော်တတ်တယ်
ပျော်ချင်လွန်းလို့တော့မဟုတ်ဘူး
ငိုစရာပဲရှိတဲ့ ဘဝကို မုန်းလွန်းလို့
အရွဲ့တိုက် ပျော်နေတာ
မသိတဲ့သူတွေက
လူဝါးဝတယ်ထင်တယ်
စော်ကားတယ်ထင်တယ်
သောက်ဆင့်မရှိတဲ့ သိက္ခာထိပါးလို့
မုန်းတဲ့လူက မုန်းတယ်
ရှိပါစေတော့
သင်တို့နှင့်ကျွန်ုပ်
နောက် အနှစ် ၂၀ ပေါင်းသင်းဖို့
ဘာ စာချုပ်မှမရှိ...
၆၄ ကွင်းပြင်ဟာ
တခါတရံမှာ
ပွဲလမ်းသဘင်တွေနဲ့ပျော်တယ်
အားလုံးပြီးဆုံးတဲ့အခါ
အမှိုက်နဲ့ သူပဲကျန်တယ်
အကြွင်းအကျန်ရှာစားတဲ့
ခွေးလေခွေးလင့်တချို့လည်းကျန်သပေါ့
အမှိုက် သိမ်းရပေမယ့်
၆၄ ကပျော်တယ်
သူက ပွဲကြိုက်တာကိုး...
၆၄ ဟာ
သူကိုယ်တိုင်အထူးပြုလုပ်ထားတဲ့ဒုက္ခနဲ့
အတူနေထိုင်သူဖြစ်တယ်
ဒုက္ခနဲ့အတူသွား
ဒုက္ခနဲ့အတူစားပြီး
ဒုက္ခနဲ့ချစ်ကျွမ်းဝင်တယ်
ဒုက္ခကို ပိုးမွေးသလို တယုတယနဲ့ 
ဒုက္ခသီချင်းတွေစုံတွဲဆိုတယ်
တခါတခါ ၆၄ အခက်ကြုံတယ်
ရန်သူ့တောင်ကုန်းကို
အသက်နဲ့ရင်းပြီး သိမ်းပိုက်လို့ရပေမယ့်
ရန်သူ့နှလုံးသားကိုတော့
အသက်နဲ့ရင်းလို့ မရနိုင်ဘူး
ကွင်းပြင် ၆၄ က
တချို့ပြဇာတ်တွေကို ယုတ္တိမျက်လုံးနဲ့ ကြည့်တယ်
``ငါ့ကို လက်နက်ချပါ ငါအသနားခံပါတယ်´´ ဆိုတဲ့ ဇာတ်ဝင်ခန်းကို
ပြုံးတယ်...
၆၄ က အရက်မကြိုက်ဘူး
ဒါပေမယ့်
အခြေအနေအရ သောက်တယ်
လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝ
တခုမှမကြိုက်ဘူး
အခြေအနေအရ လက္ခံထားရတာ
၆၄ ဟာ
မနက်ကကျန်တဲ့ ပဲကြာဆံကို
Grand Royal နဲ့ မြည်းပလိုက်တယ်
သူ့ကိုစိုက်ကြည့်နေတဲ့ ငါးကြင်းမျက်လုံးကို
အသာလေးကော် ပြီး အရသာခံ စုပ်လိုက်တယ်
တလောကလုံးမှာ
သူနိုင်တာ
ငါးခေါင်းချဉ်ရည်ဟင်းပဲလေ...
၆၄ ဟာ
ကိလေသာကုန်မှာကြောက်လို့
တရားစခန်းက ပြန်ခဲ့တယ်
မရီကြပါနဲ့
သူတွေးသလို
ခင်ဗျားတို့ တွေးဖူးရဲ့လား
ကိလေသာမရှိတော့ရင်
ချစ်သူကို ဘာပြောရမလဲ
အိမ်လခ ဘယ်လိုရှာရမလဲ
ကဗျာတွေ ဘယ်လိုရေးမလဲ
၆၄ ဟာ
တလိမ့်လိမ့် လွန့်လူးရင်း အပိုင်းပိုင်းပြတ်တယ်
တစစီ ပြန်ကောက်ဆက်တော့
၆၄ ဖြစ်တယ်
ဒါပါပဲ
ညိုမြသွေး
Wed,29 Nov 2017
Friday, December 8, 2017
တူရဲ့သားနဲ့ မတူတဲ့ပညတ်နှစ်ခု ❀ ❀
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ဒီညနေ ၄နာရီခွဲမှာ ရှင်လူကြီး ပုံမှန်အတိုင်း
စီးတော်မြင်းကလေးနဲ့အလုပ်ဆင်းဖို့ထွက်လာခဲ့တယ်။
ဘေလီတံတားကိုကျော်လာပြီ့းသွားမယ့်လမ်းကြောင်းကိုစဉ်းစားလိုက်တော့ ခုတလောမဖြတ်တာကြာပြီဖြစ်တဲ့ မြောက်ဒဂုံ ၃၃ ရပ်ကွက် စိန်ပန်းမြိုင်လမ်း
ထဲကဝင်ဖို့ဆုံးဖြတ်လိုက်တယ်။
အရင်သွားဖူးနေကျအတိုင်းလမ်းကြိုလမ်း
ကြားတွေဖြတ်ကျော်လာရင်း လုပ်ငန်းကိစ္စကစိတ်ထဲဝင်လာတယ်။ဒီ
Bella မှာ ရှင်လူကြီး ၃ လစာချုပ်နဲ့ အလုပ်ဝင်ခဲ့တာ ပြီးခဲ့တဲ့ နိုဝင်္ဘာ ၉ ရက်မှာ
၃ လပြည့်ခဲ့ပြီ။၃ လပြည့်ချိန်မှာ ရှင်လူကြီးလိုပဲ ၃လ စာချုပ်နဲ့ဝင်လုပ်နေတဲ့
အောင်နိုင်ဝင်းလည်းရှိနေတယ်။အဲဒါ ဂိုဒေါင် မန်နေဂျာတွေက ဒီ ၃ လသမားတွေ
ဆက်ခန့်ဖို့ စာတင်တော့ အထက်က လိုရမယ်ရတယောက်ပဲဆက်ထားဖို့ခွင့်ပြုတယ် ဒီတော့ တယောက်ဖြုတ်ရမယ်။
ပဋ္ဌမတော့ရှင်လူကြီးထွက်ပေးလိုက်ဖို့စဉ်းစားလိုက်တယ်။ဟိုကောင်လေးအောင်နိုင်
ဝင်းက ကျန်းမာရေးမကောင်းဖြစ်နေတဲ့
အညာကသူ့အမေဆီလတိုင်းငွေပို့နေရတာ။
ဒါပေမယ့် မန်နေဂျာတွေက ဘယ်သူ့မှမဖြုတ်တော့ပဲ ရှင်လူနဲ့ အောင်နိုင်
ဝင်းကိုတညဆင်းတညနားလခတယောက်တဝက်စီခွဲယူကြဖို့စီစဉ်ပေးတယ်။လကုန်ရင်
၇၅၀၀၀ကျပ်ပဲရမယ်ပေါ့။အင်းရှင်လူကြီးလည်း လုပ်ငန်းသံယောဇဉ်ကဖြစ်နေတော့
အသာလေးမှေးပြီး ဆက်လုပ်နေလိုက်
တယ်။ ဒီလိုနဲ့ တလပြည့်ခါနီးမှာ အောင်လှိုင်ဝင်းတယောက်ကျိုင်းတုံလမ်းကဆီစက်မှာအလုပ်ရသွားပြီတဲ့။ ဒါဆို ရှင်လူကြီး စီးတော်မြင်းကလေးနဲ့ နေ့တိုင်း
အလုပ်ဆင်းရတော့မယ်။အတွေးကောင်းကောင်းနဲ့ ၆၄ နှစ်ပြည့်မွေးနေ့တုန်းက ခွေးလိုက်ဆွဲခံခဲ့ရ
တဲ့ဦးကြင်ဥ( -)လမ်းလေးထဲကွေ့ဝင်လာခဲ့တယ်။ လမ်းထိပ်ကတည်းကသတိတော့ထားရတယ်။ခပ်လှမ်းလှမ်းမှာခေါင်းတုံးဆံပင်နဲ့လူကြီးတယောက်စက်ဘီးနဲ့
ထွက်လာတာတွေ့ရတယ်။အိုကေ လမ်းပေါ်မှာ အားလုံးရှင်းပါတယ်ခင်ဗျား
ပေါ့။ဒီလိုနဲ့ စက်ဘီးသမားနဲ့ ဘေးချင်းယှဉ်
အဖြတ်မှာ ရှင်လူကြီးမြင်းဇက်ကြိုးကို
တအားဆွဲချလိုက်တာမြင်းကပဒပ်ရပ်မတတ်ပါပဲ...ကျွီ..ဝီ..ဝီ..ဆိုတဲ့အသံကြီးပါ
မြည်သွားတယ်။
ကိုစိုးနိုင်။ပန်းချီစိုးနိုင်။နာမည်ကြီးခေတ်ပြိုင်
ပန်းချီဆရာ။သူကလည်းစက်ဘီးကလေးရပ်ပြီး ပြုံးတုံ့တုံ့နဲ့``အလုပ်သွားမလို့လား´´တဲ့။
``ဟုတ်တယ်..တောင်ဒဂုံစက်မှုဇုံ ထိသွားရမှာ၊ခင်ဗျားရောဘာလာလုပ်တာ
လဲ´´။``ဒီနားခဏလာတာ´´တဲ့။သူ့စက်ဘီး
ခြင်းထဲမှာတရားခွေတွေအများကြီးတွေ့တာမို့ ``ဘာလဲ တရားခွေတွေပါလား၊ တရားတော့မလွန်စေနဲ့နော်´´ဆိုတော့
သူကရီနေတယ်။``ကဲ.ကဲ သွားအုံးမယ်ဗျာ
တရားလွန်သွားရင်လည်း ဘက်ပြန်ဆုတ်
ရတယ်ဗျ၊ လောကကြီးကမလွယ်ဘူး´´လို့
သူ့ကိုပြောရင်း ယိုးဒယားဘုန်းကြီးကျောင်း
ရှိရာဘက်မြင်းကိုအသော့နှင်လာခဲ့တယ်။
ရှင်လူ့စိတ်ထဲကိုစိုးနိုင် အကြောင်းကတဝဲ
လည်လည်ပါလာခဲ့တယ်။ဒီလူကြီးက
နာမပညတ်အရပြောရရင်တော့ နည်းနည်း
နောနောမဟုတ် ။ဒီနေ့ ခေတ်ပြိုင်ပန်းချီ
Contemporary art မှာ သူ့လက်ရာတွေ
ဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံခြားသားများ
ကပါရင်သပ်ရှုမော(နားမလည်လို့)ကြရတယ်။ကင်းဘတ်စပေါ်ဆေးဗူးနဲ့ပက်ပြီး
ရောင်းတာတောင် ဒေါ်လာတွေအများကြီး
ပေးဝယ်ကြရတာ။အင်း ဒါတွေထားပါတော့။
တူရဲ့သားနဲ့မတူတဲ့ ပညတ်နှစ်ခုအကြောင်း
ဆက်ရအောင်။
ဒီလိုဗျ၊အဲဒီကိုစိုးနိုင်ဆိုတဲ့လူကြီးကိုအကြောင်းမသိတဲ့လူတွေက ခုလို လမ်းပေါ် မြင်လိုက်ရင် ခေါင်းတုံးဆံပင်နဲ့
ပိုသီဖပ်သီ အဖိုးကြီး ပါ ဆိုတဲ့ ပုံသဏ္ဍာန်ကို
သဏ္ဍာဏပညတ် အနေနဲ့ သာသိကြမှာဖြစ်
ပြီး သူ့ဟစ်စထရီကိုသိသူများကျတော့
``ဟာ ..တကယ့်ပန်းချီဆရာကြီးကွာ..´´
ဆိုပြီး တလေးတစား နာမပညတ်ကို
ဂါကြမှာ။အင်း လူကတော့ သူတယောက်ထဲ
ပါပဲ၊လူတွေသတ်မှတ်ကြတဲ့ပညတ်ပုံစံ
တွေကကသာ....
Contemporary art is the art of today, produced in the late 20th century or in the 21st century. Contemporary artists work in a globally influenced, culturally diverse, and technologically advancing world. Wikipedia
❀ ဦးကြင်ဥလမ်းထဲ တွေ့တုန်းကသူ့ကိုမရိုက်လိုက်မိတဲ့အတွက်
အရင်သူ့ပန်းချီပြပွဲတုန်းက ကိုစိုးနိုင်ရယ်
ရှင်လူရယ် Customer ပြင်သစ်သူ မဒမ်ရယ်
သုံးယောက်တွဲပုံဟောင်းကိုပဲပြန်တင်လိုက်ရပါတယ်။❀
Tuesday, November 21, 2017
❆ ဒီနေ့ နယ်ကနေပြီး
ဖွေးဖွေးသိမ့်တို့အိမ်ကိုကြွလာသော
ဂီလာနပုဂ္ဂိုလ် ရဟန်းတပါးအား
ရှင်လူကိုယ်တိုင်ယာဂုဝယ်ပြီးနေ့ဆွမ်း
ကပ်လှူနိုင်ခဲ့ပါသည်။
ဤ ကောင်းမှုကြောင့် တစစ ဖောက်ပြန်
ချို့ယွင်းနေသော ရုပ်နာမ်ခန္ဓာကြီးကို
နောက်တွန့်ခြင်းမရှိပဲ အလွယ်တကူ
စွန့်လွှတ်နိုင်ပါစေ....❆
ဒူးတင်ပေါင်တင်ရပ်ကွက်သတင်း (^_^) (^_^) (^_^)
(^_^) (^_^) (^_^) (^_^) (^_^) (^_^)
``ကျွန်တော်တို့ ထင်ရာစိုင်းတိုင်းဒေသကြီး
မဟုတ်တရုတ်မြို့နယ် ဒူးတင်ပေါင်တင်ရပ်ကွက် အုပ်ချုပ်ရေးမှူး
သစ်အဖြစ် ဦးရှင်လူကို အများဆန္ဒနဲ့အညီ
ရွေးချယ်တင်မြှောက်လိုက်ပါတယ်ခင်ဗျာ။´´
ဖြောင်း ..ဖြောင်း...ဖြောင်း...ဖြောင်း....
ရပ်ကွက်သူရပ်ကွက်သားတို့ရဲ့ လက်ခုပ်သံ
အဆုံးမှာရှင်လူကဝမ်းသာပီတိမျက်နှာကြီးကို မျက်နှာပိုးသတ်လိုက်ရင်း စတိတ်ပေါ်
တက်လာပြီးပိတ်သတ်ကြီးကို သုံးကြိမ်
တိုင်ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။
``အဟမ်း အဟမ်း ..ကတောက်..ကတောက်´´
ဦးစွာပဋ္ဌမ ရှင်လူက လည်ချောင်းဟန့်လိုက်ရင်း မိုက်ကို လက်ညိုးလေးနဲ့တောက်ကာစမ်းသပ်လိုက်ပါတယ်။
``ကျနော်တို့ ..အင်း ပေါ့လေ၊အဲ...
ရေခံမြေခံကောင်းလှတဲ့ ဟောဒီ ဒူးတင်ပေါင်တင်ရပ်ကွက်သားများက ..အဲ
ကျနော့ကို ယုံကြည်စွာ..အဲ.. ..တညီတညွတ်တည်း
မဲပေးရွေးချယ်ပြီးရပ်ကွက်ရဲ့..အဲ..ပေါ့လေ တာဝန်အဝဝကို အပ်နှင်းလိုက်တဲ့အတွက်
ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း ဦးစွာပဋ္ဌမ
ကျေးဇူးတင်စကားကို ပြောကြားပရစေ..´´
``အသံ သြဇာကတော့ တွံတေးသိန်းတန်
အတိုင်းပဲ´´
``ဦးနေဝင်းလေပေါက်ပါကွာ´´
``ဟ..တအဲအဲ နဲ့ မကြားဖူးလား´´
``ပေါ့လေ..ပေါ့လေနဲ့ပါကွ..´´
``ကျေးဇူးပြုပြီး ပေါ့လေ စကားမပြောကြ
ပါနဲ့ဗျာ..အဲ..ကျနော်က ခုအရေးကြီးတဲ့
အကြောင်းတွေ ပြောတော့မှာမို့ပါ။
အကြောင်းက ဒီလိုပါ ..အဲ..ပေါ့လေ..
ကျနော် ဟာ ဒီ ဒူးတင်ပေါင်တင် ရပ်ကွက်မှာပဲ နှစ်ပေါင်းသုံးဆယ်ကျော်နေထိုင်လာခဲ့သူမို့
ဒီရပ်ကွက်ဟာ ကျနော့ဇာတိဆိုလဲ..အဲ..
ပေါ့လေ..မမှားပါဘူး။ဒါကြောင့် ရပ်ကွက်
အထာတွေ ကျနော်မသိတာမရှိပါဘူး။
အဲတော့ရပ်ကွက်ကြီးဖွံ့ဖြိုးတိုးတက်လာ
အောင်ဘာတွေလုပ်ရမယ်ဆိုတာ ကျနော်
ကောင်းကောင်းကြီး နားလည်ပါတယ်။
ဒီတော့ဦးစွာကျနော်ပြောလိုတာကလူသွားလမ်းပေါ်မှာ
ခြင်းလုံးခတ်ကစားတတ်ကြတဲ့..အဲ..အရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးနဲ့တကွ
ဆွမ်းလောင်းသင်းက လူကြီးမင်းများ။
ရှင်လူ့စကားကြောင့်ပိတ်သတ်ကြီးလှုပ်လှုပ်ရွရွဖြစ်သွား
ပြီးနောက်ဆုံးတန်းကအုပ်ချုပ်ရေးမှူးဟောင်းနဲ့လူတချို့ထပြန်သွားကြပါတယ်။ဒီလိုနဲ့ရှင်လူလည်းပြောစရာရှိတာတွေဆက်ပြောရင်း
``နောက်တခုက လမ်းပေါ်မှာ ခုံတွေချပြီး
ဈေးရောင်းထီးကြီးဖွင့် ဈေးရောင်းသူများ´´
``မသာ..စလာပြီ´´လူအုပ်ညာဘက်ထောင့်ကရေရွတ်သံတသံထွက်လာပြီး မဲမဲဝဝ မိန်းမကြီးနဲ့အတူအမျိုးသမီးသုံးယောက်
လောက် ထထွက်သွားကြပြန်ပါတယ်။
``ပြီးတော့..လမ်းပေါ်မှာခိုစာခွေးစာကြွေးတဲ့ကိစ္စ၊ အဲဒါ လမ်းသွားလမ်းလာတွေကို စိတ်
အနှောင့်အယှက်ဖြစ်စေပြီး၊စားကြွင်း
စားကျန်တွေကြောင့် ကြွက်တွေယင်တွေ
တလောင်းလောင်း..ကွန်ကရစ်
လမ်းကိုကြွက်တွေဖောက်.....အဲ...´´
အလယ်တန်းက တတန်းလုံးနီးပါး ထပြန်ကြပါတယ်။
``နောက် ..လမ်းပေါ်မှာဝိုင်းအုံပြီး ဘင်ဂိုကတ်မဲဖောက်တဲ့ ကိစ္စ...အဲ..ပေါ့လေ´´
ရှေ့တန်းကအတော်များများထပြန်သွားကြ
ပြန်ပါတယ်။
ခွပ် ...ကလောက် ကလောက် ဂွပ်♪ ♬
(ရှင်လူ ရင်ပူ အာခြောက်တာနဲ့ ရေသန့်ပုလင်းယူ ဖန်ခွက်ထဲလောင်းထည့်
ပြီး ကမန်းကတမ်း မော့ချလိုက်သံပါ)
``အင်း..အဲ..နောက်တခုကတော့..အဲ..
