Saturday, November 26, 2016

တရားနာသူ ❆ ❆ ❆

တရားနာသူ
❆ ❆ ❆ ❆
ညိုမြ​သွေး

ဖွင့်​ထားတဲ့တရား​ခွေက နားထဲမှာ
မကြားတချက်​  ကြားတချက်
ပျင်းရိဖွယ်​ မိုးစက်​မိုး​ပေါက်​တို့က
သွပ်​မိုး​ပေါ် တ​ဖျောက်​​ဖျောက်​...
ညက ပိုနက်​လာပြီး ​မောဟက​မှောင်​သထက်​ပို​မှောင်​လာတယ်
တတ်​သလိုလို နပ်​သလိုလိုနဲ့
အပရိက ​နေ့ရက်​များ  လများ
နှစ်​များ.........

ညိုမြ​သွေး
11:11 PM
Thu,6 Oct 2016
poem#observation#shinlhu

Sunday, November 20, 2016

ညရဲ့အသံ ❀❀❀❀❀ Aသက်​ငြိမ်​ ညက ကျ​နော့ကိုမိတ်​​ဆွေဖွဲ့ခဲ့ ကျ​နော်​နဲ့ ညဟာ

ညရဲ့အသံ
❀❀❀❀❀
Aသက်​ငြိမ်
ညက ကျ​နော့ကိုမိတ်​​ဆွေဖွဲ့ခဲ့
ကျ​နော်​နဲ့ ညဟာ ငယ်​​ပေါင်း​တွေ​ပေါ့
ကျ​နော်​ကညရဲ့အသံကိုနား​ထောင်​ရင်း
ပြုံးတဲ့ခါပြုံးမိ
ခေါင်းညိမ့်​မိတဲ့အခါ​တွေလည်းရှိခဲ့​ပေါ့
ညနဲ့ကျ​နော်
ဘယ်​ခါမှ အချင်းမများ
ညနဲ့ကျ​နော့ရဲ့ချစ်​ချင်းဟာ
လူသိနည်းတဲ့ကိစ္စတခုပါပဲ
ထိပ်​တန်းလျှို့ဝှက်​​ပေါ့ဗျာ
ဒီကိစ္စက ညနဲ့ကျ​နော်​ပဲသိပါတယ်​။
Aသက်​ငြိမ်
12.:02AM
Thu,10 Nov 2016
poem#observation#shinlhu

Thursday, November 17, 2016

နွေနှောင်းကကာလ နေ့ရက်များ ************************* ငါ့ စိတ်နှင်းတွေက တဖွဲဖွဲ

နွေနှောင်းကကာလ နေ့ရက်များ
*************************
ငါ့ စိတ်နှင်းတွေက
တဖွဲဖွဲ ကျလို့....
တကယ်က
ငါ့ တကိုယ်လုံး
ချွေးသီးချွေးပေါက်တွေက
ရွှဲရွဲစို......

ညိုမြသွေး
poem#observation #shinlhu

Thursday, November 3, 2016

ရပ်​​တံ့နေတဲ့နာရီများ ❀ ❀ ❀

ရပ်​​တံ့နေတဲ့နာရီများ
❀ ❀ ❀ ❀ ❀
Aသက်​ငြိမ်

စိတ်​ကို...
ပက်​လက်​ကုလားထိုင်​​လေး​ပေါ်
ပစ်​တင်​ထားလိုက်​တယ်​...
ကျ​နော်​ထားသလို သူ​နေရင်
ကျ​နော်​ အရိယာဖြစ်​​လောက်​ပြီ...
ီဒီလိုနဲ့ မနိုင်​မနင်း
လောကကြီးသာ အရွယ်​​ရောက်​လို့
ကျ​နော်​က​တော့ ဥမမယ်​ စာမ​မြောက်
နိဝရဏတွေနဲ့ အသင်းပင်းဖွဲ့
ဖြစ်​ချင်​တိုင်းဖြစ်​​နေတဲ့ အဲဒီစိတ်​ကို
ထိုင်​ကြည့်​ရင်း....
ကျ​နော့်​ရဲ့ည​နေက​လေး​တွေဟာ
ရေခဲ​တောင်​ကြီး ပြိုကျသလို
တဝုန်းဝုန်း....

Aသက်​ငြိမ်
Tue,20 Sep 2016:
poem#observation#shinlhu

Wednesday, November 2, 2016

ရောက်​ရာအရပ်​ကပြန်​လာပါ ✈ ♡ ➳


ရောက်​ရာအရပ်​ကပြန်​လာပါ
✈ ♡ ➳ ♥ ✈ ❀ ✏ ✌
ညိုမြ​သွေး

တချိန်​တုန်းက​ပေါ့...
ဇာတ်​​ကြောင်းပြန်​ဖို့ နိဒါန်းကို
အဲသလိုမျိုး စရရင်​​ကောင်းမလား...
ရောင်းရင်းတို့​ရေ...
ငါတို့ ပုံပြင်​ရဲ့ အစက
လှလည်းလှပ သန့်​လည်းသန့်​စင်
နုနုနယ်​နယ်​ လူငယ်​လူရွယ်​​တွေမဟုတ်​လား
ငါတို့မျက်​လုံး​တွေဟာ ​သောကြာကြယ်​လိုရွှန်းပ
အနာဂတ်​ ဆီ တရိပ်​ရိပ်​​ပြေး​နေတဲ့
တို့စိတ်​နဲ့ တို့ခန္ဓာ​တွေဟာ တဦးနဲ့တဦး
ဘယ်​နှခါပဲပြန်​ကြည့်​ကြည့်​ အပြစ်​အနာအဆာဆိုတာ ရှာလို့မရ..
တ​ယောက်​ကိုတ​ယောက်​ သိတ်​ကိုချစ်​ခဲ့ကြ...
တို့​တွေ အိမ်​ထောင်​ရက်​သားကိုယ်​စီကျ
မိသားစုဘဝ ကိုယ်​စီရခဲ့တာ​တောင်​..
တပူးပူးတတွဲတွဲသံ​ယောဇဉ်​​တွေက
တို့အိမ်​ရှင်​မ​တွေ မျက်​​မှောင်​ကုပ်​ချင်​စရာ
တတွဲတွဲ ...
ခု​တော့များကွာ...တ​လောက ငမှိုင်းတ​ယောက်
တခွက်​ပြီးတခွက်​ ​နေ့ဆက်​ လဆက်​ နှစ်​​တွေပါဆက်​ပြီး ရာစုတဝက်​အကုန်​မှာ
အသက်​ပါကုန်​ခဲ့တာ မင်းမသိ ငါမသိ
ဟိုတ​ယောက်​မသိ..ကျန်​သုံး​လေးယောက်​လည်းမသိ..
တမြို့တည်း​နေကြပြီး တ​ယောက်​​သေတာ​တောင်​တ​ယောက်​မသိရ​လောက်​​အောင်
အသည်း​တွေက မာကုန်​ရသလား...
အေး ..မကြာမီ လာမည်​...​မျှော်​ ​ပေါ့...
သူ့အလှည့်​ ကိုယ့်​လှည့်​ဆိုတာ
ငါတို့ ခွက်​လှည့်​ခဲ့သလိုပဲ​ပေါ့..လာ​တော့မှာပါ
ဒီလိုပဲ ခုလိုပဲ ငမှိုင်းလိုပဲ...
ငါတို့  တိတ်​တိတ်​ဆိတ်​ဆိတ်​  ..မ​ပြောမဆိုနဲ့
ထွက်​သွားကြဦးမှာလား...
နုပျိုသန့်​စင်​ခဲ့တဲ့ ငါတို့ကိုယ်​မှာ စိတ်​မှာ
ဟောဒီနှလုံးသွင်းမှု​တွေထဲမှာ ဒဏ်​ရာတွေ
အမာရွတ်​​တွေ အထပ်​ထပ်​ သမိုင်းဝင်​အမှတ်​အသား​တွေကလည်း လှတာလည်းရှိ မလှတာလည်းရှိ...ဖုံးဖိထားရုံနဲ့​တော့ မလုံနိုင်​ဘူးထင်​ပ..
ဖြစ်​နိုင်​ရင်​​တော့ ဇာတ်​လမ်းထဲက တချို့စာမျက်​နှာ​တွေကို ဆုတ်​ပစ်​ပြီး
အားလုံးဝိုင်းဖတ်​ကြ အားလုံးတိုင်​တိုင်​ပင်​ပင်နဲ့​လွမ်း​မောတသဖွယ်​ရာ ​ဟောဒီည​နေပြာပြာက​လေးမှာ
ညိုမြ​သွေး
10:58 PM
Mon,15 Aug 2016
poem#obsrrvation#shinlhu

ဒီ​နေ့အကြိုက်​ဆုံး comment ♡ ♡

ဒီ​နေ့အကြိုက်​ဆုံး comment
♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဒီ​နေ့ရှင်​လူတင်​လိုက်​တဲ့ post ကို ​နော်​​ဝေ
ရောက်​​နေတဲ့ ညီမတ​ယောက်​က ဝင်​မန့် 
တဲ့ comment ကိုဖတ်ပြီး ဒီ​နောက်​ဆက်​တွဲ
post ကို​ရေးပါတယ်​။ဒါ​ကြောင့်​ အရင်​တင်​ထားတာနဲ့postကို​ကော်​ပီပြန်​လုပ်
လိုက်​တယ်​။
Tue,1 Nov 2)16
♡ ဒီမနက်​ ​ဖွေး​ဖွေးသိမ့်​အ​မေမလှိုင်​က
မုန့်​ဟင်းခါးကိုအီကြာ​ကွေးထည့်​ပြီး​ဖွေးကို
ိခွံ့​တော့ ​ဖွေးက​ထွေးထုတ်​လိုက်​တယ်​၊
အဲ့​တော့ ​ဖွေးအ​မေက ​ဖွေး​ခြေသလုံးကို
ခပ်​စပ်​စပ်​က​လေးရိုက်​က​ရော။ဖွေးကဝမ်းပန်းတနည်းငိုတယ်​။ဒီ​တော့ရှင်​လူက​ဖွေး
ကို ဘဲကြည့်​သွားမယ်​ ဆိုပြီး ဖိနပ်​စီး ဦး
ထုပ်​​ဆောင်းပြီး​ခေါ်ထုတ်​လာခဲ့တယ်​။ဒီလို
ရိုက်​တာရှင်​လူမကြိုက်​ပါဘူး။ခ​လေးလည်း
ခံတွင်းပျက်​ချင်​ပျက်​မ​ပေါ့။သူမှမစားချင်​တာ
၊ဒါသူ့အခွင့်​အ​ရေးပဲ။အဲဒါကွင်းထဲ ဘဲကြည့်
သွားပြီး အပြန်​ ​ရွှေကျီးနာနတ်​ယိုမုန့်​နဲ့
ပဲနို့တဗူးဝယ်​​ပေးပြီး အိမ်​ပြန်​လာခဲ့တယ်။
အဲဒါခြံဝ​မြောင်းကူးတံတား​ပေါ်​ရောက်
တော့​​​ဖွေးကပေရပ်​​နေတာမနည်း​ခေါ်ယူရတယ်​။

❀   မိခင်​​တွေ  သတိ❀ ကိုယ့်​ခ​လေးကိုယ့်​အိမ်​မပြန်​ချင်​​အောင်
်​မလုပ်​မိဖို့ပါပဲ...
Comment
ုWinwin Nu
ဒီမှာခ​လေးကိုရိုက်ရင်အမေထောင်၆လ ခလေးကိုအမေနဲ့ပေးမထားတော့ဘဲခလေးထိမ်းသိမ်းရေစခန်းကိုခေါ်သွားတယ်

ညီမWinwin Nu ​ရေးထားတာဖတ်​ပြီး​တော့
ရှင်လူ့ အဖို့ အဆန်းကြီးဖြစ်​​နေတယ်​။
တ​လောကဖတ်​ခဲ့ရတဲ့သတင်းတခုအရဆို
ိရင် အဲ့နိုင်​ငံမှာ ဘာသာမဲ့လူဦး​ရေက
75 ရာခိုင်​နှုန်း​မကရှိတယ်​ဆိုပဲ။ ရှင်​လူ့မှာ
တွေးရင်းရှက်​လို့မျက်​နှာကြီး​တောင်
ရဲပ​တောင်းနီသွားရဲ့။ဘယ့်​နှယ်​ဗျာ ဒီလိုဥပ​ဒေမျိုးရှိလို့ရှိမှန်း​တောင်​အစကမသိခဲ့ပါဘူး။
သြော်​ ဒါနဲ့ ​ဖွေး​ဖွေးသိမ့်​ကိစ္စ ထပ်​​ပြောရဦး
မယ်​။ဒီလိုဗျ၊ ​ဖွေးကသူ့ကို​ကြွေးတဲ့ မုန့်​ဟင်းခါး​တွေ​ထွေးထုတ်​လို့ အရိုက်​ခံရပြီး
ရှင်​လူနဲ့ဘဲကြည့်​လိုက်​လာချိန်​မှာ သူ့အ​မေ
နဲ့ဖွား​လေးတို့ကအဲ့မုန့်​ဟင်းခါးကိုစား
ကြတာ မုန့် ဖတ်​​တွေကချဉ်​​နေလို့ ဘယ်​လိုမှဆက်​မစားနိုင်​ကြဘူးတဲ့ဗျ....
story#observation#shinlhu






ိ

ွ့

Sunday, October 30, 2016

❀ ပ​လေတိုးရဲ့ကဗျာဆရာ❀ ✈ ✈

❀ ပ​လေတိုးရဲ့ကဗျာဆရာ❀
✈ ✈ ✈ ✈ ✈ ✈ ✈ ✈
ညိုမြ​သွေး
ကမ္ဘာ့ကြီးငြိမ်းချမ်းဖို့
အ​ရေးတကြီးလိုအပ်​..
ဒီကိစ္စအမြန်​​ဆောင်​ရွက်​ဖို့
မောင်​ကမ္ဘာလို ဒီလုံးလို
ရဲရဲရင့်​ရင့်​ မြန်​မြန်​ဆန်​ဆန်
စွန့်​စားခန်းဝင်​ရမယ်​...
မူလတန်း​ကျောင်းသား​လေးရဲ့
စိတ်ကူးထဲကအကြံအစည်​​တွေ
ဘယ်​သူသိနိုင်​ခဲ့မှာလည်း..
ဒီလိုနဲ့. စာသင်​​ကျောင်းကိုဗုံးအကြဲခံရကတည်းက
တဘဝစာလုံး
စစ်​​ပြေးဒုက္ခသည်​။
အ​ရေးကြီးပုဂ္ဂိုလ်​တ​ယောက်
သေဆုံးတဲ့အခါ
ရှယ်​ယာ​တွေ​ဈေးကျ
စီးပွား​ရေး  အလုပ်​အကိုင်​​တွေက​မောက်​ကမ
အခန့်​မသင့်​ရင်​ ကမ္ဘာ​ပေါ်က အစိုးရတချို့
အ​ပြောင်းအလဲ​တွေဖြစ်​...
ငါ  ​သေကြည့်​ချင်​တယ်​...
ငါ  ​သေကြည့်​ချင်​တယ်​...
ငါ  ​သေကြည့်​ချင်​တယ်​...
ညိုမြ​သွေး
8:16 AM
Mon,31 Oct 2016
poem#observation#shinlhu

Monday, October 24, 2016

အလွမ်း application ♥ ❀

အလွမ်း application
♥ ❀ ♡ ♥ ❀
ညိုမြ​သွေး
မ​နေ့ကချန်​ထားတဲ့ပုစွန်​​တွေ
ကြောင်​စားလို့ကုန်​ပြီ...
မုန်​တိုင်းသတင်းက
တခုပြီးတခု..ထုတ်​လွှင့်​​နေတယ်
မုန်​တိုင်းမလာခင်​ ​ရှေ့​​တော်​​ပြေး
မိုး​ရေစက်​​တွေက တဖွဲဖွဲ
ဒီကြားထဲ ငှါးသွားတဲ့ထီးက ပြန်​မလာ
ဘာကိုလွမ်းလို့ လွမ်းရမှန်းလည်းမသိ​တော့
ချမ်းလည်းချမ်းတယ်
လွမ်းလည်းလွမ်းတယ်​မိန်းမရယ်​..
ညိုမြ​သွေး
8:51AM
Sun,23 Oct 2016
poem#observation#shinlhu

Friday, October 14, 2016

တရားနာသူ ❆ ❆ ❆

တရားနာသူ
❆ ❆ ❆ ❆
ညိုမြ​သွေး

ဖွင့်​ထားတဲ့တရား​ခွေက နားထဲမှာ
မကြားတချက်​  ကြားတချက်
ပျင်းရိဖွယ်​ မိုးစက်​မိုး​ပေါက်​တို့က
သွပ်​မိုး​ပေါ် တ​ဖျောက်​​ဖျောက်​...
ညက ပိုနက်​လာပြီး ​မောဟက​မှောင်​သထက်​ပို​မှောင်​လာတယ်
တတ်​သလိုလို နပ်​သလိုလိုနဲ့
အပရိက ​နေ့ရက်​များ  လများ
နှစ်​များ.........

ညိုမြ​သွေး
11:11 PM
Thu,6 Oct 2016
poem#observation#shinlhu

Wednesday, September 21, 2016

ရှင်​လူဘာလို့သူ့ကိုအထင်​ကြီး... ♕ ♕

ရှင်​လူဘာလို့သူ့ကိုအထင်​ကြီး...
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
Thu,22 Sep 2016
ရှင်​လူ့အ​ပေါ်ထပ်​ ဆရာမ​မေဇင့်​အခန်းက
စာကျက်​သံ​တွေထဲမှာ ​ဖွေး​ဖွေးသိမ့်​အသံ
ကအကျယ်​ဆုံးနဲ့ အ​အောင်​မြင်​ဆုံး။
ဋ ဋ္ဌ ဍ ကအစ ပြီပြီသသ။သူက လာမယ့်
သီတင်းကျွတ်​လပြည့်
ကျော်​၁ရက်​မှ ၂နှစ်​တင်းတင်းပြည့်​မှာ။ သူ စာကျက်​ပြီး ​ညောင်းညာလာ​တော့ အဲ့လိုလည်းမျက်​စိမှိတ်​၊ခုံ​ပေါ်ပက်​လက်​လှန်ုပြီးအနားယူတတ်​​သေး....
story#observation#shinlhu


Wednesday, September 14, 2016

လူမှုရပ်​ဝန်းနဲ့ ရှင်​လူ(၂) ➳ ➳

လူမှုရပ်​ဝန်းနဲ့ ရှင်​လူ(၂)
➳ ➳ ➳ ➳ ➳ ➳
Sat,3 Sep 2016
ရှင်​လူချစ်​လို့ မကြာမကြာမုန့်​ဖိုး​ပေး​နေကျ
က​လေးတ​ယောက်​ရှိတယ်​။သူ့နာမည်​က ကြည်​စိုးတဲ့ ။မုဆိုးမသား​ပေတလူး​လေး​ပေါ့။
နှပ်​တွဲ​လောင်း​ချေးအထပ်​ထပ်​နဲ့။သူ့အ​ဖေက အရက်​မူးလွန်​ပြီးအမှိုက်​ပုံမှာလဲ​သေသွားခဲ့တာ၊
သူ့အ​မေက​တော့ ရာသီ​ပေါ်သီးနှံ​တွေ ​ခေါင်းရွက်​​ရောင်းရတယ်​။ကြည်​စိုးကအစစချို့တဲ့​တော့ ချမ်းသာတဲ့က​လေး​တွေကလည်းသူ့ကို့အမြဲလိုဗိုလ်​ကျတာကိုခံ​နေရတာ။
အဲဒါ လမ်းထဲမှာ စီခနဲညံခနဲဆို မ​မေးနဲ့ ကြည်​စိုးပဲ။ ရှင်​လူဆိုတဲ့လူကြီးကလည်း အဘိဓမ္မာ
သင်​တန်း​တွေဘာ​တွေတက်​ထား​လေ​တော့
ကြည်​စိုးကိုဆုံးမကြည့်​ချင်​စိတ်​​ပေါ်လာတယ်​။
ဒါနဲ့ ကြည်​စိုးကိုအနား​ခေါ်ပြီး``ကြည်​စိုးရာ
မင်းကလည်းထစ်​ခနဲဆို သူငယ်​ချင်း​တွေနဲ့
ရန်​ချည်းဖြစ်​​နေတာပဲ၊ ကိုယ့်​အချင်းချင်း​တွေပဲ
သည်းခံ မှ​ပေါ့ ဆို​တော့ ကြည်​စိုးကရှင်​လူ့ကို
အဓိပ္ပါယ်​တမျိုးပါတဲ့မျက်​လုံး​တွေနဲ့ပြန်​ကြည့်
ရင်း``သည်းခံရင်​​သေသွားမှာ​ပေါ့ဗျ´´တဲ့။
ရှင်​လူသူ့ကိုကြည့်​ရင်း အာ​စေးမိသွားတယ်​။
ကိုယ်​သင်​ထားတတ်​ထားတဲ့ပညာ​တွေလည်းဘာမှအသုံးမချတတ်​​တော့ဘူး။တခါတခါပြဿနာတိုင်းကို ကိုယ့်​ဖက်​ကအမြင်​​လောက်​နဲ့ဆုံးဖြတ်​လို့မရတာနားလည်​သွားတယ်​။
story#observation#shinlhu

လူမှုရပ်​ဝန်းနဲ့ရှင်​လူ(၁) ➳ ➳ ➳

လူမှုရပ်​ဝန်းနဲ့ရှင်​လူ(၁)
➳ ➳ ➳ ➳ ➳ ➳
ဒီ​နေ့ လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၂၀ တုန်းက ဘုန်းကြီး​ကျောင်းအလှူတခုမှာ ရှင်​လူ့ပိန်းတန်းဖိနပ်​ကိုခိုးသွားခဲ့ဖူးသူ လူငယ်​တ​ယောက်​နဲ့ပြန်​​တွေ့ရတယ်​။ သူကခု​တော့ ဘတ်​စ်​ကားဒရိုင်​ဘာတ​ယောက်​ဖြစ်​​နေပြီ။ရှင်​လူ သူ့ဆီကကိုယ့်ဖိနပ်​ကို ၃၀ ​ကျပ် ​ပေးပြီးပြန်​ဝယ်​ခဲ့ရတာ ခုထိအမှတ်​ရ​နေ​သေး​ပေါ့။ရှင်​လူကသူ့ကို လူမှု​ရေးအရ နှုတ်​ဆက်​ရင်း``ဟ​ကောင်​ကြီး
မင်းခု အိမ်​​​ထောင်​​တွေဘာ​တွေကျပြီလား´´
လို့​မေးလိုက်​​တော့ သူပြန်​​ဖြေလိုက်​ပုံက
``မိန်းမမယူ​တော့ပါဘူးဦး​လေးရာ၊ ယူရင်​တ​ယောက်​ပဲရမှာ´´တဲ့။
story#observation#shinlhu

လူကြီးလူမိုက်​ ရှင်​လူ ❆ ❆

လူကြီးလူမိုက်​ ရှင်​လူ
❆ ❆ ❆ ❆ ❆ ❆
မ​နေ့က တူလိုသားလိုသယ်​ရင်း​လေးတ​ယောက်​က message box က​နေပြီးသတိ​ပေးလာတယ်​။ ဘီယာ​သောက်​တဲ့ပုံ​တွေ မတင်​ပါနဲ့ တဲ့ ။လူငယ်တွေအတုယူမှားမှာ
စိုးလို့ပါတဲ့။ ရှင်​လူ ရီလိုက်​မိတယ်​။ဒါမျိုးအတုလိုက်​ယူတဲ့လူငယ်​​တွေက​တော့
ပင်​ကိုယ်​ကကိုညံ့လို့​နေမှာ​ပေါ့။ အမှန်​​တော့ ရှင်​လူ ၆၃ နှစ်​ဆိုတာ သင်္ချိုင်းကိုမျက်​​စောင်းထိုး​နေပြီ၊ခု​နေသားသမီး​မြေး​တွေများရှိ​သေးရင်​ ရှင်​လူ့လုပ်​ပုံကို ရှက်​လို့ ဝိုင်းအပြစ်​တင်​ကြမှာဗျ ..မလွယ်​ဝူး။ရှင်​လူတို့ဆီမှာ
ဗုဒ္ဓဘာသာယဉ်​​ကျေးမှုက အများစုဆို​တော့
လူမှုဘဝ​နေပုံထိုင်​ပုံမှာလည်း ဗုဒ္ဓဘာသာကျင့်​ဝတ်​ကလွှမ်းမိုးတယ်​။ အထူးသဖြင့်​ သက်​ကြီးဝါကြီးဆိုရင်​ လူငယ်​​တွေက ရို​သေကိုင်းရှိုင်းကြဖို့သင်​ကြားထား​လေ​တော့။လူကြီးဟာ
ဟိရိသြတပ္ပတရားရှိကိုရှိရမယ်​။ သီလ​ပေါ့ဗျာ၊
အရက်​ဆိုတာ ကံငါးပါးထဲမှာ တပါးအပါအဝင်​ဆို​တော့ ။အထူးသဖြင့်​ လူကြီးအရက်​မ​သောက်​ရဆိုတာက unwritten law ပဲconventional လက္ခံထားကြတာ။ ​ဆေးဖြစ်​ဝါးဖြစ်​​သောက်​လို့ အနံ့ရရင်​​တောင်​ အကြည်​ညိုပျက်​တဲ့မျက်​လုံး​တွေနဲ့ကြည့်​ကြတာ။
ရှေး​ခေတ်​ကတည်းက ​ယောမင်းကြီးဦးဘိုး
လှိုင်​တ​ယောက်​ ​စေတီ​ဟောင်းတဆူပြုပြင်​ဖို့
ခရီးထွက်​ရင်း ``ဗျစ်​ရည်​ဟာ ဝမ်းမီးကိုညက်​​စေတယ်​၊ခွန်​အားကိုတိုး​စေတယ်​´´လို့မှတ်​ချက်​ပြုတာကို ​ထောက်​လှမ်း​ရေးက ဘဝရှင်​မင်းတြားကြီးကိုပြန်​​လျှောက်​တင်​​တော့``ဘိုး
လှိုင်​ဟာ အရက်​​သောက်​တာအား​ပေးတယ်
သာသနာဖျက်​´´ဆိုပြီး ​ကြေးတိုက်​ထဲချထားဖူးတယ်​။ အင်း​လေ မိဖုရား ၆၀
ကျော်​ယူပြီး သာသနာပြုခဲ့လို့ ဗန်း​မော်​ဆရာ​တော်​ကြီးကလည်း မင်းတုန်းမင်းဘုန်းကြီးဝတ်​ချင်​တယ်​​ပြော​တော့ ``အင်း အသင်​မင်းကြီး
လူကဘုန်းကြီး _ီးကဓားမြ´´လို့​ပြောခဲ့တာ။
ကဲ ရှင်​လူတို့လူ့အဖွဲ့အစည်းက ​ဘုရင်​ မှားမှား
အမတ်​မှားမှား ​ခြေဥကိုချိုး​ဖောက်​တာမဟုတ်​ဘူး​နော်​။ သူတို့အစဉ်​အလာ အရလက္ခံထားတာကိုဆန့်​ကျင်​မိရင်​အမှားပဲ။
အဲဒါ ရှင်​လူက ခုန messagr box ကသတိ​ပေးလာတဲ့ပုဂ္ဂိုလ်​​လေးကို online chatting က​နေပြီးအ​ခြေအတင်​​စောဒကတက်​ကြည့်​​တော့။
အဘိဓမ္မာ​တွေသင်​ထားတာဘာလုပ်​ဖို့လဲတဲ့။
အဘိဓမ္မာသင်​ထားတာ ရုပ်​တရား နာမ်​တရား​တွေအ​ကြောင်းသိဖို့ လို့ဆို​တော့၊အဘိဓမ္မာ
သင်​ထားပြီးသူများကိုအကုသိုလ်​ဖြစ်​​အောင်​မလုပ်​ပါနဲ့ တဲ့။ အဲဒါ ရှင်​လူက အရက်​သမားကြီး သန္တတိအမတ်​ တရားရသွားတဲ့အ​ကြောင်း​ပြော​တော့ အဘရဲ့မာနကို​တွေ့​နေရပြီ
တဲ့၊ ဟုတ်​တယ်​​လေ မာနကိ​လေသာက အနာဂါမ်​အထိရှိ​နေ​သေးတာ အရဟတ္တမဂ်​ကျမှာ ကိ​လေသာ​တွေ အကြွင်းမဲ့ကုန်​တာမဟုတ်​လား။အဘမှာမာနရှိလို့မာနကိ​လေ​သာတွေ့တာဆန်းသလား။ အဲဒါ ရှင်​လူလည်း
သူနဲ့​ဆွေး​နွေးရတာ ​ကောင်းလို့ သူ့ကို​စောဒက​တွေလိုက်​တက်​​နေမိတယ်​။ ဒီယဉ်​​ကျေးမှု​ကြောင့်​ ​ကြောင်​သူ​တော်​ကြီး​တွေ ​ပေါများလာတာလို့။ လူ​ရှေ့တမျိုး ကွယ်​ရာတမျိုး ဆို​တော့။ကြောင်​သူ​တော်​ဘယ်​သူရှိလဲ ​ပြောပြပါတဲ့။ ဗု​ဒ္ဓေါ ...အမှုကကြီးလာ​တော့မယ်​။ အဲဒါ ဒီ​နေ့​တော်​ပြီ ​နောက်​​နေ့မှဆက်​မယ်​ တဲ့။ ဟ လူကြီးကိုပြဿနာ
လာလုပ်​ပြီး ဒီ​နေ့​တော်​ပြီလုပ်​လို့ရမလား လို့။
နောက်​​နေ့လည်း အရက်​အ​ကြောင်း​တော်​ပြီ။
ရည်းစားအ​ကြောင်း ​ဆွေး​နွေးမယ်​လို့ ​ခေါင်းစဉ်​အသစ်​​ပေးလိုက်​တယ်​။ အမှန်​​တော့ အဲဒီလူငယ်​​လေးက ဥာဏ်​​ကောင်းပြီး ထက်​မြက်​တဲ့ သူတ​ယောက်​ပါ ။လူငယ်​ဆို​ပေမယ့်
၃၀ ​တော့အ​တော်​​ကျော်​ပြီ။လူပျိုကြီး​ပေါ့။
မိဘလုပ်​​ကြွေးရင်း ဓမ္မာရုံ ဆွမ်း​လောင်းသင်း​တွေဘာ​တွေမှာလည်း လူမှု​ရေး ဘာသာ​ရေး​တွေ​ဆောင်​ရွက်​​နေတာ။ ရှင်​လူ့လုပ်​ပုံ​တွေအမြင်​မ​တော်​လို့ wall မှာ comment
မ​ရေးပဲ message box က တိုးတိုးတိတ်​တိတ်
သတိ​ပေးတာ။ ဟဲဟဲ ​ပျော်​လိုက်​တာ ရှင်​လူ့သားသမီး​တွေရှိလည်းဒီလိုပဲ ​ပြောကြမှာ။
သူ​ပြောတာလူမသိလို့ ရှင်​လူက လူအများသိ​အောင်​ တကူးတက​ရေးပြီး fb တင်​တာ။
ဒါမှ ရှင်​လူ့ကိုအဘိဓမ္မာသင်​​ပေးတဲ့ဆရာမ
လည်းသိမှာ။ ဆရာမသိမှ ရှင်​လူ့ကို သာသာနဲ့နာနာ​လေး ``အင်း တရား​တော့
ရ​တော့မှာပဲ´´လို့ comment ဝင်​​ပေးရင်
ခင်​ဗျားတို့ လူကြီးလူမိုက်​ရှင်​လူကြီး ပြုံးဖြီးဖြီးနဲ့
အ​ကြေနပ်​ကြီး​ကြေနပ်​​နေမှာ....
story#observation#shinlhu