ပေါ့လေ..လမ်းပိတ် ကြိုးတားပြီး ပိုက်ကျော်ခြင်းခတ်ကြတဲ့ လူမငယ့်တငယ်
များ´´
``ဒုန်း´´
(ရေသန့် ပုလင်းတခု စတင်းကိုလာမှန်တဲ့
အသံ)
``နောက် တစ်လုံးနှစ်လုံးသုံးလုံး ချဲဒိုင်များက
ဥပဒေ အပိုင်းလေးကိုအသုံးချပြီးMicrဝfinanceတွေလို
ရုတ်ရုတ်သည်းသည်းရဲတင်းနေတဲ့..ကိစ္စ´´
တံခါးဝက မတ်တပ်ရပ်နားထောင်နေတဲ့
ချဲဒိုင်က ရှင်လူ့ကို ခါးထောက်မျက်စောင်းထိုးပြီးချာခနဲလှည့်ထွက်သွားပြန်ပါတယ်။
``အဲ ..ပေါ့လေ..နောက်တခုက ..လော်ဥပဒေကို မလိုက်နာပဲ တလမ်းဝင်တလမ်းထွက် လူအုပ်ကြီးတရုန်းရုန်းနဲ့ ကာယကံ ဝစီကံ
မနောကံ ကံသုံးပါးလုံးနဲ့ ဆူပူသောင်းကျန်းနေကြ...အဲ..အဲ...
ဗျို့ ဦးဆံပု တို့အဖွဲ့ ဘယ်သွားကြမလို့လဲ၊
နေ..နေကြအုံးလေ..´´
ရှင်လူ စင်ပေါ်က မိုက်နဲ့လှမ်းတားတာတောင်မရ။ ရှင်လူ့မိတ်ဆွေ ဓမ္မာရုံဥက္ကဋ္ဌ နဲ့အဖွဲ့က
ရှင်လူ့ကို စိတ်ပျက်လက်ပျက် မျှော်လင့်ချက်မဲ့မျက်လုံးများနဲ့စိုက်ကြည့်ကာ ကျောခိုင်းထွက်ခွာသွားကြပြန်တယ်။
လမ်းပေါ်ပိတ်ရပ်ထားတဲ့ကားများ၊ဆိုက္ကား
များ စတဲ့ ပြောစရာစကားတွေကရှင်လူ့မှာ
အများကြီးကျန်နေသေးပေမယ့်၊တရပ်ကွက်လုံးကစိတ်မဝင်စားလို့မတက်ကြတဲ့ အုပ်ချုပ်ရေးမှုးသစ် ရွေးချယ် ပွဲကြီးကို
တခုခုမျှော်ကိုးပြီးတက်ရောက်လာကြသူ
ပိတ်သတ်တွေ တယောက်မှ မကျန်တဲ့ခါ
တယောက်ထဲကျန်ခဲ့တဲ့ ဒူးတင်ပေါင်တင်
ရပ်ကွက် အုပ်မှူးသစ်ရှင်လူလည်း စတင်းထဲအသင့်ထည့်ထားတဲ့ ပုလင်းနှစ်လုံးထဲက ဝီစကီပုလင်းကိုသာ
ကောက်ဖွင့်လိုက်ရပါကြောင်း....
(ဂယ်ကြီးမထင်ကြနဲ့ ရှင်လူမနေ့ညက
အိပ်မက်ကိုပြန်ရေးထားဒါ)
story#observation #shinlhu
Sunday, October 29, 2017
မြောက်ပြန်လေထဲကသီချင်း ♪ ♬ ❀
♪ ♬ ❀ ♥ ♪ ♡ ♬ ❀ ♥ ♪
မုန်တိုင်းလိုလို
လာနီညာလိုလို ရာသီက
ကဗျာမဆန် ပေမယ့်
စိမ့်တိမ့်တိမ့် မြောက်ပြန်လေနဲ့
မီးရောင်အောက်ကပိုးစိမ်းကောင်များ
ငါ့လည်ကုပ်ပေါ်ထောက်ခုန်သွားတဲ့
မာကျောကျောနှံကောင်လေးရေ
ဟေမာရဲ့ ဆောင်းကတ္တီပါဖွင့်လွမ်းရမှာလား
ကိုယ့်ဖာသာကိုယ် ဘာလုပ်ရမှန်းမသိတဲ့
ဂိုဒေါင်ညစောင့်ကြီးအတွက်တော့
သတင်းအချက်အလက်တွေမှန်မှန်ရဖို့
လိုသပကွယ်
ညိုမြသွေး
10:48pm
Sat,28 Oct 2017
poem#observation#shinlhu
Thursday, October 19, 2017
ဖင်လန်ဇာတ်ညွှန်းစကန်းဒကော်ပီ ✏ ✏ ✏
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
❀ ရှင်လူ့အိမ်ရှေ့ ကွန်ကရစ်လမ်းကိုခွပြီး
``ရင်တွင်းမေတ္တာ´´နာရေးကူညီမှုက
မဏ္ဍပ်ထိုးထားတယ်။ ရှင်လူ့ အိမ်ရှေ့ တံခါးပေါက်အပေါ်မှာ led မီးတလုံး
ချိတ်ဆွဲထားပြီး သုတ ၆ လမ်းထဲက
ယောက်ျား မိန်းမတစုရော မျက်နှာစိမ်းဧည့်
သည်များပါ ဝင်လိုက်ထွက်လိုက်။တဖက်နှစ်ထပ်
သီးသန့်ဆောင်ထဲကမာမာအေးရဲ့ငိုညည်းသံက ပြတ်တောင်း ပြတ်တောင်း ကြားနေရတယ်။
မဏ္ဍပ်ထဲမှာထောင်ထားတဲ့သစ်သား
သင်ပုန်းပေါ်မှာ ရေးထားတာက...
``ဇော်မင်းဦး´´၄၅ နှစ်။၁၆ ရက်၁၀လ ၂၀၁၇
တနင်္လာနေ့တွင်ကွယ်လွန်သည်။
တနင်္လာနေ့ က ရှင်လူကြီး Bella ရုံးမှာ
လက်ဆောင်ပစ္စည်းတွေသွားထုတ်နေလို့
မနက်၁၀နာရီလောက်မှအိမ်ပြန်ရောက်တယ်။
တနင်္ဂနွေညနေ၄နာရီခွဲရှင်လူအလုပ်သွားမယ်
လုပ်တုန်းကတောင် ဇော်မင်းဦး စကားပြောနေသံတွေ ကြားနေသေးတယ်။
မနက်ခင်း၇နာရီကျော်လောက်မှာ
အကောင်းသားကနေလဲသွားပြီးရုတ်တရက်
ဖြစ်သွားတာ။ စံပြဆေးရုံပို့တော့
ဦးခေါင်းကို ဓာတ်မှန်ဆိုလား စကင်ဆိုလား
ရိုက်ဖို့ တွန်းလှည်းရှာတဲ့လူက ရှာလို့မရ။
လှည်းရှာနေတုန်းမှာပဲ ခေါင်းစိုက်သွားတယ်
ကြားတာပဲ။
ပြီးခဲ့တဲ့ လတွေအတွင်း ဇော်မင်းဦးနဲ့ ရှင်လူတို့ ရန်ပွဲတွေ တဂျိန်းဂျိန်း။ (၁၇၉) ခြံဝင်းတခုထဲအတူနေကြပြီးတယောက်နဲ့
တယောက်ဘာ့ကြောင့်အမုန်းပွားနေကြသလဲ ၊မမေးကြနဲ့တော့ ခု သေသူကသေပြီ။
ဘာမှမပြောနိုင်တော့ ။ ရှင်လူပြောရင်
တဖက်သတ်ကိုယ်ကောင်းတာပေါ်လွင်
အောင် ပြောမှာပဲ။ အမှန်ဆုံးအဖြေကတော့
နှစ်ယောက်လုံးမကောင်းတာပဲ။ရှင်လူ့ မှာ
ခု ထိ အရိုးစွဲနေတဲ့အကျင့်တခုရှိတယ်။
အသက်သာ ၆၄ နှစ်ရောက်လာတယ်၊ ဒီအကျင့်ကပြင်မရ။အရာရာမှာ သည်းခံ
တတ်အောင်ကျင့်တယ်။ရတယ်။ ဘယ်နေရာမှာရသလဲ ဆိုတော့ တဘက်က
မတော်တဆမှားလို့ကတော့ရှင်လူ့လည်ပင်းတက်နင်းသွားပစေ၊ ပြုံးနေလိုက်မယ်
နင်းမိတဲ့လူအားတုံ့အားနာဖြစ်မစိုးလို့ သူ့ကိုတောင် ပြန်နှစ်သိမ့်လိုက်အုံးမယ်။ ဒါမျိုးကဖြစ်တတ်ပါတယ် တို့ဘာတို့။ တမင်လာစော်ကား လို့ကတော့
တကြိမ် စောင့်ကြည့်မယ်၊မတော်တဆလား
တမင်လား။ နှစ်ကြိမ် စောင့်ကြည့်မယ် ၊သေချာအောင်။သုံးကြိမ်တော့မရတော့ဘူး။
ထိပ်တိုက်တွေ့ပြီ။ သူများစော်ကားတာကို
ငုံ့ခံတယ်ဆိုတာသောက်ဂုဏ်သိက္ခာတပြားသားမှမရှိတဲ့ကောင်မျိုးမှ ငုံ့ခံတာ။အဲ့ ကြောင့် ဒီကောင်ဇော်မင်းဦးနဲ့ ရှင်လူတို့
အပြန်အလှန်အော်ကြီးဟစ်ကျယ်
ဆဲဆိုကြိမ်းမောင်းကြတာကိုယ်ထိလက်ရောက်
ဖြစ်လုလု အကြိမ်ကြိမ်။ဒီကောင်ကလည်း
အရက်မူးလာရင် ရိတတ်စောင်းတတ်တယ်။
ရှင်လူ့ကို စောင်းမြောင်းကြိမ်းမောင်းတာတို့၊
မခံချင်အောင်မထိတထိပြောတာတို့၊
ရှင်လူကဒဲ့သမားဆိုတော့မျက်နှာချင်းဆိုင်
မေးတဲ့ခါခင်ဗျားပြောတာမဟုတ်ဘူးဘာညာ
လုပ်ပြန်ရော။တခါတခါရှင်လူ ပေါက်ကွဲရင်ူသောက်ပြီးသားဝီစကီ ပုလင်းပြားတွေပုံပြီး နံရံကိုတလုံးခြင်းပစ်ခွဲမိတယ်။ ရှင်လူသောင်းကျန်းလိုက်တော့လည်းသူ
ငြိမ်သွားပြန်ရော။သူ့လိုရိတတ်စောင်းတတ်တယ်။ ရှင်လူက ၁၅နှစ်သားကတည်းက
ကဗျာရေးလာတာ။ဒါပေမယ့်အဲ့အတတ်
ပညာတွေကရှင်လူ့ကိုယ်ရေးကိုယ်တာ
သုံးဖို့ ဆည်းပူးထားတာမဟုတ်ဘူး။ သူ့ကို
အလင်္ကာနဲ့စောင်းမယ့်အစား လက်သီးချင်း
ပဲယှဉ်ထိုးလိုက်မယ်ဆိုတဲ့အတွေးပဲရှင်လူ့မှာ
ရှိတယ်။ တကယ်ထိုးဖြစ်ရင် ၆၄ နှစ်နဲ့ ၄၅နှစ်ကဝိတ်တန်းချင်းသားအဖလောက်ကွာနေတယ်။ခင်ဗျားတို့ဘယ်လိုထင်လဲ။
ရှင်လူ့သောက်ခွက်ကြီးဘာဖြစ်သွားမယ်
ထင်သလဲ။ဒီကောင်ခုလိုမသေခင်
်ပြီးခဲ့တဲ့သုံးရက်လောက်ကပဲတပွဲကြုံလိုက်ရသေးတယ်။အဲ့လိုပဲ တယောက်နဲ့တယောက် အမြင်မတော် အကြားမတော်တာကစပြီး
ဖြစ်ကြတာ။ဒီကောင်ကရှင်လူလာနေတဲ့ဘက်ကို ကျောပေးပြီး ဖင်လှန်ပြတယ်လေ။
ရှင်လူလည်းအမှတ်မထင်ကြည့်မိလိုက်ရာက အမှတ်မထင် ဒေါသထွက်သွားတာ
တယောက်နဲ့တယောက်အော်ကြီး
ဟစ်ကျယ် ဆဲဆိုမိကုန်ရော။ ကဲ ..သူရော ကိုယ်ရော ခုချိန် အဲ့ဒီနေ့ကဒေါသတွေ
ဘယ်ရောက်ကုန်ပြီလဲ။သူက ခုလောက်ဆို
``ရင်တွင်းမေတ္တာ ´´နဲ့ စံပြဆေးရုံကနေပြီး
ရေဝေး ရေခဲတိုက်ရောက်နေပြီး ရှင်လူက
တောင်ဒဂုံဟားခါး ဂိုဒေါင်မှာ။
ဟိုနေ့က သူဖင်လှန်ပြလို့ရှင်လူဒေါသဖြစ်တဲ့
ကိစ္စကို ဗွီဒီယို ပြကွက်လိုပြန်တွေးရင်း
ဇာတ်ညွှန်းပြင်ရေးကြည့်မိတယ်။
##ရှင်လူ့ကိုဖင်လှန်ပြတဲ့ ဇော်မင်းဦးနေရာမှာ ဟို တင်ထွားစိန် ဆယ်လီ အဆိုတော် ကို လူစားလဲ ကြည့်
လိုက်တယ်##
ဒီဇာတ်ညွှန်းသစ်အရ ဒေါသခန်းကို ဘယ်လိုမှ ထည့်လို့မရတော့ဘူး။တကယ်တော့ ဒေါသဆိုတာလည်း ပညတ်ပဲ။ မမြဲဘူး။
ရှင်လူလည်းပညတ်ပဲ ၊မမြဲဘူး။ခုညစာစားတော့တောင် ထမင်းငုံ့ စားရင်း ခေါင်းမူးသွားတာ တော်တော်နဲ့မပြေဘူး။ရေနွေးကြမ်းလေး
ကောက်သောက်ပြီး ခဏလောက်ငြိမ်နေပြီးမှ ဆက်စားရတယ်။
သေမှာပဲ။ အဲ့ ဖင်လန်ကောင် ဇော်မင်းဦးမှမဟုတ်ဘူး။ရှင်လူဆိုတဲ့ကောင်လည်းသေမှာပဲ။ ဘာမှ မမြဲတဲ့ အတ္တတွေ
မာနတွေ ဒေါသတွေအစားတမလွန်ဟိုတယ် မှာ ငါတို့ ပြန်ဆုံကြရင် ရင်ခံပြီး ဖင်လှန်နေကြမယ့်အစား ဝီစကီပုလင်းလေးအလယ်မှာချလို့ ...
story#observation#shinlhu
ဆောင်းခိုငှက်တကောင်....
♪ ♬ ♪ ♬ ♪ ♬ ♬ ♪ ♪ ♬ ♪
ဆောင်းရေ♪ ♬
ပြက္ခဒိန်တွေ Photo slide ဆွဲသလို
သက္ကရာဇ်တွေလည်း ဇရာထောင်းပေါ့ကွယ်
နှင်းတွေက ဝေနေတာလား ကြွေတာလား
မြက်ဖျားခိုစီး နှင်းသီးတပေါက်ရဲ့ညနေဟာ
ဆည်းဆာတောက်တောက်အဝေးပြေးလမ်းမကြီးပေါ်
အရှိန်နဲ့ဖြတ်သန်းနေကြတဲ့ ကားတွေနောက်က
အချက်ပြမီး ရဲရဲလေးတွေ လက်ပြနှုတ်ဆက်မှုကို အသိမှတ်ပြုရင်း
ကုန်းဆင်းကုန်းတက်နဲ့ အကွေ့အကောက်တွေများတဲ့ခရီး
ဝေးသလား နီးသလားမသိနိုင်ခဲ့
သီချင်းတွေ ဆက်ဆိုချင်ပါသေးတယ်ဆောင်းရယ်
သံစဉ်အက်အက် ရင်ကွဲထွက်အန်
ဖိတ်လျှံသွေးစ နှင်းလွလွကြား
ပန်ချီးကားတချပ် အပြီးသတ်တော့မလား
ဘဝဖော်နဲ့ ပျော်ခဲ့တဲ့ဆောင်း
ဆောင်း ဆောင်း ဆောင်းအဟောင်းတွေ
ကြွေခဲ့ပြီလား ဝေးပြီလားကွယ်
ရာသီနုသစ် ပြူတင်းလှစ်ရင်း
နှင်းငွေ့ဝေဝေ မြောက်ပြန်လေမှာ
မျောပါတဲ့ဆောင်း သစ်တဲ့ ဆောင်းရေ
အကြောင်း မသင့် အခွင့်မသာ
မကြိုပါက ငါ့ကိုပြစ်တင်
မငြိုငြင်ပါနဲ့တော့
သင်နဲ့ ငါ ဟာ အခါလွန်သတင်းစာအဟောင်းတရွက်ရဲ့
အထီးကျန်နေ့တွေမှာ
တစိမ်းပြင်ပြင်တွေပ ကွယ်...
ညိုမြသွေး
6:18 pm
Thu,19 Oct 2017
poem#observation#shinlhu
အောက်တိုဘာ(၁၈)ညဦး
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မုန်တိုင်းနောက်က
ကိုယ်ယောင်ဖျောက် ရင်း
ခိုးချောင်ခိုးဝှက် အေးသက်ညှင်းညှင်း
မင်းဝင်လာတာ♪
ငါသိပါတယ် မြောက်ပြန်လေ♬ ♬
တိမ်စင်နက်ပြာ အာကာပြိုးပြက်
မလင်းတချက် လင်းတချက်နဲ့
စိန်စက်ကြယ်စင် ခရီးနှင်သလို
ငါ့ကိုလှည်းစား မင်းဝင်သွားပေါ့
မလေးရှားပိတောက်ကိုင်း
ဆိုင်းဆိုင်းတွေကြား ပုန်းကစားရင်း
မင်းပျော်နေလား ပိုးစုန်းငယ်...
ညစောင့်အဖိုးကြီး ရှင်လူ
story#observation#shinlhu
Saturday, October 14, 2017
အေးဆေးပဲ ရှင်လူ ♥ ♥
♥ ♥ ♥ ♥ ♥ ♥
♥ ဒီညနေ ၄နာရီကျော်စကတည်းကရှင်လူ ရေမိုးချိုးပြီးအထုပ်အပိုးပြင်ပြီးနေပြီ။
ဗိုက်ထဲကနည်းနည်းဆာသလိုလို။ လမ်းကျမှ တခုခုဝယ်စားလိုက်မယ်တွေးရင်း ၄နာရီမခွဲခင်ပဲ အိမ်ကထွက်လာလိုက်တယ်။
သံသုမာမီးပွိုင့်ကိုဖြတ်ပြီးဘေလီတံတားပေါ် နင်းတက်လာရင်းအရင်ရွှေပင်လုံအဝင်နားကMr.မောက်မှာပဲနံပြားဝင်စားရင်ကောင်းမလားတွေးမိပေမယ့်စိတ်ထဲကပဲနံပြားလည်းစားချင်စိတ်မရှိ။
ဒီလိုနဲ့CityMartရှေ့လမ်းကြောအတိုင်းတရိပ်ရိပ်နင်းချလာရင်းပင်လုံဂုံးတံတားနားရောက်လာခဲ့။တံတားအခြေမှာဆင်းလိုက်ပြီးစက်ဘီးကိုတံတားပေါ်တွန်းတက်လာလို့တံတားပေါ်အရောက်မှာဟိုးခပ်လှမ်းလှမ်းကတောင်ဒဂုံ၂၆ရပ်ကွက်ဘက်လှမ်းငေးရင်း ၊ ဟုတ်ပြီ...၂၆ ရပ်ကွက်ထဲမှာတလောကမုန့်ပျားသလက်သည်လေးရှိတယ်။အဆာပြေမုန့်ပျားသလက်စားရရင်ကောင်းမှာ။ စက်ဘီးကိုခွလိုက်ပြီးမတ်စောက်တဲ့လမ်းအတိုင်းဘရိတ်ကိုခပ်ဖွဖွလေးထိန်းရင်းအရှိန်နဲ့ဆင်းလာခဲ့တယ်။၂၆ရပ်ကွက်နားရောက်
တော့ မိုးစန္ဒာ၁လမ်းထဲချိုးဝင်ခဲ့ပြီးကွန်ကရစ် လမ်းအတိုင်းညာဘက်ကိုဆက်နင်းလာလိုက်တယ်။မုန့်ပျားသလက်ဆိုင်ရှေ့မှာ ရပ်လိုက်တော့မုန့်လုပ်နေတဲ့ ကလေးမက ``အဘ..ဘာယူမလဲ´´တဲ့။``မုန့်ပျားသလက်
တခု´´ဆိုတော့``အဘ ခဏစောင့်နော်၊ဟို
ဘက်မှာ ထိုင်ခုံရှိတယ်´´ဆိုတာနဲ့ ဆိုင်ဘေးမှာချထားတဲ့ပလပ်စတစ်ခုံမှာ
ဝင်ထိုင်နေလိုက်တယ်။မုန့်သည်ကလေးမ
လေးကအသက်သုံးဆယ်ဝန်းကျင်လောက်ရှိမယ်။သူက သူ့ရဲ့ မုန့်ပျားသလက်ဆိုင်ကို
သစ်သီးဆိုင်နဲ့တွဲထားတယ်။ကလေးတ
ယောက် ပျားလိမ္မော်လာဝယ်တော့
၂၀သားငါးရာဆိုပြီးချိန်ခွင်နဲ့ချိန်ပေးလိုက်တယ်။သူ့ စိတ်ကူးကမဆိုးဘူး သစ်သီးရောမုန့်ပါတွဲရောင်းတော့ ဝင်ငွေပိုရတာပေါ့။မုန့်ကျက်တော့ ကပ်ကျေးနဲ့ညှပ် အိတ်လေးနဲ့ထည့်ပြီး
အပေါ်ကနှမ်းထောင်းဖြူးလိုက်တယ်။
သူ့ဆီက မုန့်ထုပ်လှမ်းယူလိုက်ပြီး ခုနကုလားထိုင်မှာပဲပြန်ထိုင်ရင်းစားနေလိုက်တယ်။ ဗိုက်ဆာဆာနဲ့ မုန့်ပျားသလက်
ပူပူလေးနှမ်းထောင်းမွှေးမွှေးလေးနဲ့စားရတာအရသာရှိသား။ပဲပြုတ်နဲ့ ကြက်သွန်မိတ်လည်းပါသေးတယ်။ရှင်လူစားပြီးတာမြင်တော့ ကလေး မက``အဘ
ရေသောက်အုံးမလား´´``အေး..ကောင်းတာပေါ့´´ဆို
တော့ သစ်သီးဆိုင်ထဲက ရေခဲရေပုလင်းယူပေးတာနဲ့တငုံနှစ်ငုံမော့လိုက်တယ်။ အိုကေ၊အမောလည်းပြေ အဆာလည်းပြေပြီ။ဆိုင်ရှင်ကလေးမလေးကိုနှုတ်ဆက် ၊စက်ဘီးလေးကိုတက်ခွရင်း
ဟားခါးလမ်း Bella ဂိုဒေါင်ရှိရာဘက်ကို
နင်းလာခဲ့တယ် ။အေးဆေးပဲ၊ ခုမှ ၅နာရီတောင်မခွဲသေး....
story#observation#shinlhu
ဘီယာမူးနေတဲ့ စက်ဘီး ♪ ♬
♪ ♬ ♪ ♬ ♪ ♬ ♪ ♬
ဒီနေ့ညနေ3:45pmမှာရှင်လူအလုပ်လုပ်နေတုန်း ဖုန်းဝင်လာတယ်။ ကောက်နားထောင်လိုက်တော့ အိမ်ရှင်
ဒေါ်ကြီးရဲ့ သားသမက် မောင်နီဖြစ်နေ
တယ်။ ``အကို ..အိမ်မှာလား´´
``ဟုတ်တယ်´´
``အကို..ကျနော် အကိုတို့လမ်းထိပ်က
ဆိုင်မှာရောက်နေတယ်၊ ဒါကြောင့်အကို့ကို
လှမ်းခေါ်တာ၊ ထွက်လာခဲ့ပါလား´´
``အေး..အေး..လာခဲ့မယ် ခဏစောင့်´´
``ဟုတ်ကဲ့ အကို ´´
မောင်နီ ရွှေမန်းသူကားဝင်းရှေ့ မျက်စောင်းထိုး ဘီယာဆိုင်ကနေပြီး လှမ်းဆက်လိုက်တာပါ။ သူတို့ မိသားစုက မြောက်ဒဂုံ မဟာမြိုင်မှာနေကြတာပါ။
ဒီလိုပါပဲသူဒီဘက်ရောက်လို့ ဘီယာဆိုင်ထိုင်
ဖြစ်တဲ့ အခါတိုင်းလိုလို ရှင်လူ့ကို လှမ်းခေါ်
တတ်ပါတယ်။သူက ကားအရာင်းအဝယ်
လုပ်နေတာမို့ တောင်ဥက္ကလာမှာ ကားလာပြရင်း ဘီယာဆိုင်ဝင်ထိုင်နေတာ
ပါ။ ရှင်လူရောက်သွားတော့ သူနဲ့အတူ
မိတ်ဆွေတယောက်ပါရှိနေပါတယ်။ ရှင်လူ့ 
ကိုသူ့ မိတ်ဆွေနဲ့ မိတ်ဆက်ပေးရင်း ရှင်လူ့ 
ရှေ့ကဖန်ခွက်ထဲဘီယာငှည့်ထည့်။ရှင်လူလည်းအလုပ်သွားကာနီးနေပြီမို့  စကားစမြည်ပြောရင်း တခွက်တဖလား
လောက်တော့ သောက်သွားမယ် ဆုံးဖြတ်ထားပါတယ်။ ဖြစ်ချင်တော့ စားပွဲ
ပေါ်မှာ မြန်မာဘီယာပုလင်းလေးလုံးရှိနေပြီး
ပုလင်းဖုံး lucky draw က လေးပုလင်း
ပေါက်ထားပါတယ်။ အင်း..ရှင်လူတို့ကုသိုလ်ကံများ။ ကိုယ်က
တခွက်တဖလား မှန်းထားတာ ဒကာက
ကံစမ်းမဲတွေ ဆက်တိုက်ပေါက်ထားလေ
တော့သူငှည့်ပေးသမျှကောက်သောက်လိုက်၊ကန်စွန်းပလိန်းနဲ့ ကြက်အရေခွံကြော်
ကောက်ဝါးလိုက်နဲ့ ၄နာရီ ခွဲကျော်ကာမှ
အလုပ်သွားဖို့အကြောင်းပြ၊သူတို့ကိုနှုတ်ဆက်ပြီးထပြန်ခဲ့ပါတယ်။အိမ်ရောက်တော့
ကမန်းကတမ်း ရေမိုးချိုးအထုပ်အပိုးပြင်ပြီး
စက်ဘီးလေးနဲ့ထွက်ခဲ့။မြန်မာဘီယာသုံးခွက်ကမူးတယ်မဆိုသာပေမယ့်ရီတီတီ။အနားမှာဇနီးမယားသမီးသား
တွေသာရှိနေလို့ကတော့ဒီနေ့အလုပ်မသွားဖို့ဝိုင်း
တားကြမှာပဲ။
ခုတော့မမ မရှိတော့တဲ့၂၀၀၉ဇန်နဝါရီက
စပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဒီမိုကရေစီရနေခဲ့တာ။ ကားတွေကြားမှာ ရှင်လူ့ Mountain
ဘီးကလေး ဘယ်ယိုင်ညာယိမ်း လှစ်ခနဲ
လှစ်ခနဲ။မြောက်ဒဂုံ သင်းဝင်နားကဆိုက္ကား
ဂိတ်ရှေ့ရောက်တော့ ဆိုက္ကားသမားတွေ
ဘုံကထိန်အတွက်အရုပ်ကြီးတွေနဲ့အလှူခံ
နေတာ ။လွန်ခဲ့တဲ့လေးငါးနှစ်ကတော့ ဒီဂိတ်ပဲ အဖြူအစိမ်း ဆရာမရုပ်ကြီးတွေနဲ့တွေ့လို့ ရှင်လူ ဓာတ်ပုံ
ရိုက်ပြီးfb တင်ခဲ့သေးတယ်။ဒီနှစ်တော့
ဒေါ်တင်ထွားစိန်နဲ့ ဦးသူတော်လား ဘာလား။လမ်းဘေးစက်ဘီးဒေါက်ထောက်
ပြီး စိမ်ပြေနပြေ ဓာတ်ပုံရိုက်နေလိုက်တာ
ကားဟွန်းသံ တတီတီ ဆက်တိုက်ကြားလို့ကြည့်လိုက်တော့ တဘက်ခြံဝင်းထဲဝင်မယ့်ကားက ခြံဝပိတ်ရပ်ထားတဲ့ ရှင်လူ့ စက်ဘီးကို
ဖယ်ခိုင်းနေတာ။ အင်းလူမမူးပေမယ့်
စက်ဘီးတော့မူးနေပုံရတယ်ဗျ။
story#observation #shinlhu
Tuesday, October 10, 2017
တောင်ဒဂုံ စက်မှုဇုံ (၁)(၂)(၃)ကိုဖြတ်သန်းခြင်း ➳
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
♥ ဒီမနက် ငါးနာရီလောက် အိပ်ယာကနိုးလာတယ်၊ ဂိတ်တဲထဲက
ဘော်ဒါကြီး ဦးစိုးမင်း သူ့ true ဖုန်းလေးနဲ့ ကြာနီကန် ပဋ္ဌာန်းဖွင့်သံက
မနက်ခင်းကိုကြိုလို့။
မျက်နှာသစ်ပြီး ဟိုဟိုဒီဒီငေးလိုက်တော့
ဇုံ ၁ လမ်းမကြီး ရဲ့ဟိုးတဖက်ကမီးရောင်
လက်လက်မြင်ရတာနဲ့ ``ဆရာကြီး ဟိုးကဟာ စက်မှုဇုံ ဘူတာထင်တယ်၊
ကျနော် ဘူတာဘက်သွားကြည့် လိုက်အုံး
မယ်´´ ဆိုတော့ ဘော်ဒါကြီးက``သွားလေ
အကို၊သတိလည်းထားသွားအုံး၊ခွေးတွေကပေါသနဲ့´´။ဦးစိုးမင်းသတိပေးတာမမှား။
လမ်းမကြီး ကူးပြီး လက်ဖက်ရည် ဆိုင်ကလေးကျော်လိုက်တာနဲ့အမှောင်သမ်းဆဲ ကွင်းပြင်ထဲမှာ ခွေးတအုပ်ကအနည်းဆုံး ၁၀ ကောင်လောက်ရှိမယ်။ ဒီနားမှာက ညအိပ်တဲ့ ၁၀ ဘီးကားတစီးနှစ်စီးကလွဲလို့
ဂိုဒေါင်လိုလို အဆောက်အဦ တခုတလေပဲ
ရှိတယ်။ခွေးအုပ်ထဲကခွေးတကောင်နှစ်
ကောင်က ရှင်လူ့ကို အကဲစမ်းသလို တချက်နှစ်ချက်လှမ်းဟောင် လိုက်တယ်။
ကျန်တဲ့ခွေးတွေကြည့်လိုက်တော့ ဘာသိဘာသာ။ အဓိပ္ပါယ်ကတော့
``ဟောင်မနေစမ်းပါနဲ့ကွာ ဘာမှလည်း
မဟုတ်ပဲနဲ့ ၊သူ့ဖာသာသွားပါစေ´´ဆိုတဲ့
သဘောမျိုးမို့ ရှင်လူလည်း အိနြေ္ဒ မပျက်
ခပ်တည်တည်ဆက်လျှောက်လာခဲ့တယ်။
အတော်လှမ်းလှမ်းရောက်တော့ လျှပ်စစ်
ဓာတ်အားခွဲရုံ တခုနဲ့ သူ့အလွန်မှာ
ကွေ.ကွေ.ကောက်ကောက်သစ်သား
တံတားလေးတွေ့တာနဲ့ တံတားပေါ်ဖြတ်
လျှောက်လိုက်တော့ရထားသံလမ်း၊ပြီးတော့
ဘူတာ။ဘူတာကို ဓာတ်ပုံရိုက်လိုက်ပြီး
ဖြတ်ထွက်လျှောက်လာ တွေ့တဲ့လမ်းကို
ဖတ်ကြည့်လိုက်တော့ ချင်းတွင်းလမ်း..တဲ့။
ဒါ စက်မှုဇုံ ၂ ပဲ။ဒီလိုနဲ့ ချင်းတွင်းလမ်းတဆုံး
လျှောက်ပြီးဇုံ၂ကထွက်ဇုံ၃ဘက်လျှောက်လာပြီး ဇုံ ၃ ဆိုင်းဘုတ်ရှေ့ကျ ကွေ့ဝင်ပြီး
မိမိတို့ Bella ဂိုဒေါင် ရှိရာ ဇုံ ၁ ဟားခါးလမ်း
ရှိရာပြန်လျှောက်လာခဲ့တယ်။မိမိအိမ်က
စက်ဘီးနဲ့မလာပဲ ဘတ်စ်ကားစီးမလား
လေ့လာကြည့်တာ သိတ်အဆင်မပြေသေး။
ကိုယ်က ဘတ်စ်ကားလိုင်းတွေအကြောင်း
သိတ်မသိသေး။
story#observation #shinlhu
Mon,10 Oct 2016 အရွဲ့တိုက်တတ်သူ
အရွဲ့တိုက်တတ်သူ ရှင်လူရဲ့စိတ်ရင်း
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဒီညခင်းလေးမှာရှင်လူ့စိတ်တွေအေးချမ်းလို့နေပါပြီ။ပြီးခဲ့တဲ့ရက်တွေကအရက်
ပုလင်းတွေကိုင်ပြီးfbပေါ်ပုံတွေတင်ခဲ့တဲ့ရှင်လူ ဟာဒီနေ့ရှင်လူမဟုတ်ပါဘူး။ တကယ်တော့ သံသရာစက်ဝန်းကြီးထဲမှာ
မိမိတို့ဟာအသွင်အမျိုးမျိုးနဲ့သရုပ်ဆောင်ခဲ့
ကြရတဲ့ သရုပ်ဆောင်များပဲဖြစ်ပါတယ်။
လူတယောက်ကို သူဟာ လူကောင်းပဲ
လူဆိုးပဲ ရယ်လို့ သတ်မှတ်နိုင်တာဟာ
သူလက်ရှိဖြစ်တည်နေတဲ့အမှတ်စက်က
လေးပေါ်ကြည့်ပြီးပြောနေကြတာပါ။လူ့ပတ်ဝန်းကျင်ဆိုတာတနေ့တနေ့ကိုယ့်ကိစ္စနဲ့ကိုယ့်ဗာဟိရတွေနဲ့ကိုယ်မို့ လူတယောက်
ချင်းစီရဲ့ အကျိုးအပြစ်တွေကို ၂၄ နာရီ နှလုံးသွင်းနေနိုင်တဲ့လူဒီကမ္ဘာပေါ်မှာတ
ယောက်မှရှိမယ်မထင်ပါဘူး။ဒါပေမယ့်
လူ့ကျင့်ဝတ်တွေ ဥပဒေသတွေအရ ချီးမွမ်း
ထိုက်သူတွေ့ရင်ချီးမွမ်းကဲ့ရဲ့ရှံ့ချသင့်သူ
တွေ့ရင်ကဲ့ရဲ့ရှုံ့ ချရတာလောကကိုဝစီကံနဲ့
စောင့်ရှောက်တယ်လို့ပဲ ရှင်လူမြင်ပါတယ်။
ဒါကြောင့် ချစ်သူတော့သာစေ မုန်းသူတော့
နာစေဆိုတဲ့ စေတနာမျိုးနဲ့မဟုတ်ပဲ ကမ္ဘာ
လောကကြီးကိုဝိုင်းဝန်းစောင့်ရှောက်ပေး
ကြပါလို့ ရှင်လူ့မိတ်ဆွေများကို တောင်းဆို
ပါရစေ။ တကယ်တော့fbဟာဟိုတယောက်
ဘာသာပြန်ထားသလို *မျက်နှာစာအုပ်*