Saturday, September 3, 2016

ဇာတ်​သိမ်း ✏ ✏ ✏

ဇာတ်​သိမ်း
✏ ✏ ✏
Aသက်​ငြိမ်

ကျ​နော်​က နိဒါန်းကို
အပြုံးနဲ့ စနိုင်​ခဲ့ပါတယ်​....
စာကိုယ်​​ရေး​တော့လည်း ကြွယ်​ဝတဲ့စကားလုံး​တွေနဲ့ ဆန်းဆန်းပြားပြား
လူ့ဘဝဟာ အကြမ်းစား ​ပေမယ့်
ခန်းနား​အောင်​ ​ရေးဖွဲ့နိုင်​ခဲ့ပါတယ်​..
အခု..ကျ​နော်​ နိဂုံးပိုင်းကို​ရေး​နေပါတယ်​...
ရေးလိုက်​ ဖျက်​လိုက်​...​ရေးလိုက်​ ပြန်​ဖျက်​လိုက်​နဲ့...
နိဂုံးပိုင်းကို အ​ကောင်းဆုံးဖြစ်​​အောင်​​ရေးနိုင်​ဖို့က
ဝေါဟာရကြွယ်​ဝရုံ...
အ​တွေး​ခေါ်ဆန်းကြယ်​ရုံနဲ့ မရ...
တကယ်​သုံးလို့ရတဲ့ စကားလုံး​တွေက
နည်းလွန်းတယ်​...

Aသက်​ငြိမ်
9:56 AM
Sun ,7 Aug 2016
poem#observation#shinlhu

သုညမှတ်​ ➳ ➳ 0 Aသက်​ငြိမ်​ ဖတ်​လက်​စ

သုညမှတ်
➳ ➳ 0
Aသက်​ငြိမ်

ဖတ်​လက်​စ စာအုပ်​​တွေက
စားပွဲ​ပေါ်မှာ အပုံလိုက်​...
ဒီလိုပါပဲ​လေ...
အဆုံးမသတ်​ရ​သေးတဲ့ လုပ်​လက်​စ များ..
အပိုင်းပိုင်း အစစ တဒင်္ဂ များ...
အပြီးမသတ်​​သေးတဲ့ နှလုံးခုံသံများ...
ဘယ်​အချိန်​မှာ ဘယ်​အရာဟာ
ဘယ်​လိုပုံစံနဲ့ ရပ်​တံ့သွားမယ်​ဆိုတာ
ကျ​နော်​ကိုယ်​တိုင်​လည်း
ရေ​ရေရာရာ မသိနိုင်​​သေးပါ...

Aသက်​ငြိမ်
8:34Pm
Tue,9 Aug 2016
poem#observation#shinlhu

လက်​ယား​နေတဲ့Sniper ✖ ✖ ✖

လက်​ယား​နေတဲ့Sniper
✖ ✖ ✖ ✖ ✖ ✖ ✖ ✖
ညိုမြ​သွေး➳
သေနတ်​က ​ဖြောင့်​သလို
လူလည်း ​ဖြောင့်​ဖို့လိုပါတယ်​..
ခေတ်​သစ်​စစ်​ဗျူဟာ အရ
သိတ်​ကို အ​ရေးပါတဲ့ Sniper တလက်
သင့်​လက်​ထဲ ​ရောက်​လာခဲ့ရင်
Geneva convention နဲ့ International
humanitarian ရဲ့ စည်းမျဉ်း​တွေ
သင့်​ဦး​နှောက်​ထဲ အဆင်​သင့်​ရှိ​နေဖို့က
ပို အ​ရေးကြီးပါတယ်...
လူတ​ယောက်​ကို လက်​နက်​တတ်​ဆင်​ပြီး
အ​တွေးအ​ခေါ်တတ်​ဆင်​ မထားရင်
ပြောင်းထဲကကျည်​တ​တောင့်​ဟာ
သစ္စာ​တရားကို ​​ချောင်း​မြောင်း​လုပ်​ကြံတဲ့
အ​သေသတ်​ဖို့ကြိုးစားတဲ့
အဓမ္မဝါဒီ ..
ရိုင်းစိုင်းယုတ်​မာတဲ့ ကျည်​တ​တောင့်​ပဲဖြစ်​တယ်​...
ညိုမြ​သွေး
8:02AM
Thu,11 Aug 2016
poem#observation#shinlhu

မ​ပြောချင်​လည်း မ​ပြောပဲ​​နေလို့ရတဲ့ကျ​နော့်​အ​ကြောင်း ➳ ➳

မ​ပြောချင်​လည်း မ​ပြောပဲ​​နေလို့ရတဲ့ကျ​နော့်​အ​ကြောင်း
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Aသက်​ငြိမ်
ကျ​နော်​က​တော့ ​အေး​ဆေးပါပဲ...
မြင်​ချင်​တာ​တွေ မြင်​ရဖို့နဲ့
မမြင်​ချင်​တာ​တွေ မမြင်​ရဖို့
တသက်​တာလုံး ကြိုးစားခဲ့ပါတယ်​..
ဒီလိုပါပဲ..လူအားလုံးဟာ
အာရုံ ၆ပါးလုံးအ​ပေါ်
ကိုယ့်​အကြိုက်​နဲ့ကိုယ်​...
ကိုယ်​မကြိုက်​တာ​တွေကို
ကြိုက်​ချင်​​ယောင်​​ဆောင်​ရတာလည်း
မုသားတပါးပဲမဟုတ်​လား
ကျ​နော်​ သီလ​စောင့်​သူဖြစ်​ပါတယ်​..

Aသက်​ငြိမ်
1:37PM
Sat,13 Aug 2016
poem#observation#shinlhu

လက်​ဖက်​ရည်​ ဆိုင်​က​လေး ♪ ♪

လက်​ဖက်​ရည်​ ဆိုင်​က​လေး
♪ ♪ ♪ ♪ ♪ ♪ ♪
Aသက်​ငြိမ်
မိုးနဲ့​လေကဝုန်းဒိုင်းကြဲချလာ​တော့
လက်​ဖက်​ရည်​ ဆိုင်​ အဖီ​လေး​အောက်
အားလုံးဝင်​ရပ်​လိုက်​ကြတယ်​...
စိတ်​ပါဝင်​စားရင်​လည်း
တခွက်​တ​လေ မှာ​သောက်​...
မိုးထဲ​လေထဲအခါများမှာ
စီးကရက်​ဖွာချင်​လည်းဖွာ​ပေါ့
မိုးစဲချိန်​အ​ရောက်​မှာ
တ​ယောက်​ပြီးတ​ယောက်
ကိုယ့်​ထီး​လေး​တွေကိုယ်​စီဆွဲလို့
သွားလိုရာကို
အသီးသီးထွက်​ခွာသွားခဲ့ကြ...
Aသက်​ငြိမ်
10:48 PM
Thu ,18 Aug 2016
poem#observation#shinlhu

လမ်း​ပေါ်ကတ​စ္ဆေများ ✖ ✖ ✖

လမ်း​ပေါ်ကတ​စ္ဆေများ
✖ ✖ ✖ ✖ ✖ ✖ ✖ ✖
ညိုမြ​သွေး

တဦးနဲ့တဦး ပိတ်​ဆို့ပြီး
ဟွန်း​တွေကို အသားကုန်​နှိပ်​...
တကယ့်​လူမိုက်​ကြီး​တွေအတိုင်း
အပြန်​အလှန်​ဆဲ​ရေးကြ...
တကယ်​​တော့ ခုမှ​တွေ့ဖူးသူ​တွေပါ
စားခွက်​လုရင်း အသက်​လုရင်း
အ​ပြေးအလွှား
အချိန်​တန်​​တော့လည်း
ကိုယ့်​လမ်း ကိုယ်​သွားခဲ့ကြ...
ညိုမြ​သွေး
12:14 PM
Fri,19 2016
poem#observation*shinlhu

ငြိမ်းချမ်း​ရေးအခွန်​​ဆောင်​ပြီးပလား ❀ ❀ ❀

ငြိမ်းချမ်း​ရေးအခွန်​​ဆောင်​ပြီးပလား
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ညိုမြ​သွေး

မနက်​မိုးလင်းတာနဲ့
အခွန်​အရပ်​ရပ်​က...
အိမ်​​ရှေ့မှာ လာလာရပ်​တယ်​..
အရင်​ အဦးဆုံး ဘရိတ်​ဖတ်​စ်​က
ငါ့အိတ်​ထဲက ​ငွေတ​ထောင်​ကို နှိုက်​တယ်​...
ရေခွန်​ မီးခွန်​ ​မြေခွန်​ အမှိုက်​ခွန်​ ကအစ
ယုတ်​စွအဆုံး ယုံကြည်​ကိုးကွယ်​ရာအခွန်​အထိ
လူမှု​ရေး ကပ်​ကြီးသုံးပါး​ဘေးအထိ....
အုပ်​ချုပ်​တဲ့ အစိုးရ အသုံးမကျပြန်​​တော့လည်း
နိုင်​ငံ​ရေးအခွန်​က ​သွေး​ရော ​ချွေး​ရော အချိန်​​ရော..
တချို့ဆို အသက်​​ရောဘဝပါ အခွန်​​ဆောင်​ခဲ့ကြရ...
ဒီမှာ ..ကျုပ်​တခု​ပြောမယ်​...
ပြည်​သူ​တွေကို ​လေးစားပါ...
အခွန်​​ဆောင်​​ ပြည်​သူ​တွေကို ​လေးစားပါ...
ညိုမြ​သွေး
5:24 PM
Mon,22 Aug 2016
poem#observation#shinlhu

ရှင်​လူ့ တ​နေ့တာကံကြမ္မာ ♬ ♬

ရှင်​လူ့ တ​နေ့တာကံကြမ္မာ
♬ ♬ ♬ ♬ ♬ ♬
Sun,28 Aug 2016
မ​နေ့က ​မြောက်​ဥက္ကလာ​ဆေးရုံမှာ နှလုံးခွဲစိတ်​ထားတဲ့ ဘိုပီ့ဆီကို အမဲသား ၅၀သား​ကြော်​ပြီးပို့ထား​တော့ ဒီ​နေ့ ရှင်​လူ့ဒယ်​အိုးထဲမှာ ဆီ​တွေအများကြီး ကျန်​​နေတယ်​၊ ဒါ​ကြောင့်​ဒီ​နေ့မနက်​ခင်း လမ်း​လျှောက်​ထွက်​ရင်း နန္ဒဝန်​​ဈေးထဲဝင်​ပြီး အမဲသား ၁၅၀၀ ဖိုးဝယ်​လာခဲ့တယ်​။ အမဲ​ကြော်​ထပ်​​ကြော်​မယ်​​ပေါ့ ၊
တဖက်​ခန်းက ​ဖွေး​ဖွေးသိမ့်​အ​မေလှိုင်​​လှိုင်​​ကလည်း ရှင်​လူ့အမဲ​ကြော်​နဲ့ ဝိုင်းဖဲ့မယ်​ဆို​တော့ အ​ဖော်​​လည်းရပြီ။ဒါ​ပေမယ့်​ကံမ​ကောင်းပုံက အမဲသားကိုနူး​အောင်​ပြုတ်​ထားတုန်းမီးကပျက်​သွားတယ်​။ မိုးကလည်းတ​စွေ​စွေမစဲနိုင်​။ဒီမနက်​​တောာ့ညစ်​ပြီ​ပေါ့ထင်​​နေတုန်း ​ဖွေး​ဖွေးသိမ့်​တို့မိသားစုက ဒီ​နေ့ အုန်းထမင်းနဲ့ကြက်​သားဟင်းချက်​စားလို့ဆိုပြီးရှင်​လူ့အတွက်​ ဇလုံတလုံးစာ​ရောက်​လာတယ်​။အေး​ဆေး​ပေါ့၊ ဆာ​နေတာနဲ့အ​တော်​ပဲ ကံမ​ကောင်းတဲ့မနက်​ခင်းက ​ရွှေ​ရောင်​ဝင်းလာတယ်​။ အုန်းထမင်းတဇလုံကို အကုန်​လုံးဗိုက်​ထဲပို့လိုက်​ပြီး ဒီpost ကိုထိုင်​​ရေး​နေတုန်း ငရဲ (ရဲလင်း​ကျော်​)တ​ယောက်​ထီး​လေးကိုင်​ပြီးကုပ်​ကုပ်​က​လေး အိမ်​ထဲဝင်​လာတယ်​၊ အဘကျ​နော့ဦး​လေး ဦး​အောင်​က သူ့အိမ်​မှာအလှူလုပ်​လို့ ကျ​နော်​နဲ့ အဘကို​ခေါ်ခိုင်းလိုက်​တယ်​တဲ့ ။ဟ ငါခုပဲ ဟိုဘက်​​ဖွေး​ဖွေးသိမ့်​တို့အိမ်​ကအုန်းထမင်း​ပေးလို့ စားထားတာ ဗိုက်​တင်း​နေပြီ ၊ဘယ်​စားနိုင်​​တော့မလဲ။ လာပါအဘရယ်​ ဦး​အောင်​က အဘကိုလည်း​တွေ့ချင်​လို့ အားတုန်း​အေး​အေး​ဆေး​ဆေး​တွေ့ရ​အောင်​​ခေါ်ခိုင်းလိုက်​တာပါ..
တဲ့။ ငရဲအ​ကြောင်းကလည်းသိတဲ့အတိုင်းပဲ၊
သူ​ခေါ်ချင်​ရင်​ အိပ်​​နေတာ​တောင်​နှိုးပြီးမရမက
ခေါ်တတ်​တာ။ အင်း သူ့ဦး​လေး ဦး​အောင်​ဆိုတာကလည်း တခါတုန်းက ရှင်​လူ့ကို ငရဲကိုယ်​တိုင်​အိမ်​​ခေါ်သွားပြီးမိတ်​ဆက်​​ပေးထားဖူးတယ်​။နိုင်​ငံခြားမှာ အကြာကြီး အလုပ်​သွားလုပ်​ပြီးမှ ပြန်​လာပြီး ရန်​ကုန်​မှာ ကုမ္ပဏီ အလုပ်​တခုလုပ်​​နေသူ။ရှင်​လူရုတ်​ချည်းအကဲခတ်​မိသ​လောက်​​တော့ လူရိုးလူ​ဖြောင့်​တဦး။စိတ်​ထက်​တဲ့ပုဂ္ဂိုလ်​တ​ယောက်​လို့ပဲထင်​တယ်​။ရှင်​လူ့အထင်​​တော့ အသက်​​တောင်​ ၅၀ ​အောက်​ပဲရှိမယ်​ထင်​တယ်​၊ အရွယ်​တင်​တာဆိုရင်​​တော့မ​ပြောတတ်​ဘူး။
အင်း​လေ..ဦး​အောင်​က​ခေါ်ခိုင်းတာဆိုရင်​​တော့ လိုက်​ရမယ့်​ဝတ္တရားရှိတယ်​၊တကြိမ်​ဆုံ မိတ်​​ဆွေဖြစ်​ထားပြီကိုး ။ပြီး​တော့ ​ဖေ့ဘွတ်​​ပေါ်မှာလည်း ​တွေ့​တွေ့​နေကြတာ။ အဘ ဆိုက္ကားနဲ့သွားရ​အောင်​တဲ့ ။ဒီလိုနဲ့ ဆိုက္ကားငှါးပြီးမိုးတဖွဲဖွဲထဲမှာပဲ ထီးတ​ယောက်​တ​ချောင်းနဲ့ ဦး​အောင်​အိမ်​ရှိရာ ၆ ရပ်​ကွက်
အင်းဝ လမ်းဆုံးဆီ​ရောက်​ခဲ့တယ်​။ အိမ်​​ပေါ်​ရောက်​​တော့ ဘုန်းကြီးသုံးပါးဆွမ်းမကပ်​ရ​သေး ၊ဝါဆိုသင်္ကန်း​တော့ကပ်​ပြီးသွားပုံရတယ်​၊
ရွှေမိုး​ငွေမိုးကြဲထားတဲ့ ​ပေါက်​​ပေါက်​​တွေ​ပေါ်ထိုင်​ ပြီး ဘုန်းကြီးဝတ်​ပြု လိုက်​ကြတယ်​။မကြာခင်​ဘုန်းကြီးဆွမ်းကပ်​​တော့ ရှင်​လူလည်း​ဝေယျာဝစ္စကုသိုလ်​ အသင့်​အတင့်​ဝိုင်းယူ​ပေါ့။ ဘုန်းကြီး​တွေပြန်​အကြွမှာ
ဆရာ​တော်​တပါးက ​နောက်​တအိမ်​ဆက်​ကြွရမှာမို့​နောက်​ချန်​​နေခဲ့တယ်​။ အဲဒီအချိန်​မှာပဲ ထမင်းဝိုင်းပြင်​ပြီး ​နောက်​မှ​ရောက်​လာတဲ့ဦး​အောင်​ရဲ့အကိုကြီးနဲ့အတူဝိုင်းစားဖို့ရှင်​လူ့ကို​ခေါ်​တော့ရှင်​လူလည်းအုန်းထမင်း​တွေစားထားလို့မစားနိုင်​တဲ့အ​ကြောင်းငြင်းရတယ်​၊ဒီ​တော့မှ ဦး​အောင်​က ဒါဆိုလည်းအချိုပွဲ​လေး​တော့ သုံး​ဆောင်​ပါဆိုလို့ နဂါး​မောက်​သီး ပန်းသစ်​​တော်​နဲ့ လက်​ဖက်​ ကိတ်​မုန့်​အစုံကို ​ကော်​ဖီတခွက်​ ​နဲ့ သောက်​ပြီး ထိုင်​စကားစမြည်​​ပြော​နေလိုက်​တယ်​။၂နာရီထိုးခါနီးမှာ အဲဒီ​နောက်​ချန်​ဆရာ​တော်​ကို​နောက်​တအိမ်​ပို့​ပေးမယ်လုပ်​​တော့မှ ရှင်​လူတို့လည်းပြန်​ဖို့ထလိုက်​တယ်​။ ဒီအချိန်​မှာ ဦး​အောင်​က အိမ်​မှာစားဖို့ယူသွားပါဦးဆိုပြီး
ကောင်းကြိုက်​ဒံ​ပေါက်​ ၂ထုပ်​ ရှင်​လူ့လက်​ထဲထည့်​ရင်း ပလပ်​စတစ်​အိတ်​ဖြူတလုံးပါသီးသန့်​​ပေးပြီး ဒါသူ့ရဲ့လက်​​ဆောင်​ပါတဲ့ ပုဆိုးအသစ်​တထည်​။သူ့​မွေး​နေ့ မှာ သူ့ရင်​ထဲကအလိုလိုဖြစ်​လာတဲ့ သဒ္ဓါတရားမို့ရှင်​လူလည်းသိတ်​ငြင်းမ​နေပဲယူလာလိုက်​တယ်​။ကျ​နော့တူ​လေးကိုဂရုစိုက်​​ပေးလို့ ၊ပြီး​တော့ သူ့အ​ကြောင်း​တွေ ​ဖေ့ဘွတ်​​ပေါ်​ရေးတင်​​ပေးလို့၊ကျ​နော်​ကသူ့အ​ကြောင်း​တွေသိချင်​​နေတာတဲ့။ ရှင်​လူက​ဖေ့ဘွတ်​​ပေါ်မှာ ``ငရဲနဲ့ရှင်​လူ´´(၁)
(၂)(၃)တပ်​ပြီး​ရေးခဲ့တာ​လေး​တွေ​ကြောင့်​ဦး​အောင်​ကသူ့တူ အ​ကြောင်း​တွေ ပိုသိရပုံပါပဲ။
အင်း ..ဦး​အောင်​ကသူ့တူအ​ပေါ် ဘယ်​​လောက်​သံ​ယောဇဉ်​ကြီးသလဲဆိုတာ။သူ့ခမျာ
နိုင်​ငံခြားမှာအကြာကြီး​နေခဲ့ရတဲ့တိုင်​ သူ့တူ့သတင်း​တွေကိုအမြဲနားစွင့်​​နေမယ်​ဆိုတာအထင်​အရှားပါပဲ။ ဆရာ​တော်​နဲ့အတူရှင်​လူတို့ကိုပါ ဦး​အောင်​ကသူ့ကား​လေးနဲ့လိုက်​ပို့ပါတယ်​။ဆရာ​တော်​ကို ၆ရပ်​ကွက်​ မင်း​ခေါင်​ ၈လမ်းပို့ခဲ့ပြီး ရှင်​လူ့ကို ​အိမ်​နားက ​ရွှေမန်းသူကားဂိတ်​အ​ရှေ့ထိ လိုက်​ပို့​ပေးပါတယ်​။အေးဗျာ ​မွေး​နေ့​မွေးရက်​တိုက်​ဆိုင်​ပြီးဝါဆိုသက္ကန်းကပ်​အလှူလုပ်​ခဲ့တဲ့ ဦး​အောင်​အလှူကို ရှင်​လူသာဓု​ခေါ်လိုက်​ပါတယ်​။
အိမ်​ရောက်​​တော့ ​ကောင်းကြိုက်​ဒန်​​ပေါက်​၂ထုပ်​ကို ​ဖွေး​ဖွေးသိမ့်​တို့ ​မြေးအဖွားသားအမိ​တွေဆီ တန်းပို့လိုက်​ပါတယ်​။မနက်ုကသူတို့ရှင်​လူ့ကိုကြွေးတဲ့ အုန်းထမင်းတဇလုံကဒံ​ပေါက်​၂ ထုပ်​ပြန်​ဖြစ်​သွားတာ​ပေါ့ဗျာ။ ဦး​အောင်​​ပေးလိုက်​တဲ့ ပုဆိုးကိုကြည့်​လိုက်​​တော့ ရခိုင်​လုံချည်​အသစ်​တထည်​ အ​ရောင်​က​တော့ ​ရွှေအို​ရောင်​​ခေါ်ရမလားပဲ။
ရှင်​လူလည်းခဏနားပြီး မ​နေ့ကလုပ်​လက်​စ
လက်​ကျန်​အလုပ်​​လေး လက်​စသတ်​​နေတုန်း
ခေါင်းရင်းခန်းက သုန်​သုန်​တို့အ​မေ အထုပ်​​တွေနဲ့လာရပ်​ရင်း (သယ်​ရင်း​နွေလယ်​​နေ စိတ်​မခိုင်​ရင်​ ဒီအပိုင်းကိုဆက်​မဖတ်​နဲ့​နော်​)ဦး တထုပ်​ယူလိုက်​တဲ့။ကြာဆံချက်​ပူပူ​နွေး​နွေး
တထုပ်​နဲ့ အချဉ်​ထုပ်​​လေးတထုပ်​။ ကဲ အလုပ်​ခုံ​ပေါ်ကသံငုတ်​မှာချိတ်​ပြီး ဒီ post ကိုဆက်​​ရေးခိုက်​ မှာပဲ ဒဂုံ​မြောက်​မှာ​နေတဲ့ ​ဘော်​ဒါ​လေးလှထွန်း​အောင်​​ရောက်​လာတယ်​။ အ​တော်​ပဲ လှထွန်း​အောင်​​ရေ ​ရော့ ပန်းကန်​အဲဒီကြာဆံချက်​ ပူပူ​လေး​သောက်​လိုက်​ဆိုပြီးဧည့်​ခံလိုက်​တယ်​။ ဟဲဟဲ ရှင်​လူတို့က အိမ်​ရှင်​မ မရှိ​တော့​ပေမယ့်​ဧည့်​သည်​ကို
ကောင်း​ကောင်းဧည့်​ဝတ်​ပြုနိုင်​ပါ​သေးတယ်​။
ခုမှ ၃နာရီ ၅၂မိနစ်​ပဲရှိ​သေးတယ်​​နော်​... ည​နေပိုင်းကံဇာတာကိုသိနိုင်​​သေးဝူး။ဟော မီးပြန်​လာ​နေပါလား...အမဲသား​ကြော်​လိုက်​ဦးမယ်​...တာ့တာ...

Wednesday, August 24, 2016

Tue,12 July 2016 ဖွေး​ဖွေး

Tue,12 July 2016
ဖွေး​ဖွေး သိမ့်​နဲ့ ရှင်​လူ ဘယ်​သူက ဆရာကျ..
~~~~~~~~~~~~~~~~~~~~~~~~
ရှင်​လူက ရှင်​လူဆိုတဲ့ နာမည်​ကို ​ရွေးထားတာ
ရှေ့က ဦး​တွေ ကို​တွေ ​မောင်​​တွေ စတဲ့ အသက်​အရွယ်​နဲ့ လိင်​ကိုပြတဲ့ ဝိ​သေသ​တွေမကြိုက်​လို့ အရပ်​ထဲက ​မွေးလာသမျှ
က​လေး​တွေကို ရှင်​လူလို့ပဲ ​ခေါ်တတ်​​အောင်
လေ့ကျင့်​​ပေးခဲ့ပါတယ်​။ ဒါ​ကြောင့်​ ကျား​ပေါက်​တို့ သားသားတို့ ​မောင်​ဝင်းတို့ကအစ ရှင်​လူလို့ပဲ ​ခေါ်ကြပါတယ်​။ စကားမတတ်​ခင်​ မုန်​ရွာ(ခင်​မွန်​)ကို​ပြောင်းသွားတဲ့ ဖိုး​သောကြာက​လေးက​တောင်​ တနှစ်​​ကျော်​ကြာ​အောင်​ခွဲခွာသွားပြီး တ​လောက ပြန်​လာလည်​​တော့
အိမ်​​ရှေ့​ပေါက်​က ​ပြေးဝင်​လာပြီး ရှင်​လူ့ရင်​ခွင်​ထဲအ​ရောက်​ ရှင်​လူ​ရေ..တားတား ကားကြီးစီးလာတာလို့ ​ပြောခဲ့ပါတယ်​..။အခု
ပြသနာ ဖြစ်​​နေတာ​ဖွေး​ဖွေးသိမ့်​ပါ။ သမီး​လေး​ရေ ရှင်​လူလို့​ခေါ်စမ်းဆိုရင်​ ဖိုးဖိုးတဲ့။ ပထမ​တော့ သူအသံမထွက်​တတ်​လို့ ​နေမှာပါထင်​မိတယ်​။ဒီဖိုးဖိုးဆိုတဲ့ မီးနင်းကို သူဘယ်​ကတတ်​လာသလဲ။ဒါနဲ့ ရှင်​လူက ဇွဲမ​လျှော့ပဲ
ထပ်​ခါထပ်​ခါ ​ခေါ်ခိုင်းတယ်​။ သမီ​လေး
ရှင်​လူလို့ ​ခေါ်...ဖိုးဖိုး..။ ဒါဆိုနင့်​ကို လက်​ဖက်​ရည်​ဆိုင်​မ​ခေါ်​တော့ဘူး..ဖိုးဖိုး..။ ​အေး..​ငါ့ကို
ရှင်​လူလို့မ​ခေါ်ရင်​ နင့်​ကို ဘဲကြည့်​မ​ခေါ်​တော့ဘူး...အဖိုးကြီး...။ အာ...ဒုက္ခပါပဲ..​ဖွေး​ဖွေး
နင်​ကငါ့ကို ​ပြောင်​စရာ ​နောက်​စရာများမှတ်​​နေသလား...ဖိုးဖိုး...။ ရှင်​လူ​ဒေါသထွက်​​လေ သူကပြုံးစစနဲ့ ဖိုးဖိုး​ခေါ်​လေ...။ ဒီတိုက်​ပွဲက
ခုထိမပြီးနိုင်​ဘူး ငှက်​​ပျောသီးတို့ မုန့်​တို့နဲ့လာဘ်​​ပေးလို့လည်းမရဘူး...ဖိုးဖိုးကတပြားသားမှ မ​လျှော့ဘူး။
တခါတခါ ရှင်​လူတို့ ငယ်​ငယ်​က တ​ယောက်​နဲ့တ​ယောက်​မခံချင်​​အောင်​စသလို...ဝဲထူမ..ဝဲထူမ..ဝဲထူမ..၊ဝက်​ပုပ်​..ဝက်​ပုပ်​ ..ဝက်​ပုပ်​...စသဖြင့်​ အဆက်​မပြတ်​ ​အော်​ပြီးအနိုင်​ယူသလို ..​ဖွေး​ဖွေးသိမ့်​က ရှင်​လူ့ကို
သ​ရော်​​တော်​​တော်​ အပြုံး​လေးနဲ့ ..ဖိုးဖိုး...ဖိုးဖိုး...ဖိုးဖိုး..တဲ့ အဆက်​မပြတ်​ နှိပ်​ကွပ်​​နေ​တော့တာပဲဗျာ။ ​ဖွေ​ဖွေးသိမ့်​ကို ​ကျော်​နိုင်​ဖို့ အကြံ​ကောင်း​လေးများရှိရင်​ မစကြပါ ​ဘော်​ဒါတို့....
11:30PM
story#observstion#shinlhu

Friday, August 12, 2016

လဒရှင်​မင်းတရားကြီး၏ အလွမ်းသဝဏ်​လွှာ ✉ ✉

လဒရှင်​မင်းတရားကြီး၏ အလွမ်းသဝဏ်​လွှာ
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
အ​ဖေမတူ အ​မေကွဲ
အိပ်​လည်းအတူ စားလည်းအတူ...
ချစ်​သူရည်းစား ဇနီးမယားလည်းမဟုတ်
ငယ်​စဉ်​ဘဝ ဆုံခဲ့ကြကတည်းက...
တစိတ်​တဝမ်း ခင်​မင်​ကျွမ်းခဲ့ကြ..
အိုကြီးအိုမ ခု​နေကျမှ
ညညအိပ်​ပျက်​ ​ဖေ့ဘွတ်​​ပေါ်တက်​ရင်း
တို့အချင်းချင်း ပက်​ပင်းတိုးကြ
မင်းကငါ့ကို လဒလို့​ခေါ်...
ဟားဟား..​ခေါ်လိုက်​စမ်းပါ ဘဲကြီးရာ..
အဲဒါ မင်းရဲ့ငယ်​နာမည်​....
(^_^) ဘဲကြီး (​ခေါ်) မင်းစိုးသွင်​သို့...
လဒရှင်​လူ
11:22PM
Fri,22 July 2016
poem#observation#shinlhu

ရှင်​လူ အင်​တာဗျူး➳ ➳

ရှင်​လူ အင်​တာဗျူး➳ ➳ ➳ ➳
~~~~~~~~~~
(^_^) လာဗျူးမယ့်​သူမရှိပါသဖြင့်​ ကိုယ့်​ဖာသာပြန်​ဗျူးလိုက်​ပါ​တယ်​ခင်​ဗျ✌ ✌ ✌
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Q မင်းနိဗ္ဗာန်​ကိုသွားချင်​လား...
A ဟုတ်​ကဲ့...ကျ​နော်​ငယ်​စဉ်​ကတည်းကဆု​တောင်းခဲ့ပါတယ်​...
Q ဒါဆို ငယ်​စဉ်​ကတည်းက နိဗ္ဗာန်​ဘာဆိုတာ
မင်းသိတယ်​​ပေါ့....
A သေခြာ​တော့မသိပါ...အဖွားက​ပြောပါတယ်​..
နိဗ္ဗာန်​မှာ ဘာမှမရှိဘူး တဲ့..ငြိမ်း​အေးတယ်​တဲ့..
Q ခု​ မင်းအသက်​ဘယ်​​လောက်​ရှိပြီလဲ...
၆၃ နှစ်​ပါ...
A ခု​ရော ..နိဗ္ဗာန်​ဆု​တောင်း​သေးလား....
A ဘုရားရှိခိုး သြကာသ ဆိုတိုင်း ဆု​တောင်းပါတယ်​...
Q ဒါဆို နိဗ္ဗာန်​ဘာဆိုတာ မင်းသိပြီ​ပေါ့...
A ကိ​လေသာတို့အကြွင်းမဲ့​ချုပ်​ငြိမ်းရာ...ဒုက္ခအ​ပေါင်းမှ
လွတ်​​မြောက်​ရာ..အသင်္ခတဓာတ်​...
သမုဒယနိ​ရောဓာ ဒုက္ခနိ​ရော​ဓော နိဗ္ဗာန်​ပါပဲတဲ့....
Q ဒါဆို သီချင်း​တွေဘာ​တွေ နား​ထောင်​​သေးလား..
A ဟုတ်​ကဲ့ ...ငယ်​စဉ်​ကတည်းက ဝါသနာပါခဲ့​တော့ တခါတခါ နား​ထောင်​ပါတယ်​..
Q ဆို​ရော ဆိုဖြစ်​​သေးလား....
A ပျင်းတဲ့အခါနဲ့​ပျော်​တဲ့အခါ​တွေမှာ ဆိုဖြစ်​ပါတယ်​...
Q ဒါဆို ရုပ်​ရှင်​တို့ စာ​ပေတို့ တခြား​ဖြော်​​ဖြေ​ရေးတို့မှာလည်း အတူတူပဲ​ပေါ့...
A ဟုတ်​ကဲ့ တူတူပါပဲ...
Q အရက်​​တွေဘာ​တွေ​ရော ​သောက်​​သေးလား
A နွေလယ်​​နေတို့ နှင်းခါးမိုးတို့ လိုငယ်​​ပေါင်းကဗျာဆရာ​တွေနဲ့ဆုံရင်​ ​သောက်​ဖြစ်​ပါတယ်
Q မိန်းမကိစ္စ​တွေဘာ​တွေ​ရော...
A ဒါက လိုက်​​တော့မလိုက်​စားပါဘူး..ငယ်​ငယ်​ကတည်းက ထိမ်းသိမ်းလာတာပါ...
အမှန်​ဝန်​ခံရရင်​​တော့ မိန်းမကိစ္စအ​ပေါ် စိတ်​မကုန်​​သေးပါ....
Q ဟုတ်​ပြီ...ဒါဆို ဘာလို့ တသက်​လုံးနိဗ္ဗာန်​ချည်း
ဆု​တောင်း​နေတာလည်း...
A ဟုတ်​ကဲ့ ကိုယ်​တိုင်​မလုပ်​တတ်​လို့ ဆု​တောင်းတာပါ...
Q ဒီလိုပဲ မ​သေမချင်းနိဗ္ဗာန်​ဆု​တောင်း​နေဦးမှာလား...
A ဆု​တောင်းလို့ အလုပ်​မဖြစ်​မှန်း​တော့သိလာပါပြီ....
Q အင်းဒီ​လောက်​သိရင်​မဆိုး​သေးဘူး ..ကြိုးစားအားထုတ်​မှ ရမယ်​ဆိုတာမှတ်​ထား...
A ဟုတ်​ကဲ့ ကျ​နော်​ ဆုထူးပန်​အဘိဓမ္မာသင်​တန်း မှာ တက်​ပြီး ကျင့်​ပုံကျင့်​နည်း​တွေသိ​အောင်​ကြိုးစား​နေပါတယ်​။
Q အေး..အချိန်​ကနည်း​နေပြီ ..အ​သေမဦးခင်
ဥာဏ်​ဦးမှ​တော်​မယ်​...နင့်​သူငယ်​ချင်း​တွေလည်းသတိ​ပေးလိုက်​ဦး...
A ဒါ​တော့ သည်းခံပါ သူတို့က အိပ်​ဇိုးဒတ်​ဆိုလား ဇစ်​အိတ်​ အိပ်​ဇစ်​ဆိုလား...
Q တယ်​​လေ...ဒီရှင်​လူဆိုတဲ့ငနဲဟာ..ကိုယ့်​သူငယ်​ချင်း​တွေကို​တောင်​ ဘာ​ကောင်​မှန်း​သေချာမသိဘူး ငါထကန်​လိုက်​ရ ​တေ​ရော့မယ်​..
Thu,21 July 2016
story#observation#shinlhu

Wednesday, August 10, 2016

❆ Wed ,10

❆ Wed ,10 Aug 2016❆
နာဠာဂီရိ အမည်​ရှိတဲ့ ရှင်​လူကို
(^_^) (^_^) (^_^) (^_^)
ဒီည​နေ ရှင်​လူမူး​နေပြန်​ပြီ။ ဒီတခါ​လျှောက်​မဆဲ​တော့ဘူး။ တရား​ဆွေး​နွေးမယ်​။
ရှင်​လူက ဘဝကို အရှိအတိုင်း​နေတယ်​၊ ဟန်​မ​ဆောင်​တတ်​ဘူး။ ဒီ​တော့ ကိုယ့်​ထက်​အသက်​တဝက်​​ကျော်​ငယ်​တဲ့သူ​တွေနဲ့လည်းအရက်​အတူ​သောက်​ချင်​​သောက်​တယ်​။ အ​ပျော်​အပါးဆိုလည်း ဘရစ်​တနီစပီးယားတို့ အဒဲတို့
လေဒီဂါဂါတို့ ​​ကေတီပယ်​ရီတို့
ဆလီနာဂိုးမက်​စ်​တို့ သီချင်း​တွေ
ပြီး​တော့ မြန်​မာဂန္ဓဝင်​သီချင်း​တွေကြိုက်​တယ်​၊ အဲ ..​နောက်​ပြီး အခွင့်​သင့်​ရင်​လည်း ရည်းစားထားတတ်​​သေး။ အဲဒါကို တချို့ အမိုက်​အမဲ​လေး​တွေက ရှင်လူကြီးဟာ
အသက်​ကကြီး​နေပြီ အချိန်​မစီးဘူး။အဘိဓမ္မာသင်​တန်း​တွေ​​သာတက်
နေတာ စိတ်က​​တော့က​လေးကလားဆိုပြီး နှိပ်​ကွပ်​ချင်​တယ်​။ အင်း ​လောကမှာ မရှိတာထက်​မသိတာကပိုဆိုးတယ်​။ဒီက​လေး​တွေ ဗုဒ္ဓအဘိဓမ္မာကိုသင်​ရ​ကောင်းမှန်းလည်းမသိ။
အသက်​​တွေသာ သုံး​လေးဆယ်​​ရောက်​လာတယ်​။အန္ဓပုထုဇဉ်​ဘဝကမတက်​။ ကလျာဏပုထုဇဉ်​​လောက်​ဖြစ်​​အောင်​​တောင်​ ​လေ့လာမှုကမရှိ။ တကယ်​​တော့ မသိမှုကအပြစ်​ပိုကြီးတယ်​။သန္တတိအမတ်​ကအရက်​မူး​နေရင်းနဲ့ အနာဂါမ်​ဖြစ်သွားတယ်​။
ပဋာစာရီက ရူး​နေရာက တရားရသွားတယ်​။
အင်္ဂုလိမာလက လူ​တွေလိုက်​သတ်​​နေရင်းတရားရတယ်​။လူတ​ယောက်​ရဲ့ အတိတ်​ကံပါရမီကို ဘုရားကလွဲပြီး ဘယ်​သူမှမသိနိုင်​ဘူး။အန္တိမဘဝိကပုဂ္ဂိုလ်​ဟာ ဘာဖြစ်​​နေ​နေ ဒီဘဝ တရားရမှာပဲ။ သက်​ကြီးဝါကြီးဆိုတာ
ယောဂီတဘက်​​လေး ပုခုံးတင်​ ၊မျက်​လွှာ​လေးချ ဘုရားသွား​ကျောင်းတက်​ဥပုသ်​သီလ​ဆောက်​တည်​မှ တရားအားထုတ်​တယ်​ထင်​ကြတာ။ တကယ်​​တော့ ​သောတာပတ္တိမဂ်​ရတဲ့​သောတာပန်​​တောင်​ ​သေက္ခပုဂ္ဂိုလ်​ပဲဖြစ်​တယ်​။ကျင့်​ဆဲပုဂ္ဂိုလ်​​ပေါ့ ၊​သောတာပန်​ဟာ ကိ​လေသာ​တွေထဲက ဒိဋ္ဌိနဲ့ ဝီစိကိစ္ဆာပဲပယ်​နိုင်​​သေးတယ်​၊ ကျန်တဲ့ကိ​လေသာ​တွေမပယ်​နိုင်​​သေးဘူး။အဘိဓမ္မာနည်းအရ ဘာေ​တွကျန်​ပြီး ဘာ​တွေပယ်​တယ်​ဆိုတာ
တခုချင်းတွက်​ပြလို့ရတယ်​၊တွက်​ပြလည်းနင်​တို့နားလည်​မှာမဟုတ်​ဘူး ၊နင်​တို့နားလည်​တာ ကိုရီးယားဒရမ်​မာနဲ့ ကိုပါတို့ အက်​​ဖ​အေတို့​လောက်​ပဲရှိတာ၊ ကမ္ဘာ​ကျော်​ဒရမ်​မာ​ကောင်း​ကောင်း​တွေဆို နင်​တို့ကြည့်​ရ​ကောင်းမှန်းသိတာမဟုတ်​ဘူ၊အနာဂါမ်​​တောင်​မာနကိ​လေသာကျန်​​သေးတယ်​။အရဟတ္တမဂ်​ရမှ ကိ​လေသာ​တွေကိုအကြွင်းမဲ့ပယ်​သတ်​နိုင်​တာ။
ဘာဖြစ်​လည်း။ရှင်​လူ အဘိဓမ္မာသင်​တန်းတက်​​နေ​ပေမဲ့ ကိ​လေသာမကုန်​​သေးတားအပြစ်​လား။ပရိယတ္တိဆိုတာ သင်​တာပဲ။သင်​​တော့သိတယ်​။နင်​တို့လို ဘူမသိကိုးမသိ လိုက်​​ဝေဖန်​​နေတဲ့လူ​တွေထက်​စာရင်​ ရှင်​လူက အများကြီးပိုသိတယ်​။တစတစစွန့်​ဝန့်​မှလျှင်​ ဘဝ​နောက်​​နှောင်း ​ကောင်းထက်​​ကောင်းမယ်​။အချိန်​ကုန်​ခံ အပင်​ပန်းခံပြီး သင်​တန်း​တွေသွားတက်​တာလည်း စွန်းစားခြင်းတမျိုးပဲ။နင်​တို့ ရှင်​လူ့လို စွန့်​ရဲလား ၊ ဟားဟား
ဘူမသိကိုးမသိနဲ့ နာဠာဂီရိဆင်​ကို ​လေ​သေနတ်​နဲ့ ပစ်​ချင်​​နေကြတယ်​။ နင်​တို့ကိုအစွယ်​နဲ့မထိုးဘူး ။ကြားဘူးလား ဆင်​အီး​ပေါက်​တာ။မယုံမရှိနဲ့ လွင့်​သွားမယ်​...
story#observation#shinlhu

Thursday, August 4, 2016

လက်​စုပ်​ခြင်းအနုပညာ ✌ ✌ ✌

လက်​စုပ်​ခြင်းအနုပညာ
✌ ✌ ✌ ✌ ✌ ✌ ✌ ✌
သင်​ဟာ အစားအစာတခုကိုစား​နေပါသလား၊
ခရင်းမ်​​ပေါင်​မုန့်​ ဖြစ်​​စေ အခြား​သော စားဖွယ်​တခုခုကိုဖြစ်​​စေ စားတဲ့အခါ မှာ သင့်​လက်
ချောင်းများမှာ ​ပေကျံမှုနဲ့ မလွဲမ​သွေ ​တွေ့ကြုံရမှာဖြစ်​ပါတယ်​။ ဥပမာ ထမင်းစားတဲ့အခါမှာလည်း ငါး​သေ​လောက်​ဆီပြန်​ ၊
ပဲကြီးနှပ်​ ၊ ဒါမှမဟုတ်​ဝက်​သားနီချက်​နဲ့ တာလ​ပေါဟင်း၊ငါးပိရည်​ ​ဖျော်​ တညင်းသီး
စသဖြင့်​​ပေါ့​လေ၊ သင့်​ လက်​ငါး​ချောင်းစလုံးနှင့်​ နယ်​ဖတ်​စားပြီးသကာလ ၊ သင့်​လက်​​​ချောင်း​များမှာ ဟင်းအမယ်​မယ်​တို့မှ ချိုချဉ်​ငံစပ်​ ခါးတို့ ရဲ့ ပ​ဒေသာရသအဖြာဖြာတို့
စီးကပ်​​ပေကျံ​နေလိမ့်​မယ်​။ အဲဒီ ​နောက်​ဆုံး အပြီးသတ်​အချိန်​​လေးမှာ စိတ်​ရှည်​လက်​ရှည်​ထားပြီး သင့်​လက်​​ချောင်းက​လေးများကို တ​ချောင်းစီ ​ပြောင်​စင်​​အောင်​စုပ်​ပါ။ ​ဘေးလူမြင်​ရင်​ကဲ့ရဲ့​ကောင်းကဲ့ရဲ့ ခံရနိုင်​​ပေမယ့်​ ထိုသူကိုယ်​တိုင်​ လူမမြင်​ကွယ်​ရာများမှာ လက်​စုပ်​တဲ့အကျင့်​ရှိ​နေနိုင်​တာကိုသတိပြုပါ။
ရှင်​လူ့သူငယ်​ချင်း​တွေထဲကဆိုရင်​ လက်​စုပ်​ကျွမ်းကျင်​ အဆင့်​ ၁ ရှိသူမှာ ကဗျာဆရာ​နွေလယ်​​နေဖြစ်​ပါတယ်​။ ​နွေလယ်​​နေတို့ လက်​စုပ်​ပုံက လွန်​ခဲ့တဲ့ နှစ်​​ပေါင်း သုံးဆယ်​ကပင်​ ထင်​ရှားပါတယ်​။အဲ့တုန်းက လမ်း​ဘေးအရက်​ဆိုင်​က​လေး​တွေမှာ ထိုင်​တိုင်း
လက်​ဖက်​တပွဲဆိုပြီး မှာလိုက်​ရင်​ ဘုရားဆွမ်း​တော်​ကပ်​တဲ့ ပန်းကန်​​လောက်​ ပန်းကန်​အ​သေးစား​လေးနဲ့ တန်ဖိုးနည်းလက်​ဖက်​ဆီစိမ်​တပွဲချ​ပေးပါလိမ့်​မယ်​။ သ​ဘော​ကောင်းတဲ့ အမြည်းဆိုင်​ဆိုရင်​ ပန်းကန်​​ဘေးမှာ ​မြေပဲ​ကြော်​လေး ဆယ်​လုံး ဆယ့်​ငါးလုံး​လောက်​စီထည့်​ထား​ပေးပါလိမ့်​မယ်​။ ထားပါ​တော့ ..
ကြော်​ငြာဝင်​တာများသွားတယ်​။ အဲဒါမျိုးကို
နွေလယ်​​နေ​ရှေ့​ရောက်​လာလို့က​တော့ ပန်းကန်​​လေးကို စားပွဲပုက​လေး​ပေါ်ကသူ့​ရှေ့နားတည့်​တည့်​​ရောက်​လာ​အောင်​ ချိန်​သားကိုက်​​ရွှေ့ယူပါလိမ့်​မယ်​။ ပြီးရင်​ ​မြေပဲတလုံးတ​လေ ​ကောက်​မြည်းရင်​မြည်းပါလိမ့်​မယ်​၊ အဲ ပြီးရင်​​တော့ လက်​ဖက်​ဆီစိမ်​က​လေးကိုသူ့ရည်းစားလိုတယုတယ လက်​ညိုး​လေးနဲ့ တို့တို့ပြီး သူးပါးစပ်​​ပေါက်​ချွန်​ချွန်​က​လေးနဲ့ ပြွတ်​ခနဲ စုပ်​ပါလိမ့်​မယ်​။ ဒါ​လောက်​ပဲလားတဲ့ .မဟုတ်​​သေးပါ တခါတခါ မှာ လက်​ညှိုးကိုအနား​ပေးပြီး လက်​သန်းက​လေးနဲ့​ပြောင်းတို့ပြီး ရက်းသားက​လေးငယ်​​လေး ဘိုချိုစို့သလို စို့ရှာပါတယ်​။ ရှင်​လူ ဒီအ​ကြောင်း​ရေးပြ​နေတာ ခင်​ဗျားတို့ကို ဖုန်း​ဘီလ်​အကုန်​ခံ၊အချိန်​ကုန်​ခံပြီး အလကား​ရေးပြ​နေတာမဟုတ်​ပါ။ရှင်​လူတို့နိုင်​ငံမှာ ရသစာ​ပေပိတ်​သတ်​အားနည်း​နေတာ လူတိုင်းအသိပါ။ လူ​တွေခမျာ တ​နေ့တ​နေ့ စားဝတ်​​နေ​ရေးဒုက္ခ​တွေနဲ့နပမ်းလုံး​နေရတာတ​ကြောင်း ရန်​သူမျိုးငါးပါး​ဘေးကလည်းမကြာခဏကြုံကြရတာတ​ကြောင်းစတဲ့အ​ကြောင်းများ​ကြောင့်​ ရသစာ​ပေဘက်​ကိုသိတ်​မလှည့်​နိုင်​ကြ​တော့ပါ။ဒါ​ကြောင့်​ရှင်​လူက​စေတနာ​ရှေ့ထားပြီး ရသခံစားမှုများ​ပျောက်​ဆုံးမသွားရ​အောင်​ ဒီ ✌ လက်​စုပ်​ခြင်းအနုပညာ✌ ကိုတင်​ဆက်​​ပေးလိုက်​ရပါတယ်​။
အားလုံး​ဝေမျှခံစားနိုင်​ကြပါ​စေ...
ဗိုလ်​စုပ်​မူးကြီး ရှင်​လူ
6:68PM
Thu,4 Aug 2016
story#observation#shinlhu

Friday, July 15, 2016

သက်​ငြိမ်​ ~~~~~ ညိုမြ​သွေး ကွေ့ ​ကွေ့ ​ကောက်​​ကောက်​ အ​ရှေ့

သက်​ငြိမ်
~~~~~
ညိုမြ​သွေး
ကွေ့ ​ကွေ့ ​ကောက်​​ကောက်
အ​ရှေ့ အ​နောက်​ ၊​တောင်​​တောင်​ ​မြောက်​​မြောက်​...
ခေါက်​တုန့်​ ​ခေါက်​ပြန်
ပြောင်းပြန်​ ​ရှေ့​နောက်​...
လျှောက်​ချင်​သ​လောက်​ ​လျှောက်​​နေမလား..
ရပ်​​နေမလား ၊အိပ်​အိပ်​စားစား
နားနား​နေ​နေ၊​နေချင်​သလိုသာ
နေလိုက်​စမ်းပါ ၊နာရီမလပ်
တဖျပ်​ဖျပ်​...မရပ်​မတန့်
စက္ကန့်​​ခြေသံ၊နာခံ​နေကြ..နာခံ​နေရ
သုသာန်​တစ သင်္ချိုင်းဝမှာ လမ်းဆုံးမည်​။
သူသူငါငါ၊ ​သေရွာ ​သေလမ်း
မြန်းကြအတူ..
လူနှင့်​လူချင်း၊ဖြတ်​မနင်းချင်
လူ​ပေါ်​လူပါး၊ဖြတ်​မစားချင်
လူများစိတ်​​ဖောက်​၊အာရုံ​နောက်​​အောင်
ကွေ့​ကောက်​ပလွှား၊မလှည့်​စားချင်
ရိုးသားလှပ၊မြတ်​ဓမ္မဖြင့်
ဘဝဤကိုယ်​၊ငါသိမ်းလိုသည်
နေညိုဆည်းဆာ သက်​ငြိမ်​တည်း..
ညိုမြ​သွေး
7:42AM
Sun,3 Jul 2016
poem#observation#shinlhu

Sunday, July 10, 2016

ပြည်​​ထောင်​စုစိတ်​ဓာတ်​ ~~~~~~~~~~~~ ညိုမြ​သွေး ကြိုက်​တဲ့​ပေတံနဲ့တိုင်း.. ပြည်​တွင်းငြိမ်းချမ်း​ရေးကိစ္စက.. ၂၁ ရာစုပင်​လုံကိစ္စက... သြဂုတ်​လမှာ ဖြစ်​လာမယ့်​ကိစ္စက.. အနံမပြည့်​တာ.. ကွင်းကျဉ်းတာ.. ချည်​​ကျော်

ပြည်​​ထောင်​စုစိတ်​ဓာတ်
~~~~~~~~~~~~
ညိုမြ​သွေး

ကြိုက်​တဲ့​ပေတံနဲ့တိုင်း..
ပြည်​တွင်းငြိမ်းချမ်း​ရေးကိစ္စက..
၂၁ ရာစုပင်​လုံကိစ္စက...
သြဂုတ်​လမှာ ဖြစ်​လာမယ့်​ကိစ္စက..
အနံမပြည့်​တာ..
ကွင်းကျဉ်းတာ..
ချည်​​ကျော်​ ..နှပ်​​ကျော်​များတာ..
အနာအဆာ​တွေက..ဗလပွ...
ရာစုနှစ်​ တဝက်​​တောင်​ကြာခဲ့ပြီပဲ...
နိုင်​ငံ​တော်​ဒီဇိုင်းက ချုပ်​ချည်​ထက်​ ယက်​ချည်​ကများခဲ့တာ..
မယုံကြည်​စရာ​တွေရှိလို့ ခင်​ဗျားတို့ မယုံကြည်​ကြတာ..
ကျောင်းသား​တွေ သမဂ္ဂ​တွေ ပါတီ​တွေ
တိုင်းရင်းသား​တွေ..
လက်​နက်​ကိုင်​အင်​အားစု​တွေ..
ခင်​ဗျားတို့ ဒီတခါမှ မယုံကြည်​ကြရင်​..
နောက်​တခါ ယုံကြည်​စရာမရှိ​တော့လို့
ယုံ..ယုံ မယုံယုံ မျက်​စိမှိတ်​ပြီးယုံလိုက်​ကြ။
နား​တွေပိတ်​ပြီးယုံလိုက်​ကြ..
ပါးစပ်​​တွေပိတ်​ပြီးယုံလိုက်​ကြ..