တကယ်တော့ ဟောဒီဂြိုလ်ပြာကြီးရဲ့
မျက်နှာစာအုပ်ပါ။မိမိတို့ရဲ့ကံသုံးပါးနဲ့
ကမ္ဘာ့မျက်နှာကြီးကိုအလှဆင်နိုင်ကြပါစေ။
story#observation#shinlhu
့
ု
Monday, October 9, 2017
သီတင်းကျွတ်လပြည့်တဲ့လား(၄) ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥♥
မနေ့ညက ``သီတင်းကျွတ်လပြည့်တဲ့လား(၃)´´ကိုရေး
ပြီးတော့ 1:30 AM ဖြစ်နေပြီ။ဖုန်းဘက်ထီ
လည်း၁၂ ပဲကျန်တော့အနီရောင်ပြောင်း
နေပြီ။ခြင်ကိုက်ခံထားရလို့ တကိုယ်လုံး
လည်းယားနေပြီ။ဘက်ထီအားပြန်သွင်းပြီး
ဆက်ရေးရင် အရုဏ်တက်သွားတော့မယ်။
မနက်ကျတောင်ဥက္ကလာထိစက်ဘီးနင်းပြန်ရမှာ ။အိပ်ရေးထပ်ပျက်ခံလို့မဖြစ်တော့
တာကြောင့် အိပ်ယာဝင်လိုက်ရတယ်။
တကယ်တော့သီတင်းကျွတ်လပြည့်တဲ့လားက ရေးစရာမကုန်သေး။ ဒီတော့ ခုည အလုပ်ဝင်ညစာစားပြီးမှပဲဆက်ရေးနိုင်တော့တယ်။
တကယ်တော့ မနေ့ည ၊ လပြည့်ည အလုပ်ဆင်းသာဆင်းလာရတာ ၊ရှင်လူ့ဘဝမှာ တသက်တာလုံး လွတ်လွတ်
လပ်လပ်နေလာခဲ့ရတော့ မီးပွဲသဘင် ရသ
ကို နှစ်စဉ်နှစ်တိုင်းခံစားနေကျ။ဇနီးသည်
ရှိစဉ်ကလည်း ဇနီးနဲ့အတူ မီးထွန်းပွဲတွေ
လျှောက်ကြည့်၊ကြုံရာလက်ဖက်ရည်ဆိုင်ဝင်ထိုင်။ ကောင်းကင်ပေါ်တက်လာသမျှ မီးပုံးပျံတွေလိုက်ငေး။တခါတခါ ဆီမီးပူဇော်
ပွဲကျင်းပရာ ဘုးရားစေတီတဆူဆူ ရောက်လိုရောက်။တခါတခါ ကဗျာဆရာ
သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်၊
အရက်ဆိုင်ရောက်လိုရောက်ပေါ့။ 2009,
Jan မှာဇနီးသည်မမ ကွယ်လွန်ုပြီးစ နှစ်တွေကတော့ တယောက်တည်း
ယောင်နန နှစ်တွေပေါ့။ နောက်ပိုင်း
ရှင်လူ့ အခန်းမှာ ပန်းထိမ်လာလုပ်တဲ့
မောင်ဖြူသီးနဲ့ ဘာလာတို့ သားဦး
ဖိုးသောကြာလေးမွေးလာတော့ရှင်လူကြီးအတွက် မီးပွဲသဘင် လည်စရာအဖော်
ပြန်ရလာခဲ့တယ်။ ဖိုးသောကြာ ၃နှစ်သား
မပြည့်တပြည့်မှာ မုံရွာ(ခင်မွန်)ပြောင်းသွားပြီးနောက်ပိုင်း
လွန်ခဲ့တဲ့၃နှစ်ကဒီလိုသီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ မှာ ရှင်လူ့ အိမ်နီးချင်း
သဲလေးဖွေးဖွေးသိမ့်လူ့လောကထဲရောက်လာခဲ့လေ
တော့သီတင်းကျွတ်မီးပွဲသဘင်
တွေဟာ ပြန်လည် လှပမြဲ လှပနေပါတယ်။
ဒီနှစ် လပြည့်နေ့ကတော့ ဖွေးတို့လည်း
ပဲခူးဘုရားဖူးထွက်၊ရှင်လူကြီးကလည်း
ညဘက် တောင်ဒဂုံ စက်မှုဇုံ(၁)Bella ဂိုဒေါင်မှာ တာဝန်ကျလေတော့ ဆွေးပြီပေါ့။
ညနေ ၆ နာရီ ဟားခါးလမ်း ဂိုဒေါင်ထဲကို
စက်ဘီးလေးနင်းရင်းဝင်ခဲ့။ ခဏအကြာမှာ
နေ့သမားတွေနဲ့ ဂျူတီလဲပြီး နေ့သမားနှစ်ယောက်ပြန်သွားတော့ ထန်းလက်ကုလားထိုင်လေးပေါ်ထိုင်ရင်း
ည ပါတနာကြီး ဦးစိုးမင်းကို
``တနေ့က ဆရာကြီး ပြောတာ ဒီနားမှာ
ညဈေးတန်းရှိတယ်ဆို´´
``ရှိတယ်လေ ဟိုအနောက်ဘက် ငမိုးရိပ်
ချောင်းစပ်မှာ´´
``ဟုတ်လား အစုံ ဝယ်လို့ရလား´´
``ရတာပေါ့ ၊ အကို ဘာဝယ်ချင်လို့လဲ´´
``ဒီနေ့ ကျနော်ထမင်းဗူးမပါဘူးဗျ၊ စားဖို့တခုခုလည်းဝယ်ရမယ်၊ပြီးတော့ ဟိုဘက် ဂိုဒေါင်ရှေ့မှာတောင် ဖယောင်း
တိုင်မီးပူဇော်နေကြပြီ၊ ဖယောင်းတိုင်လည်း
ဝယ်ရမယ်´´
ဒီလိုနဲ့ ဦးစိုးမင်းလမ်းညွှန်တဲ့အတိုင်းစက်ဘီး
လေးနဲ့ထွက်လာခဲ့တာ၁၅မိနစ်လောက်ကြာတော့ ညဈေးရှိရာရောက်လာခဲ့တယ်။
အိမ်ကလေးတွေက တဲသာသာလေးတွေများပြီး လမ်းတိုင်းအိမ်တိုင်းမှာ ရောင်စုံမီးဆိုင်းလေးတွေနဲ့။တောကြီးမျက်မည်းထဲမှာ လင်းလင်းချင်းချင်းရွာလေးတရွာကိုဘွားခနဲ
မြင်လိုက်ရသလိုပါပဲ။ရေတွင်းချောင်ရပ်ကွက်တဲ့။စက်မှုဇုံ ၁ နဲ့ ငမိုးရိပ်ချောင်းကြားမှာ ဖွံ့ဖြိုးနေလိုက်တာ။
အမ်မယ်..ဘုရားပုထိုးတွေဘာတွေနဲ့။
ဆီမီးရောင်တထိန်ထိန်လင်းလို့။ကဲ...ကြုံတုန်းကြုံခိုက် ဘုရားဝင်ဖူးလိုက်အုံးမယ်။
စကြ်ာမာန်အောင်စေတီနဲ့
၃၁တောင်ပြည့်ဗုဒ္ဓရုပ်ပွားတော် ဆွမ်းတော်ကြီးပူဇော်ပွဲဆိုပဲ။ရှင်လူတို့များ
ညစောင့်တာဝန်ကျတာတောင် ဘုရားဖူးခွင့်လေးခဏတော့ ရလိုက်သေးတယ်။ ဘုရားဖူး၊ ဓာတ်ပုံလေးဘာလေးရိုက်ပြီး နီးစပ်ရာ
ကုန်စုံဆိုင်က ဖယောင်းတိုင်ဝယ်။ပြီးတော့
ညစာအတွက် ``ထိပ်တန်း´´ဆိုတဲ့ ဈေးတန်းဆိုင်ကလေးက ခေါက်ဆွဲကြော်တထုပ်ဝင်ဝယ်ခဲ့တယ်။
ကြက်သားနဲ့ခေါက်ဆွဲကြော်တပွဲ တထောင့်သုံးရာတဲ့၊တန်လိုက်တာ။
ဘုရားပရဝဏ်မှာ ရိုက်လာတဲ့ပုံတချို့တွဲတင်လိုက်မယ်။
နောက်ပိုင်း ဂိုဒေါင်ဂိတ်ဝမှာ မီးပူဇော်တာတို့
ညစာစားတာတို့ကတော့ တပုံချင်းစီပဲသပ်သပ်တင်လိုက်တော့မယ်။
အားလုံးပဲ သောမနဿ သဟဂုတ် ဥာဏသမ္ပယုတ် စိတ်ကလေးနဲ့ ပျော်ရွှင် ဖွယ်သီတင်းကျွတ်ပွဲတော်လေးဖြစ်ကြပါစေ။
story#observation#shinlhu
အတွင်းရေး ♥ ♥ ♥
♥ ♥ ♥ ♥
သနပ်ခါး ရေကျဲ
ခပ်ပါးပါးလေး တင်ထားတဲ့သမိုင်းပါ
ငါ့စာအုပ်က သိတ်မထူလှ
နှုတ်ခမ်းနီ ရဲရဲ ဆိုးမထား
မိတ်ကပ် လိုင်နာ ဖြည့်မထား
Artificial မဟုတ်
အားလုံးမမြင်ရဘူး မဟုတ်လား
နှလုံးသွေးကတော့ ရဲရဲနီ
ညိုမြသွေး
8:35 pm
Sun,8 Oct 2017
poem#observation#shinlhu
Friday, September 29, 2017
ကျမ်းကိုး ♥ ♥ ♥
♥ ♥ ♥
မောင်တို့ မယ်တို့ကျောင်းခန်းဝင်
အပြုံးပန်းကိုဆင်
မင်္ဂလာပါဆရာမ
ညီညီညာညာ ဖင်လှန်ပြ....
ဖွေးဖွေးသိမ့်က ရှင်လူအလုပ်လုပ်တဲ့နား
လာပြီး မူလတန်းဖတ်စာကို ဆိုရင်း ရှင်လူ့ကို ကျောခိုင်းကာ ဖင်လေးကို ကောက်ပြပြီး ထွက်ပြေးလေတော့
ရှင်လူလည်း ကျောကုတ်တဲ့ တုတ်တန်
လေးကောက်ကာ ဖွေးနောက်လိုက်ရပေါ့။
ဖွေးက သူ့အပြစ်နဲ့သူ နီးစပ်ရာ အခန်းထဲ ဝင်ပြေး။ ဒီလိုနဲ့ သူ့အခန်းမှာ ပက်ပင်းတိုးတော့ ``ကဲ ...လာခဲ့ ..လှန်စမ်း
အဲ့ဖင် ၊တုတ်နဲ့ကိုရိုက်အုံးမယ်၊ အဲ့ ဖင်လှန်ပြက ဘယ်စာအုပ်ထဲပါလို့လဲ´´
ဆိုတော့ ။သူ့ သင်ပုန်းကြီးစာအုပ်ယူလာပြီး
လှန်လှော ရှာဖွေကာ ``တီမာ ..ပါတယ်´´
ဆိုပြီး အကိုးအကား ပြလေပြီ။ဖွေးက သူ့ထက်ကြီးတဲ့ ကစားဖော် ကျားပေါက်တို့
ဖိုးလဝန်းတို့နဲ့တွဲပြီး တတ်မြောက်ထားတဲ့
ပညာတွေက ဘွဲ့လွန်နေပြီ။
ဟီဟိ ..ရှင်လူငယ်ငယ်က မြန်မာစာဆရာမအပျိုကြီး ဒေါ်လှမြင့်ကို
``မင်္ဂလာဆောင်ပါ ဆရာမ ´´လို့အများထဲ
ရောယောင်နှုတ်ခွန်းဆက်တော့ နားစွန်နားဖျားကြားသွားတဲ့ ဆရာမ မျက်မှောင်ကုပ်သွားတာသတိရမိပေါ့...
story#observation #shinlhu
Sunday, September 24, 2017
လပြည့်ညလေးတည ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥
လရောင်ဆမ်း
လရောင်ဆမ်း
သဲဖြူခင်းပြန့် ရွာလယ်လမ်း
လှည်းတန်းတချို့ ဖြတ်ချိန်မှာ
ခြူလုံးမြည်သံသာ
တခါတခါ ဆိုင်ကယ်များ
ဝေါဝေါ တီတီကြား
သူငယ်ချင်း တို့ လာကြဟေ
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
ဟဲ့ ကလေးတွေ ပြန်ဝင်ကြ
ရွာလမ်းပေါ်မှာ မဆော့ရ
ဆိုင်ကယ်တွေက ရမ်းသမှ
အရီးလေးရဲ့ အော်ငေါက်သံ
ရွာရိုးတလျှောက် ညံ
နှုတ်ခမ်းစူကြ ခြေဆောင့်ကြ
ရွာလမ်းပေါ်မှာ မဆော့ရ
ငါတို့ရွာက လပြည့်ည
ဖိုးဝေလ
8:33 pm
Wed,20 Sep 2017
poem#observation #shinlhu
သဘာဝ ❀ ❀ ❀
❀ ❀ ❀
ချောင်းရိုးစပ်က ရွှံ့ နန်းတော်
ကဏန်းမင်းကြီးပျော်
ရံရွေတော် ဖော်တသင်း
ငါးပျံမတို့ ကပွဲခင်း
ကင်းလှည့်လာတဲ့ ကိုရေမြွေ
သူ့တာဝန်သူကြေ
သူတို့အခြေ သူတို့ဘဝ
နေ့စဉ်ပုံမှန် လုပ်ဆောင်ရ
အဲဒါ သဘာဝ ။ ။
ဖိုးဝေလ
ပန်းဝတ်ရည်ကလေးဂျာနယ်
(၁၉၉၀ ခု ဝန်းကျင်)
poem#observation #shinlhu
ဒီမနက် လူသားအားလုံးအပေါ် ရှင်လူ့အချစ်နဲ့လာယှဉ်ရင်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မနက် ၈ နာရီလောက်အလုပ်ကပြန်လာရင်း
စိတ်ထဲ ပေါ်လာတဲ့အတိုင်း မနေ့က မိုးထဲ
လေထဲဖုန်းဆက်ခဲ့တဲ့ ဆိုက္ကားဂိတ်တဲလေး
ရှေ့ရောက်တော့ စက်ဘီးထိုးရပ်လိုက်ပြီး
ခုံတန်းလေးမှာ ဝင်ထိုင်လိုက်တယ်။
ဟိုနားဒီနား မျက်စိကစားပြီး မနေ့ညနေက
ကျကျန်ခဲ့တဲ့ ရှင်လူ့ ညက်မန်လေးများ ပြန်တွေ့လေမလားပေါ့။အေးဆေးထိုင်ရင်း
ညာဘက် အပေါ်မော့ကြည့်လိုက်တော့
ဟော...တွေ့ပါပြီ ရှင်လူ့ညက်မန်လေး..
တန်းမှာချိတ်လို့။ဒီလိုနဲ့ ညက်မန်လေးနဲ့ ဂိတ်တဲလေးကို ဓာတ်ပုံရိုက်ပြီး ကဗျာဆရာ လကျာ်ဝင်းတို့ အလှူအိမ်ရှိရာဘက် စက်ဘီးလေးကိုနင်းလာခဲ့တယ်။
ရှင်လူ့ ညက်မန်လေးကိုကောက်ပြီး
ဆိုက္ကားဂိတ်တဲအမိုးမှာ ချိတ်ထားခဲ့သူဟာ
ဖြူသလား မဲသလား၊ ဘာလူမျိုး ဘာ ဘာသာဆိုတာ မသိရပေမယ့် လူသားတယောက်ဖြစ်တာတော့ သေချာတယ်လေ။ အာ့ကြောင့် လူသား
တွေဟာချစ်စရာကောင်းပါတယ်..လို့။
ကိုယ်ချင်းစာနာတတ်တဲ့ အပြုစိတ်ဟာ
လူသားရဲ့ အရည်အသွေးတမျိုးပဲမဟုတ်လား....
story#observation#shinlhu
အလွမ်း
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဘယ်သူတွေ ဘယ်လောက်လွမ်းလွမ်း
ဂရုမစိုက်အားဘူး...
ဒီညနေ အလုပ်ဆင်းဖို့လာရင်း ဘေလီတံတားအဆင်းမှာ တိမ်မည်းညိုကိုလူဆိုး ဒုက္ခပေးလို့. နီးစပ်ရာ
ဆိုက္ကားဂိတ်တဲလေးရှေ့မှာ စက်ဘီးရပ်ပြီး
မိုးဝင်ခိုနေတုန်း ဖုန်းမြည်တာနဲ့ ခါးပတ်အီပ်ထဲကဖုန်းထုတ်ပြီးနားထောင်
တော့ ညီတော်လက်ျာဝင်းက မနက်ဖြန်မနက် သူ့အိမ် အလှူလှမ်းဖိတ်၊
အိုကေ...မနက်ဘရိတ်ဖတ်စ် ဇယားရှိသွားပြီ။
အလုပ်ထဲရောက်လို့ ရေစိုအဝတ်တွေ
လဲပြီး ဖုန်းကလေးကောက်ပွတ်မယ်ကြံကာမှ
အလွမ်းက ရင်ထဲမှာ ငလျင်လှုပ်သလို ယောက်ယက်ခတ် သွားတယ်။
ရှင်လူ့ ညက်မန်လေး မတွေ့တော့။
ရှိသမျှ အိတ်တွေ မွှေနှောက်ခါချလည်း
ထွက်မလာ။သွားပြီ...အိမ်မှာကျန်ရင်ကျန်၊
မကျန်လို့ကတော့ ဖုန်းဆက်တဲ့ ဆိုက္ကားဂိတ်တဲမှာ ထွက်ကျခဲ့ပြီ။
တသောင်းကျော်တောင်ပေးပြီးလုပ်ထားရတာ။ ဒီအချိန် ကိုယ့်ရှေ့လာပြီးလွမ်းပြတဲ့လူတွေ့လို့က
တော့ မလွယ်ဘူးမှတ်။သူတကာလွမ်းတယ်ဆိုတာ
ရှင်လူ အိပ်မက်မက်နေသလောက်ပဲရှိမယ်။
story#observation#shinlhu
Sunday, September 17, 2017
ဒီနေ့ စနေတဲ့လား ~~~~~~~~~~ ဗီယက်နမ်ကမ်းလွန် အပူပိုင်းမုန်တိုင်းက ငါတို့ဥက္ကလာ
~~~~~~~~~~
ဗီယက်နမ်ကမ်းလွန် အပူပိုင်းမုန်တိုင်းက
ငါတို့ဥက္ကလာ ကို မိုးတဖွဲဖွဲစွေတယ်
တူ..တူ..တူ..