ညိုမြ​သွေး
12:26AM
Fri,8 July 2015
မီ​ခေးလ်​ဂိုဘာ​ချော့ ​ပြောဖူးတဲ့စကားတခွန်းက
#သမိုင်းကို ​နောက်​​ကြောင်းပြန်​​နေတာဟာ
ရှေ့မဆက်​ရဲလို့ပါ#တဲ့ခင်​ဗျာ..
poem#observation#shinlhu

Tuesday, July 5, 2016

Tue,5 July 2016 အဂုင်္လိရှင်​လူ ~~~~~~~ ဒီ​နေ့

Tue,5 July 2016
အဂုင်္လိရှင်​လူ
~~~~~~~
ဒီ​နေ့ ​နေ့ခင်း ရှင်​လူ လက်​ဖက်​ရည်​ဆိုင်​ကပြန်​လာ​တော့ ဧည့်​သည်​က ရှင်​လူ့အလုပ်​ခုံ​ပေါ်
ထိုင်​​စောင့်​​နေတယ်​။အပျံသင်​စသမီးငယ်​​လေး​ပေါ့။ ရှင်​လူလည်းသ​ဘောကျတာနဲ့ တဖက်​ခန်းက​ဖွေး​ဖွေးသိမ့်​ကို​ခေါ်ပြလိုက်​တယ်​။ဒီမှာသမီးရဲ့ညီမ​လေးဆို​တော့ ​ဖွေး​ဖွေးကသ​ဘောကျလို့ ည​ရေးလို့​ခေါ်ပြီး တခစ်​ခစ်​နဲ့အူမြူး​နေတယ်​။အ​တော်​ကြာ​တော့ အလုပ်​ထိုင်​ရမှာမို့ အဲဒီ ​ဖွေး​ဖွေးရဲ့ည​ရေးကို အိမ်​​ရှေ့ကရှင်​လူစိုက်​ထားတဲ့ စက္ကူပန်းကိုင်း​ပေါ်တင်​​ပေးထားလိုက်​တယ်​။နောက်​တနာရီ​လောက်​ကြာ​တော့ မိုး​ရော​လေ​ရော တဝုန်းဝုန်းချပါ​လေ​ရော၊ရှင်​လူသတိရပြီး ပန်းကိုင်း​ပေါ်ကြည့်​လိုက်​​တော့ ည​ရေးမရှိ​တော့ဘူး။ဒါနဲ့​အောက်​ဖက်​ကိုကြည့်​လိုက်​​တော့ စက်​ဘီးကြားမှာ မိုး​တွေစိုပြီးဝပ်​​နေတာ​တွေ့ရတယ်​၊အဲဒါ သူ့ကို​ကောက်​ပြီး ရှင်​လူ့ hand drill အ​ပေါ်တင်​ထားရတယ်​။မျက်​စိ​အောက်​မှာပဲထားရတာ​ပေါ့။အိမ်​ထဲမှာက ​မြေကြွက်​ကြီး​တွေရှိ​နေတယ်​​လေ။ မိုးစဲသွားမှပဲ ပန်းပင်​​ပေါ်ပြန်​ပို့လိုက်​တယ်​။ဘာရယ်​​တော့မဟုတ်​ပါဘူး။ကိုယ့်​အ​ကြောင်းကိုယ်​​တွေးမိလို့ ဒီအ​ကြောင်း​လေး​ရေးတင်​မိတာပါ။ဟိုး..လွန်​​လေပြီး​သော နှစ်​​ပေါင်း ၅၀ ​ကျော်​တုန်းကရှင်​လူကလူဆိုးက​လေးတ​ယောက်​​ပေါ့။ ခု ငှက်​က​လေး​တွေရဲ့ ​ဘေး ဘီ ဘင်​ ဘစ်​ ​ခေါ်ရမလားပဲ။ သူတို့အမျိုး​တွေကို ​လေးခွနဲ့ပစ်​ပြီး ​ကြော်​စားခဲ့ဖူးတယ်​​လေ။အခု​တော့ ရှင်​လူက လူလိမ္မာကြီးဖြစ်​​နေပါပြီ ..
သူ့အသက်​ကိုမသတ်​​တော့တဲ့အပြင်​ ၊သူတို့ကို​တောင်​ကာကွယ်​​စောင့်​​ရှောက်​တတ်​​နေပြီ။
အဂုင်္လိမာလလိုပဲ​ပေါ့ တခါကတဘဝမှာ မိုက်​မှားခဲ့ဖူးတာ။ ခု ရှင်​လူလည်း အဂုင်္လိရှင်​လူ​ပေါ့။ အင်​ထုတဲ့ရှင်​လူမဟုတ်​ဘူး​နော်​..မမှား​စေနဲ့...
အဂုင်္လိရှင်​လူ
story#observation#shinlhu

Sunday, June 26, 2016

အာရုံ **** တရားထိုင်​ရင်း မိုးသီချင်းကိုခံစား.. ငါ့စိတ်​​တောင်​ငါအစိုးမရ အနတ္တပါတကား.. ညိုမြ​သွေး 12:17am Mon,7 Dec 2015 poem#observstion#shinlhu

အာရုံ
****
တရားထိုင်​ရင်း
မိုးသီချင်းကိုခံစား..
ငါ့စိတ်​​တောင်​ငါအစိုးမရ
အနတ္တပါတကား..
ညိုမြ​သွေး
12:17am
Mon,7 Dec 2015
poem#observstion#shinlhu

Thursday, June 23, 2016

ပျံ့လွင့်​ခြင်း ~~~~~ ညိုမြ​သွေး သွပ်​မိုး​ပေါ်က တ​ဖျောက်​​ဖျောက်​ မိုး​ပေါက်​မိုးစက်​ ဒရမ်​ နားရှိပါလျက်​ မကြားတချက်​ ကြားတချက်​ စိတ်​စက်​ဟိုဒီပျံ ဘဝဂီတ နားဆင်​သ တရားလှဧကန်​။

ပျံ့လွင့်​ခြင်း
~~~~~
ညိုမြ​သွေး

သွပ်​မိုး​ပေါ်က
တ​ဖျောက်​​ဖျောက်
မိုး​ပေါက်​မိုးစက်​ ဒရမ်
နားရှိပါလျက်
မကြားတချက်​ ကြားတချက်
စိတ်​စက်​ဟိုဒီပျံ
ဘဝဂီတ
နားဆင်​သ
တရားလှဧကန်​။ ။

ညိုမြ​သွေး
11:39PM
Jun 9,2016
poem#observation#shinlhu

သရက်​သီး​ကြော်​ငြာပါခင်​ဗျာ ®©|£$£€©®©€£$® အရွယ်​မ​ရောက်​​သေးတဲ့ ခပ်​နုနု အချစ်​သီးက ဖန်​တန်​တန်​... အင်​တာနက်​​ပေါ်​တွေ့လိုက်​ရ စိတ်​ထဲ

သရက်​သီး​ကြော်​ငြာပါခင်​ဗျာ
®©|£$£€©®©€£$®

အရွယ်​မ​ရောက်​​သေးတဲ့
ခပ်​နုနု အချစ်​သီးက ဖန်​တန်​တန်​...
အင်​တာနက်​​ပေါ်​တွေ့လိုက်​ရ
စိတ်​ထဲ သိပ်​မဟန်​..
သူ့အရွယ်​ သူ့အလုံးက
အမြင်​လှ အသွင်​ကြွ
ဗန်းတင်​ချိန်​ ​ရောက်​ကာမှ
ဈေးကွက်​မှာ မျက်​နှာလန်း
ရောင်းပန်းသာပြန်​...
သြော်​ ..သင်္ခါရဓမ္မ
ဘယ်​လိုပင်​နိမိတ်​ပြ​ပေမယ့်
အရွက်​ကြို အရွက်​ကြား
တဖြည်းထွားခဲ့ရ...
အလုံးလှ ရနံ့​မွှေး
ဘယ်​သူမှမသိ​သေးတဲ့..ရှင်​လူတို့ရဲ့ ၆၀ ​ကျော်
ပင်​မှည့်​သီး​တွေက
ချိုလည်းချို..မြလည်းမြ
လာကြ ဆွတ်​ကြ စားသုံးကြ​ပေါ့
နှမမယ်​​ထွေး မှာချင်​​သေးရဲ့
ရှူး..တိုးတိုး ..လူမသိ​စေနဲ့။ ။
ရှင်​လူ(ပင်​မှည့်​ခြံ)
2:36PM
Thu,23 Jun 2016
poem#observation#shinlhu

Wednesday, June 22, 2016

၃၁ ဘုံ ​လူ​နေရပ်​ကွက်​က

၃၁ ဘုံ ​လူ​နေရပ်​ကွက်​က မာနရှင်​လူသား
~~~~~~~~~~~~~
ရှင်​လူ

ငါ့ကို နတ်​သုဒ္ဓါနဲ့ လာမမျှားနဲ့
လက္ကတီးကြားက ​ချွေးထွက်​ရုံနဲ့
စုတိစိတ်​ကျတဲ့ နတ်​ဘဝကိုငါမမက်​ဘူး
နတ်​ဝီစကီလည်း ငါမမက်​ဘူး
ဟောဒီ လူ့ပြည်​မှာ
လောကတ္ထစရိယ
ဥာတတ္ထစရိယ
ဗုဒ္ဓတ္ထစရိယတဲ့
ကျင့်​တတ်​မယ်​ဆိုရင်
ပါရမီ ဆယ်​ပါး မက
အပြားသုံးဆယ်​ပါ ကျင့်​လို့ရတယ်​...
ငါ့ကို နတ်​သမီး​တွေနဲ့ လာမ​ညှော်​နဲ့
နတ်​နိုက်​ကလပ်​ မတက်​ရလို့
နတ်​ စတိတ်​ရှိုးမကြည့်​ရလို့
နတ်​နန္ဒဝန်​ဥယျာဉ်​ မ​ပျော်​ရလို့
ငါမ​သေနိုင်​ဘူး..
ငါက ရှင်​လူ
လူ့ဘဝ အရှင်​လတ်​လတ်​က
ချွေးလှူမလား ..​သွေးလှူမလား
လှူချင်​တာ လှူလို့ရတယ်​..
မင်းတို့လို လက္ကတီးကြားက
ချွေးကျရုံနဲ့ စုတိမယ့်​​ကောင်​မဟုတ်​ဘူး။

ရှင်​လူ(ဗုဒ္ဓ​မြေ)
Mon,20 Jun 2016
poem#observation#shinlhu

ပါးစပ်​ကြီးရဲ့ ရာဇဝင်​ $£€©®€£$€©® ညိုမြ​သွေး မျက်​နှာက သနားကမား လူချစ်​လူခင်

ပါးစပ်​ကြီးရဲ့ ရာဇဝင်
$£€©®€£$€©®
ညိုမြ​သွေး
မျက်​နှာက သနားကမား
လူချစ်​လူခင်​ များခဲ့​ပေရဲ့...
ပါးစပ်​က ဓားသမား
အထိအရှ​တွေ များခဲ့...
ဘယ်​လိုနက္ခတ်​နဲ့များ
သားကို​မွေးဖွားခဲ့ပါသလဲ​မေ​မေ​ရေ..
ပွဲစားမဖြစ်​ခဲ့ပဲ
ကဗျာဆရာ ​တော့ ဖြစ်​ခဲ့ပါတယ်
ဒါ​တောင်​ ရာနှုန်း ​​​က နည်းနည်​​ပေါ့။ ။
ညိုမြ​သွေး

9:27 PM
Wed,22 Jun 2016
poem#observation#shinlhu

Friday, June 10, 2016

အပြာ​ရောင်​ကွက်​လပ်​များ €€€€€€€€€ ရှင်​လူ ညချမ်း​လေးကအပြာ.... ဒီည အပူရှိန်​နည်းနည်း​လျော့သလားလို့... တခါခါ​တော့လည်း စိတ်​ခံစားချက်​​ကြောင့်​ ​အေးမြနေတာမျိုးလည်းဖြစ်​နိုင်​တာပဲ​လေ.. အိမ်​​ရှေ့

အပြာ​ရောင်​ကွက်​လပ်​များ
€€€€€€€€€
ရှင်​လူ
ညချမ်း​လေးကအပြာ....
ဒီည အပူရှိန်​နည်းနည်း​လျော့သလားလို့...
တခါခါ​တော့လည်း စိတ်​ခံစားချက်​​ကြောင့်
အေးမြနေတာမျိုးလည်းဖြစ်​နိုင်​တာပဲ​လေ..
အိမ်​​ရှေ့ ​ဈေးတဲခုံတန်း​လေး​ပေါ်မှာ ရှင်​လူတ​ယောက်​တည်း ထိုင်​ရင်းတ​နေ့တာအမော​လေး​ဖြေ​နေတုန်း စည်​သူ​အောင်​က သူမ​လေးကဝယ်​လာတဲ့ဂစ်​တာကြီးဆွဲပြီး ရှင်​လူ့အနား ဝင်​ထိုင်​ကာ ဘကြီးစားပြီးပလား...
အေး ..ပြီးပါပြီကွာ...။ ဘကြီး အလုပ်​​ကော အဆင်​​ပြေရဲ့လား..၊ အလုပ်​က​တော့ ဒီလိုပါပဲကွာ ..ဒီလက သင်္ကြန်​နဲ့ဆို​တော့ လဝက်​​လောက်​​တော့ နားလိုက်​ရတာ​ပေါ့...
စည်​သူ​အောင်​က ​ပြော​ပြောဆိုဆို ရှင်​လူ့လက်​ထဲကို ​အေးမြ​နေတဲ့ Andaman ဘီယာတဗူးကမ်းလင့်​ရင်း ဘကြီး အ​မော​ပြေ​ပေါ့ ..တဲ့၊ ​ဘေးမှာ လူသူရှင်း​နေတာတ​ကြောင်း ဒီက​လေးနဲ့လည်းစကားမ​ပြောဖြစ်​တာကြာတာကတ​ကြောင်း​ကြောင့်​ ​အေး​ဆေးပဲ ဘီယာဗူးကို​ဖောက်​ပြီးတငုံ ငုံလိုက်​ပါတယ်​..
မင်းရဲ့ အနမ်းတရှိုက်​နဲ့ငါ့ရဲ့အနမ်းတရှိုက်​နဲ့ ခံစားချက်​တူညီ..
ရှိခဲ့တဲ့​နောက်​ မင်းရဲ့​အ​တွေးများထဲ.ငါ့ရဲ့အ​တွေးများထဲ..အနာဂတ်​ အသစ်​တူညီ...
စည်​သူ​အောင်​က ဂစ်​တာကြိုး​လေးများကိုတို့ထိပွတ်​သပ်​ရင်း ​လေးဖြူရဲ့ခရီးများအဆုံးထိ​လျှောက်​ ကို ခပ်​တ
င်းတင်း​လေးသီဆို​နေပါတယ်​။ ဒီက​လေးက
ခု​တော့ ၂၇ အရွယ်​ ​တောင်​ဖြစ်​​နေပြီ​ပေါ့။မ​လေးမှာ အလုပ်​သွားလုပ်​ပြီးပြန်​လာတာနှစ်​​ခေါက်​​တောင်​ရှိသွားပြီ။ ​နောက်​တ​ခေါက်​ထပ်​ထွက်​ဖို့ပြင်​​နေဆဲ..။စည်​သူ​အောင်​ငယ်​စဉ်​က ရှင်​လူ့အခန်းမှာ မကြာမကြာလာ​ဆော့​နေတတ်​တယ်​။ရှင်​လူတို့ လင်​မယားကလည်းသားသမီးမရှိ​လေ​တော့ သူတို့ကိုပဲချီပိုးယုယခဲ့တာ​လေ။တခါတခါဆို
စည်​သူ​အောင်​တ​ယောက်​ကစားရင်းက အိမ်​​ရှေ့ဘုရားစင်​​အောက်​မှာ ​မှောက်​ရက်​က​လေးအိပ်​​ပျော်​သွားတတ်​တယ်​။ဒီအခါ ရှင်​လူကချီပိုးပြီးသူ့အခန်းကိုပြန်​ပို့​ပေးရတယ်​။စည်​သူ​အောင်​ကရှင်​လူတို့ အိမ်​ရှင်​ အ​ဒေါ်ကြီးရဲ့​မြေး​တော်​ပါတယ်​..။သူ့ဖခင်​က သူငယ်​စဉ်​က​လေးဘဝကပင်​ ကွယ်​လွန်​သွားခဲ့ပါပြီ။စည်​သူ​အောင့်​​အောက်​မှာ ညီငယ်​နှစ်​​ယောက်​ရှိပြီး သူတို့ဖခင်​စစ်​သား​လေးဟာ
မာနယ်​ပ​လော မဲသ​ဝေါမှာ မိုင်းထိ ​ခြေဖြတ်​ခဲ့ရပြီး ​နောက်​ပိုင်းအရက်​​ကြောင့်​ပဲ သူ့မိသားစုကိုထားခဲ့ရပါ​တော့တယ်​။ ခု​တော့
လွန်​ခဲ့တဲ့ ၇ နှစ်​ ကဇနီးသည်​ကွယ်​လွန်​ပြီး
တ​ယောက်​တည်း ကျန်​ခဲ့တဲ့ ရှင်​လူနဲ့စည်​သူ​အောင်​တို့လို ပဋ္ဌာန်းဆက်​က​လေးများဟာ
ဒီလိုညချမ်း​လေးမျိုးကို ခုလိုပဲ ဂစ်​တာ​လေးတီး
သီချင်းညည်းရင်း စီးကရက်​မီးညှိလိုက်​ ..ဘီယာတကြိုက်​​မော့လိုက်​နဲ့...
တကယ်​​တော့ လူ့ဘဝဆိုတာ ငယ်​စဉ်​က​ကျောင်းမှာသင်​ခဲ့ရတဲ့ ကွက်​လပ်​ဖြည့်​သင်​ခန်းစာမျိုးပါပဲ​လေ....
ရှင်​လူ
story#observation#shinlhu

ဟာသဇာတ်​လမ်း *^*^*^*^*^* ညိုမြ​သွေး ဓာတ်​ကြိုး​ပေါ်ကခို​တွေ အပူအပင်​ကင်းလွန်းတယ်​ မနက်​ခင်းဟာ ဘူးညွန့်​တညွန့်​လို

ဟာသဇာတ်​လမ်း
*^*^*^*^*^*
ညိုမြ​သွေး
ဓာတ်​ကြိုး​ပေါ်ကခို​တွေ အပူအပင်​ကင်းလွန်းတယ်
မနက်​ခင်းဟာ ဘူးညွန့်​တညွန့်​လို တွယ်​စရာရှာဆဲ
ဒီလူကြီးက
အိုကြီးအိုမ​ရောက်​ခါမှ ကဗျာဆန်​​နေလိုက်​ပုံများ။
ညိုမြ​သွေး
23 May 2016
poem#observation#shinlhu

စက္ကန့်​ရထားစီးသူများ ÷÷÷÷÷÷÷÷÷÷÷ ညိုမြ​သွေး ​သေမင်း​တောင်​ကြားကို​ရောက်​တဲ့ခါ မင်းဟာ သီချင်းစာသား​တွေကို​မေ့သွားမယ်​ ကဗျာစပ်​တတ်​တာ​တွေ ​မေ့မယ်​ အတတ်​ပညာ​တွေအားလုံး​မေ့မယ်​ ချစ်​သူမုန်းသူ​တွေကိုလည်း​မေ့မယ်​ တဖြည်းဖြည့်​နဲ့

စက္ကန့်​ရထားစီးသူများ
÷÷÷÷÷÷÷÷÷÷÷
ညိုမြ​သွေး
သေမင်း​တောင်​ကြားကို​ရောက်​တဲ့ခါ
မင်းဟာ သီချင်းစာသား​တွေကို​မေ့သွားမယ်
ကဗျာစပ်​တတ်​တာ​တွေ ​မေ့မယ်
အတတ်​ပညာ​တွေအားလုံး​မေ့မယ်
ချစ်​သူမုန်းသူ​တွေကိုလည်း​မေ့မယ်
တဖြည်းဖြည့်​နဲ့ အမြင်​အာရုံ​တွေ မှုန်​ဝါးလာမယ်
အသံ​တွေက အ​ဝေးကိုထွက်​ခွာလို့
ပန်းရနံ့ဆိုတာ​တောင်​ ဘာမှန်းမသိ​အောင်​ဖြစ်​လာမယ်
တို့ထိမရ ကိုင်​စမ်းမရ လှုပ်​မရ
နောက်​ဆုံး သတိမရတဲ့အထိ..
ခု​နေ စက္ကန့်​ရထားနဲ့ ခရီးသွား ခိုက်​မှာ
သီချင်းဆိုပါ ကဗျာစပ်​ပါ
လုပ်​တတ်​တာ​တွေလုပ်​ပါ
ချစ်​ပါ မုန်းပါ
ရှုခင်း​တွေကိုကြည့်​ပါ
အသံ​တွေကိုနား​ထောင်​ပါ
ပန်းရနံ့ကိုရှူရှိုက်​ပါ..
လောကကြီးကို
တို့ပါ ထိပါ ကိုင်​စမ်းပါ...
သေမင်း​တောင်​ကြားမ​ရောက်​ခင်​။
ညိုမြ​သွေး
12:16 AM
2 Jun 2016
poem#observation#shinlhu

နှစ်​​ပေါင်း ၄၀ ​ရေးခဲ့တဲ့ကဗျာ ______________________ ဘာမှမရှိတာ​တွေရှိ​နေပြီး အိပ်​မ​ပျော်

နှစ်​​ပေါင်း ၄၀ ​ရေးခဲ့တဲ့ကဗျာ
______________________
ဘာမှမရှိတာ​တွေရှိ​နေပြီး
အိပ်​မ​ပျော်​ ည​တွေကိုနှစ်​ခြိုက်​အိပ်​​မောကျ​စေလျက်
ခံတပ်​​တွေ လဝန်း​တွေ စိမ့်​စမ်း​ရေတံခွန်​​တွေနဲ့
ယုံကြည်​စိတ်ချ ​အပ်​နှံခြင်း​တွေ ရှိတဲ့ ​နေရာ..
အဲ့ဒီ​နေရာ ..ခု​တော့
သားပြန်​လာခဲ့ချင်​ပြီ အ​မေ...
ညိုမြ​သွေး

ဒီကဗျာ​လေးကို နှစ်​​ပေါင်း ၂၀ က ရှင်​လူ
ရေးခဲ့မိတယ်​၊ ညသန်း​ခေါင်​​ကျော်​ ၂ နာရီ​လောက်​ မှာတ​ရေးနိုးပြီး ​ခေါင်းထဲ အလိုလို
ပေါ်လာခဲ့တာ ၊ ​မေ့သွားမှာစိုးလို့ Twenty years before အင်္ဂလိပ်​ သီချင်းစာအုပ်​​နောက်​​ကျောမှာ ​ကောက်​ခြစ်​ပြီး ပြန်​​မေ့သွားခဲ့တယ်​၊ အဲဒါ တ​နေ့မှာ နှင်းခါးမိုး
ရောက်​လာပြီး စာအုပ်​​ကောက်​လှန်​​တော့ ကဗျာကို​တွေ့ပြီး ``အကို ဒီကဗျာ​လေး​ကောင်းသားပဲ ၊အ​ချောကူးလိုက်​​လေ .´´
ဆိုတာနဲ့ ကူး​ပေးလိုက်​တယ်​ ၊ အဲဒါ မကြာခင်
ရွှေဝတ်​မှုံမဂ္ဂဇင်းမှာပါလာခဲ့တယ်​ ၊စာအုပ်​က​တော့ ခြစာမိသွားပြီ ၊ ခုနှစ်​သက္ကရာဇ်​လည်းမမှတ်​မိ​တော့ ၊ခုအသက်​ ၆၃ နှစ်​ထဲက ကဗျာ​ခေါင်းစဉ်​ပါ နှစ်​​ပေါင်း ၄၀ ကိုနှုတ်​လိုက်​​တော့
နှစ်​​ပေါင်း ၂၀ ​ကျော်​​ပေါ့​၊ အ​မေ့ကို ကဗျာနဲ့ပဲ လွမ်းတတ်​တဲ့​ကောင်​ဆို​တော့  သားဆိုးတ​ယောက်​​ပေါ့​နော်​...
story#observation #shinlhu

Wednesday, June 8, 2016

သဿတ​တောင်​ထိပ်​ ^^^^^^^^^^^ အ​ဝေးကို​ငေး အ​ဝေးကို​တွေးလို့ အဲဒီအ​​ဝေးကငါ​ရောက်​ဖို့မ​သေချာ။ ညိုမြ​သွေး 20May 2016 poem#observation#shinlhu

သဿတ​တောင်​ထိပ်
^^^^^^^^^^^
အ​ဝေးကို​ငေး
အ​ဝေးကို​တွေးလို့
အဲဒီအ​​ဝေးကငါ​ရောက်​ဖို့မ​သေချာ။
ညိုမြ​သွေး
20May 2016
poem#observation#shinlhu

Tuesday, May 31, 2016

ရန်​ကုန်​ဖားကန့်​က ​မြေစာပုံ​အောက်​မှာ ^^^^^^^^^^^^^^^^^^ ညိုမြ​သွေး ငါတို့လည်း ရန်​ကုန်​မှာ​နေရင်း ​ရေမ​ဆေး​ကျောက်​ရှာသလို ​နေ့စဉ်​ရှာခဲ့ကြ။ သူများတကာစွန့်​ပစ်​လိုက်​တဲ့

ရန်​ကုန်​ဖားကန့်​က ​မြေစာပုံ​အောက်​မှာ
^^^^^^^^^^^^^^^^^^
ညိုမြ​သွေး
ငါတို့လည်း ရန်​ကုန်​မှာ​နေရင်း
ရေမ​ဆေး​ကျောက်​ရှာသလို
နေ့စဉ်​ရှာခဲ့ကြ။
သူများတကာစွန့်​ပစ်​လိုက်​တဲ့ ​ အ​​​ရေးမပါတဲ့
စားကျက်​မြေ​ပေါ်အလုအယက်
ကြက်​​တွေ ယက်​သလို
တ​နေကုန်​​အောင်​ယက်​ခဲ့ကြ
အဲဒါ သမ္မာအာဇီဝ​မြေစာပုံ​ခေါ်ရမလား
ခိုးမစား​ပေမယ့်
လုပ်​စားသူ​တွေကျ
မိုးကလည်း​ခေါင်​ ​ခွေးကလည်း​ဟောင်​။
ဒီလိုနဲ့ ပြိုကျ​မြေစာပုံ​အောက်
ငါတို့ ဘယ်​နှ​ယောက်​ နစ်​မြုပ်​ခဲ့ပြီလဲ
အ​လောင်း​တောင်​ပြန်​မရတဲ့ဘဝ​တွေ
ဘယ်​​လောက်​များပြားခဲ့ပြီလဲ
စက်​ယန္တယား အသစ်​ကြီး​တွေကဘယ်​နှ​လောင်းရှာ​တွေ့ပါ့မလဲ
သံသယလည်းရှိ
မျှော်​လင့်​ချက်​လည်းရှိတဲ့ ငါတို့အားလုံးဟာ
အာ​စေး​တွေမိလို့။ ။
ညိုမြ​သွေး
29 May 2016
11:00 PM
poem#observation#shinlhu

Sunday, May 22, 2016

အာဟာရ မဟာဂန္ဓာရီခရီးသည်​ (၁) @@ @@@@@@@@@@@@@ အမှန်​​တော့

အာဟာရ မဟာဂန္ဓာရီခရီးသည်​ (၁)
@@
@@@@@@@@@@@@@
အမှန်​​တော့ ငရဲနဲ့ရှင်​လူ (၁) (၂) (၃)စသဖြင့်​​ခေါင်းစဉ်​တပ်​ဖို့ပါပဲ။အဲဒီ ငရဲဆိုတဲ့ ရဲလင်း​ကျော်​အ​ကြောင်းကလည်း​ရေးစရာ​တွေကများပြီး အလျဉ်​မီ​အောင်​မ​ရေးနိုင်​။ ဒီကြားထဲက ရှင်​လူ့ခမျာ ပတ်​သက်​ရာအသိုင်းအဝိုင်း​တွေအကြား အစာအာဟာရကိစ္စ​တွေက​နေ့စဉ်​လိုအပ်​ချက်​ထက်​ 9မက​အောင်​​ကျော်​လွန်​​နေ​လေ​တော့ သြဝါဒပါတိ​မောက်​မှာ
မြတ်​စွာဘုရား ရှင်​က စားသုံးဖွယ်​ပမာဏကိုသိရာ၏..လို့ဆုံးမထား​တာကို သတိမမူသလိုများဖြစ်​​နေပြီလား သံသယပွားမိ​ပေါ့။ မ​နေ့က မိတ်​​ဆွေ ကဗျာဆရာ အယ်​ဒီတာ​တွေနဲ့ ရက်​လည်​တခုမှာဆုံမိရင်း ဘီယာဆိုင်​​ရောက်​သွားကြ​သေးတယ်​။
ကျဲကျဲ​တောက်​​နေပူရှိန်​​အောက်​မှာ အယ်​နီညိုကို​တော်​လှန်​ဖို့ Tuborg ​ဟော်​လန်​ဘီယာ​သောက်​ရင်း ကဗျာခင်း စာခင်း ခံတွင်းရှင်းခဲ့ကြတယ်​ဆိုပါ​တော့ဗျာ။ရှင်​လူလည်း
ဒီလို အရက်​ ဘီယာကိစ္စ​တွေသိတ်​ပြီးအ​သေးမစိပ်​ချင်​​တော့ပါဘူး။ရှင်​လူ့မှာမိတ်​​ဆွေ​တွေကများ​လေ​တော့ ဓမ္မလိုင်းဘက်​ကလူ​တွေက ရှင်​လူ့ကို အဝါကတ်​​ထောင်​ပြ​နေတာကို လည်း ​မမြင်​ချင်​​ယောင်​​ဆောင်​​နေရတဲ့ဒုက္ခကလည်းမ​သေးဘူးဗျ။
အဲဒါ ဒီ​နေ့ ည​နေ ၄နာရီ​ကျော်​​ကျော်​​လောက်​မှာ ထုံးစံအတိုင်းခံတွင်းပျက်​​နေတဲ့ ငရဲတ​ယောက်​ ​စက်​ဘီး​လေးနဲ့ ရှင်​လူ့အိမ်​​ရောက်​လာပြန်​​ရောခင်​ဗျ။ ငရဲကထုံးစံအတိုင်း ပြုံးဖြဲဖြဲမျက်​နှာကြီးနဲ့ အဘ​ရေ နဂါးနီ မှာ ထမင်း​ကြော်​ဖြစ်​ဖြစ်​ တခုခုသွားစားရ​အောင်​တဲ့။ ကဲ ဒါလည်း​နေ့စဉ်​ကိစ္စလိုဖြစ်​​နေလို့ ရှင်​လူနိဒါန်း​တွေသိပ်​မပျိုး​နေ​တော့ဘူး။လုပ်​လက်​စ အလုပ်​​တွေပစ်​ချ လက်​​ခြေ​ဆေး​ကျောပြီး စက်​ဘီးတစီးစီနဲ့ နန္ဒဝန်​​ဈေးဘက်​ထွက်​ခဲ့ကြ​ပေါ့။ ​ဈေး​ရှေ့ ​ရောက်​​တော့ လမ်း​ဘေး​ခေါက်​ဆွဲဆိုင်​ နဂါးနီက ခုမှ ဆိုက္ကား​ပေါ်က ဒယ်​အိုးတို့ မီးဖိုတို့ ချ​နေတုန်း။ နှစ်​​ယောက်​သားအလိုက်​တသိနဲ့ပဲ စက်​ဘီးကိုဆက်​နင်းခဲ့ကြပြီး ရှင်​လူက ဘယ်​သွားကြမလဲ​မေး​တော့ ငရဲက အင်းဝက ရခိုင်​အစားအစာဆိုင်​ပဲသွားမယ်​တဲ့။ ဒီလိုနဲ့ ရှင်​လူလည်း အဲဒီ​နေရာမှာ အဲဒီဆိုင်​ရှိ​နေမှန်း​တောင်​မသိတဲ့​တောင်​ဥက္ကလာပ ၆ ရပ်​ကွက်​ အင်းဝလမ်းထိပ်​``​ကျောက်​ဖြူ´´ရခိုင်​ရိုးရာ အစားအစာဆိုင်​ကို​ရောက်​ခဲ့တယ်​။
စားပွဲမှာထိုင်​မိကြ​တော့ Menu ကိုဖတ်​ပြီး ငရဲက မြန်​မာထမင်းသုတ်​ပဲမှာတယ်​..အသီးအရွက်​​ရှောင်​​ပေါ့။ရှင်​လူက​တော့ ဘာမှမမှာတတ်​လို့ နန်းပြားသုတ်​ပဲမှာလိုက်​တယ်​။နန်းပြားသုတ်​လာချ​တော့ ငရဲက အဘငါး​ပေါင်း​ကြော်​ထည့်​ခိုင်း​လေဆိုတာနဲ့ စားပွဲထိုး ရခိုင်​မ​လေးကို ငါး​ပေါင်း​ကြော်​ထပ်​ထည့်​ခိုင်းရတယ်​။ဆိုင်​မှန်​ပုံးထဲမှာက ပင်​လယ်​စာလည်းအစုံပဲ။ကဏန်းတို့ ပုစွန်​တို့လည်း​တွေ့ရတယ်​။ ပုစွန်​တုပ်​ကြီး​တွေကို မီး​သွေးဖိုနဲ့ထိုင်​ကင်​​နေတာလည်း​တွေ့ရတယ်​။
ရှင်​လူက​တော့ ဘာမှမစား​သေးခင်​ ထုံးစံအတိုင်းဖုန်းနဲ့ ဓာတ်​ပုံ​တွေလိုက်​ရိုက်​​ပေါ့။
နှစ်​​ယောက်​သား ကိုယ့်​စားစရာကိုယ်​စားလို့ပြီးကြ​တော့ ငရဲက အဘ ငှက်​​ပျော​ပေါင်းစားပါလားတဲ့၊ ကဲ မထူးပြီ ရခိုင်​ရိုးရာငှက်​​ပျော​ပေါင်းမြည်းကြည့်​ဖို့ မှာခွင့်​ပြုလိုက်​တယ်​။ငှက်​​ပျော​ပေါင်းကထူးခြားတယ်​။အုန်းသီးအုန်းနို့နဲ့​ပေါင်းထားတာ။ငရဲက မုန့်​လုပ်​​ဆောင်းမှာစားတယ်​။သူ့မုန့်​လုပ်​​ဆောင်းကိုခပ်​ပြီး ရှင်​လူနည်းနည်းမြည်းကြည့်​လိုက်​တယ်​။မဆိုးပါဘူး။ရှင်​လူ့ငှက်​​ပျော​ပေါင်းသူ့ဘက်​တိုး​ပေးလိုက်​​တော့ အဘပဲစား ကျ​နော်​မကြိုက်​လို့တဲ့။ ရှင်​လူဒါ​တွေအ​သေးစိတ်​​ရေးပြ​နေတာ
အဓိက အချက်​ နှစ်​ချက်​ရှိပါတယ်​။ တချို့ အထူးအဆန်းစားချင်​တဲ့ မိတ်​​ဆွေ​တွေလည်းစားချင်​တဲ့အခါသွားစားနိုင်​​အောင်​လမ်းညွှန်​​ပေးလိုတဲ့ဆန္ဒရယ်​၊ ​နောက်​တခုက အသက်​ ၆၃ နှစ်​အရွယ်​မှာ အုပ်​ထိမ်းသူမရှိ လူတကာနဲ့ ​တွေ့ကရာ​တွေကို လိုက်​လံ စား​သောက်​​နေတဲ့ ရှင်​လူတ​ယောက်​ ​ရောဂါ​တွေဘာ​တွေရပြီး​ရှောသွားရင်​လည်း ​နောက်​လူ​တွေဆင်​ခြင်​​တွေးဆနိုင်​ဖို့ပါပဲ ။သူများ​ကြွေးသမျှလိုက်​လံမျိုဆို့​နေတဲ့ အလုပ်​ဟာ ကြွားဝါဂုဏ်​ယူစရာမဟုတ်​တာ လူတိုင်းသိပါတယ်​။ ဒါနဲ့ မနက်​ဖြန်​မနက်​ လမ်း
လျှောက်​ကအပြန်​ ရှင်​လူတို့Maze Walker Team က အကိုကြီးဦး​မောင်​​မောင်​စိန်​က ဖိတ်​ထားပြီးသား ။ ကွယ်​လွန်​သွားတဲ့သူ့ဇနီးသည်​ကိုရည်​စူးပြီး တလတကြိမ်​ ဘုန်းကြီး​ကျောင်းကို ဆွမ်းကပ်​​နေကျ၊ သူ့သမီးအငယ်​ (ဖြူလုံးတို့အ​မေ)ရဲ့ လက်​ရာ မုန့်​ဟင်းခါး။
နောက်​ ​တခု ခြေရင်းခန်းက​ဖွေး​ဖွေးသိမ့်​ရဲ့ ဦးငယ်
သက်​နိုင်​ထွန်း (ခ)သားသားရဲ့ ​မွေး​နေ့ နန်းကြီးသုတ်​။ဒီ​နေ့တ​နေ့လုံး သားသားရဲ့ အ​မေ​နဲ့ အမ​တွေနဲ့ အ​ပေါင်းပါ​တွေက မနက်​​စော​စောကတည်းက ကြက်​သားကိုင်​ကြ ချက်​ကြ ပြုတ်​ကြ။ အင်း​ခုလတ်​တ​လော က​တော့ မ​နေ့ကTuborg ဘီယာသတင်းနဲ့ ​ကျောက်​ဖြူရခိုင်​ရိုးရာ ပင်​လယ်​စာဆိုင်​သတင်းကပုံနှစ်​မျိုး နှစ်​ရက်​စာ​ရောတင်​လိုက်​မယ်​ ​ဘော်​ဒါတို့...
story#observation#shinlhu

ပန်းခ​ရေ.. ******* တခါတုန်းက နယ်​မြို့​လေးတမြို့မှာ(ပန်းခေ​ရကဗျာမိသားစု)ဆိုတဲ့ အဖွဲ့​လေးတဖွဲ့ရှိခဲ့တယ်​၊ တ​နေ့မှာအဲဒီကဗျာဆရာ

ပန်းခ​ရေ..
*******
တခါတုန်းက နယ်​မြို့​လေးတမြို့မှာ(ပန်းခေ​ရကဗျာမိသားစု)ဆိုတဲ့ အဖွဲ့​လေးတဖွဲ့ရှိခဲ့တယ်​၊
တ​နေ့မှာအဲဒီကဗျာဆရာ ​ပေါက်​စ​လေး​တွေ
ဟာ မြို့လယ်​ ​ဈေးပိုင်းအရပ်​ ဘုန်းကြီး
ကျောင်း ပဝါရနာပွဲမှာ ဇာတ်​ကဖို့ ဇာတ်​တိုက်​ခဲ့ကြတယ်။ အဲဒီမှာ ကဗျာလွတ်​အက ကရမယ့်​ ကဗျာဆရာ​လေးဟာ မကတတ်​​လေ​တော့ ကတတ်​တဲ့ကဗျာဆရာ​လေးက လက်​အ​နေအထားကို မုန့်​​လေ​ပွေ ဖုတ်​သလို ကရတယ်​ဆိုပြီးသင်​​ပေးခဲ့တယ်​ ၊အလက ​ကျောင်းက​လေးရဲ့ စာ​ရေးခုံ​လေး​တွေကို
လက်​ဖ​နောင့်​နဲ့ ​ခေါက်​ရင်း တိုး​ဗေတိုး​ဗေ. .
တိုး​ဗေတိုး​ဗေ ....ကဗျာလွတ်​ ဗုံသံ​လေးဟာ
လေထဲမှာ လွင့်​ပျံ​နေခဲ့တာ ... ၄၇ နှစ်​​တောင်​ကြာခဲ့ပါပ​ကော...
story#observation#shinlhu

သန့်​စင်​ခန်း ®®®®® ညိုမြ​သွေး ဆိုပြီးတဲ့သီချင်းစာသား​တွေကို​မေ့ပစ်​ ချစ်​သူ့ မျက်​နှာကိုလည်း​မေ့ပစ်​ တ​နေ့ပြီးတ​နေ့ ဗာဟီရကိစ္စ​တွေကို Refrash

သန့်​စင်​ခန်း
®®®®®
ညိုမြ​သွေး
ဆိုပြီးတဲ့သီချင်းစာသား​တွေကို​မေ့ပစ်
ချစ်​သူ့ မျက်​နှာကိုလည်း​မေ့ပစ်
တ​နေ့ပြီးတ​နေ့ ဗာဟီရကိစ္စ​တွေကို
Refrash ပြန်​လုပ်​ရင်း ​မောပန်းခဲ့သမျှ
လူ့ဘဝဆိုတာ Shut down ချထားဖို့လည်းလိုတာပဲ။
ညိုမြ​သွေး
poem#observation#shinlhu

ကိုတီ​ကောင်​၏​နေ့စဉ်​မှတ်​တမ်း <><><><><><> ညိုမြ​သွေး လိပ်​ကလည်း သူ့အခွံနဲ့သူ ဖြူ​ကောင်​ကလည်း သူ့ဆူး​တွေနဲ့သူ ​လောကဓံကို

ကိုတီ​ကောင်​၏​နေ့စဉ်​မှတ်​တမ်း
<><><><><><>
ညိုမြ​သွေး
လိပ်​ကလည်း သူ့အခွံနဲ့သူ
ဖြူ​ကောင်​ကလည်း သူ့ဆူး​တွေနဲ့သူ
လောကဓံကို ကြံဖန်​​ကြောက်
ဗျူဟာ​မြောက်​ လက်​နက်​ကိရိယာ​တွေပိုင်​ထားတာ​တောင်
ကြောင်​​တောင်​​တောင်​ ​ကြောက်​စိတ်​ပွား
အဖျားကြီးဖျား​နေကြ။
သတ္တဝါဆိုတာ သ​ဗ္ဗေသတ္တာ ကမ္မသကာ
ကံပါ​​တော့ ရှောင်​မလွဲ အနိစ္စ ပဲ​လေ
မမြဲခြင်း သ​ဘော​တွေ။ ။
ညိုမြ​သွေး
12 May 2016
5:46 PM
poem#observation#shinlhu

သန့်​စင်​ခန်း ®®®®® ညိုမြ​သွေး ဆိုပြီးတဲ့သီချင်းစာသား​တွေကို​မေ့ပစ်​ ချစ်​သူ့ မျက်​နှာကိုလည်း​မေ့ပစ်​ တ​နေ့ပြီးတ​နေ့ ဗာဟီရကိစ္စ​တွေကို Refrash

သန့်​စင်​ခန်း
®®®®®
ညိုမြ​သွေး
ဆိုပြီးတဲ့သီချင်းစာသား​တွေကို​မေ့ပစ်
ချစ်​သူ့ မျက်​နှာကိုလည်း​မေ့ပစ်
တ​နေ့ပြီးတ​နေ့ ဗာဟီရကိစ္စ​တွေကို
Refrash ပြန်​လုပ်​ရင်း ​မောပန်းခဲ့သမျှ
လူ့ဘဝဆိုတာ Shut down ချထားဖို့လည်းလိုတာပဲ။
ညိုမြ​သွေး
poem#observation#shinlhu

အလွဲများ ©€$@^ ညိုမြ​သွေး ပူအိုက်​တာ စာမဖွဲ့ချင်​ ​ရေငတ်​​နေသူ​တွေအတွက်​ စိတ်​ထဲမ​ကောင်း လမ်းမ​ပေါ်တဗြန်းဗြန်း ​ရေ​ပေါတိုင်းဖျန်း​နေကြ ဗွက်​​တွေ​တောင်​ထလို့.... ညိုမြ​သွေး 14

အလွဲများ
©€$@^
ညိုမြ​သွေး
ပူအိုက်​တာ စာမဖွဲ့ချင်
ရေငတ်​​နေသူ​တွေအတွက်​ စိတ်​ထဲမ​ကောင်း
လမ်းမ​ပေါ်တဗြန်းဗြန်း
ရေ​ပေါတိုင်းဖျန်း​နေကြ
ဗွက်​​တွေ​တောင်​ထလို့....
ညိုမြ​သွေး
14 May 2016
7:40 PM
poem#observation#shinlhu

ဥပ​ဒေ သမိုင်းအကျဉ်း $£€®$£€®£€ ညိုမြ​သွေး ဥပ​ဒေကို နတ်​ဘုရား​တွေက

ဥပ​ဒေ သမိုင်းအကျဉ်း
$£€®$£€®£€
ညိုမြ​သွေး
ဥပ​ဒေကို နတ်​ဘုရား​တွေက လုပ်​တယ်
ဥပ​ဒေကို ဧကရာဇ်​​တွေက လုပ်​တယ်
ဥပ​ဒေကို ပင်​လယ်​ဓားပြ​တွေက လုပ်​တယ်
ဥပ​ဒေကို အလုပ်​သမား​တွေက လုပ်​တယ်
ဥပ​ဒေကို ကျည်​ဆံ​တွေနဲ့ လုပ်​တယ်
ဥပ​ဒေကို ဘီလီယံ ​​ငွေနဲ့ လုပ်​တယ်
ဥပ​ဒေကို တိရိစ္ဆာန်​​တွေနဲ့ စိတ်​မမှန်​သူ​တွေကလည်း လုပ်​ခဲ့တာပဲ...
ဒါ​ပေမယ့်​ ဥပ​ဒေဟာ နှစ်​ခုပဲ ရှိတယ်​...
Jungle Law နဲ့ Human Right....
ညိုမြ​သွေး
13 May 2016
9:15 AM
poem#observation#shinlhu

အလွဲများ ©€$@^ ညိုမြ​သွေး ပူအိုက်​တာ စာမဖွဲ့ချင်​ ​ရေငတ်​​နေသူ​တွေအတွက်​ စိတ်​ထဲမ​ကောင်း လမ်းမ​ပေါ်တဗြန်းဗြန်း ​ရေ​ပေါတိုင်းဖျန်း​နေကြ ဗွက်​​တွေ​တောင်​ထလို့.... ညိုမြ​သွေး 14

အလွဲများ
©€$@^
ညိုမြ​သွေး
ပူအိုက်​တာ စာမဖွဲ့ချင်
ရေငတ်​​နေသူ​တွေအတွက်​ စိတ်​ထဲမ​ကောင်း
လမ်းမ​ပေါ်တဗြန်းဗြန်း
ရေ​ပေါတိုင်းဖျန်း​နေကြ
ဗွက်​​တွေ​တောင်​ထလို့....
ညိုမြ​သွေး
14 May 2016
7:40 PM
poem#observation#shinlhu

Thursday, May 19, 2016

ငရဲနဲ့ရှင်​လူ (၃) ~<~>~<~> ရဲလင်း​ကျော်​အ​ကြောင်း​တွေက ​ရေးစရာအများကြီးကျန်​​နေတယ်​။ဒါ​ကြောင့်​ ငရဲနဲ့ရှင်​လူ(၃)ဆိုပြီး

ငရဲနဲ့ရှင်​လူ (၃)
~<~>~<~>
ရဲလင်း​ကျော်​အ​ကြောင်း​တွေက ​ရေးစရာအများကြီးကျန်​​နေတယ်​။ဒါ​ကြောင့်
ငရဲနဲ့ရှင်​လူ(၃)ဆိုပြီး ကြုံသလိုနံပတ်​စဉ်​ထိုး
လိုက်​ပါတယ်​။ သင်္ကြန်​အလွန်​ နှစ်​ဆန်း
(၁)ရက်​ ည​နေ ၅ နာရီ​လောက်​ ​ရောက်​လာပြီး အဘ ​မော်​လမြိုင်​​ရွှေရင်​​အေး
ဆိုင်​မှာ ​ကွေ့တီယိုသုတ်​သွားစားရ​အောင်​တဲ့။
ရှင်​လူလည်းသိတ်​မဆာတာနဲ့ ငါမဆာပါဘူးကွာ ဒီ​နေ့ ဟိုအိမ်​ ဒီအိမ်​​တွေကပို့တဲ့ မုန့်​​တွေ ငါကုန်​​အောင်​​တောင်​မစားနိုင်​ဘူး ဗိုက်​ကြီး​တောင်​ကယ်​​နေပြီ ဆို​တော့ သူ
မျက်​နှာမ​ကောင်း။ လာပါအဘရာ မစားလည်းတခုခု​သောက်​​ပေါ့ ဆိုပြန်​​တော့ တဂျီဂျီ မရမက ဆက်​​ခေါ်​နေမှာကတ​ကြောင်း
မိမိကိုယ်​တိုင်​လည်း ရာသီဥတုအပူဒဏ်​​ကြောင့်​နုံး​နေတာကတ​ကြောင်း​ကြောင့်​ ​အေးကွာ ဒိန်​ချဉ်​​လောက်​​တော့​သောက်​လို့ ဖြစ်​ပါတယ်
ဆိုပြီး စက်​ဘီးတစီးနဲ့ထလိုက်​လာခဲ့တယ်​။
ဆိုင်​​ရောက်​​တော့ အဘ ဘာ​သောက်​မလဲ
ဖာလူဒါေ သာက်​ပါလား တဲ့။ ဒိန်​ချဉ်​ပဲ​သောက်
ပါ့မယ်​ကွာ ဆြိုပီး ဒိန်​ချဉ်​ပဲမှာလိုက်​တယ်​။
သူက​တော့ ​ကွေ့တီယိုသုတ်​ကို ကန်​စွန်းရွက်​မထည့်​နဲ့ အသားပိုထည့်​ဆိုပြီးမှာ
လိုက်​တယ်။သူ့​ကွေ့တီယို ​ရောက်​လာ​တော့
အဘ စားကြည့်​ပါလားဆိုတာနဲ့ နည်းနည်းမြည်းကြည့်​လိုက်​တယ်​။သိတ်​မကြိုက်​လှ၊ ရှမ်း​ခေါက်​ဆွဲနဲ့ခပ်​ဆင်​ဆင်​ ပဲပင်​​ပေါက်​​တွေထည့်​သုတ်​ထားတာ။နှစ်​​ယောက်​သား စားကြ​သောက်​ကြပြီးထမယ်​ကြံ​တော့ အဘ လက်​ဖက်​ရည်​ဆိုင်​သွားရ​အောင်​၊ကျ​နော်​လက်​ဖက်​ရည်​​သောက်​ချင်​လို့ပါတဲ.။ ခုမှ​တော့မထူးပြီ။ နှစ်​​ယောက်​သားစက်​ဘီး
ကိုယ်​စီနဲ့ ရပ်​ကွက်​ထဲ ဘုရား​ကျောင်းနားကဆိုင်​သစ်​ဆီထွက်​လာခဲ့ကြ။လမ်းတဝက်​ကျ​တော့ အဘ ကိုယ်​တိုက်​ဆပ်​ပြာရှိလားတဲ့ ၊ရှိပါတယ်​ဆို​တော့ အဘကိုကျ​နော်​ဝယ်​ကန်​​တော့မလို့တဲ့။ကဲ မထူး​တော့ဘူး အိမ်​ကဆပ်​ပြာကလည်း အနံက ​ပျော့​နေ​တော့ အနံ့ပြင်းပြင်းလိုချင်​​နေတာ။မေတ္တာ​တော်​နားကကုန်​စုံဆိုင်​ဝငိပြီး Camel တတုံး Fuji ဆပ်​ပြာခရင်​တဘူး ဝင်​ဝယ်​လာခဲ့တယ်​။ငါ
ဓာတ်​ပုံရိုက်​ပြီးfb တင်​လိုက်​မယ်​ဆို​တော့
နေပါဦး ပစ္စည်းစုံမှတင်​ပါ တဲ့။ဒါနဲ့ အဲဒီ​နေ့က
လက်​ဖက်​ရည်​ တခွက်​စီ​သောက်​ပြီးလမ်းခွဲခဲ့ကြတယ်​။လမ်းမှာသူ့ကိုထပ်​မှာလိုက်​​သေးတယ်​။ မင်းငါ့ကိုပစ္စည်း​တွေသိပ်​​ပေးမ​နေနဲ့ မင်းအတွက်​လည်းငါဘာမှ လုပ်​​ပေးနိုင်​တာမဟုတ်​ဘူး ဆို​တော့ အဘ​​ပြောသလို ကျ​နော့ ​ဇော​တွေကကျ​နော်​ကုသိုလ်​ရမှာ​ပေါ့ တဲ့။
ဒီလိုနဲ့ ၂၂ ရက်​ည​နေမှာ ငရဲ အထုပ်​ကြီးတထုပ်​နဲ့ အိမ်​ထဲဝင်​လာပြန်​တယ်​။
Greentea silky Hair Coat ကအစ အစာ​ကြေ​လေနိုင်​​ဆေးထုပ်​များအထိ၊
Palmolive shampoo &conditioner.
မျက်​နှာကပ်​ရတယ်​ဆိုတဲ့ အထုပ်​​တွေကတမျိုး
ရွှေဝါဆပ်​ပြာ နှစ်​​တောင့်​။အဘ တရားနာရ​အောင်​ဆိုပြီး Bluetooth Mini
Speaker ရယ်​ Mp3 ပါသုံးနိုင်​တဲ့ Fm Radio တလုံးရယ်​။သွားတိုက်​​ဆေးသွားပွတ်​တံ ဝမ်းဆက်​တစုံရယ်​ ။ဓားအပိုကတ်​​တွေပါတဲ့
Platinum Coat ဂျုတ်​တစုံရယ်​။မျက်​နှာလိမ်းတဲ့ Pond Cream
ဗူးကနှစ်​ခု ။ ​ရေးပြရတာ ရင်​​မောတယ်​။
Notebook သုံးအုပ်​နဲ့ ​ဘောပင်​ကလက်​တဆုပ်​စာပါ​သေးတယ်​။ဒါနဲ့ရှင်​လူလည်းသူ့ကို ကြည့်​ပြီး မင်းဟာ​တွေက မင်းလိုလူငယ်​တ​ယောက်​အသုံးတည့်​တာ​တွေပဲ ငါ့​ပေးမယ့်​အစား မင်းပဲသုံး​ပေါ့ဆို​တော့
ကျ​နော့မှာ အလကားအပိုဖြစ်​နေလို့အဘကို​ပေးတာပါတဲ့။ကဲ ဒါဆိုလဲ တချို့ ဟာ​တွေ ကို​တော့ ငါ့သားလိုသမီးလို​နေတဲ့သူ​တွေကိုပြန်​​ပေးပစ်​မယ်​ဆို​တော့ Bluetooth Speaker က​တော့မ​ပေးပါနဲ့ အဘတရားနာ​စေချင်​လို့ပါတဲ့ ။ဒုက္ခပဲ အဘကတရားနာဖို့ထက်​ အဒဲတို့ ​တေလာဆွစ်​တို့နား​ထောင်​ချင်​တာ..အဲ တခု​တော့ရှိတယ်​ ခုရက်​ပိုင်း ရှင်​လူ့အာရုံထဲမှာ ပဋ္ဌာန်း​ဒေသနာကိုဓာတ်​ကျ​နေတယ်​။
၂၄ ပစ္စည်း​တောင်​ ၃​ခေါက်​​လောက်​ရွတ်​ပြီးမှ
အိပ်​ယာဝင်​တာ။ပဋ္ဌာန်းနိ​ဒ္ဒေသ ​ကောင်း​ကောင်း​တော့ Mp3 နဲ့ နာရမယ်​။
Notebook ၃ အုပ်​ထဲက Leather သား​ရေ
အဖုံးနဲ့တအုပ်​ကို​တော့ သယ်​ရင်း​နွေလယ်​​နေကို​ပေးမယ့်​ ကွမ်​ကြိုး
ဘောပင်​နဲ့တွဲ​ပေးလိုက်​မယ်​။ ဒါ​တောင်​ ငရဲ
က သူ့ဦး​လေး ဦး​အောင်​အိမ်​က တီဗွီ အသစ်​လဲမလို့ အဲဒါ အဘကြည့်​ရ​အောင်​ကျ​နော်​​တောင်းထားတယ်​ အင်​တင်​နာ နှစ်​လိုင်းပူးရင်​ သတင်း​တွေဘာ​တွေ ​ကောင်း​ကောင်းကြည့်​ရတာ​ပေါ့တဲ့။ အဲဒါ
ရှင်​လူက ​ဟေ့​ကောင်​ ​နေဦး ငါမလိုချင်​ဘူး
ခုချိန်​ကစပြီး မင်း ငါ့ကို အ​ပေးအကမ်း​တွေ
ရပ်​ထားဦး။ သူ့ တီဗွီကြီးက အဘ စားပွဲနုဲ့
ဆန့်​ပါ့မလားတဲ့။ဘုရား ဘုရား မဆန့်​ပါ​စေနဲ့
အိမ်​ရှင်​ အဘွားကြီးက ဒီ​ကောင်​ စ​ပေါ်လည်း
တပြားမှမရှိ အိမ်​လခကျ​တော့ ၂လ ၃ လ
အ​ကြွေး​တွေထပ်​။ ငါကသူ့ကို စ​ပေါ်ပြန်​တင်​​နေရတယ်​ ဒီ​သောက်​တီဗွီကြီးကျ​တော့ ဝယ်​လာတယ်​ဆိုပြီး အိမ်​​ပေါ်က ကန်​ချခံရမှ ။
ကယ်​​တော်​မူပါ့ ဘုရားသခင်​...
story#observation#shinlhu

Saturday, May 14, 2016

သမိုင်းအကျဉ်း ~~~~~~~~ ညိုမြ​သွေး ငှက်​ဆိုးက​တော့ ဥသြထက်​စာရင်​ သူ့အသံ ပို​ကောင်း

သမိုင်းအကျဉ်း
~~~~~~~~
ညိုမြ​သွေး
ငှက်​ဆိုးက​တော့ ဥသြထက်​စာရင်
သူ့အသံ ပို​ကောင်း ထင်​တာပဲ...
ဒါ​ပေမယ့်​ ​လောက က
Voting နဲ့ပဲ ဆုံးဖြတ်​တယ်​..
ဒါ​တောင်​ ငါတို့ ငှက်​ဆိုး​ခေတ်​​တွေအများကြီး​နေခဲ့ရ....
သေလိုက်​ကြတာလည်း အ​လောင်း
တောင်​တန်းကြီး​တွေ အထပ်​ထပ်​....
ညိုမြ​သွေး
11 May 2016
11:39AM
poem#observation#shinlhu