အဲဒီ ဖုန်းထဲက တူ..တူ..ဥသြသံက
ငါ့ အထီးကျန်မှုကို သက်သေပြုလို့
အပူပိုင်းမုန်တိုင်းက
ရင်ထဲထိအောင် ဝင်ခဲ့ပြီလား
ဘာ သတင်းတွေ
ဘာ သီချင်းတွေမှ
စိတ်နဲ့ကိုယ်နဲ့ မကပ်ချင်တော့
ဝီစကီ တပုလင်းတော့
မရှိမဖြစ် ပြေးဝယ်ရတော့မယ်
ညိုမြသွေး
10:35 am
Sat,16 Sep 2017
poem#observation #shinlhu
Tuesday, September 5, 2017
မျက်နှာမပါတဲ့ တမီးလေးဒေ ✏ ✏
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
♥ ရှင်လူကြီး ပြီးခဲ့တဲ့တနင်္ဂနွေညက ဂိုဒေါင်မှာတယောက်ထဲ တာဝန်ကျတော့ ညဘက်ပျင်းလာတာနဲ့ ဖွေးဖွေးသိမ့်ကို ဖုန်းလှမ်းဆက်မိတယ်။ပထမတခါဆက်
တော့ သူ့တီတီလေး မခိုင်က``ဖွေးဖွေး
အီးပါနေတယ် ဦးလေး´´တဲ့။ ဒါနဲ့ အတန်
ကြာတခါပြန်ဆက်တော့
``အပေါ်ထပ်ရောက်နေတယ်ဦးလေး´´တဲ့။ဖွေးကိုဖုန်းဆက်ရတာလည်းမလွယ်လှဘူး။VIP ဖုန်း
ကျနေတာပဲ။ တတိယတခါ ပြန်ဆက်မှရတယ်။
ရပြန်တော့လည်း ပြောပုံက
ကြည့်ပါအုံး ``ရှင်ယူရေ အဲ့မှာ တရဲမနဲ့
တူတူ အိပ်´´တဲ့။ နဂိုရ်ကမှ တယောက်ထဲ
အကြောက်ပြေမလားလို့သူ့ဆီဖုန်းဆက်ကာမှ ပိုဆိုး။ ကဲပါလေ မထူးတော့ပါဘူး
``မနက်ကျ သမီးကိုပြဖို့တရဲမပုံတွေရိုက်လာခဲ့မယ်´´
လို့ပဲအကြောင်းပြန်လိုက်တယ်။ အင်း..ဖွေးကတော့ ရှင်လူပြောရင်
ယုံမှာပါပဲ။မျက်နှာမပါတဲ့ ဝေမာနိကပြိတ္တာ
တရဲမတွေ။တကယ်မယုံမရှိနဲ့။သူတို့
ပရိုမိုးရှင်းပွဲ ပြီးတဲ့အခါ ရှင်လူနဲ့ပဲ ဂိုဒေါင်
ပြန်အိပ်ကြတာ..
story#observation#shinlhu
Saturday, September 2, 2017
ဆက်သွယ်ရေးဧရိယာ၏ပြင်းပသို့ရောက် ~~~~~~~~~~~~~~~~~~~ ရှိနေပါသဖြင့် ~~~~~~ အမှန်ယောင်ဆောင်ထားတဲ့လောကနဲ့ ငါနဲ့က နံရံပါးပါးလေးတချပ်ခြားထားတယ် အခက်အခဲက အဲဒီဘက်ကို ငါ
~~~~~~~~~~~~~~~~~~~
ရှိနေပါသဖြင့်
~~~~~~
အမှန်ယောင်ဆောင်ထားတဲ့လောကနဲ့
ငါနဲ့က နံရံပါးပါးလေးတချပ်ခြားထားတယ်
အခက်အခဲက အဲဒီဘက်ကို
ငါ ကူးမသွားနိုင်တာပဲ။ ။
ညိုမြသွေး
Thu 3 Sep 2015
poem#observation #shinlhu
ရှင်လူတို့ရဲ့ ကမ္ဘာ ♥ ♥
♥ ♥ ♥ ♥ ♥
ဒီနေ့ စနေ နားရက်။
လက်ဆောင်ရထားတဲ့သင်ဖြူးဖျာချောလေးနဲ့ အိပ်မယ်။
လူတယောက်အတွက် အိပ်စက်အနားယူဖို့ နေရာကောင်းလေးတခုဆိုတာတကယ်
ရောလိုအပ်လို့လား။စိတ်ထဲရှိတဲ့အတိုင်း
ပြောရရင်တော့မွေ့လျော်ခြင်းမရှိတော့တဲ့
ဲ့နှလုံးသားအတွက်လဲလျောင်းနားနေစရာ
ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတခု သာ
အမှန်တကယ် လိုအပ်နေတာမဟုတ်လား..
ဒုက္ခသစ္စာ ~~~~~ တချို့ကမေးတယ် ဒုက္ခရောက်မှာ မကြောက်ဘူးလား တဲ့ ဟုတ်လား
~~~~~
တချို့ကမေးတယ်
ဒုက္ခရောက်မှာ မကြောက်ဘူးလား တဲ့
ဟုတ်လား
ဒုက္ခဆိုတာ ကြောက်စရာလား
ဒုက္ခက ရောက်ပြီးသားလေ။ ။
ညိုမြသွေး
Wed 2 Sep 2015
poem#observation#shinlhu
Sunday, August 27, 2017
ဖွေးဖွေးသိမ့် ရဲ့ ငွေစာရင်းရှင်းတမ်း ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (^_^)
သောကြာနေ့ညကရှင်လူအလုပ်ထဲရောက်နေတုန်း
ဖွေးဖွေးသိမ့်ဆီက ဖုန်းဝင်လာတယ်။``ရှင်ယူ ..ရှင်ယူ့ပိုက်ဆံ တထောင်နဲ့ဒူးရင်းသီး ဝယ်စားတယ်´´
ဗုဒ္ဓေါ...ဖွေးက ဖုန်းထဲက သူ့ထုံးစံအတိုင်း
အသံကုန်အော်ပြောနေလို့မနည်းနားထောင်နေရတယ်။ဒီလ ၉ ရက်ညကစပြီး ရှင်လူကြီးညစောင့်
အလုပ်ဝင်ကတည်းက ရှင်လူ့ အိမ်ကလုပ်ငန်း အရောင်းအဝယ်ကိစ္စကို
ဖွေးတို့သားအမိနဲ့လွှဲထားခဲ့ရတယ်။မလွှဲလို့မဖြစ်။ ရှင်လူ့ အရောင်းသမားက ပုံမှန်လို ည ၁၀နာရီလောက်မှပစ္စည်းအဟောင်းပေး အသစ်ယူငွေစာရင်းရှင်း လုပ်နေကျ။ ရှင်လူ ညပိုင်းအလုပ်ဝင်လုပ်နေတော့သူနဲ့ဘယ်လိုမှဆုံလို့
မဖြစ်တော့။ဒီတော့ဖွေးတို့သားအမိကိုပဲတာဝန်လွှဲခဲ့ရ
ပေါ့။သူတို့သားအမိကိုကော်ဖီဝယ်တိုက်၊မုန့်ဝယ်ကြွေးတနေ့ချင်းရတဲ့ဝင်ငွေပေါ်မူတည်ပြီး ငါးရာ တထောင်မုန့်ဖိုးပေးရတယ်။
အဲဒါစလွှဲလွှဲချင်းဖွေးအမေမလှိုင်ကပစ္စည်းကိစ္စငွေကိစ္စ
မေးရင်အင်းအဲဖြစ်နေတယ်။ဒီအချိန်မှာ ဖွေးကကြားဝင်ပြီးအရောင်းသမားပေးခဲ့တဲ့ပစ္စည်း
ဟောင်းတွေကိုသောက်ရေအိုးစင်
အောက်ကယူပေးတယ်။လုပ်ငန်းကိစ္စမှန်သမျှ ဖွေးကပိုနပ်တယ်။ ဒါနဲ့ နောက်ပိုင်း ရှင်လူ့အရောင်းအဝယ်ကိစ္စဖွေးကိုပဲအပ်တော့တယ်။မနက် ရှင်လူအိမ်ပြန်ရောက်လို့
စာရင်းရှင်းတဲ့ခါနည်းရင်ငါးရာများရင်တထောင်ဖွေးကိုဝန်ဆောင်ခပေးရတယ်။ဖွေးအတွက်ငါးရာတန်အသစ်ကလေးတွေလည်းဖယ်ထားရတယ်။ဒါတောင်ဖွေးက ငါးရာပေးလိုက်ရင်``ထပ်ပေးအုံး´´လုပ်တတ်လို့တရာ
နှစ်ရာစသဖြင့်အဆင်သင့်သလိုထပ်ပေးရသေးတယ်။ခုလည်း``ရှင်ယူ့ပိုက်ဆံတထောင်နဲ့ဒူးရင်းသီးဝယ်စားတယ်´´တဲ့။အဲဒါမနက်ဘက်အလုပ်ကအိမ်ပြန်
ရောက်မှ ဇာတ်ရည်လည်တယ်။ ရှင်လူ့ အရောင်းသမားကရောင်းရငွေခြောက်ထောင် ဖွေးကိုပေးထားခဲတယ်။
အဲ့ဒီအချိန် ဖွေးအဖွားဈေးကပြန်လာတော့
ခြင်းထဲက ဒူးရင်းသီးကို ဖွေးမြင်ရော။
ခွဲခိုင်းပါလေရော။သူ့အဖွားကမခွဲချင်သေးလို့``မမှည့်
သေးဘူး၊အစိမ်းကြီးရှိသေးတယ်´´ဆိုတော့ဖွေးကပိုက်ဆံတထောင်ပေးမယ်ခုခွဲပေးဆိုပြီးပြဿနာလုပ်တယ်။အဲဒါသူ့အဖွားက``အဲဒီပိုက်ဆံက နင့်ပိုက်ဆံမှမဟုတ်ပဲ၊ရှင်လူ့ပိုက်ဆံတွေ´´ဆိုတော့။
``ရှင်ယူက သုံး´´လို့ပြောထားတယ် တဲ့။
ဒီလိုနဲ့ ရှင်လူကြီး စာရင်းရှင်းတော့ဖွေးက
ရှင်လူ့ကိုငါးထောင်တန်တရွက်ပဲလာပေးတယ်။ကဲဗျာ..ဖွေးဖွေးသိမ့်တယောက်
လာမယ့် အောက်တိုဘာမှ သုံးနှစ်ပြည့်မှာ။
ဘောဂဗေဒ ကတော့ အပိုင်ပဲ။
story#observation#shinlhu
Wednesday, August 23, 2017
နာရီသွားလမ်းပေါ်က အတိတ်လေ တဲ့လား ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ မနေ့ညက အလုပ်ထဲရောက်နေတုန်း
ကိုမြင့်မော်(စေတ)ဖုန်းဆက်တယ်။လတ်တလောထွက်တဲ့ သူ့ရဲ့ Memo စာအုပ်
``နာရီသွားလမ်းပေါ်က အတိတ်လေ´´
လက်ဆောင်ပေးဖို့။ သူကလည်း မြေး
အိုဘာမား ကိုမနက်ကျောင်းပို့ရမှာဆိုတော့
၉ နာရီလောက်မှအားလေ့ရှိတယ်၊ ရှင်လူကလည်း မနက် ၇ နာရီ အလုပ်က
စက်ဘီးနဲ့ အိပ်ပြန်လေ့ရှိတော့ အချိန်က
ကြားမှာ gap ဖြစ်နေတယ်။နှစ်ယောက်သား
ညှိရင်း သူကမြေးတာဝန်သမားမို့ သူ့ကိုပဲဦးစားပေးပြီး မနက်၉နာရီ မှာ
သူ့အိမ်နဲ့ ရှင်လူ့အလုပ်ခွင်ရဲ့ကြားက
Mr.မောက်လက်ဖက်ရည်ဆိုင်မှာချိန်းလိုက်တယ်။ အလုပ်ထဲကpartner ဦးစိုးမင်းကို
လည်းတခါတလေ ဧည့်ဝတ်ပြုချင်တာနဲ့
၈နာရီလောက်မှာလက်ဖက်ရည်အတူ
သောက်ရအောင်ဆိုပြီးခေါ်ထုတ်လာခဲ့တယ်။စက်ဘီးတစီးစီနဲ့Mr.မောက်ရှေ့အ
ရောက် ခပ်လှမ်းလှမ်းမှာကျောခိုင်းလျှောက်
နေတဲ့ ကိုမြင့်မော်ကိုတွေ့လို့ သူ့နားအထိစက်ဘီးနဲ့လိုက်သွားပြီးတွေ့လိုက်တော့ဒီနေ့အဆင်ပြေသွားတယ်။သူ့စာအုပ်လက်မှတ်ထိုးပြီး ပေးလိုက်တော့
၉နာရီတိုင်အောင်ထိုင်စောင့်စရာမလိုတော့ဘူး။နှင်းခါးမိုးအတွက်ပါယူထားနိုင်မလားဆိုလို့ယူထားလိုက်တယ်။ ပြီးတော့
partner ဦးစိုးမင်းနဲ့အတူ Mr.မောက်မှာ
Breakfast စား ၊စက်ဘီးတစီးစီနဲ့ သူ့အိမ်
ကိုယ့်အိမ် အသီးသီးပြနိခဲ့ကြ။ ၉နာရီ မတိုင်ခင်လေး အိမ်ပြန်ရောက်တယ်လေ။
story#observation#shinlhu
Saturday, August 19, 2017
သင်ရိုးအလွတ်ကျက်နိုင်ငံရေးသမားများ အလိုမရှိ ✏ ✏ ✏
အလိုမရှိ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
လွှတ်တော်ထဲမှာရှုံးနိမ့်ခဲ့တဲ့H1N1 အဆို နဲ့
ပတ်သက်ပြီး မကြေမနပ်ဖြစ်နေတဲ့ အင်တာဗျူးတခု fb ပေါ်ပြန်တင်ရာမှာ
NLD လူအားများလို့ မဲအသာနဲ့ တဖက်ပါတီအပေါ် အနိုင်ကျင့်တယ်ဆိုတဲ့
comment တွေလည်းတွေ့ရပြီး၊ တချို့လည်း
ခပ်ရိုင်းရိုင်းဝင်မန့်တာတွေလည်းတွေ့ရပါတယ်။ မူရင်းအဗျူးခံရတဲ့ ပါတီတခုက
အထွေထွေအတွင်းရေးမှူးဆိုသူဟာ
ရှင်လူနဲ့ပုဂ္ဂိုလ်ရေးအရရင်းနှီးသူဖြစ်ပါ
တယ် ။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ
ကာလတုန်းက ကလေးအရွယ်သာရှိသေးတဲ့ အဲဒီပုဂ္ဂိုလ်
ဟာ ဒီနေ့မှာတော့ ပါတီတခုရဲ့ အထွေထွေ
အတွင်းရေးမှူးဖြစ်နေပါပြီ။ဒါတွေဟာရှင်လူ
တို့ရှစ်လေးလုံးကာလကမျှော်မှန်းခဲ့တဲ့အနာဂတ်ဖြစ်ပါတယ်။ အဟောင်းအဟောင်း
တွေနေရာမှာ အသစ်အသစ်တွနဲ့  အစား
ထိုးရမှာ နိယာမဖြစ်ပါတယ်။သူက စာဖတ်လည်းနာသူဖြစ်တော့ သူ့ကို
ရှင်လူ ထိုက်သင့်သလောက်မျှော်လင့်ချက်
ရှိပါတယ်။သူလုပ်တာပြောတာလေးတွေ
လည်းကြုံရင်ကြုံသလိုသတိထားကြည့်မိပါတယ်။ အရင် သန်းခေါင်စာရင်းကိစ္စတုန်း
ကလည်း အမျိုးသားရေးအမြင်ရှုထောင့်
ကနေပြီး သူမကြေနပ်ကြောင်းဖော်ပြတာ
တွေ့ရပါတယ်။ရှင်လူဘာမှမပြောပဲ ကြည့်နေခဲ့ပါတယ်။ ခုတခါ H1N1 ကိစ္စပါထပ်ပြီး မကြေနပ်သံထွက်လာတော့
ရှင်လူ့မှာ အမြင်တခု ရလာပါတယ်။
သူ့ အင်တာဗျူးအောက်မှာဝင်ရေးလိုက်ရင်
မလိုလားအပ်တဲ့ဇယားတွေရှုပ်လာနိုင်တာ
တကြောင်း သူ့ကိုလည်း ပုဂ္ဂိုလ် ရေးအရ
ပုဂ္ဂလဓိဋ္ဌာန်မဝေဖန်ချင်တာ တကြောင်း
ကြောင့် သီးခြား အမြင်စာတမ်းတစောင်
အနေနဲ့သာရေးလိုက်ရပါတယ်။
အမှန်တော့ ဒီနေ့ နိုင်ငံတော်မှာ လုပ်စရာ
ကိုင်စရာ issue တွေကအများကြီးပါ။
ထက်ထက်မြက်မြက် လူငယ်လူရွယ်နိုင်ငံရေးသမားတွေ ကိုင်တွယ်ဖြေရှင်းစရာ သမိုင်းကြွေးတွေ
အများကြီးရှိနေပါတယ်။ပမာအားဖြင့်
နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊လူမှုရေး၊
ငြိမ်းချမ်းရေးဖြစ်စဉ်၊ ခုသူဝင်ပြောတဲ့ ကျန်းမာရေးဖြစ်စဉ်စသဖြင့်ပေါ့ဗျာ။
ခု သူပြောသလို H1N1က ကူးစက်ရောဂါ
ကပ်ဆိုးကြီးတခုသာဖြစ်လာခဲ့ရင် အဆိုရှင်ကို မဲအများစုအသာနဲ့အနိုင်ရလာတဲ့
NLD အားလုံးလွှတ်တော်ထဲက ခြေထောက်နဲ့တောင်ပြန်ထွက်ရမှာမဟုတ်ပါဘူး။ဒီမိုကရေစီဘောင်တခုထဲကနိုင်ငံ