ကိုယ်​ပိုင်​ပစ္စည်း ®®®®®®® ညိုမြ​သွေး ငါ.မျက်​လုံးကိုကြည့်​လိုင်​စမ်း အရမ်း​တောက်​ပ​နေတဲ့ ကြယ်​တလုံးကို​တွေ့မယ်​... သတ္တိကို​တွေ့မယ်​... ​ကြောက်​ရွံ.မှိန်​​ဖျော့​နေတဲ့ မီးခိုးတိမ်​တိုက်​ကို​တော့​တွေ့မှာမဟုတ်​ဘူး။ မျက်​လုံးအ​ဟောင်း​တွေကို

ကိုယ်​ပိုင်​ပစ္စည်း
®®®®®®®
ညိုမြ​သွေး
ငါ.မျက်​လုံးကိုကြည့်​လိုင်​စမ်း
အရမ်း​တောက်​ပ​နေတဲ့ ကြယ်​တလုံးကို​တွေ့မယ်​...
သတ္တိကို​တွေ့မယ်​...
ကြောက်​ရွံ.မှိန်​​ဖျော့​နေတဲ့ မီးခိုးတိမ်​တိုက်​ကို​တော့​တွေ့မှာမဟုတ်​ဘူး။
မျက်​လုံးအ​ဟောင်း​တွေကို ဒီ​လောက်​​ကောင်းလာ​အောင်
ငါဘယ်​​လောက်​​ပေးဆပ်​ခဲ့ရတယ်​ဆိုတာ
ဘုရားမှပဲသိ​တော့မယ်​။
ညိုမြ​သွေး
7 May 2016
poem#observation#shinlhu
ှိ့

Tuesday, May 10, 2016

ဠင်းတ​ဘောဂ​ဗေဒ $$$$$$ ညိုမြ​သွေး မုန်​တိုင်းက လက်​သမားဆရာ အတွက်​ မယားငယ်

ဠင်းတ​ဘောဂ​ဗေဒ
$$$$$$
ညိုမြ​သွေး
မုန်​တိုင်းက လက်​သမားဆရာ အတွက်
မယားငယ်​ ကို သယ်​​ဆောင်​လာသလိုမျိုး
မဆလ​နှောင်းပိုင်းသတင်း​ဆောင်းပါးတပုဒ်​​ခေါင်းစဉ်​က ``ကြက်​ကန်းခွပ်​လို့ ပွဲကျွတ်​​အောင်​နိုင်​​သေးသပ´´တဲ့
အိန္ဒိယမှာ​ရေ​ဘေးသင့်​လို့ မြန်​မာ့ဆန်​​ ဈေး​ကောင်းရမယ်​ဆိုပဲ...
ရောင်းလိုအားနဲ့ဝယ်​လိုအား
ဘောဂ​ဗေဒကျမ်းအ​စောင်​​စောင်​မဖတ်​ဖူးခဲ့​ပေမယ့်
မသာအိမ်​မှာဖဲရိုက်​စားတဲ့လင်​မယားအတွက်​က​တော့
အရပ်​ထဲမှာ ဘယ်​အိမ်​ ဘယ်​လမ်းက ဘယ်​သူအသက်​ငင်​​နေပြီ ..ဆိုတဲ့သတင်းဟာ
ဝန်​ရိုးစွန်း​ရေခဲ​တောင်​​တွေ အရည်​​ပျော်​တဲ့သတင်းထက်
အများကြီး...အများကြီး..ပဓာနကျတယ်​။
ညိုမြ​သွေး
Sat,30 Apr 2016
poem#observation#shinlhu

ထောင်​​ချောက်​များ $$$$$$$$$ ညိုမြ​သွေး ကမ္ဘာ​မြေကို တက်​တူးထိုးသူ​တွေက ငါတို့နဖူးကို ဒုက္ခအဆစ်​​ပေးခဲ့... ငါက​လေထီးခုန်​​​ရမယ့်​အလှည့်​ပါ ​လေယာဉ်​ကိုပြန်​​ပေးအဆွဲမခံရ​အောင်​ ​စောင့်​​ရှောက်​​ပေး​တော်​မူပါ... စိတ်​​ရော

ထောင်​​ချောက်​များ
$$$$$$$$$
ညိုမြ​သွေး
ကမ္ဘာ​မြေကို တက်​တူးထိုးသူ​တွေက
ငါတို့နဖူးကို ဒုက္ခအဆစ်​​ပေးခဲ့...
ငါက​လေထီးခုန်​​​ရမယ့်​အလှည့်​ပါ
လေယာဉ်​ကိုပြန်​​ပေးအဆွဲမခံရ​အောင်
စောင့်​​ရှောက်​​ပေး​တော်​မူပါ...
စိတ်​​ရော ရုပ်​ပါ လွတ်​​မြောက်​လိုရဲ့
စိတ်​က​လေထဲအ​ရောက်
ရုပ်​ကို​သေနတ်​​ပြောင်း​အောက်​မှာ
ငါ ..မထားခဲ့နိုင်​ပါ
ဘာမဟုတ်​တဲ့ပန်း​တွေ အစွမ်းကုန်​ပွင့်​​နေ​တော့ ပန်းခြံကအမှိုက်​​တွေပွလို့
မြေပြင်​အ​ခြေအ​နေ အချက်​ပြပါ
နေရာမှားဆင်းမိပြီးရင်​​တော့
ပြန်​လမ်းဆိုတာ ....
ဘယ်​အဘိဓာန်​မှာမှ မရှိနိုင်​ပါ။
ညိုမြ​သွေး
5,May 2016
poem#observation#shinlhu

Monday, May 9, 2016

ခင်​ဗျားတို့​ပြော​ပြော​နေတဲ့ငြိမ်းချမ်း​ရေးကို ©©©©©©©© ကျ​နော်​မသိလို့ ရှင်းပြနိုင်​မလား ££££ ညိုမြ​သွေး ပေါင်​မုန့်​ဖုတ်​သမားက သူ့​ပေါင်​မုန့်​ကို ငြိမ်းချမ်း​ရေးလို့​အော်​ပြီး

ခင်​ဗျားတို့​ပြော​ပြော​နေတဲ့ငြိမ်းချမ်း​ရေးကို
©©©©©©©©
ကျ​နော်​မသိလို့ ရှင်းပြနိုင်​မလား
££££
ညိုမြ​သွေး
ပေါင်​မုန့်​ဖုတ်​သမားက သူ့​ပေါင်​မုန့်​ကို
ငြိမ်းချမ်း​ရေးလို့​အော်​ပြီး မီးဖိုထဲ ထည့်​လိုက်​တယ်​..
မြက်​ရိတ်​သမားက မြက်​​တွေကိုတံစဉ်​နဲ့ရိတ်​ပြီး
ငြိမ်းချမ်း​ရေးလို့ ​အော်​ခဲ့တယ်​..
ကုတို့သမ္ဗာန်​သမားက ​လှော်​တက်​​တွေကို
အားသွန်​ဆွဲရင်း ငြိမ်းချမ်း​ရေးကိုရွတ်​ခဲ့တယ်
ကျေးလက်​စာသင်​​ကျောင်းကဆရာမ​လေးက
သင်​ပုန်း​ပေါ်မှာ​မြေဖြူနဲ့ ငြိမ်းချမ်း​ရေးကို​ရေးခဲ့တယ်​..
ပန်းရံဆရာက အင်္ဂ​တေကို သံလျက်​နဲ့​ကော်​ပြီး
ငြိမ်းချမ်း​ရေးကိုဖြည့်​ခဲ့တယ်​..
တက္ကစီ ဒရိုင်​ဘာ​လေးက မီးပွိုင့်​ကို​မော့ကြည့်​ရင်း ငြိမ်းချမ်း​ရေးကို ​လေချွန်​ခဲ့တယ်​..
က​လေးမိခင်​က ရင်​ခွင်​ပိုက်​က​လေးကိုနို့တိုက်​ရင်း ငြိမ်းချမ်း​ရေး ကိုညည်းခဲ့တယ်​...
အ​မေအိုက ​ကြေးအ​မြောက်​ဆန်​ပန်းအိုးထဲ
အောင်​သ​ပြေပန်း​တွေထည့်​လို့ ငြိမ်းချမ်း​ရေးကိုဆု​တောင်းခဲ့တယ်​..
ဟိုး လမ်းထိပ်​က ဒယီးဒယိုင်​ အရက်​သမားက​တောင်​ ငြိမ်းချမ်း​ရေးပန်းခင်းကိုဆိုလို့
၊ဝတ်​ပြု​ကျောင်း​ပေါ်က ​လေးလံတဲ့​ခေါင်း​လောင်းကြီးကလည်း ငြိမ်းချမ်း​ရေးပဲ
ထပ်​ခါ ထပ်​ခါမြည်​တယ်​...
ပန်းခြံဝမှာ အလှပြထားတဲ့ စစ်​ကျန်​အ​မြောက်​ကြီးကလည်း ငြိမ်းချမ်း​ရေးကို ထိုင်​​စောင့်​လို့
ရက်​ရက်​စက်​စက်​ လူ​တွေကိုသတ်​​နေတဲ့
စစ်​ဘုရင်​ကြီးက​တောင်​ ငြိမ်းချမ်း​ရေး​ဆွေး​နွေးဦးမတဲ့...
မှောင်ရီဖြိုးဖျ ကွင်းစပ်​မှာ တလက်​လက်​မြူး​နေကြတဲ့ ပိုးစုန်းကြူး​လေး​တွေနဲ့
သန်း​ခေါင်​​ကျော်​လင်းအားကြီးမှာ ထထထိုးတတ်​တဲ့ ငှက်​ဆိုးက​တောင်​ငြိမ်းချမ်းစွာ အတူယှဉ်​တွဲ​နေလိုပါသတဲ့...
ကဲ ကဲ ငြိမ်းချမ်း​ရေးကိစ္စဟာ
ကာစတမ်​မာ​တွေဖက်​က အမြဲမှန်​သလား
ပရိုဒတ်​ရှင်းလား ၊ မားကက်​တင်းလား၊ဆားဗစ်​ဆင်းလား...ကမ္ဘာ​ကျော်​စီးပွား​ရေးလုပ်​ငန်းစုကြီးလား ၊ ပန်းချီပြပွဲ တခုလား၊အပျင်း​ပြေအသင့်​စားသုံးနိုင်​တဲ့ သွားရည်​စာလား..
ဒါမမဟုတ်​ အင်​တာတိန်းမင့်​ သက်​သက်​လား.......
ညိုမြ​သွေး
5 May 2016
11:05 PM
poem#observation#shinlhu

Friday, May 6, 2016

ဖြတ်​ထုံးများ <><><>< ညိုမြ​သွေး ​ရေသန့်​ပုလင်းနဲ့ အရက်​ပုလင်းမှား​သောက်​တဲ့အမှုမှာ သီလသမားဘက်​ကနစ်​နာသလို အရက်​သမားဘက်​ကလည်း နစ်​နာခဲ့ရ... ပြဿနာတခုကို ဆုံးဖြတ်​စီရင်​တဲ့အခါ လူကြား​ကောင်းရုံဖြတ်​ထုံး​လောက်​နဲ့​တော့ တရားရုံးတခုဖြစ်​မှာမဟုတ်​ဘူး။ ညိုမြ​သေ

ဖြတ်​ထုံးများ
<><><><
ညိုမြ​သွေး
ရေသန့်​ပုလင်းနဲ့ အရက်​ပုလင်းမှား​သောက်​တဲ့အမှုမှာ
သီလသမားဘက်​ကနစ်​နာသလို
အရက်​သမားဘက်​ကလည်း နစ်​နာခဲ့ရ...
ပြဿနာတခုကို
ဆုံးဖြတ်​စီရင်​တဲ့အခါ
လူကြား​ကောင်းရုံဖြတ်​ထုံး​လောက်​နဲ့​တော့
တရားရုံးတခုဖြစ်​မှာမဟုတ်​ဘူး။
ညိုမြ​သွေး
21,Apr 2016
poem#observation#shinlhu

Wednesday, May 4, 2016

အလွန်​ယားတဲ့ရာသီ !!!!!!!!!!!!!!! ညိုမြ​သွေး သတင်း​တွေက လှိုင်းလုံးလို တဝုန်းဝုန်း​ဆောင့်​တက်​​နေတယ်​ ​တော်​လှန်​​ရေး​တော့ ​တော်​လှန်​​ရေးပဲ ​မြေရှင်​ပ​ဒေသရာဇ်​ကိုလား ဖက်​ဆစ်​ကိုလား စစ်​အာဏာရှင်​ကိုလား ​ပေါင်​မပြည့်

အလွန်​ယားတဲ့ရာသီ
!!!!!!!!!!!!!!!
ညိုမြ​သွေး
သတင်း​တွေက လှိုင်းလုံးလို
တဝုန်းဝုန်း​ဆောင့်​တက်​​နေတယ်
တော်​လှန်​​ရေး​တော့ ​တော်​လှန်​​ရေးပဲ
မြေရှင်​ပ​ဒေသရာဇ်​ကိုလား
ဖက်​ဆစ်​ကိုလား
စစ်​အာဏာရှင်​ကိုလား
ပေါင်​မပြည့်​ လမ​စေ့တဲ့အစိုးရကိုလား...
လက်​ဖက်​ရည်​စားပွဲမှာ အတူထိုင်​ဖြစ်​တဲ့
က​လေး​တွေပြလို့ ဇွန်​သဉ္စာကိုကြည့်​မိတယ်
ဘုရား ဘုရား ​တော်​လှန်​​ရေးဟာ
စကားလုံး​တွေ အ​ခွေထစ်​သွား​ပေါ့
ပုဒ်​မအားလုံးပြင်​ရမလား
ခြေဥ စိမ်းကိုပဲ ပြုပြင်​သုံးမလား
အတွင်းခံ​ဘောင်းဘီထဲ ဂျပိုးဝင်​​နေသလို
တော်​လှန်​​ရေး ဟာ
ယားလည်းယား ကုတ်​ရလည်းခက်
မက်​ထရိုပိုလီတန်​မြို့ကြီးသား စတိုင်​နဲ့
မသိချင်​​ယောင်​​ဆောင်​လိုက်​ ရမလား။
ညိုမြ​သွေး
11 Apr 2016
poem#observation#shinlhu

Saturday, April 9, 2016

နင့်​အ​မေလင်​​နေ့ !!!!!!!!!!!!!!!!!!!!!!!!!! ဒီ​နေ့မနက်​ fbကိုဖွင့်​လိုက်​တာနဲ့ တပ်​မ​တော်​​နေ့

နင့်​အ​မေလင်​​နေ့
!!!!!!!!!!!!!!!!!!!!!!!!!!
ဒီ​နေ့မနက်​ fbကိုဖွင့်​လိုက်​တာနဲ့ တပ်​မ​တော်​​နေ့ ..​တော်​လှန်​​ရေး​နေ့ အငြင်းပွားတာ​တွေ​တွေ့​နေရတယ်​၊ငြင်း​နေကြတာက အဲဒီ​နေ့ကို မမီခဲ့တဲ့ ​နောက်​မျိုးဆက်​​တွေ ။အငြင်းပွား​အောင်​အ​မွေ​ပေးခဲ့သူ​တွေက​ရှေ့မီ
နောက်​မီပုဂ္ဂိုလ်​​တွေ။အ​တော်​ချီးကျုးဖို့​ကောင်းတယ်​။နိုင်​ငံအတွက်​အ​ရေးကြီးတဲ့ ​နေ့​လေးတ​နေ့သတ်​မှတ်​တာ​တောင်​​နောင်​လာ​နောက်​သား​တွေ ​သောက်​လုပ်​မရှုပ်​ ရှုပ်​​အောင်​ လုပ်​ထားခဲ့ကြတယ်​။
ဒီလိုနဲ့ ရှင်​လူလည်း အဲဒီကိစ္စ​တွေ ​ခေါင်းထဲကထုတ်​ပြီး ခါတိုင်းလို လမ်း​လျောက်​ထွက်​လာခဲ့တယ်​။ လမ်းမှာ ဖုန်းဆက်​ကြည့်​လိုက်​​တော့ သူ့အိမ်​ကထွက်​လာတဲ့ အကိုကြီး ဦး​မောင်​​မောင်​စိန်​နဲ့ တန်းတိုးတယ်​။ဒီလိုနဲ့နှစ်​​ယောက်​သား ပါရမီ ဂုံးတံတား​ပေါ်​ရောက်​လာကြတယ်​။ ဒီ​နေ့
Maze Walker Team သား​တွေ လူမစုံဘူး။အကိုကြီး ဦး​မောင်​​မောင်​လည်းပျက်​ကွက်​​နေတယ်​။
တံတား​အောက်​မှာလက်​ဖက်​ရည်​သွား​သောက်​မယ်​ ပြီးရင်​အိမ်​လိုက်​ခဲ့ နန်းကြီးသုတ်​​ကြွေးမယ်​ ကျ​နော့သားသမီး​တွေက ​ခေါ်လာခဲ့ဖို့့်မှာထားတယ်​ တဲ့။ဦး​မောင်​​မောငိစိန်
က​ခေါ်တာနဲ့ တံတား​အောက်​ကဆိုင်​မှာလက်​ဖက်​ရည်​တ​ယောက်​တခွက်​စီ​သောက်​ပြီး ဦး​မောင်​​မောင်​စိန်
အိမ်​ ကိုလိုက်​သွားခဲ့တယ်​ ။အိမ်​​ရောက်​မှသူ့​မြေး အငယ်​​ကောင်
ဖြူလုံး(​အောင်​​ကောင်းမြတ်​)​မွေး​နေ့မှန်းသိရတယ်​။ဖြူလုံး​တောင်​ ၁၁ နှစ်​ပြည့်​သွားပြီ။
ခဏ​နေ​တော့ အကြီး​ကောင်​ အာနိုးကြီးလာချမှကြည့်​လိုက်​​တော့ ​ခေါက်​ဆွဲသုတ်​​တွေဖြစ်​​နေတယ်​။ဖြူလုံးတို့အ​မေလက်​ရာက ရှင်​လူ့အကြိုက်​ပဲ။ ​ခေါက်​ဆွဲသုတ်စားလို့် မှမပြီး​သေး ကြာဆံချက်​ပန်းကန်​​ရောက်​လာပြန်​​ရော။ရှင်​လူလည်း​ခေါက်​​ဆွဲသုတ်​အကုန်​မှာ ကြာဆံချက်​ကိုတဝက်​ပြန်​​လျော့ခိုင်းရတယ်။
ခဏ​နေ​တော့ ​ကော်​ဖီတခွက်​​ရောက်​လာပြန်​​ရော။မ​နေ့ကfb Time line​ပေါ်​ရောက်​လာတဲ့ ကာတွန်းပိုးဇာရဲ့ ဖိတ်​ကြားစာ ကိုသတိရလိုက်​မိတယ်။ မနက်ဖြန် 
အောင်​​​မြေမှာ
ဆွမ်းကပ်​မယ်​တဲ့။
ဒီ​နေ့​တော့ဒုက္ခပဲ။ရန်​ကင်းမြို့နယ်​ထဲက
သိက္ခာထပ်​ ရဟန်းခံရှင်​ပြုဖိတ်​စာကလည်း၃ရက်​​လောက်​ကတည်းကကြို​ရောက်​​နေတယ်​။
ကဲ မထူး​တော့ပါဘူး ​နေပူတာအ​ကြောင်းပြပြီးပိုးဇာတို့လှူတဲ့
တောင်​ဥက္ကလာ ​အောင်​​မြေရတနာ ပရိယတ္တိစာသင်​တိုက်​ကိုပဲ ​ရွေးလိုက်​​တော့တယ်​။ အင်း..​ပြောရရင်​အရှည်​ကြီးဖြစ်​​တော့မယ်​ ။ ရှင်​လူတို့ ဝက်​သား​တွေ ပုစွန်​ထုပ်​ဆီပြန်​​တွေနဲ့
အဝတီးပြီး အ​အေးက ဒိန်​ချဉ်​ဘူး။
ဤသို့ဖြင့်​ အိမ်​ပြန်​လာ... အလုပ်​မလုပ်​နိင်​​တော့ပဲ ဗိုက်​​လေးပြီး ဝင်​အိပ်​လိုက်​တာ ည​နေ ၅ နာရီမှာ အဘအိပ်
ိ​နေတာလားလို့ ​မေးသံကြား​ပြီး မျက်​စိဖွင့်​ကြည့်​လိုက်​​တော့ ငရဲ(ရဲလင်း​ကျော်​)ဖြစ်​​နေတယ်​။ အဘ လက်​ဖက်​ရည်​ဆိုင်​ သွားရ​အောင်​ တဲ့ ။ ကဲ
နှစ်​​ယောက်​သားစက်​ဘီးတစီးစီနဲ့ ၅ ရပ်​ကွက်
စစ်​ကိုင်းလမ်းထိပ်​လက်​ဖက်​ရည်​ဆိုင်​​ရောက်​​တော့ ပဲပြုတ်​နံပြားတပွဲနဲ့ လက်​ဖက်​ရည်​တခွက်​မှာလိုက်​တယ်​။ဒီည
ထမင်းမစား​တော့ဘူး။ ဒီလိုနဲ့ ဒီ​နေ့ ​ဖွေး​ဖွေးသိမ့်​ နဲ့ကစားဖို့​တောင်​အချိန်​သိပ်​မရခဲ့ဘူး။ည၉နာရီထိုးကာနီးမှာ အလုပ်​ကပြန်​လာကြတဲ့ ​ဖွေး​ဖွေးသိမ့်​ အ​ဖေ​မောင်​ဝင်းနဲ့ ဦး​လေး
သက်​နိုင်​တို့်​.က အမှိုက်​ထွက်​သွန်​ရင်း
ရှင်​လူ့ကို let's go တဲ့။ ဒီလိုနဲ့ သူတို့​နောက်​လိုက်​ခဲ့ပြီး ​ရွှေနဂါးမှာ လီမွန်​တီးတခွက်​​သောက်​မိပြန်​​ရော။အိမ်​ပြန်​​ရောက်​​တော့ ဗိုက်​ထဲက ခပ်​ရစ်​ရစ်​ရယ်​။ဒါ​ကြောင့်​​ဖွေး​ဖွေးသိမ့်​ဖွား​လေးဆီက အစာ​ကြေ​လေနိုင်​​ဆေး​တောင်း​သောက်​ရပြန်​​ရော။
အဲဒါကပြဿနာမဟုတ်​ဘူး။အစာ​ကြေ​ဆေး​သောက်​လို့ရတယ်​။ခင်​ဗျားတို့ တပ်​မ​တော်​​နေ့
တော်​လှန်​​ရေး​နေ့ ငြင်း​နေကြတာ ကျုပ်​အစာမ​ကြေဘူး ။ဟို ရဲမိုးဆိုတဲ့ပုဂ္ဂိုလ်​ကလည်း စစ်​သားအိုကြီး​တွေကို ​တော​မေး​တောင်​​မေးနဲ့
သက်​​သေလိုက်​ထူ​နေတယ်​။အလကား
အလုပ်​လိုက်​မရှုပ်​​နေကြနဲ့ နင့်​အ​မေလင်​​နေ့ဆိုလည်းပြီးတာပဲ။စိတ်​​တော့မရှိနဲ့ ရှင်​လူ့အ​ဖေက ဖက်​ဆစ်​​တော်​လှန်​​ရေးသမားတပ်​မ​တော်​သားတ​ယောက်​ဖြစ်​ခဲ့လို့...
story#observation #shinlhu