ံရေးသမားဆိုတာမဲပေးတာကအစ ခေါင်းနဲ့ရင်းရတာချည်းပါပဲ။ အခုအင်တာဗျူးတဲ့ပါတီအထွေထွေ
အတွင်းရေးမှူးလေးလည်းသူလုပ်သမျှ ပြောသမျှဟာ ခေါင်းနဲ့ရင်းရတာပါ။အရင်လို
အဖေကြီးတွေ အမေကြီးတွေရင်အုပ်မကွာ
ကွယ်ကာထားလို့ရတာမျိုးမဟုတ်ပါဘူး။
ဒါကြောင့် အတိုက်အခံပဲဖြစ်ဖြစ် ၊ အာဏာရပဲဖြစ်ဖြစ် အရင်လူတွေရေးခဲ့တဲ့
သင်ရိုးဖတ်စာအုပ်ကြီးတွေကို အလွတ်ကျက်ပြီး နိုင်ငံရေးဝင်လုပ်တဲ့အလုပ်မျိုးတွေ ရပ်တံ့
သင့်ပါပြီ။ ရှင်လူတို့မျှော်လင့်ခဲ့တဲ့ အနာဂတ်နိုင်ငံရေးဆိုတာ စာအုပ်ကြီးအတိုင်း ၏ သည်မရွေး အလွတ်ကျက်နိုင်ငံရေးမဟုတ်ကြောင်းအသိပေးပါရစေ။
(မအားမလပ်တဲ့ကြားက မနေနိုင်နိုင်လို့
ဝင်ရေးမိပေမယ့် အမှားပါရင်ခွင့်မလွှတ်ကြပါနဲ့၊ တိုင်းပြည်နာတယ်)
story#observation#shinlhu
♥ ဒီမနက် ရှင်လူကြီးမြောက်ဒဂုံ
ပြီးလို့အိမ်ပြန်လာတော့ ဖွေးဖွေးသိမ့်တို့အခန်းကိုသွားပြီး ညက
ရှင်လူ့ကောက်အရောင်းသမား ကိုစိုးလှပေးသွားတဲ့ ငွေကိစ္စ ဖွေးအမေ မလှိုင်ကိုမေးရတယ်။ညကတည်းကရှင်လူ
ဂိုထောင်ရောက်နေတုန်းကိုစိုးလှကငွေ
တသောင်းပေးသွားတယ်တဲ့။ဖွေးအမေက
``ဦးလေးကိုပိုက်ဆံပေးရမယ်´´ဆိုတော့
ဖွေးကခပ်တည်တည်ပဲ``ပေးစရာလိုဘူး´´
တဲ့။မလှိုင်ကရှင်လူ့ကိုငါးထောင်တန်နှစ်ရွက်ပေးတော့ ရှင်လူက`` ပစ္စည်း ရော
ပေးသွားသေးလား´´မေးတာ မလှိုင်ကဝါးတားတား ``အဲဒါခိုင်လက်ခံထားတာပဲ´´တဲ့ သူမသိ။
အဲဒီအချိန်မှာဖွေးက``ကောက်ပေးသွားတယ်´´ဆိုပြီးသောက်ရေအိုးစင်အောက်ကမီးကောက်အဟောင်းနှစ်ချောင်းဆွဲထုတ်ပေးတယ်။ ကဲ အောက်တိုဘာကျမှ ၃ နှစ်ပြည့်မယ့်ဖွေးကရှင်လူ့အလုပ်ကိစ္စ ကူညီဖော်ရနေပြီ။ဒါနဲ့ရှင်လူလည်း ဖွေးကို ငါးရာတန်အသစ်နှစ်ရွက်မုန့်ဖိုးပေးလိုက်
တော့ သူ့ င်္ကျီအိပ်ကပ်ထဲ ခေါက်ထည့်ထားလိုက်တယ်။ရှင်လူလည်း
အဝတ်လျှော် ရေမိုးချိုး၊ တရေးအိပ်အုံးမယ်
ကြံပြီးအိမ်ရှေ့ခန်းကဝါးပက်လက်ကုလားထိုင်ပေါ်မှိန်းနေလိုက်တယ်။အလုပ်စဆင်းတဲ့9 ရက်နေ့ရော 10 ရက်ပါ နှစ်ရက်နှစ်ညလုံး ရှင်လူကျင့်သားမရသေးလို့စုစုပေါင်း
နာရီဝက်တခါနဲ့ ၂နာရီနီးပါးတခါ နှစ်ခါပဲအိပ်ရသေးတယ်။ ခုလည်းရှင်လူလှဲ
နေတာမကြာသေးဘူးဖွေးရောက်လာ
တယ်၊ ``ရှင်ယူ လာ မုန့်သွားစားမယ်´´တဲ့၊
သူ့လက်ထဲ ငါးရာတန်တရွက်ကိုင်လို့။
``ဘယ်မှာသွားစားမလဲ၊ ဒေါ်နုဆိုင်လား´´
ဆိုတော့ ``ဟုတ်ဘူး Orange မှာတဲ့၊ရှင်လူ့
လက်ကိုအတင်းဆွဲခေါ်နေပြီ။ ကဲဘာတတ်နိုင်မလဲ၊ထလိုက်ရတော့တာ
ပေါ့၊ Orange ရောက်တော ဖရီဇာ ဆွဲဖွင့်ပြီး Mix Shakeတဗူးနှိုက်ယူတယ်။ငွေရှင်းတော့ ၆၀၀ ကျတာ၊ ၁၀၀ ပဲထပ်စိုက်ပေးရတယ်။
ဒါတောင် သူ့ကိုဓာတ်ပုံရိုက်မလို့လုပ်တော့
အရိုက်မခံဘူး။``ရိုက်နဲ့´´ဆိုပြီးမျက်နှာလွှဲနေတယ်။ ဘာရမလဲ ပုံကောင်းမရလည်း
ရအောင်တော့ အလုအယက် လျှပ်တပြက်ရိုက်ချက်♥ ♥ ♥
story#observation#shinlhu
ညစောင့်မွေ့ယာ ♥ ♥ ♥
♥ ♥ ♥ ♥♥ ♥
နွေရာသီမှာ မီးသတိပေးတဲ့အော်သံက
``နိုးနိုးကြားကြားအိပ်ကြပါတဲ့´´
ညစောင့်လုပ်သက် ၇ ရက်မြောက်ညမှာ
ရှင်လူကြီး နိုးနိုးကြားကြားအိပ်တတ်ပါပြီ။
မနက်အိပ်ယာကနိုးနိုးခြင်းလင်းကြက်
တွန်သံတွေ စကြားရတယ်ဗျ။
ညစောင့်အိပ်ယာ။ ။ ဂျပ်ဗူးခွံ ၅ ခုကို
ထပ်ခင်းလိုက်တဲ့ခါ စပရိန်မွေ့ယာလို
မယမ်း၊ရေမြှုပ်မွေ့ယာလို မပူပဲ မြန်မာပြည်
ရာသီဥတုနဲ့ အလွန်သင့်တော်တဲ့ မွေ့ယာ
လေးတခု ရရှိနိုင်ပါတယ်ခင်ဗျာ
story#observation#shinlhu
Monday, August 14, 2017
ရေသန့်ဗူးမြည်သံ(သို့မဟုတ်) ညစောင့်ခေါင်းအုံး ♥ ♥ ♥
ညစောင့်ခေါင်းအုံး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (^_^)
ရှင်လူ အသက် ၂၀ ကျော်အရွယ် အိမ်ထောင်မကျခင်
ပထမဆုံးလုပ်ခဲ့တဲ့အလုပ်က အကျိုးဆောင် ကုမ္ပဏီ မှာ အထွေထွေ
မန်နေဂျာ။ယ္ခု NLD ဗဟိုရ် ရုံးရှိရာ အမှတ်
၂၂၉ (-)အရှေ့ရွှေဂုံတိုင်မှာ ဖြစ်ပါတယ်။အကျိုးဆောင်ကုမ္ပဏီဆိုတာ
အဲဒီ ခေတ်က နိုင်ငံတော်အလံ၊ သာသနာ့အလံ၊သံရုံးအမျိုးမျိုးရဲ့အလံတွေနဲ့ စစ်တံဆိပ်၊ရဲတံဆိပ် အမျိုးမျိုးကို ရိုက်နှိပ်
ရောင်းချပေးတဲ့ ဆေးဆိုးပန်းရိုက် ကုမ္ပဏီ
ကြီးပါ။နိုင်ငံတော်အလံများကို အမြောက်အမြားရိုက်နှိပ်ချုပ်လုပ်ပြီး
ကုန်သွယ်ရေးကိုပြန်သွင်းရတဲ့အထိ
လုပ်ငန်းအောင်မြင်ခဲ့တာပါ။အဲ့အချိန်က
လျှပ်စစ်ဋ္ဌာန ဘက်တံဆိပ်များကို
ESB ကနေပြီး EPC ပြောင်းရာမှာ အလုံလျှပ်
စစ်ဓာတ်အားကော်ပိုရေးရှင်းက အရာရှိကြီး နဲ့တွေ့ပြီး လုပ်ငန်းကိစ္စညှိနှိုင်းခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲ့အလုပ်မှာ ရှင်လူ မပျော်လို့
သုံးလေးလနဲ့ ထွက်ခဲ့ပါတယ်။ဘာကြောင့်
မပျော်ရတာလဲ ဆိုတော့ သူဋ္ဌေးက အဆဲ
ပုပ်လို့ပါပဲ။အမှန်တော့ သူဋ္ဌေးက ရှင်လူ့ကို
သာမာန်အလုပ်သမားအဖြစ် အလုပ်ဆင်းပြီး လေးရက်မြောက်နေ့မှာ
အထွေထွေမန်နေဂျာခန့်လိုက်တာဖြစ်ပါတယ်။ ရှင်လူ့ကို အလွန်အကျွံမြောက်စား
လိုက်တာပါ။ညနေတိုင်း ရှင်လူ့ကို မုန့်ဖိုးသပ်သပ်ပေးပြီး ရွှေဂုံတိုင်စာတိုက်မှာ
ငွေစုစာအုပ်နဲ့စုစေပါတယ်။ အစားအသောက်ကောင်းဆိုလည်း
ချစ်တီးထမင်း ဆိတ်ဦးနှောက်ဟင်းနဲ့က
ဘယ်ဆိုင်ကောင်းတယ်၊ ဆီချက်ခေါက်ဆွဲကအစ ဘယ်ဆိုင်ကောင်း
တယ်ဆိုတာ ကိုယ်တိုင်သူ့ ဘောက်ဆော
ကားနက်လေးနဲ့လိုက်ပို့ပြီးကြွေးခဲ့တာပါ။
သူ့ကိုရှင်လူမကြိုက်တာက အဆဲသန်တဲ့
ဝသီပါပဲ။ငါနဲ့ကိုင်တုတ်တယ်ခင်ဗျ။ပြီးတော့လည်း တဟဲဟဲနဲ့။ဒါမျိုးလာလုပ်လို့မရ
ဘူးလေ ၊ ရှင်လူက ၁၆နှစ်သားကတည်းက
ကဗျာဆရာလုပ်လာတာ။ဆတ်ဆတ်ထိမခံ
တတ်တဲ့ကောင်။လောကကြီးတခုလုံး
တောင်ပြောင်းလဲပစ်မယ်ဆိုတဲ့ကောင်လေ။
ဘယ်ရမလဲ သူ့အလုပ်ကိုဆက်မလုပ်နိုင်တော့ဘူးဆိုပြီး
အထွေထွေမန်နေဂျာရာဘာတံဆိပ်တုံးကို
သူ့စားပွဲပေါ် ဒေါက်ခနဲ...
ခတ်တည်တည်ကျောခိုင်းထွက်လာခဲ့တော့
သူဋ္ဌေးခင်ဗျာ
မျက်စိသူငယ် နားသူငယ်ဖြစ်ပြီးကျန်ခဲ့တာ။
ဟုတ်တယ်လေ သူ သုံးလေးလလောက် အပင်ပန်းခံ သင်ကြားပြသပေးထားရတဲ့
အထွေထွေမန်နေဂျာကထွက်တော့မယ်ဆိုတော့ စီးပွားတွက်တွက်ရင် သူရှုံးတယ်
လေ။အဲ့ ကုမ္ပဏီကထွက်ပြီး လေဘာလုပ်၊
ပြီးတော့ သူငယ်ချင်းတယောက်ရဲ့အကူအညီနဲ့
စက်မှုတွင်းထွက်ကုန်ကြမ်းကော်ပိုရေးရှင်း
အမှုန့်ကြိတ်စက်ရုံမှာဝင်လုပ်ခဲ့တာ။အဲ့တုန်းက စက်ရုံမှူးကိုယ်တိုင် ရှင်လူ့ကို အင်တာဗျူးပြီး ``မင်း ပေါင်၁၆၀ အိတ်ထမ်းနိုင်မလား ´´ဆိုတော့ လူကိုယ်တိုင် ပေါင်၁၀၀မပြည့်တဲ့ကောင်က ခတ်တည်တည်နဲ့ ``ထမ်းနိုင်တယ်´´ဆိုပြီး
ဝင်လုပ်ခဲ့တာ။စုစုပေါင်းလုပ်သက်သုံးနှစ်။
ပါမင့်နင့်ဖြစ်ပြီ။မိန်းမသွားခိုးဖို့ခွင့်တင်တော့။
ခွင့်ယူရခြင်းအကြောင်းရင်းမှာ မိန်းမခိုးရန်
ဆိုပီးဖြည့်လိုက်တယ်။စက်ရုံမှူးက
မင်္ဂလာဆောင်ရန်လို့ ပြင်ရေးခိုင်းတယ်။
ဒါသက်သက်အနိုင်ကျင့်တာပဲ။မိန်းမခိုးတာနဲ မင်္ဂလာဆောင်တာမတူဘူး။ မိန်းမခိုးတာက အခန့်မသင့်ရင် ဓားနဲ့အခုတ်ခံရနိုင်တယ်လေ။ထားတော့။မိန်းမကမခိုးလို့မှမဖြစ်တော့တာ။
သူပြောသလို မင်္ဂလာဆောင်ရန်ပဲ ဖြည့်လိုက်ရတယ်။
အဲဒါ ဟိုမှာ ခိုးဖို့ဝှက်ဖို့ ခြောင်းတာ အဆင်မပြေနိုင်တာနဲ့ ခွင့်ရက်က သုံးရက်လွန်သွားတယ်။ကိစ္စပြီးလို့
စက်ရုံပြန်ရောက်တော့ စက်ရုံမှူးက ``မင်း
ခွင့်ရက်နောက်ကျတဲ့အတွက် EC အစည်းဝေးထိုင်ရအုံးမယ် တဲ့။သြော်
ဟုတ်လား..ပေါ့။``ECထိုင်မနေပါနဲ့တော့ဗျာ၊အလုပ်ရှုပ်ပါတယ် ၊ကျုပ်အလုပ်ထွက်တယ်
ဗျာ ´´ဆိုပီးထွက်လာတာ ၊ပြီးရော။
အင်း ရှင်လူ ၂၄ နှစ်မပြည့်ခင်ကထဲက
ဝန်ထမ်းအလုပ်တွေကထွက်ခဲ့တာ ခု
အသက်၆၄နှစ်ထိ ။ကိုယ်ပိုင် အိမ်တွင်း
လက်မှုလုပ်ငန်းလေးနဲ့ရှင်သန်နေခဲ့တာ။
၂၀၀၉ ဇန္နဝါရီမှာ ဇနီးသည်ကွယ်လွန်။
သားထောက်သမီးခံကလည်းမကျန်။
ဆွေမျိုးတွေကလည်း ရှင်လူ့ကို မျိုးချစ်စိတ်
မရှိတဲ့ကောင်လို့မြင်ကြတော့အားလုံးအဆက်ပြတ်။
(တလောကလုံးကို
ချစ်တဲ့ကောင်ဆိုမျိုးချစ်တွေကအထင်မကြီးတတ်)
ဒီနှစ်ပိုင်းရှင်လူကြီးအိမ်ကကိုယ်ပိုင်အလုပ်ကသိတ်မကောင်း။အရောင်းအဝယ်က
အေးတော့ အသုံးစားရိပ်ကမလုံလောက်။
ဒါကြောင့်တနေ့ငါးထောင်စားညစောင့်အလုပ်ဝင်လုပ်နေတာပါ။ခုညစောင့်လုပ်တော့လည်း ရှင်လူ့အပေါင်းသင်းထဲက ဝါရင့်
ညစောင့်ဆီမှာ အနီးကပ်သင်တန်းတက်ပြီးမှလုပ်တာပါ။
သူ့ပို့ချချက်ကကြည့်ပါဦး။``ညစောင့်
အလုပ်က လုပ်သက် သုံးနှစ်ကျော်မှ
အောင်မြင်တဲ့ညစောင့်ဖြစ်တာအဘရ၊
တချို့ မခံနိုင်လို့ထွက်ပြေးတယ်။တချို့
မအိပ်တတ်တော့ဦးနှောက်သွေးကြောပြတ်
သေတာချည်းပဲ။လုပ်သက်သုံးနှစ်ကျော်တဲ့လူဟာ အလုပ်ထဲမှာ အိပ်ရေးဝလို့ပဲ...´´
တဲ့။ဗုဒ္ဓေါ...ရှင်လူနားလည်တာက မိမိတာဝန်ယူထားတဲ့ အရာတွေကို
သတိဝိရိယနဲ့ စောင့်ကြပ်ဖို့ပဲ၊ အိပ်နေရင်
ညစောင့်ဘယ်ဟုတ်တော့မလဲ။ရှင်လူတို့
ကဆေးရုံမှာလူနာစောင့်လည်းဒီအတိုင်းပဲ။
ဘိုပီ နှလုံးရောဂါကြောင့်မြောက်ဥက္ကလာ
နှလုံးအထူးကြပ်မ ကုသဆောင်မှာတက်
တော့ရှင်လူသွားစောင့်ပေးခဲ့ဖူးတယ်။ဆေးရုံကသန့်ရှင်းသပ်ယပ်ပြီးဟော်တယ်ကြီးအတိုင်းပဲ။ ခုတင်လွတ်တွေအများချည်းပဲ။
ခုတင်အသစ် ကူရှင်အသစ်တွေဆိုတော့
တခြားလူနာစောင့်တွေတခေါခေါ။ထစားလိုက်ကြပြန်အိပ်လိုက်ကြနဲ့အဆင်ကိုပြေလို့။ရှင်လူကတော့သူတို့ကိုအံ့သြနေမိတယ်။နှလုံးအထူးကုသမားတော်ကြီးက
လူနာနဲ့မှားပြီးခွဲသွားရင်ဒုက္ခပါပဲလို့တွေးမိတယ်။မနက်ကျတော့ ဘိုပီက ``အဘညက တရေးမှမအိပ်ဘူးလား´´တဲ့။
``အေးလေ..ငါကလူနာစောင့်လေ´´ဆို
တော့``သူများတွေလည်းအိပ်နေတာပါပဲအဘရာ´´တဲ့။တတ်နိုင်ဘူး ကိုယ်မှ
မအိပ်ချင်တာ။ ခု ညစောင့်အလုပ်ဝင်တော့
ချက်ခ
Saturday, August 12, 2017
ပစ်လိုက်ရင် ပပ် ပပ်နဲ့ ကပ်တဲ့ဥစ္စာလေးလေ..... ♥
ကပ်တဲ့ဥစ္စာလေးလေ.....
♥ ♥ ♥ ♥ ♥ ♥ ♥
ဒီနေ့လုပ်ငန်းသုံးပစ္စည်းဝယ်ဖို့ရန်ကုန်မြို့ထဲရောက်ခဲ့တယ်။တောင်ဥက္ကလာကေတုမာလာကွေ့မှတ်တိုင်က အမှတ် ၈၇YBS ဘတ်စ် စီးခဲ့တယ်။ ထွေထွေထူးထူးတော့
မပြောလိုတော့ပါဘူး။တွေးမိတာလေး
ပြောရရင်တော့အစိုးရဆိုတာတချို့ကိစ္စ
တွေကိုလုပ်ချင်လုပ်လို့ရပြီး၊
မလုပ်ချင်လည်း မလုပ်ပဲနေလို့ရတယ်။ဒါကြောင့်
အစိုးရလို့ပြောတာ။ပဋ္ဌာန်းဒေသနာတော်
အရတော့ဣန္ဒြိယပစ္စည်းပေါ့။သူတို့ဘာ
တွေမှာအစိုးရ သလဲဆိုတာ ရှင်လူတို့က
ဘဝနဲ့ရင်းပြီး မြည်းစမ်းရတာကိုး။
မြို့ထဲရောက်တော့ မစားဖြစ်တာကြာပြီ
ဖြစ်တဲ့၃၇လမ်းက``ကျော်ကြီး´´ထမင်း
ပေါင်းဝင်စားလိုက်တယ်။အရသာကတော့အရင်အတိုင်းပါပဲ ဈေးနှုန်းကတော့ တပွဲ
၁၂၀၀ ကျပ်ဖြစ်နေပြီ။ထမင်းစားပြီး တိုလီမိုလီတခု၆၀၀ကျပ်နဲ့ပုံရောင်းနေတဲ့
ပစ္စည်းလေးတွေကြည့်ရင်းလေးနဲ့မြားလေး
တွေတွေ့တော့တလောတုန်းကဖွေးဖွေးသိမ်ပူဆာ့ခဲ့တာသွားသတိရတယ်။``ရှင်ယူရေပစ်လိုက်ရင် ပပ် ပပ်နဲ့ကပ်တဲ့ဟာလေး
ဝယ်ပေး´´ဆိုတာ ။ဘယ်သူကိုင်တာသူ
တွေ့လာမှန်းမသိ။အခေါ်အဝေါ်ဘယ်လို
ခေါ်မှန်းတောင်သူမသိ။ဒါပေမယ့် သူလိုတာကိုပုံဖော်ပြောဆိုတဲ့ပညာတော့သူ့မှာပါလာတယ်။ဒါကြောင့်ပဲ ပစ္စည်းပုံထဲကလေးနဲ့မြားကစားစရာလေးကိုမြင်တော့ ဖွေးပူဆာတာဒါပဲဆိုတာရှင်လူကြီးတန်းမှတ်မိတယ်။တစုံဝယ်ခဲ့တယ်။မြားတံမှာစုပ်ခွက်လေးတွေပါတော့ ပစ်လိုက်ရင် ပပ် ပပ်နဲ့ ကပ်တဲ့ဥစ္စာလေးလေ.....
story#observation#shinlhu
Tuesday, August 8, 2017
ရှင်လူ သပိတ်စခန်းဖွင့်ပြီ၊ ငွေကြေးဖောင်းပွနေသမျှ ရာသက်ပန်သပိတ်မှောက်မည်ဖြစ်ပါ ကြောင်း... ➳
ငွေကြေးဖောင်းပွနေသမျှ ရာသက်ပန်သပိတ်မှောက်မည်ဖြစ်ပါ
ကြောင်း...
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ဒီနေ့ရှင်လူကြီး ၈လေးလုံး ၂၉ နှစ်မြောက်
အထိမ်းအမှတ်နေ့မှာ နေ့စားသပိတ်မှောက်ဖို့ ကုမ္ပဏီတခုနဲ့ ၃ လ
စာချုပ် ချုပ်လိုက်ပြီ။ဘယ့်နှယ်ဗျာ ၊
ကိုယ်ပိုင်အိမ်တွင်းလက်မှုလုပ်ငန်းလေးနဲ့
တသက်လုံးနေခဲ့တာ Inflation က တနေ့တခြား တက်နေတာ အိမ်လခတောင် ၃လစာလောက်အကြွေးတင်နေပြီ။
ဒီတော့ မြောက်ဒဂုံ ပင်လုံအိမ်ယာ ၃ ထဲရှိတဲ့ ကုမ္ပဏီ ဂိုဒေါင်တခုမှာ တည
၅၀၀၀ ကျပ်နဲ့ ၃ လ ညစောင့်လုပ်ဖို့ သဘောတူ
လက်မှတ်ထိုးလိုက်ပြီ။ နေ့ဖက် ကိုယ့်လုပ်ငန်း ပုံမှန်လုပ် ၊ညနေဖက်
စက်ဘီးလေးနဲ့ အလုပ်ဆင်း၊ တလ
တသိန်းခွဲ လောက်တောအပိုဝင်မှာပေါ့။
အိမ်လခနဲ့ ကလေးတွေ မုန်ဝယ်ကြွေးဖို့ကတော့ ၃ လအတွင်း
မပူရတော့ဘူး။ ၃ လစာချုပ်စေ့ရင်တော့
နောက်တခုထပ်ရှာရမယ်။ရှင်လူကြီး
မသေမချင်း ရာသက်ပန် သပိတ်စခန်း
ဖွင့်ဖို့ အစီအစဉ်ရှိတယ်။အသက် ၆၄ နှစ်။
သန်မာဖျတ်လတ်တယ် Transpotarဇာတ်ကား ထဲက မင်းသား
Jason Statham လို ထိပ်ပြောင်ပြီး ခိုင်မာတဲ့
မေးရိုးတွေရှိတယ်။ အောက်တိုဘာလကုန်မှာစာချုပ်သက်တမ်းကုန်မှာဖြစ်တဲ့အတွက် နောက်ထပ်ငှါးရမ်းလိုတဲ့ ကုမ္ပဏီများ
cb ကတဆင့် ဆက်သွယ်နိုင်တယ်။အရင်ဆုံးဆက်သွယ်လာသူကိုဦးစားပေးမယ်။အနည်းဆုံး ၃လ
စာချုပ်ချုပ်ရမှာဖြစ်ပါတယ်။
story#observation#shinlhu
ထွက်ခွာခြင်း ကျန်ရစ်ခြင်းနဲ့ ဆိုက်ရောက်ခြင်းများ ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
တာရာမင်းဝေ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်မှာ ဆုံကြဖို့ messenger ထဲကနေပြီး နှင်းခါးမိုးကလှမ်းချိတ်လာတယ်။ထုံးစံအ
တိုင်း နွေလယ်နေလည်းပါမယ်ပေါ့။
ဒီလိုနဲ့ August, 5 ရက်နေ့ရောက်တော့
သွားမယ့်အစီအစဉ် ကိုစဉ်းစားရတယ်။
ရန်ကုန်မြို့ ထဲအရာက်အပေါက်က
နည်းလေတော့YBS လည်းမစီးတတ်။
ပါရမီဘူတာကပဲ ရထားစီးသွားဖို့ ဆုံးဖြတ်
ရတယ်။ ဒီလိုနဲ့ ၁၂ နာရီဝန်းကျင် ဘူတာကိုရောက်လာပြီး ၁၂:၂၈ ဆိုက်မယ့်
ရထားကိုစောင့်ရတယ်။ရထားက ၁၂နာရီ
ခွဲပြီးတာတောင်ရောက်မလာ။ သွားရမယ့်
BookPlazaကလမ်းမတော်သံဈေးမှာဆို
တော့ဘုရားလမ်းဘူတာဆင်းပြီး
လမ်းလျှောက်သွားရတော့မှာပေါ့။
နေရာတကာ ဘတ်စ်ကားလည်းအားမကိုးချင်။သံဈေးဆိုတာလည်းဇနီးသည်ရှိစဉ်ကလုပ်ငန်းသုံးကုန်ပစ္စည်းဝယ်ရင်းမကြာခဏရောက်နေကျ။
ခုတော့လည်းသံဈေးမရောက်တာ နှစ်နဲ့ချီ
နေခဲ့ပြီ။ နဂိုရ်ဈေးရုံကြီးနေရာမှာအထပ်မြင့်
အဆောက်အဦဖြစ်နေခဲ့လေတော့အမှတ်အသားတွေလည်းမမှတ်မိတော့။ဟိုမေးဒီ
မေးနဲ့ပဲ Book Plaza ရှိရာ ၅ ထပ်ကိုဓာတ်
လှေခါးနဲ့တက်လာခဲ့တယ်။ ရှင်လူရောက်တော့အခမ်းအနားကစနေပြီ။နောက်ကျနေတော့ဝေတဲ့စာအုပ်လည်းမရတော့။ နှစ်ချို့သူငယ်ချင်းကြီး ကိုစန်းလှိုင်
နဲ့ပန်းချီဆရာကျော်စွာတို့နှစ်ယောက်စာအုပ် ဆိုင်တဆိုင်ရှေ့မှာထိုင်နေတာတွေ့လို့
ဝင်နှုတ်ဆက်ရင်း ဗိုက်ဆာလာတာနဲ့
``ဘာကြွေးလဲ´´မေးလိုက်တော့ ကိုစန်းလှိုင်က``အိမ်မှာလုပ်တုန်းကလို
ထမင်းတော့မကြွေးဘူး၊ လာ ကော်ဖီဆိုင်သွားကြတာပေါ့´´ဆိုပြီး
ကော်ဖီဆိုင်ဆီခေါ်တာနဲ့ လိုက်သွားပြီး
ညှပ်ခေါက်ဆွဲသုတ်တပွဲနဲ့ကော်ဖီတခွက်တီးလိုက်တယ်။စားသောက်နေတုန်း
အောင်ဒင်ရောက်လာတော့ ကိုစန်းလှိုင်
လက်ညိုးညွှန်လို့ အောင်ဒင်ကြီး ရှင်လူ့ကို
မြင်သွားတယ်။ အနားကပ်လာပြီး ``အကို
ဘာလိုအပ်လဲ´´ မေးလို့ မလိုပါဘူး ဒီမှာစားနေပြီလို့။စားသောက်ပြီးဟိုဟိုဒီဒီ
လျှောက်ကြည့်ရင်းသီချင်းရေးတဲ့ KZ(ဇော်သန်းထွဋ်)နဲ့ဆုံတော့ KZ က
``အမှတ်တရစာအုပ်ထဲမှာ ဆရာနဲ့ ရွှေဘုန်း
ကျနော့အိမ်လာခဲ့တဲ့အကြောင်းလေး
ကျနော်ရေးထားတယ်´´ဆိုပြီးနှုတ်ဆက်တယ်။ နှင်းခါးမိုးနဲ့ နွေလယ်နေတို့ အခမ်းအနားနောက်နားကခုံမှာထိုင်နေတာတွေ့လိုက်တယ်။သူတို့နားဝင်ထိုင်မလို့  လုပ်တုန်းနန်းနွယ်(Ahla Thit Art Gallery)
နဲ့တွေ့ တာနဲ့ အပြန်အလှန်လက်ပြွနှုတ်ဆက်ကြပေါ့။ခဏနေတော့သက်ဦး
ရောက်လာတယ်။သက်ဦးကတော့သူ့ပုံစံအတိုင်းစပ်ဖြဲဖြဲနောက်နောက်ပြောင်ပြောင်ပေါ့ ။ Stage ပေါ်က ကဗျာရွတ်ကြ အမှတ်တရပြောကြတာတွေ ခဏ နားထောင်ပြီး အပေါ့အပါးသွားဖို့ထလာ
တော့ခရမ်းပြာဝမ်းဆက်နဲ့အမျိုးသမီးတ
ယောက်က ``အကို့ကိုအစောကြီးကတည်းက
လိုက်ရှာနေတာ ခုမှတွေ့တယ် ´´တဲ့။
ဗုဒ္ဓေါ..၊ စာပေအသိုင်အဝိုင်းထဲမှာ အရောက်အပေါက်နည်းလှတဲ့ရှင်လူ့ကို
အဘယ် စာရေးဆရာမကများ သိနေသလဲ
ဆိုပြီးခေါင်းစားသွားရဲ့။ကိုအောင်ဒင်ကို
တောင်စောစောကမေးနေသေးတာ၊ဦးရှင်လူကိုတွေ့ချင်လို့ဆိုတော့သူကလည်းမတွေ့
ရ သေးဘူးတဲ့။ အမျိုးသမီးဘေးကကပ်ပါလာတဲ့
အသက်၃၀ ဝန်းကျင်ကလေးမလေး
ရွှေနန်းဆက်ကိုတွေ့မှ
ရှင်လူ့ memo တွေအသက်ပြန်ဝင်လာ
တယ်။ မြ သန်း ရင်...။လွန်ခဲ့တဲ့နှစ်ပေါင်း
၃၀ ဝန်းကျင် ၈ လေးလုံးကာလ တုန်းက
မြသန်းရင်တယောက် ခရမ်းကနေပြီး
ရန်ကုန်တက်လာရင်းဇေယျာမှိုင်းနေ
ထိုင်ရာ
တောင်ဥက္ကလာ၎ရပ်ကွက်ကအိမ်မှာ
သောင်တင်ခိုက်ဇေယျာမှိုင်းနဲ့ ရေစက်ဆုံ
ခဲ့ရတယ်။သူတို့ မင်္ဂလာဆောင်ဖို့ လုပ်တော့
ဇေယျာမှိုင်းက``ကျနော့ဘက်ကအမျိုးတွေ
ကသိတ်မကြေနပ်ကြဘူး ၊ဒါကြောင့်မင်္ဂလာ
ဆောင်ကိုအကိုအဖော်လိုက်ခဲ့ပေးပါ´´ဆိုတာနဲ့  မြသန်းရင်တို့ရွာ ၊ ခရမ်းမြို့နယ်၊
ညောင်ကုန်းကျေးရွာကို ရှင်လူလိုက်ပါခဲ့ဖူး
တယ်။
ခုမြသန်းရင်ကိုတွေ့တော့ ချက်ချင်း ရှင်လူ
မမှတ်မိ။ သူနဲ့ကပ်ပါလာတဲ့သမီးဖြစ်သူ
ရွှေနန်းဆက်ကြောင့်သာ သူ့ကိုမြသန်းရင်
မှန်းသိတော့တယ်။မတွေ့ရတဲ့နှစ်တွေက
ကြာခဲ့ပြီလေ။ရွှေနန်းဆက်ကိုလည်းလသားအရွယ်လောက်ကသာအပြင်မှာတွေ့ဖူးခဲ့တာ။ ကြုံကြိုက်ချင်တော့ နှစ်နှစ်နီးပါးတော့
ရှိလောက်ထင်ရဲ့ ဇေယျာမှိုင်းကွယ်လွန်တဲ့
သတင်းကိုအတော်နောက်ကျပြီးမှသိရတဲ့အကြောင်းfbမှာရှင်လူရေးတင်လိုက်တာကို
ရွှေနန်းဆက်ဆိုတဲ့ acc တခုက like ,share
လုပ်ပြီးဇေယျာမှိုင်းဟာ သူ့ဖခင်ဖြစ်ကြောင်း
ပြန်ရေးထားတာတွေ့ရတယ်။ဒီတော့မှ
ရွှေနန်းဆက်ဟာ ကွယ်လွန်သူ ညီကဗျာ
ဆရာ ဇေယျာမှိုင်းသမီးဖြစ်ကြောင်းသိရတယ်။
သူ့wall ပေါ်က သူ့ဓာတ်ပုံတွေနဲ့လည်း
ရင်းနှီးခဲ့ရတယ်။အဲ့ဒီအချိန်ကသူတို့စုပေါင်း
ထုတ်ထားတဲ့ ကဗျာစာအုပ်အဖုံးပုံကလေး
ကိုလည်း messenger ကနေရွှေနန်းဆက်
ပို့ပေးလို့သိရတယ်။သူ့အဖေကို ကဗျာတွေ
ရေးပြီးတမ်းတနေတဲ့ ကောင်မလေး။
ခုတော့ဘကကျောင်းမှာဆရာမလုပ်နေတာတောင် ၆ နှစ်ရှိပြီ တဲ့။သူကသူ့အဖေကိုကဗျာနဲ့တမ်းတနေတာ
တွေ့ရတော့ ရှင်လူက ဇေယျာမှိုင်းရေးခဲ့တဲ့
``သမီးကောင်း´´ဆိုတဲ့ကဗျာလေးကိုသတိရတယ်။ရွှေနန်းဆက်လေးမွေးခါစ အရွယ်၊ရှင်လူ့မိတ်ဆွေ (ကွယ်လွန်သူ)
အောင်လင်းလက်(ဥက္ကလာ)
``ပန်းဝတ်ရည်´´ကလေးဂျာနယ်ထုတ်
တော့ ရှင်လူက ဇေယျာမှိုင်းဆီ ကဗျာတပုဒ်
တောင်းတယ်။ဇေယျာမှိုင်းက ရွှေနန်းဆက်
ဖြစ်လာမယ့်သမီးငယ်လေးကို ရည်ရွယ်ပြီး
``သမီးကောင်း´´ဆိုတဲ့ကဗျာလေးရေးပေး
လို့ ပန်းဝတ်ရည် ကလေးဂျာနယ်မှာထည့်ပေးခဲ့ဖူးတယ်။
ခု ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း
မြသန်းရင်တို့သားအမိမျက်ရည်ဝဲကြတယ်။
ရှင်လူလည်း နှင်းခါးမိုးနဲ့ နွေလယ်နေကို
ခေါ်ပြီးရွှေနန်းဆက်တို့သားအမိနဲ့မိတ်ဆက်ပေးရတယ်။ သူတို့ကလည်း fb ပေါ်မှာ
ရှင်လူရေးခဲ့တာတွေသိပြီးသားမို့ ဇေယျာမှိုင်းသမီး ရွှေနန်းဆက်လို့ပြောလိုက်တာနဲ့သိတယ်။
Sunday, August 6, 2017
ဒီနေ့တာရာမင်းဝေ၁၀နှစ်ပြည့်အမှတ်တရ အခမ်းအနားမှာအမှတ်တရစာရေးဖို့ နေနေသာသာ လက်မှတ်ကလေးတောင်မထိုးခဲ့မိဘူး။ သူများတကာတွေ ကဗျာရွတ်ကြ၊အမှတ်တရတွေပြောနေတာလည်း
အခမ်းအနားမှာအမှတ်တရစာရေးဖို့
နေနေသာသာ လက်မှတ်ကလေးတောင်မထိုးခဲ့မိဘူး။
သူများတကာတွေ ကဗျာရွတ်ကြ၊အမှတ်တရတွေပြောနေတာလည်း ဘာမှ ရေရေရာရာ အာရုံမမိခဲ့။
အဲ တခုတော့ရှိတယ် လွန်ခဲ့တဲ့ ၂ နှစ်
ဒီလိုနေ့မှာအမှတ်တရ ကိုယ်တိုင်ရေးပြီး
fb တင်ခဲ့တဲ့ memo ကဗျာပဲ ရင်ထဲအပ်ကြောင်းထပ်နေတယ်။
ဟုတ်တယ် ပထမပိုင်းအစီအစဉ်ပြီးရုံလေးကို...