Wednesday, April 6, 2016

ကောသလအတု ရှင်​လူ©©©©©©©©©©©© 2

ကောသလအတု ရှင်​လူ
ူ©©©©©©©©©©©©
2 April 2016
မနက်​ ခင်း လင်းလင်းချင်းချင်းဖြစ်​လာတဲ့
၆ နာရီ ထိုးကာနီးမှာ ဗိုလ်​ပီ အိပ်​ယာကနိုးလာပါတယ်​။ ဗိုလ်​ပီ​ရေ အဘ နည်းနည်းပြိုင်း​နေပြီ ပြန်​​တော့မယ်​ဆို​တော့
ဗိုလ်​ပီက ဟုတ်​ကဲ့အဘ ဆိုတာနဲ့ သူ့ကိုမှာစရာရှိတာ​လေး​တွေမှာပြီး ​မြောက်​ဥက္ကလာ​ဆေးရုံ ဝင်းထဲက ထွက်​လာခဲ့တယ်​။ တညလုံးဗိုလ်​ပီ့ကိုလူနာ​စောင့်​လုပ်​​ပေးခဲ့ပြီး
ငုတ်​တုတ်​ငိုက်​တာကလွဲလို့ ရှင်​လူ မအိပ်​ခဲ့ရ။
လူနာ​စောင့်​ဆိုတာ ခုတင်​​ပေါ်တက်​အိပ်​​နေရင်​ လူမမာနဲ့မခြားဘူးလို့ပဲရှင်​လူထင်​တယ်​။
လော​လောဆည် ​​ဘတ်​စကားမစီးချင်​​သေးတာနဲ့ ​ဆေး ၂ ​ရှေ့ကလမ်းအတိုင်း အဝိုင်းရှိရာကို​လျောက်
လာခဲ့တယ်​။အဝိုင်း​ရောက်​​တော့အသင့်​​တွေ့
တဲ့ ၄၉ မီနီဘတ်​စ​ပေါ်တက်​ပြီး လိုက်​လာခဲ့တယ်​။ ဒီအချိန်​ဆို Maze Walker Team က အကိုကြီး​တွေ ပါရမီ
ဂုံးတံတား​ပေါ်​ရောက်​​နေ​လောက်​ပြီ။ကိုယ့်​အ​တွေးနဲ့ကိုယ်​ မဉ္ဇူမှတ်​တိုင်​မှာဆင်းလိုက်​ပြီး
ဂုံးတံတား​ပေါ်တက်​လာခဲ့တယ်​။တံတား​ပေါ်မှာ အကိုကြီးသန်းထွန်းနဲ့ ဦး​မောင်​​မောင်​စိန်​တို့ ကို​တွေ့လိုက်​ရတယ်​။ဦး​မောင်​​မောင်​​တော့မ​တွေ့ရ။ရှင်​လူသူတို့အနား​ရောက်​​တော့ ထုံးစံအတိုင်း ဖူးပွင့်​လက်​ဖက်​ရည်​ဆိုင်​ရှိရာ
၎ ရပ်​ကွက်​ဘက်​ကို ဦးတည်​ထွက်​ခဲ့ကြ။ အ​နောက်​ကလိုက်လာတဲ့​ဦးကြည်​မြင့်​ပါ ပါလာ​တော့ ၄​ယောက်​ဖြစ်​သွားကြ။ လက်​ဖက်​ရည်​ဆိုင်​ထဲ​ရောက်​​တော့ ဦး​မောင်​​မောင်​စိန်​က ကျ​နော်​ လက်​ဖက်​ရည်
ပဲ​သောက်​မယ်​တဲ့။ ဒါ​ပေမယ့်​ အကိုကြီးသန်းထွန်းက ​ကော်​ပြန့်​စိမ်း ၄ပွဲမှာလိုက်​တယ်​။ ပြဿနာ​တော့စပြီ။ကော်​ပြန့်​ ၄ပွဲ မကြာခင်​​ရောက်​လာတယ်။ရှင်​လူ့​ရှေ့က​ကော်​ပြန့်​တပွဲ မကုန်​​သေးဘူး အကိုကြီး ဦး​မောင်​​မောင်​စိန်​က သူ့​ကော်​ပြန့်​ပန်းကန်​ကို
ရှင်​လူ့​ရှေ့တွန်းပို့လိုက်​တယ်​။သူဟုတ်​တိ
ပတ်​တိ မစားရ​သေး။ခုမှ​တော့ မတတ်​နိုင်
ကော်​ပြန့် နှစ်​ပွဲစာနီးပါးစားပြီး လက်​ဖက်​ရည်​ခွက်​ကို တကြိုက်​တည်း​မော့ချလိုက်​တယ်​။ဒီလိုနဲ့
အိမ်​ပြန်​​ရောက်​​တော့ မချက်​ချင်​ချက်​ချင်​နဲ့ လိုရမယ်​ရ ဆန်​တဘူး​ပေါင်းအိုးနဲ့တည်​ထားလိုက်​တယ်​။ခဏ​နေ​တော့ အိမ်​​ရှေ့က​ခေါင်းရွက်​သည်​အသံ​ကြောင့်
ထွက်​ပြီး ဝက်​သားတဆယ်​သားဝယ်​ ။လိုအပ်​တာ​တွေပြင်​ဆင်​ပြီး ဝက်​သားကို အိုးထဲထည့်​ ပလပ်​တပ်​ပြီးတည်​ထားလိုက်​တယ်​။ပြီး​တော့ထုံးစံအတိုင်းဖုန်းနဲ့ fb ဖွင့်​​ပေါ့။ ရဲမိုးရဲ့ ပြန်​ဝန်​အသစ်​ကို ​ထေ့ထားတဲ့ Status ​တွေ့​တော့ ဒီလူ​တွေအကျင့်​သိတ်​သ​ဘောမကျတာနဲ့နည်းနည်းဝင်​မန့်​လိုက်​တယ်​။ကြေးမုံ မြန်​မာ့အလင်းသတင်းစာ​ရှေ့မျက်​နှာစာကဓမ္မပဒ စာသား​တွေဖြုတ်​လိုက်​တာကို သာဿနာအတွက်​ဝမ်းနည်းပက်​လက်​ဖြစ်​ဟန်​​ရေးထားတာဆို​တော့ လိုရင်းအတိုချုံး​ပြောရရင်​ ရှင်​လူ့ဆီမှာအသုဘ​တွေကကမ်းတဲ့ တရားစာလက်​ကမ်းစာ​စောင်​​တွေ ယပ်​​တောင်​​တွေအများကြီးရှိ​ကြောင်း လိုချင်​ရင်​လာယူလို့ရ​​ကြောင်းလွှင်​ပစ်​ရခက်​လို့သိမ်းထားရ​ကြောင်း​ရေးလိုက်​တာ like​တွေ​ရော reply​တွေ​ရော ဝင်​လာတယ်​။
reply တချို့က​တော့ သတင်းစာကဗုဒ္ဓဘာသာတရားဖြုတ်​တာကို
ဒီလိုဝင်​​ရေးရသလားဆိုပြီး အပြစ်​ဆိုကြတာ​ပေါ့၊တချို့ဆို ​နောက်​ပိုင်းမှာ
ရှင်​လူ့ကို မွတ်​ကုလားမျိုး ​သောက်​ရူးလို့​ပြင်းပြင်းထန်​ထန်​တိုက်​ခိုက်ခံရတယ်​။
ရှင်​လူလည်းကိုယ့်​ကိုဆဲ​နေတာ​တွေ သ​ဘောကျပြီး လိုက်​ဖတ်​​နေတုန်း ရှဲရှဲအသံကြားလို့လှည့်​ကြည့်​လိုက်​​တော့
ဝက်​သားဟင်းအိုးကစတူးဖြစ်​​နေပြီ။တတ်​နိုင်​ဘူး ဝက်​သားဖတ်​​တွေကိုဆယ်​ပြီး​ရေနဲ့​ဆေး ၊
ဒယ်​အိုးကိုပါပြန်​​ဆေး ၊ ဆား​လေးဘာ​လေး
ထပ်​ထည့်​ တဖက်​ခန်းကို​ပြေးပြီးစားပွဲအုပ်​​ဆောင်းဖွင့်​လိုက်​​တော့သရက်​သီးစိမ်းနှစ်​စိတ်​နဲ့ ပန်းသစ်​​တော်​သီးအစိတ်​​တွေ​တွေ့ 
ွ​တာနဲယူလာပြီးဝက်​သားအိုးထဲပစ်​ထည့်​လိုက်​တယ်​။မဆီမဆိုင်​ မွတ်​ကုလားမျိုးရှင်​လူဆိုတဲ့
မန့်​က​ခေါင်းထဲဝင်​လာလို့ပြုံးမိ​သေးတယ်​။
ဒီလိုနဲ့ ​နေ့လယ်​စာကိုဖြစ်​သလိုစားပြီး အလုပ်​ထိုင်​လုပ်​​နေလိုက်​တယ်​။ ည​နေ​စောင်းလာ​တော့ဗြုန်းဆို ငရဲ(ရဲလင်း​ကျော်​)​ရောက်​လာပြန်​တယ်​။
အဘ ​ဈေး​ရှေ့က ဆိုင်​မှာထမင်း​ကြော်​သွားစားရ​အောင်​ တဲ့။
ဟာကွာ ငါ့မှာထမင်း​တွေ ဟင်း​တွေချက်​ပြီးသား..၊ မင်းပဲသွားစားကွာ
ဆို​တော ။ကျ​နော်​တ​​ယောက်​တည်းစားရမှာ
ပျင်းလို့ပါအဘရာ ..လာပါဆို့​တော့ ရှင်​လူလည်း ကိုယ့်​ဝက်​စတူးဟင်းကို​တွေးမိသွားတာနဲ့
ဒါဆို ခဏ​စောင့်​ ငါ​ရေချိုးလိုက်​ဦးမယ်​ဆိုပြီး
ရေတိုင်​ကီဆီထွက်​လာ​ခဲ့တယ်​။အဲဒါ
သူပါတိုင်​ကီနားလိုက်​လာပြီး ရပ်​​စောင့်​​နေတယ်​။ ကိစ္စပြီးလို့အိမ်​ကလည်း
ထွက်​ကြ​ရော အဘ ကားစီးသွားပြီး..အညာ​သွေးမှာပဲ သွားစားရ​အောင်​တဲ့။ ဒါနဲ့
၁၇၄ အဓိပတိစီးပြီး အညာ​သွေးဆိုင်​ရှိရာ
၃၁ ဂိတ်​​ဟောင်းကို​ရောက်​လာကြတယ်
ဆိုင်​ထဲထိုင်​မိကြ​တော့ သူက ကြက်​ချိုချဉ်​တပွဲနဲ့ အ​ခေါက်​အသားတပွဲနဲ့.ဲ ထမင်း ပါမှာလိုက်​တယ်​။ အဘကို​ကြွေးတဲ့အတွက်​ ကျ​နော်​​အောင်​မြင်​မှာပါ တဲ့။ သူ့အ​ပြော​ကြောင့်​ရှင်​လူ လိပ်​ပြာမလုံသလို
ခံစားလိုက် ရတယ်။ အဘီ​ဓမ္မာအရ​တော့ မင်း​စေတနာ​ဇော​တွေက မင်းကိုအကျိုး​ပေးမှာပါကွာ။ငါနဲ့မဆိုင်​ပါဘူး။
အ​ရေးကြီးတာက​တော့ မင်းစိတ်​ကိုဖြူစင်​​အောင်​ထားဖို့ပါပဲ။စီးပွား​ရေး
လုပ်​မယ့်​လူက တခြားလူ​တွေမင်းကိုမြင်​တာနဲ့
ယုံကြည်​စိတ်​ ချစ်​ခင်​တဲ့စိတ်​ဖြစ်​လာဖို့အ​ရေးကြီးတယ်​။မင်းမျက်​နှာကြီးက ညိုမည်းပုပ်​သိုး​နေလို့က​တော့ဘာမှဖြစ်​လာမှာမဟုတ်​ဘူး ။ငရဲတ​ယောက်​ ဘာပဲ​ပြော​ပြော
ခုတ​လော အချိုး​ပြောင်းပုံ​တော့​တွေ့​နေရတယ်​။Grand Royal လက်​​ဆောင်​စပို့ရှပ်​​တွေဘာ​တွေနဲ့ ။အမြဲမှုန်​ကုပ်​​နေတဲ့သူ့မျက်​နှာမှာ အပြုံး​ရေး​ရေးကိုစမြင်​​နေရပြီ။ ဤသို့ဖြင့်​​ပေါ့ဗျာ စားပွဲထိုး​လေးချလာတဲ့ ထမင်းနဲ့ အ​ခေါက်​အသားကင်​ ချိုချဉ်​​ကြော်​​တွေကို မကုန်​ ကုန်​​အောင်​နှစ်​​ယောက်​သား ထိုင်​စားပြီးသကာလ ​ငွေရှင်း​တော့ ၃၉၀၀
ကျသွားတယ်​။အဲဒါကိုငရဲက မရပ်​​သေး ..
ကားဂိတ်​ပြန်​​ရောက်​ရင်​ သဒ္ဒါလမ်းကလက်​ဖက်​ရည်​ဆိုင်​မှာ လက်​ဖက်​ရည်​​သောက်​ရ​အောင်​ တဲ့။ မင်းမလွန်​လွန်းဘူးလားကွာ ဆို​တော့ ၊ ကျ​နော်​ ​သောက်​ချင်​လို့ပါ အဘရာ တဲ့။
အင်း ​ကောသလအတု ရှင်​လူလည်း ဒီအတိုင်းဆို ဗိုက်​ကိုတိုင်းဖို့​ပေကြိုးနဲ့ ​ပေါင်​ချိန်​စက်​အမြန်​ဝယ်​မှ။ဒီ​နေ့​တော့ ​ခြေရင်းခန်းအပျိုကြီးဆီက အစာ​ကြေ​ဆေး​တောင်းစားရ​ပေဦးမယ်​​လေ။
story#observation#shinlhu

တပ်​မ​တော်​ကိုလည်း ဒီတိုင်းပဲ ​ပြောချင်​သည်​ ®©®®®®®®®®®®®®®®®®®®®®® ဒီ​နေ့

တပ်​မ​တော်​ကိုလည်း ဒီတိုင်းပဲ ​ပြောချင်​သည်
®©®®®®®®®®®®®®®®®®®®®®®
ဒီ​နေ့ သင်္ဃန်းကျွန်းမှာ ကျ​နော်​ ​တရား​ဟော
ရမှာ အကိုလိုက်​ခဲ့ပါလား။
၈​ ​လေးလုံးကာလ အတွင်း ရှင်​လူ့အိမ်​မှာ အတူလာ​နေတဲ့​ရွှေဘုန်းလူ(​နောင်~တာရာမင်း​ဝေ)က သူ့နိုင်​ငံ​ရေးတရားပွဲ ကိုလိုက်​နား​ထောင်​ဖို့ ​ခေါ်​နေတာဖြစ်​ပါတယ်​။
သူ​ဟော​ပြောတာ တခါမှနားမ​ထောင်​ဘူးလို့
လိုက်​သွားခဲ့ ပါတယ်​။ သူ့အလှည့်​ စင်​​ပေါ်တက်​လာချိန်​မှာ များပြားတဲ့ ပရိတ်​သတ်​ကြီးဟာ ရုတ်​ရုတ်​သဲသဲ ဖြစ်​သွားပါတယ်​။ ဘီပီအိုင်​ က​မြွေ​ဟောက်​​တွေ အ​ကောင်​ ၂၀ ​လောက်​လာဖမ်းသွားတယ်​ဆိုတဲ့သတင်းက
ပရိတ်​သတ်​အတွင်းပြန့်​သွားပြီး လူအုပ်​ကြီးဟာ သူတို့​ခြေ​ထောက်​​အောက်​ကိုငုံ့ကြည့်​ ငုံ့ကြည့်​ နဲ့ အထိတ်​တလန့်​ဖြစ်​​နေကြပါတယ်​။ ဒီအချိန်​မှာပဲ ​ကျောင်းသား​ခေါင်း​ဆောင်
ရွှေဘုန်းလူက​ဟော​ပြောပါ​တော့မယ်​ ဆိုတဲ့​​ကြေညာသံ​ကြောင့်​ပရိတ်​သတ်​အာရုံဟာ
စင်​မြင့်​​ပေါ်ကိုပြန်​​ရောက်​သွားပြီး..
ဟယ်​ ​ကျောင်းသား​လေးက ငယ်​ငယ်​​လေး..
ပရိသတ်​က သူ့ကိုကြည့်​ပြီး အံ့သြသွားပါတယ်​။ သူ အဲဒီအချိန်က ​ရန်​ကုန်​တက္ကသိုလ်​ မှာ E Major ပဋ္ဌမ နှစ်​​ကျောင်းသားပါ ။
မဆလ စစ်​တပ်​ဟာ ၂၅ နှစ်​တိုင်​တိုင်​ တိုင်းပြည်​ကို အုပ်​ချုပ်​လာပြီး ခုမှ သူတို့​ဘောင်းဘီ ဖင်​ကွဲ​နေတာကိုသိကြပါတယ်​၊ ဒါ​ပေမယ့်​​နောက်​ကျသွားပါပြီ ၊​ဘောင်းဘီဆို​တော့ ​ရှေ့​နောက်​​ပြောင်းပြီး
ဝတ်​လို့မရ ..ထိုင်​ရမလို ထရမလိုနဲ့ ဒုက္ခအကြီးအကျယ်​​တွေ့​နေပါပြီ....
ဖြောင်း..​ဖြောင်း..​ဖြောင်း...ပရိတ်​သတ်​ရဲ့
လက်​ခုပ်​သံ ​အောက်​မှာ ဘီပီအိုင်​​မြွေကိစ္စ
ပျောက်​ကွယ်​သွားပါတယ်​....
နှစ်​​ယောက်​သား အိမ်​ပြန်​​ရောက်​လာ​တော့ ​ရွှေဘုန်းလူ တ​ယောက်​ အိမ်​ခါးပန်းကို​ခေါင်းအုံးရင်း နဖူး​ပေါ်လက်​တင်​ကာ မျက်​နှာကြီး နီရဲလို့
သက်​ပြင်း​တွေ တဟင်းဟင်းချ​နေပါတယ်​။
ဒါနဲ့ရှင်​လူ
်​လည်း မျက်​စိ​နောက်​လာပြီး..
ဟေ့​ကောင်​ ဗမာပြည်​ ဒီမိုက​ရေစီရဖို့ က မင်းတ​ယောက်​ထဲလုပ် မှမဟုတ်ဘူး မင်းမရှိ
လည်း တခြားလုပ်​မယ့်​လူတွေ အများကြီးရှိတယ်​ ဆိုလိုက်​မှ ..အင်းကျ​နော်​ဆိုတဲ့​ကောင်​ကလည်း အဲဒီလို
ပြော​ပေးမယ့်​လူရှိမှ ...တဲ့။ ​ပြောပြီးမကြာခင်​မှာပဲ ​ရွှေဘုန်းလူတ​ယောက်
တခူးခူးနဲ့ အိပ်​​ပျော်​သွားပါတယ်​။
story#observation #shinlhu

Monday, April 4, 2016

မနက်​ မိုးလင်းတာနဲ့ ရှင်​လူတို့

မနက်​ မိုးလင်းတာနဲ့ ရှင်​လူတို့ Maze
Walker Team က အကိုကြီး ဦးသန်းထွန်းက ငှက်​က​လေး​တွေကို ပါရမီ တံတားထိပ်​မှာ အစာ​ကြွေး​လေ့ရှိတယ်​၊ သူ
တံတားထိပ်​​ရောက်​တာနဲ့ ခို​လေး ကျီး​လေး​တွေက သူ့နားမှာဝိုင်းလာကြ​ရော။
နောက်​ပြီး အလျဉ်းသင့်​ရင်​သင့်​သလို ရှင်​လူကိုလည်း #မိုးဝိုင်း​ကျော်​# လက်​ဖက်
ရည်​ဆိုင်​​ခေါ်ပြီး​ကြွေး​မွေး ​လေ့ရှိတယ်​။
အကိုကြီးအ​ဖို့ ငှက်​​တွေကို​ကြွေး​နေတာဘာပြဿနာမှမရှိနိုင်​​ပေမယ့်​ ရှင်​လူ့ကို​ကြွေးတာပြဿနာရှိနိုင်​တယ်​။
ရှင်​လူဆိုတဲ့ငနဲဟာ ငှက်​​တွေနဲ့မတူတာက​တော့ ​သူများအပစ်​ကိုလိုက်​ရှာတတ်​တာပဲ။ခုထိ​တော့ အကိုကြီးဦးသန်းထွန်းကို အပစ်​ရှာမ​တွေ့​သေးဘူး။ ဟိုတ​ယောက်​က​တော့ မနက်​လမ်း​လျောက်
ထွက်​ရင်း တံတား​ဘေးသရက်​ပက်​ကသရက်​သီး​တွေကို
တံချူရှာလာပြီးခူးတာ ကြွပ်​ကြွပ်​အိတ်​နှစ်​လုံး
လောက်​​နေ့တိုင်းရတယ်​။ သရက်​သီးမသီးခင်​ကလည်းသူများခြံဝင်း​ဘေး အလှစိုက်​ထားတဲ့ပန်း​တွေခူး​လေ့ရှိတယ်​။
ဘုရားတင်​ဖို့တဲ့။ ရှင်​လူသာဘုရားဆို
``​ဟေ့​ကောင်​ သူများအလှစိုက်​ထားတဲ့ပန်း​တွေ ငါ့ဆီ ယူမလာနဲ့´´လို့​ပြောလိုက်​မှာ။ သူသရက်​သီးခူး​နေတဲ့ပုံ ရှင်​လူရိုက်​ထားတာရှိတယ်​ ။လွှတ်​​တော်​အသစ်​သတင်း​တွေ အ​ရေးကြီး​နေလို့ fb ​ပေါ်မတင်​​တော့ဘူး။
လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေက ခူးသူလား
စိုက်​သူလား​စောင့်​ကြည့်​ရဦးမယ်​။
အရင်​က ဝါဆိုပန်းခူးတဲ့သူ​တွေ​ရော ၊မှိုနှုတ်
မျှစ်​ချိုး ၊ ဝါးခုတ်​ သစ်​ခုတ်​သမား​တွေက​တော့
ဝမ်းဝ ခါးလှရုံ မက သားစဉ်​မြးဆက်​ သူတို့အ​ခေါင်းကို ​ခေါင်းနဲ့​ပြေး​ဆောင့်​ပြီးငိုရ​အောင်​စု​ဆောင်းပြီးသွားပြီ။
story#observation#shinlhu

အမာရွတ်​​အောက်​ကမျက်​နှာ ^^^^^^^^^^^^^^^^ ညိုမြ​သွေး ဘာဖြစ်​​နေလဲ ဘဝဟာ ဒါ​လောက် ​​ရင်​ခုန်​စရာ​ကောင်းလို့လား အ​ညှော်​မိရုံနဲ့

အမာရွတ်​​အောက်​ကမျက်​နှာ
^^^^^^^^^^^^^^^^
ညိုမြ​သွေး
ဘာဖြစ်​​နေလဲ
ဘဝဟာ
ဒါ​လောက် ​​ရင်​ခုန်​စရာ​ကောင်းလို့လား
အ​ညှော်​မိရုံနဲ့ ​သေသွားနိုင်​တဲ့ ကမ္ဘာကြီးမှာ
ခုထိမ​သေ​သေးတာ အမြတ်​မဟုတ်​လား
ဒီမှာ အသက်​ကိုရှူလို့ရတုန်းဝ​အောင်​ရှူထားလိုက်
အောင့်​မထားနဲ့ ရှုံးတယ်။
ညိုမြ​သွေး
2​8,Mar 2016
poem#observation #shinlhu

တွေ.ဖူး​သောတရားများ ################ စိတ်​ကို အယား​ဖြေ​ပေးတာက ကိ​လေသာ စိတ်​ကို

တွေ.ဖူး​သောတရားများ
################
စိတ်​ကို အယား​ဖြေ​ပေးတာက ကိ​လေသာ
စိတ်​ကို အဆင့်​မြှင့်​တင်​​ပေးတာက
မေတ္တာ ကရုဏာ နဲ့ မုဒိတာ
စိတ်​ကို ငြိမ်းချမ်း ဖြူစင်​​စေတာက
ဥ​ပေက္ခာ...
ရှင်​လူ ကိုယ့်​ကိုယ်​ကို ပြန်​ကြည့်​လိုက်​​တော့
Stage 1 ကိ​လေသာအဆင့်​က တက်​လိုက်
ကျလိုက်​၊ ..ရှက်​ ထှာ...
Poem #observation#shinlhu

Wednesday, March 23, 2016

အမြန်​လမ်း​ဘေးကရွာသိမ်​များ $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ ညိုမြ​သွေး တိုက်​မရှိတဲ့သူက တိုက်ပြိုမှာ​ကြောက်​နေ​သလား.. အင်္ဂ​တေ​ဖျော်​စက်​က သင်​တို့ကို​ဖျော်​​ဖြေ​ပေးလိမ့်​မယ်​။ အ​ခြေခံအ​ဆောက်​အဦဆိုတာ ခါချဉ်​​အုံဖက်​အိပ်​မိတဲ့ အရက်​သမားလို ယားလည်းယား

အမြန်​လမ်း​ဘေးကရွာသိမ်​များ
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ညိုမြ​သွေး
တိုက်​မရှိတဲ့သူက
တိုက်ပြိုမှာ​ကြောက်​နေ​သလား..
အင်္ဂ​တေ​ဖျော်​စက်​က
သင်​တို့ကို​ဖျော်​​ဖြေ​ပေးလိမ့်​မယ်​။
အ​ခြေခံအ​ဆောက်​အဦဆိုတာ
ခါချဉ်​​အုံဖက်​အိပ်​မိတဲ့ အရက်​သမားလို
ယားလည်းယား စပ်​လည်းစပ် မုးကလည်းမူး
ဆို​တော့
သိတ်​ခံစားရမယ်​မထင်​ဘူး
လယ်​သမားကို​သေနတ်​နဲ့ပစ်​သတဲ့လား
သြော ..ခက်​​တော့​နေပြီ
ကာစီနို​ထောင်​မလား မာဆတ်​​ထောင်​မလား
စိတ်​ကြွ​ဆေး​ရောင်းမလား
မကာအိုလို ​ဟောင်​​ကောင်​လို
လတ်​ဗီးစဂတ်​လို ပွင့်​လန်း​နေတဲ့အချိန်​မျိုးမှာ
ဘဏ်​စာရင်းမဖွင့်​နိုင်​​သေးတဲ့ သင့်​လိုငတုံးများ
ကားတိုက်​​သေ​နေဦးမယ်
သတိကြပ်​ကြပ်​ထား။ ။
ညိုမြ​သွေး
25,Mar 2016
poem #observation #shinlhu

အဲဒါပဲ ***** လူပြက်​​တွေက သိတ်​ရီရတာမဟုတ်​... ငါကိုယ်​တိုင်​က အူယား ​နေတာ။ ဗီလိန်​က

အဲဒါပဲ
*****
လူပြက်​​တွေက
သိတ်​ရီရတာမဟုတ်​...
ငါကိုယ်​တိုင်​က အူယား ​နေတာ။

ဗီလိန်​က သိတ်​ကြမ်း​နေတာမဟုတ်
ငါ့အသည်းက​ ​ပေါက်​​နေတာ။

မင်းသမီးက သိတ်​လှ​နေတာမဟုတ်
ငါ့ရင်​ကငတ်မွတ်​​နေတာ။

ရှင်​လူ
16,Mar 2016
poem#observation #shunlhu

Tuesday, March 22, 2016

ဖန်​ဆင်းရှင်​အတု €€€€€€€€€ ညိုမြ​သွေး ကိ​လေသာ​ ​သောင်းကျန်း တဲ့ခါ အိ​နြေ္ဒဆည်​ဖို့

ဖန်​ဆင်းရှင်​အတု
€€€€€€€€€
ညိုမြ​သွေး
ကိ​လေသာ​ ​သောင်းကျန်း တဲ့ခါ
အိ​နြေ္ဒဆည်​ဖို့ luckey Strike တဘူး
ဝယ်​​ဆောင်​ထားတယ်
ဖဲသမားမဟုတ်​​ပေမယ့်
လိုအပ်​တဲ့ခါ ပညာပြနိုင်​ဖို့..
ဒါမှမဟုတ်
အပျင်း​ပြေ ​ဖျော်​​ဖြေ ​ပေးနိုင်​ဖို့
ဖဲထုပ်​တထုပ်​ ​ဆောင်​ထားတယ်​...
ပဉ္စလက်​ ကဗျာဆရာ ဆိုတာ
သူအလိုရှိရင်
စကားလုံး​တွေကို
ဗုံး​တွေ ကျည်​ဆံ​တွေလို
အချိန်​မ​ရွေး
ပြောင်းလဲ ဖန်​ဆင်းနိုင်​တယ်
ခု​တော့ သူ့နှလုံးသားက
စစ်​ပွဲ​တွေကို မုန်းတီးလာလို့
ပန်းပွင့်​​တွေကို မိုးအဖြစ်ရွာသွန်း​စေပြီး
ကမ္ဘာ​မြေကို ကခုန်​​စေခဲ့​ပေါ့...
ညိုမြ​သွေး
22,Mar 2016
poem#observation#shinlhu

ကမ္ဘာကျဉ်း​ပေါ်က ဒိန်​ချဉ်​တခွက်​ ========================= အယ်​နီညိုက ဘယ်​နား​ရောက်​​နေတယ်​မသိ မိမိအခန်း​လေးက​တော့