မှတ်တေးထားခဲ့တာ....
ပထမပိုင်းအစီအစဉ်ပြီးပါပြီ ။
~~~~~~~~~~~~~~~
ရွှေဘုန်းလူ ရေ...
ချစ်ညီရေ...
အငယ်လေး ရေ...
ငါတို့က စကားလုံး အမြှောက်တွေ ...
စကားလုံး ကျည်ဆန်တွေနဲ့
စကားလုံးလှံစွပ်တွေ ကိုယ်စီတပ်ဆင်ပြီး
ကျားတက်ထိုးခဲ့ကြ ၊
ခု~ဒီမိုကရေစီ နဲ့ လူ့အခွင့်ရေး ဗျူဟာကုန်းကို
စကားလုံးတွေနဲ့ သိမ်းပိုက်..
အဲဒီ စကားလုံးတွေနဲ့ပဲ
ခွပ်ဒေါင်း အလံစိုက် ခဲ့ပြီ ။ ။
ညိုမြသွေး
story#observation#shinlhu
Thursday, August 3, 2017
လက်စုပ်ခြင်းအနုပညာ ✌ ✌ ✌
✌ ✌ ✌ ✌ ✌ ✌ ✌ ✌
သင်ဟာ အစားအစာတခုကိုစားနေပါသလား၊
ခရင်းမ်ပေါင်မုန့် ဖြစ်စေ အခြားသော စားဖွယ်တခုခုကိုဖြစ်စေ စားတဲ့အခါ မှာ သင့်လက်
ချောင်းများမှာ ပေကျံမှုနဲ့ မလွဲမသွေ တွေ့ကြုံရမှာဖြစ်ပါတယ်။ ဥပမာ ထမင်းစားတဲ့အခါမှာလည်း ငါးသေလောက်ဆီပြန် ၊
ပဲကြီးနှပ် ၊ ဒါမှမဟုတ်ဝက်သားနီချက်နဲ့ တာလပေါဟင်း၊ငါးပိရည် ဖျော် တညင်းသီး
စသဖြင့်ပေါ့လေ၊ သင့် လက်ငါးချောင်းစလုံးနှင့် နယ်ဖတ်စားပြီးသကာလ ၊ သင့်လက်ချောင်းများမှာ ဟင်းအမယ်မယ်တို့မှ ချိုချဉ်ငံစပ် ခါးတို့ ရဲ့ ပဒေသာရသအဖြာဖြာတို့
စီးကပ်ပေကျံနေလိမ့်မယ်။ အဲဒီ နောက်ဆုံး အပြီးသတ်အချိန်လေးမှာ စိတ်ရှည်လက်ရှည်ထားပြီး သင့်လက်ချောင်းကလေးများကို တချောင်းစီ ပြောင်စင်အောင်စုပ်ပါ။ ဘေးလူမြင်ရင်ကဲ့ရဲ့ကောင်းကဲ့ရဲ့ ခံရနိုင်ပေမယ့် ထိုသူကိုယ်တိုင် လူမမြင်ကွယ်ရာများမှာ လက်စုပ်တဲ့အကျင့်ရှိနေနိုင်တာကိုသတိပြုပါ။
ရှင်လူ့သူငယ်ချင်းတွေထဲကဆိုရင် လက်စုပ်ကျွမ်းကျင် အဆင့် ၁ ရှိသူမှာ ကဗျာဆရာနွေလယ်နေဖြစ်ပါတယ်။ နွေလယ်နေတို့ လက်စုပ်ပုံက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကပင် ထင်ရှားပါတယ်။အဲ့တုန်းက လမ်းဘေးအရက်ဆိုင်ကလေးတွေမှာ ထိုင်တိုင်း
လက်ဖက်တပွဲဆိုပြီး မှာလိုက်ရင် ဘုရားဆွမ်းတော်ကပ်တဲ့ ပန်းကန်လောက် ပန်းကန်အသေးစားလေးနဲ့ တန်ဖိုးနည်းလက်ဖက်ဆီစိမ်တပွဲချပေးပါလိမ့်မယ်။ သဘောကောင်းတဲ့ အမြည်းဆိုင်ဆိုရင် ပန်းကန်ဘေးမှာ မြေပဲကြော်လေး ဆယ်လုံး ဆယ့်ငါးလုံးလောက်စီထည့်ထားပေးပါလိမ့်မယ်။ ထားပါတော့ ..
ကြော်ငြာဝင်တာများသွားတယ်။ အဲဒါမျိုးကို
နွေလယ်နေရှေ့ရောက်လာလို့ကတော့ ပန်းကန်လေးကို စားပွဲပုကလေးပေါ်ကသူ့ရှေ့နားတည့်တည့်ရောက်လာအောင် ချိန်သားကိုက်ရွှေ့ယူပါလိမ့်မယ်။ ပြီးရင် မြေပဲတလုံးတလေ ကောက်မြည်းရင်မြည်းပါလိမ့်မယ်၊ အဲ ပြီးရင်တော့ လက်ဖက်ဆီစိမ်ကလေးကိုသူ့ရည်းစားလိုတယုတယ လက်ညိုးလေးနဲ့ တို့တို့ပြီး သူးပါးစပ်ပေါက်ချွန်ချွန်ကလေးနဲ့ ပြွတ်ခနဲ စုပ်ပါလိမ့်မယ်။ ဒါလောက်ပဲလားတဲ့ .မဟုတ်သေးပါ တခါတခါ မှာ လက်ညှိုးကိုအနားပေးပြီး လက်သန်းကလေးနဲ့ပြောင်းတို့ပြီး ရက်သားကလေးငယ်လေး ဘိုချိုစို့သလို စို့ရှာပါတယ်။ ရှင်လူ ဒီအကြောင်းရေးပြနေတာ ခင်ဗျားတို့ကို ဖုန်းဘီလ်အကုန်ခံ၊အချိန်ကုန်ခံပြီး အလကားရေးပြနေတာမဟုတ်ပါ။ရှင်လူတို့နိုင်ငံမှာ ရသစာပေပိတ်သတ်အားနည်းနေတာ လူတိုင်းအသိပါ။ လူတွေခမျာ တနေ့တနေ့ စားဝတ်နေရေးဒုက္ခတွေနဲ့နပမ်းလုံးနေရတာတကြောင်း ရန်သူမျိုးငါးပါးဘေးကလည်းမကြာခဏကြုံကြရတာတကြောင်းစတဲ့အကြောင်းများကြောင့် ရသစာပေဘက်ကိုသိတ်မလှည့်နိုင်ကြတော့ပါ။ဒါကြောင့်ရှင်လူကစေတနာရှေ့ထားပြီး ရသခံစားမှုများပျောက်ဆုံးမသွားရအောင် ဒီ ✌ လက်စုပ်ခြင်းအနုပညာ✌ ကိုတင်ဆက်ပေးလိုက်ရပါတယ်။
အားလုံးဝေမျှခံစားနိုင်ကြပါစေ...
ဗိုလ်စုပ်မူးကြီး ရှင်လူ
6:68PM
Thu,4 Aug 2016
story#observation#shinlhu
ရှင်လူတြိဂံရဲ့ အနားတဖက် ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ရှင်လူစီးကရက်ဗူးကုန်နေလို့
ထွက်ဝယ်တော့
ဖွေးဖွေးသိမ့်ကသူလည်းလိုက်မယ်တဲ့။
ဦးထုပ်ဆောင်းဖိနပ်စီးပြီး လိုက်လာခဲ့တယ်။ဆိုင်ရောက်လို့
သမီးဘာစားမလဲဆိုတော့ တထောင်တန်
ကိတ်မုန့် ကြီးကောက်ကိုင်ကရော။ ကျန်တဲ့မုန့်အသေးတွေနဲ့ပြန်လဲပေးလို့မရ
တော့ဘူး။ဒါကြီးကိုလက်ကမချတော့။
အိမ်ရောက်တော့ အလုံးလိုက်ကိုက်စားတယ်။သူ့အမေက
လှီးပေးဖို့လုပ်တော့ ငိုကရော။
``ကဲ..သူကြိုက်သလို စားပါစေလေ´´ ရှင်လူလည်း ဗိုက်ကင်း(ပင်လယ်ဓားပြ)
တွေစားပုံမျိုးကို သဘောကျတာ၊ကြက်ဆင်သားပေါင်
အကြီးကြီးကိုတဖက်ကကိုင်ပြီးကိုက်၊
ဘီယာကိုပုံးလိုက်ကိုင်ပြီးရင်ပပ်ပေါ်ဖိတ်ကျလာတဲ့အထိ အားရပါးရသောက်တာ...
သူ့အမေက ``ဦးလေးလုပ်တာ ပျက်စီး
မယ်´´တဲ့။ မပျက်စီးပါဘူး၊သူ့အရွယ်နဲ့သူ
သိလာပါလိမ့်မယ်။ဖွေးကဥာဏ်ကောင်းပါတယ်...
story#observation#shinlhu
Monday, July 31, 2017
အက်ရှင် ➳ ➳ ➳ ဆိုင်ကယ်တွေ
➳ ➳ ➳
ဆိုင်ကယ်တွေ ကားတွေ
ထရပ်ကားကြီးတွေပရမ်းပတာ
ပဲရစ်လို လန်ဒန်လို မြို့ကြီးတွေရဲ့
အလယ်ကောင်မှာ
စက်သေနတ်တွေ လောင်ချာတွေ
ဗြောင်းဆန်အောင်ပစ်ခတ်
၁၈၈၇ က တပုလင်းထဲကျန်တော့တဲ့
နှစ်ချို့ဝိုင်နဲ့
နှုတ်ခမ်းပါးပါး မဒီလေးနဲ့
ဗင်းနစ်မှာ ဒင်နာစားပြီး
ဒန်..တန်တန်...ဒန်
ဘာ အက်ရှင်မှ မရှိတော့တဲ့
ဟောဒီ ခေါင်းဖြူ ငနဲကြီးက
အက်ရှင်ကားကြည့်ပြီး
လက်ဖက်ရည်တခွက် စီးကရက်တလိပ်နဲ့
ညိုမြသွေး
8:09 am
Mon,31 Jul 2017
poem#observation#shinlhu
Friday, July 28, 2017
မိတ်ဆွေ ♥ ♥ ♥
♥ ♥ ♥
လမ်းလျှောက်ရင်း
သူက
အာသောကဇာတ်လမ်းကို
မမောတမ်း ဇာတ်ကြောင်းပြန်
ငါက
မကြားတချက် ကြားတချက်
ခေါင်းတငြိမ့်ငြိမ့်
ညိုမြသွေး
8:05 am
Wed,26 Jul 2017
poem#observation#shinlhu
မဟာ ဂန္ဓာရီ ❆ ❆
❆ ❆ ❆ ❆ ❆
ငါက ၆၀ ကျော်မှ ကဗျာတွေ ဖိရေးနေတယ်
နောင်ဘဝမှာ ကျော်ကြား ဖို့ပေါ့
နောက်ဘဝကို မင်းတကယ် ယုံသလား
Reincarnation လေ
ခုတော့ Bohemian တယောက်လို
ကျော်ကြားမှု ၊ ငွေကြေး ဘာကိုမှမမက်မောပဲ
အေးအေးဆေးဆေး နဲ့
ငါတယောက်ထဲ ဖောက်တဲ့လမ်းပေါ်
လျောက်သွားနေတယ်
ဒီဘဝမှာ အနှောင်အဖွဲ့ကင်းတဲ့
လွတ်လပ်မှုက ငါ့ရဲ့ အဖော် ပေါ့
ညိုမြသွေး
July 29, 2015 at 11 :38pm
poem#observation#shinlhu
Thursday, July 27, 2017
အခိုက် ➳ ➳ ➳
➳ ➳ ➳
♡ သမီးက
နီနီခက်ဇော်ရဲ့ နှင်းဝေတဲ့ဆောင်း ဆိုပြတော့
ဖေကြီးက
နှင်းကြွေမယ့်ဆောင်း ကဗျာကို
ရေးခဲ့တယ်
အစုန် အဆန် ရထားနှစ်စင်းရဲ့
တွေ့ဆုံမှု ဆိုတာ
ဒီ လောက်ပါပဲဆရာမရယ်
ညိုမြသွေး
8:28 AM
Thu,6 Apr 2017
poem#observation#shinlhu
Thursday, July 20, 2017
သာဓုကံအလွမ်း ♥ ♥ ♥
♥ ♥ ♥ ♥ ♥
♥ ဒီမနက် ရှင်လူကြီးလမ်းလျှောက်ရာက
အပြန် ဖွေးဖွေးသိမ့်တို့ အခန်းတံခါးတွန်း
ဖွင့်လိုက်တော့ ဖွင့်မရ။ အခါတိုင်းဆို
ဖွေးတို့သားအမိတွေ နေဖင်ထိုးအောင်
အိပ်နေကျ။ မသင်္ကာတာနဲ့ အထဲကိုခြောင်း
ကြည့်လိုက်တော့အိမ်ထဲမှာတယောက်မ
ှမရှိ။ ဒါနဲ့အိမ်ရှေ့လမ်းပေါ်ကြည့်လိုက်တော့
ဖွေးရဲ့ဦးငယ်ကားအိမ်ရှေ့မှာထိုးထားတာ
တွေ့လိုက်ရတယ်။ သတိရပြီ..ပြီးခဲ့တဲ့ရက်တွေက ဖွေးအမေ
မလှိုင်ပြောနေတာ၊အာဇာနည်နေ့ပိတ်ရက်ကျရင် သာဓုကံ ဘုရားသွားကြမယ်ဆိုတာ။
ကားနောက်ခန်းထဲကြည့်လိုက်တော့
ဖွေးတို့ မြေးအဖွား တူဝရီးတွေအကုန်လုံး
ကားပေါ်မှာ။ အမှန်တော့ ဒီနေ့ ရှင်လူကြီး
အိမ်မှာ အလုပ်လုပ်ဖို့ ရှိတယ်။ ကားစက်နှိုးသံကြားတော့ ခါးဝတ်ခါးစားနဲ့ပဲ
ကားပေါ်ခုန်တက်လိုက်တယ်။
``ရှင်လူ လိုက်နဲ့...ရှင်လူလိုက်ခဲ့နဲ့´´
ဖွေးက အသံကုန်အော်တယ်။
``အေး ရှင်လူလိုက်မှဖြစ်မယ်၊ ဒါမှ
အောင်မင်းအကိုနဲ့တွေ့ရင် ရှင်လူက
သားရေကွင်းနဲ့ပစ်ရမှာ၊ရော့ သမီးက
သားရေကွင်းတကွင်းယူထား´´ဖွေးရန်သူ
အောင်မင်းအကိုနဲ့ခြောက်မှ ဖွေးစိတ်ပြောင်းသွားတယ်။ရှင်လူလှမ်းပေးတဲ့သားရေကွင်းကိုယူပြီး ``အောင်မင်းအကို ကိုသားရေကွင်းနဲ့ပစ်
ရမယ်ဆိုပီး စိတ်ပြောင်းသွားတယ်´´
ရှင်လူကလည်း ရုတ်တရက်ကားပေါ်တက်
လိုက်ရတာကသာဓုကံအလွမ်းပေါ်လာ
လို့ပဲ။ ရှင်လူ ၈ နှစ်သားလောက်က
မင်္ဂလာဒုံ အမှတ်(၁)လေ့ကျင့်ရေးတပ်မှာ
နေခဲ့ရတယ်။ ရှင်လူ့ဖခင်က တပ်ခွဲမှူးပေါ့။
ဖခင်က ရှင်လူ့ကို သူ့တပ်ခွဲနဲ့ တွဲဘက်လုပ်ထားသလားထင်ရတယ်။
သူ့တပ်ခွဲ စက်ပစ်ကွင်းဝင်ရင် လှော်ကားစက်ပစ်ကွင်းရှိရာ ကို ညအိပ်ညနေ ခေါ်သွားတတ်တယ်။
သားအဖနှစ်ယောက် ညဘက်လှော်ကားကန်ဘက်တောလည်
ရင်း လိပ်တကောင်ရဖူးတယ်။ တညနေ တောလိုက်ထွက်တာ ယုန်တကောင်ရဖူးတယ်။ တခါတခါ သူ့တပ်ခွဲ မိုင်ရှည်လျှောက်ရင် တပ်ရင်းရှိရာ ကျိုက္ကလဲ့ဘူတာကနေပြီးသာဓုကံဘုရားအထိ မီးရထားလမ်းအတိုင်းလျှောက်ရတယ်။
သာဓုကံဘုရားမှာ တပ်ခွဲနားပြီးမှ တပ်ရှိရာ
ပြန်လျှောက်ရတာ။ရှင်လူမှတ်မိသလောက်တော့ သာဓုကံ ဘုရားက ရှေးဘုရားပဲ။
အုပ်အုပ်ဆိုင်းဆိုင်းတောင်ကုန်းကြီးတခု
ပေါ်တည်ထားတာ။ရွာနဲ့တစပ်တည်းပဲ။
ခု အဲဒီ သာဓုကံ ဘုရားကို ဖွေးတို့မိသားစုနဲ့အတင်းကပ်လိုက်ပြီး
အဖေ့ကိုလည်းလွမ်းမိပါရဲ့။ ရိုက်လာတဲ့
ဓာတ်ပုံတွေကတော့ မနည်းမနောပဲ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကသာဓုကံ ဆိုတာ တံဆောင်းထဲက
ဘုရားပဲကျန်တော့မယ်ထင်ရဲ့။
story#observation#shinlhu