ကမ္ဘာကျဉ်း​ပေါ်က ဒိန်​ချဉ်​တခွက်
=========================
အယ်​နီညိုက ဘယ်​နား​ရောက်​​နေတယ်​မသိ
မိမိအခန်း​လေးက​တော့ အတန်​သင့်​ အပူဒဏ်​ကိုကာကွယ်​​ပေးထားလို့​တော်​​သေးရဲ့။ အလုပ်​ကလည်းကိုယ့်​အခန်းထဲထိုင်​လုပ်​ရတဲ့အလုပ်​မို့ အဆင်​​ပြေသား။ တခုပဲ​ပြောစရာရှိတယ်
ခုတ​လော ဖတ်​မိတဲ့ ​ဆောင်းပါးတပုဒ်​မှာ ဒိန်​ချဉ်​ကို တပတ်​ သုံး​လေးခါ​သောက်​​ပေးရင်​ကျန်းမာ​ရေးအတွက်​​ကောင်းတယ်​​ရေးထားတာ​တွေ့လို့ ​နေ့လယ်​​နေ့ခင်း လက်​ဖက်​ရည်​ အစား ဒိန်​ချဉ်​ကို ရက်​ခြား​လေး​သောက်​​နေမိတယ်​။ အခန့်​သင့်​တယ်​ဆိုရမှာပဲ
ရှင်​လူ့အိမ်​က ​လေးငါးမိနစ်​​စာလောက်​စက်​ဘီးစီးသွားနိုင်​တဲ့ ​နေရာ​လေးတခုမှာ ​သောက်​လို့​ကောင်းတဲ့ ဒိန်​ချဉ်​ဆိုင်​က​လေးတခု ရှာ​တွေ့ထားတယ်​။ ဆိုင်​ကြီးမဟုတ်​ ၊ လမ်း​ဘေးဆိုင်​က​လေးပါပဲ၊သန့်​ရှင်းပြီး အရသာရှိတဲ့ဆိုင်​က​လေးမို့ ဒီ​နွေ​တော့ ရှင်​လူ့အတွက်​ ခွန်​အားဖြည့်​စရာ​နေရာ​လေးတခု​တော့​တွေ့ပြီ​ပေါ့ ၊ ​ဈေးနှုန်းကလည်းသင့်​ပါတယ်​ တခွက်​ငါးရာဆို​တော့ ရက်​ခြား​လေး
သွား​သောက်​နိုင်​တာ​ပေါ့။နေပူထဲမထွက်​ချင်​လို့
မ​နေ့က​တော့ မသွားဖြစ်​။ ဒီ​နေ့​တော့ မွန်းလွဲတနာရီ​လောက်​မှာ ရင်​ပူပြီး ​မော​တော​တောမို့ စက်​ဘီး​လေးဆွဲထုတ်​ ဦးထုပ်​ကြီးကြီး
ဆောင်းပြီး ဒိန်​ချဉ်​ဆိုင်​ဘက်​ထွက်​လာခဲ့တယ်​။
တတ်​နိုင်​သမျှ စက်​ဘီးကို သစ်​ပင်​ရိပ်​​က​လေး​တွေ​အောက်​က ရနိုင်​သ​လောက်​ကပ်​နင်းရင်း
ဒိန်​ချဉ်​ဆိုင်​​ရောက်​လာခဲ့တယ်​။သကြားနဲ့ တခွက်​မှာလိုက်​ပြီး ​ရေခဲတုံးက​လေး​တွေနဲ့ ​မွှေပြီး တဇွန်းချင်း အရသာခံ​သောက်​​နေမိတယ်​။ တကယ်​လည်းအ​မော​ပြေပါတယ်​။
ဒိန်​ချဉ်​တခွက်​အကုန်​မှာ ရေခဲ​ရေနည်းနည်း​လောက်​​တောင်း​တော့ ဆိုင်​ရှင်​က ​ရေခဲတုံးတချို့ ဖန်​ခွက်​ထဲထည့်​ပြီး မိမိအနားမှာရှိတဲ့ ​သောက်​​ရေပုံး ပိုက်​​ခေါင်းကိုလက်​ညှိုးထိုးပြတယ်​။ မိမိစိတ်​ကြိုက်​ ​ရေကို ဖန်​ခွက်​တဝက်​သာသာထည့်​ပြီးခ​လောက်​ကာ အသာပြန်​ချထားလိုက်​ရင်း​ရေခဲ​ပျော်​​အောင်​​စောင့်​​နေလိုက်​တယ်​။ ​ရေခဲအ​ပျော်​​စောင့်​ရင်းသတိရတာနဲ့ မလှမ်းမကမ်းကကွမ်းယာဆိုင်​မှာ 92 နဲ့ ကွမ်း နှစ်​ရာဖိုး
သွားဝယ်​ပြီးပြန်​အလှည့်​မှာ ဒိန်​ချဉ်​သည်​မိန်းမကြီးက ​ရှင်​လူ့​ရေခဲ​ရေခွက်​ကို​ကောက်​ကိုင်​ပြီး ``ကြည့်​ စမ်းမှာပြီး​သောက်​မသွားဘူး
သက်​သက်​မဲ့ဖြုန်းတီးတာ´´ဆိုပြီး​ဘေးမှာထိုင်​​နေတဲ့ သူ့အ​ဖော်​အမျိုးသမီးကိုလှမ်း​ပြော​တော့ အ​ဖော်​အမျိုးသမီးကြီးက ရှင်​လူ့ကိုဖြတ်​ခနဲ လှမ်းကြည့်​ရင်း ​ခေါင်းငုံ့လိုက်​ကာ ``ပြန်​လာမှာ´´လို့ ​ပြောလိုက်​တယ်​။ရှင်​လူက ခုံမှာဝင်​ထိုင်​ရင်းသူ့မျက်​နှာကိုမကြည့်​ပဲ``ကွမ်းယာသွားဝယ်​တာ´´လို့​ပြောလိုက်​တယ်​။ဒီကိစ္စက အသာ​လေး မကြားသလို​နေလိုက်​လည်းပြီးပါတယ်​။ ဒါ​ပေမယ့်​ရှင်​လူ့စိတ်​က
ချက်​ချင်းဆုံးဖြတ်​ချက်​ချပြီး သူ​ပြောတဲ့ အမနာပစကားကို ကြားလိုက်​​ကြောင်းသိ​အောင်​လုပ်​လိုက်​တာပါ။ ကိုယ့်​ဆိုင်​လာ​သောက်​တဲ့ customer ကို ​ကြောင်းကျိုးမဆင်​ခြင်​ပဲ ငြူစူ မြည်​တွန်​တတ်​တဲ့ သူ့စိတ်​​နေစိတ်​ထားကို မကြိုက်​လို့ပါ။ လူ​တွေမှာ ​လောဘပဲဖြစ်​ဖြစ်​ ​ဒေါသပဲဖြစ်​ဖြစ်​ ​မောဟက
ပါဝင်​တာမို့ အသိမဲ့ တာမျိုးကမ​ကောင်းပါ။
သူ့မ​နောကံနဲ့ဝစီကံမ​ကောင်းတာကို ရှင်​လူသိလိုက်​တဲ့အ​ကြောင်းသက်​​သေပြခဲ့တာပါ။ ရှင်​လူက​တော့ လူလတ်​ပိုင်းအရွယ်​​လောက်​ကစပြီးဆင်​ခြင်​တုံတရားကို ​လေ့ကျင့်​ခဲ့ပါတယ်​။ သူငယ်​ချင်းကဗျာဆရာ ​နွေလယ်​​နေက​တောင်​ ``ခင်
ဗျားက တုန့်​ပြန်​မှု​နှေး​ကွေးတယ်​´´လို့​ဝေဖန်​​ထောက်​ပြဘူးပါတယ်​။ ဟုတ်​ပါတယ်​ တချို့ကိစ္စ​တွေမှာ ကိုယ့်​ကို​စော်​ကား​နေတာ​တောင်​ ချက်​ချင်းမတုန့်ုပြန်​တတ်​ပဲ ချင့်​ချိန်​​နေတတ်​တာ​ကြောင့်​ ငထုံငအ ပုံစံ​ပေါက်​​နေပါတယ်​။ မိမိရဲ့ မူကလည်း တဖက်​သား
တခါမှားရင်​ မ​တော်​တဆဖြစ်​နိုင်​တယ်​၊နှစ်​ခါမှားရင်​ တိုက်​ဆိုင်​သွားလို့ပါ လို့​တွေးယူတတ်​ပြီး သုံးခါမှား​တော့မှ အနီကတ်​သုံးတတ်​ပါတယ်​။အဲဒီ သုံးခါ​မြောက်​မှာ​တော့ အခန့်​မသင့်​ရင်​ အရာရာနဲ့ လဲလှယ်​ဖို့လည်း
ဝန်​မ​လေးတတ်​ပါ။ကံ​ကောင်း​ထောက်​မလို့ဒီ​နေ့ထိ အနီကတ်​​ကြောင့်​ အရင်းအနှီးကြီးကြီးမ​ပေးရ​သေးပါ။ ခုဒိန်​ချဉ်​သည်​မျိုး
က​တော့ ဒုတိယအကြိမ်​အခွင့်​အ​ရေး​ပေး​လေ့မရှိသလို၊အနီကတ်​လည်းသုံးစရာမလို​တော့ပါ။ သူ့ဆိုင်​မှာ​နောက်​​နောင်​သွားမ​သောက်​ပဲ​နေလိုက်​ရုံပါပဲ။ ဒီလိုနဲ့ ဆင်​ခြင်​တုံတရားနည်းသူ၊ စရိုက်​သဘာဝမ​ကောင်းသူမှန်​သမျှကို ရှင်​လူ​ရှောင်​တိမ်းခဲ့တာ ​​ဟောဒီကမ္ဘာ​မြေ​ပေါ်မှာ မနည်း​တော့ပါ။
သူတို့ကို​ရှောင်​​နေရတဲ့အတွက်​ ရှင်​လူ့ အတွက်​ကမ္ဘာကကျဉ်းသွားခဲ့ပါပြီ ။ ရှင်​လူကအဆိုးမြင်​သမားသက်​သက်​​တော့မဟုတ်​ပါ။အ​ကောင်းကြိုက်​သမားဖြစ်​ပါတယ်​။ ကိုယ်​တိုင်​ကမ​ကောင်းသူများလည်းတခြားသူဆီက​တော့ အ​ကောင်းကိုလိုချင်​ကြပါတယ်​။ ဒီ​နေရာမှာ စကားစပ်​လို့ ရှင်​လူနဲ့ မနှိုင်းယှဉ်​အပ်​​အောင်​ ဂုဏ်​သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်​နှစ်​ဦးကိုသတိရမိပါတယ်​။တဦးကွယ်​လွန်​သူ ကဗျာဆရာ စာ​ရေးဆရာကြီး ဒဂုန်​တာရာပါ၊
မုန်းသူမရှိ ချစ်​သူသာရှိ၊ ရန်​သူမရှိ မိတ်​​ဆွေသာရှိ ဆို​သော ငြိမ်းချမ်း​ရေးပန်းတိုင်​ကိုချမှတ်​သွားသူပါ ။ဆရာကြီးကို ​လေးစား
ပေမယ့်​ ဆရာကြီးရဲ့ အဲဒီသ​ဘောတရားကိုရှင်​လူ ဒီ​နေ့ထိ ဘဝင်​မကျနိုင်​​သေးပါ။ ကြွက်​​ချေး
မရှိ ဆွမ်းဆန်​သာရှိ ။ တရားရုံးမရှိ ​ထောင်​မရှိ
အပြစ်​ကင်း​သောချစ်​သူများသာရှိ စသဖြင့်
လျောက်​​တွေးမိ​လေ ရှင်​လူ ဘဝင်​မကျ​လေဖြစ်​ရပါတယ်​။နောက်​တဦးက​တော့ ရှင်​လူတို့အမကြီး ​ဒေါ်​အောင်​ဆန်းစုကြည်​ပါ။
လူ​ကောင်းရယ်​ လူဆိုးရယ်​လို့မရှိဘူး
သင်​လို့ရတဲ့လူနဲ့ သင်​လို့မရတဲ့လူပဲရှိတယ်​လို့​ပြောခဲ့တာ ဖတ်​လိုက်​ရပါတယ်​။ သင်​လို့ရမယ်​ထင်​ပြီး တင်​မြင့်​လို ရာဇဝတ်​အကျဉ်းသား​တွေ
တရုတ်​သစ်​ခိုးသမား​တွေလို တသက်​တကျွန်း​တွေကိုလွတ်​ငြိမ်းချမ်းသာခွင့်​​ပေးပြီး​ကျောင်းတက်​ခိုင်းမှာစိုးမိပါတယ်​။(ဒီ သင်​လို့မရနိုင်​မယ့်​အထဲ ရှင်​လူလည်းပါမယ်​ထင်​ရဲ့၆၃နှစ်​ဆို​တော့ တချို့အကျင့်​​တွေကအရိုးစွဲ​နေပြီ)
ပြီး​တော့ ဟိုဒိန်​ချဉ်​သည်​ကြီးလို ဘူမသိ ကိုးမသိ သံသယဝင်​ပြီး တဖက်​သားကို ပုဒ်​မ ၁၈ နဲ့ တရားစွဲချင်​တဲ့လူမျိုး​တွေ။
ရှင်​လူ
17,Mar 2016
story#observation#shinlhu

Monday, March 14, 2016

တရားလွန်​ည​နေများ ================ ညိုမြ​သွေး အဓိက ပြဿနာက ရက်​လွန်​ ပစ္စည်း​တွေကို

တရားလွန်​ည​နေများ
================
ညိုမြ​သွေး

အဓိက ပြဿနာက
ရက်​လွန်​ ပစ္စည်း​တွေကို လဲလှယ်​ပစ်​ဖို့ပဲ....
ရေခဲ​သေတ္တာကို ဆွဲဖွင့်​လိုက်​တိုင်း
တခုမဟုတ်​ တခုက​တော့ expire ဖြစ်​မြဲ
မမြဲ​သော သ​ဘော ..
သင်္ခါရ​တွေ ၊ အနတ္တ​တွေ မ​ပြောချင်​တဲ့အခါ
မျိုးမှာ
စိတ်​လက်​ရွှင်​လန်း ​ပေါ့ပါး​နေတဲ့ အခိုက်​​လေးမှာ
အချစ်​ကို ပြန်​ပြန်​​နွှေးပြီး
အေး​အေး​ဆေး​ဆေး ည​နေက​လေး​တွေ
သင်​ ဘယ်​နှစ်​ခုရခဲ့ပြီလဲ

ညိုမြ​သွေး
poetry #observation #shinlhu

Thursday, March 10, 2016

ဇေယျာမှိုင်း (၅၆)နှစ်​ ================ ဒီ​နေ့

ဇေယျာမှိုင်း (၅၆)နှစ်
================
ဒီ​နေ့ မနက် လမ်း​​လျောက် ရာကအပြန် ၄ ရပ်ကွက် ၁၀လမ်းကအဖြတ် တ​ယောက်
ေ​ယာက်​က ရှင်​ လူ့ ​ကိုလှမ်း​​​ခေါ်သံကြားလို .
လှည့်​ကြည့်​လိုက်​​တော့ စိန်​လှ​မောင်​ ရဲ့ အမငယ်
ဖြစ်ေ​နတယ်။ စိန်လှ​​မောင်​ဆုံးသွားပြီတဲ့၊
ဘယ်​တုန်းကဆုံးသွားလဲဆို​တော့ ၃ လ​လောက်​ရှိုပြီတဲ့ ၊ရှင်​လူ​နေတဲ့​နေရာမမှတ်​မိလို့လာမဖိတ်​တာတဲ့။ ​သြော်​ ...စိန်​လှ​မောင်​တ​ယောက်​ မရှိ​တော့ပြန်​ဘူး။
ဒါဆို ၆ထဲက၂နှုတ်​ ၄ကျန်​။
၆ ဆိုတာ..တချိန်​တုန်းက ​တောင်​ဥက္ကလာမှာ
တပူးပူးတတွဲတွဲ ​နေခဲ့ကြတဲ့ လူငယ်​ ၆ ​ယောက်​ရှိခဲ့တယ်​။ သူတို့အထဲမှာ ရှင်​လူကအကြီးဆုံး ။ အသက်​ ၃၀ ဝန်းကျင်​။ရှင်​လူပြီး​တော့ ​နွေလယ်​​နေ က
ရှင်​လူ့ထက်​ ငယ်​​ပေမယ့်​ ကွာလှ ၂နှစ်​ ၃ နှစ်​ထက်​မပို။ ပြီး​တော့ စိန်​လှ​မောင်​​ခေါ်
ဇေယျာမှိုင်း ၊ ​နောက်​​တော့ ဒတ္ထ(​အောင်​ဒင်​)​နောက်​ နှင်းခါးမိုး ။
ဒတ္ထနဲ့ နှင်းခါးမိုးက မတိမ်းမယိမ်း ရှင်​လူ့ထက်
၁၀ နှစ်​စီ​လောက်​ငယ်​ကြတယ်​။ ​နောက်​ဆုံး
အငယ်​​လေး ..အငယ်​ဆုံး​လေးက တာရာမင်း​ဝေ(​ရွှေဘုန်းလူ)။ တာရာမင်း​ဝေက အရွယ်​​ကောင်းတုန်း ၄၃မှာဆုံးပါးခဲ့ပြီး ခု​ဇေယျာမှိုင်းက ၅၆ နှစ်​မှာဆုံးတယ်​။သူတို့နှစ်​​ယောက်​စလုံးကိုလမ်းဆုံးပို့​ပေးတဲ့ကိစ္စမှာ အရက်​ကလည်း တ​ထောင့်​တ​နေရာကပါခဲ့တာငြင်းလို့မရ။
ပြီး​တော့လည်းပြီးတာပါပဲ​လေ။ ခု​တော့တချိန်​က လက်​ဖက်​ရည်​ ဆိုင်​ထိုင်​ဖက်
အရက်​ဆိုင်​ထိုင်​ဖက်​​တွေ ကျန်​တာဆိုလို​.
ဒတ္ထက အ​မေရိကားမှာ ၊ ပြီးခဲ့တဲ့နှစ်​​တွေအတွင်းမြန်​မာပြည်​ပြန်​လာတုန်း အ​လောသုံးဆယ်​ ၂ခါ​လောက်​ ​တွေ.ဖြစ်​တယ်​ ၊​နောက်​ဆုံးတ​ခေါက်​က​တော့ မိခင်
ကြီး ​ဒေါ်လှကြည်​​နေထိုင်​ရာ ဒဂုန်
ုံ​မြောက်​က ပီမိုးနင်းလမ်းနေအိမ်​မှာ ထမင်းအတူစားရင်းဆုံဖြစ်​ခဲ့ပါရဲ့။ ​နွေလယ်​​နေက​တော့ လင်းစ​ဒေါင်း ကုန်းလမ်းပို့​ဆောင်​​ရေး ဝင်းကြီးထဲမှာပင်​စင်​သွားကာနီး ကွင်းပိုင်​ကြီးဖြစ်​​နေရှာရဲ့ ။တ​လောက​တော့ ​နွေလယ်​​နေတ​ယောက်​ သံ​ဝေဂလား ​ကြောက်​​ဝေဂလားမသိ ရဟန်း​ဘောင်​ဝင်​သွားတာ ၁၁ ရက်​နဲ့ လူပြန်​​တော်​ပြန်​ဖြစ်​မှ ရှင်​လူလည်း သက်​ပြင်းချနိုင်​တယ်​။ဟုတ်​တယ်​​လေ အ​ရေးအ​ကြောင်းဆို ဒုက္ခ share စရာ ဒီသူငယ်​ချင်း​​ပဲရှိတာ၊သူက အပြင်​ပန်းမာ​ပေမယ့်​ စိတ်​ကသိပ်​​ပျော့တာ ၊
သူ့​ရှေ့ညည်းမပြလိုက်​နဲ့ မျက်​ရည်​ဝဲပြီး ပိုက်​ဆံအိတ်​ဖွင့်​ပြီ။အမှန်​က သူ့ကို
ိ ကုလသမဂ္ဂဒုက္ခသည်​များဆိုင်​ရာ မဟာမင်းကြီးခန့်​သင့်​တာ။ နှင်းခါးမိုးက​တော့​နော်​​ဝေနိုင်​ငံ ဘာဂန်​ မြို့​လေးကပြန်​လာပြီး ​ကျောက်​ကုန်းမှာ
နှင်းဆီဖြူ စာ​ပေထုတ်​​ဝေ​ရေး လုပ်​ငန်းလုပ်​​နေတယ်​ ၊နှင်းဆီဖြူ မဂ္ဂဇင်း၊နှင်းဆီဖြူဂျာနယ်​​တွေ ထုတ်​​နေတယ်​။
နှင်းဆီဖြူမဂ္ဂဇင်းက​တော့ ​ခေတ္တရပ်​ထားရတယ်​။မရပ်​လို့လည်းမဖြစ်​ဘူး​လေ။ရှင်​လူကိုယ်​တိုင်​ ဝတ္ထု​တွေ ကဗျာ​တွေ​ ဆောင်းပါး​တွေဝင်​ချီးမြှင့်​ပြီး စာမူခကို နိုင်​ငံတကာစံချိန်​နဲ့​တောင်းတာ မ​ပေးချင်​ဘူး။စာ​မူခမြင့်​မှ စာ​ပေမြင့်​မှာ​ပေါ့။
သူက ​နော်​​ဝေ အ​တွေ့အကြုံနဲ့ ရှင်​လူတို့စာမူခ​တွေကို ၃၀ ရာ နှုန်း
အခွန်​ဖြတ်​ထား။ အဲဒီစာ​ရေးဆရာ
လေဖြတ်​ပြီဆိုမှ သူက အခန်းအနားနဲ့
ဆေးဝါးကုသဖို့ ​ထောပ်​ပံ့​ငွေ သိန်း သုံး​ထောင်​တို့ဘာတို့ ​ပေးအပ်​ပြီး ဓာတ်​ပုံ​တွေဘာ​တွေရိုက်​ ..သတင်းထုတ်​ပြန်
၊နှင်းခါးမိုးတို့က ဒီအကျင့်​ ​သေမှပြင်​မှာပဲ။
၈​လေးလုံးကာလတုန်းက အဖမ်းဆီးခံ ​ကျောင်းသား​တွေကို ​ငွေ​ကြေး အကူအညီ​ပေးဖို့ သူတို့ လုပ်​​နေသတဲ့။ အဲဒါ
ရွှေဘုန်းလူ (တာရာမင်း​ဝေ)နဲ့ ​အောင်​ဒင်
ဒတ္ထတို့ညီအကိုက ​ထောင်​ထဲ​ရောက်​​နေပြီ။
သူ့မိဘ​တွေ ​ထောင်​ဝင်​စာမသွားနိုင်​ဘူးဆို​တော့ ခဏ​နေပါဦး ပြီးကာနီးပါပြီတဲ့။ ဘာပြီးကာနီးတာလဲဆိုပြီး ​စောင့်​ကြည့်​လိုက်​​တော့ ဒီ​လောက်​အဖမ်းအဆီး​တွေများ​နေတဲ့အချိန်​မှာ ``လူကြီးမင်း၏သား/သမီး ၏ နိုင်​ငံ့အကျိုးအတွက်​ စွမ်းစွမ်းတမံ​ဆောင်​ရွက်​ချက်​ကို ဂုဏ်​ပြုအပ်​ပါသည်​´´ တဲ့ ။ကဲ အဲဒီ မင်​လှိမ့်​စာရွက်​က​လေးမပါ​သေးလို.ကူမယ့်
ငွေကို တပတ်​ ​​လောက်​​စောင့်​လိုက်​ရတယ်​။
သူ့အ​ကြောင်း​ပြောရတာလည်းအားနာဖို့​တော့​ကောင်းပါတယ်​ ။သွား​လေသူမဒမ်​ရှင်​လူဆို နှင်းခါးမိုး​ထောင်​ကျ​နေချိန်​မှာ​ရော ၊ပြည်​ပ​ရောက်​သွားချိန်​​တွေမှာ​ရော တဖွဖွတ​နေတာ။မောင်​​ဝေလင်း(နှင်းခါးမိုး)
က အမကြီးဖိနပ်​ပြတ်​သွားတာသိ​တော့ ဖိနပ်​အသစ်​က​လေးတရံ ခါးကြားထိုးပြီးဝယ်​လာ​ပေးတာ ၊ငါ့​မောင်​​တွေက
အားကိုးရတယ်​တဲ့။
ရှင်​လူ့ကိုလည်းသူ့ ကား​လေးနဲ့ တင်​​ခေါ်ပြီး
စား​သောက်​ဆိုင်​ ​တွေမှာ အကိုဘာစားမလဲ
မှာ​လေ ဆိုပြီး စိတ်​ကြိုက်​​ကြွေးတာ။ဒါ​ပေမယ့်​သူမသိတဲ့အချက်​၊ညံ့ဖျင်းတဲ့အချက်​က ရှင်​လူ့အ​ကြောင်းမသိတာပဲ။ရှင်​လူဆိုတဲ့​ကောင်​ဟာ အာလူးပူဒီကလွဲပြီး ဘာမှမမှာတတ်​ခဲ့ဘူး။မစားတတ်​ခဲ့ဘူး။
ကဲပါ​လေ ရှင်​ကျန်​တဲ့လူ​တွေကို ​နောင်​ခါ​တေပီးမှ ​ရေးရမှာအားနာလို့ စရံ​လျောက်​​ရေး​နေတာနဲ့ စိန်​လှ​မောင်​အ​ကြောင်း​တောင် ဘယ်​​ရောက်​သွားပါလိမ့်​။ အဲဒီစိန်​လှ​မောင်​ဆိုတဲ့
ငနဲရဲ့ က​လောင်​အမည်​က ​ဇေယျာမှိုင်းတဲ့။
မသိသူ​တွေက သူ့ကို သခင်​ကိုယ်​​တော်​မှိုင်း
ရဲ့​မြေးလို့ထင်​ကြတာ။ အမှန်​​တော့ ဘာမှမဆိုင်​ဘူး ​ဒေသ​ကောလိပ်​ ၂ မဂ္ဂဇင်းမှာ
က​လောင်​​သွေးရာက ကဗျာဆရာဖြစ်​လာတာ။ သူ့အလုပ်​က
ဆိပ်​ကမ်း​ကော်​ပို​ရေးရှင်းမှာ ။ သ​ဘောသကာယ​ကောင်းပြီး အရက်​မူးလာလည်း ပြုံးစိစိနဲ့ ကွမ်းတမြုံမြုံနဲ့
စားသမျှ ​သောက်​သမျှ ဒိုင်​ခံရှင်းတတ်​သူ။
ခရမ်းမြို့နယ်​ ​ညောင်​ကုန်းသူ မြသန်းရင်​နဲ့ရပြီး ခုသူ​သေ​တော့ က​လေး ၃
ယောက်​လား ၄​ယောက်​လားပဲ။ရှင်​လူ့အထင်​​တော့ ​မြေး​တွေဘာ​တွေရ​လောက်​ပြီ။ရှင်​လူတို့ဘဝ​တွေက မုန်​တိုင်းအမျိုးမျိုး​တွေ​အောက်​မှာ နီးရက်​နဲ့​ဝေးခဲ့ကြပြီး အဲသ​လောက်​ကို အဆက်​ပြတ်​ခဲ့ကြရတာ။ ခု​တော့ သူ​သေပြီ။
နောက်​ပိုင်းကာလ​တွေမှာ သူကဗျာ​ရေးတာမ​တွေ့ရ​တော့ဘူး။ဒါ​ပေမယ့်
သူကဗျာဆရာဖြစ်​သွားတာ​တော့​သေချာတယ်​။သူ့စိတ်​ထဲမှာ ကဗျာ​တွေ​ရေး​နေလိမ့်​မယ်​၊
ကဗျာဆိုတာက ပလီစိ​ခြောက်​ချက်​​လောကကြီးနဲ့ဘယ်​​တော့မှမတည့်​ဘူး။ ဒီ​တော့ ဒီ​ငနဲ ရင်​ထဲ မခံနိုင်​ဘူး။
ပဋိပက္ခကို​ဖြေရှင်းတဲ့​ဆေးက ယ​နေ့ အလွယ်​တကူ ရ​နေတဲ့ အရက်​ပဲ...
ဘာပဲဖြစ်​ဖြစ်​ ​လေ၊ ​ဇေယျာမှိုင်းကဗျာဆရာတ​ယောက်​ဆိုတာကို​တော့ ရှင်​လူ​ထောက်​ခံလိုက်​ပါရဲ့။နောက်​​နောင်​​ထောက်​ခံစာလိုတဲ့ ကဗျာဆရာများရှင်​လူနဲ့
ဆက်​သွယ်​နိုင်​ပါတယ်​...
ဇေယျာမှိုင်းဓာတ်​ပုံမရှိလို့ ရှင်​လူ့ပုံပဲတင်​လိုက်​ရတယ်
ရုပ်​​တွေကခပ်​ဆင်​ဆင်​​တွေပါ...
story#observation#shinlhu

Tuesday, March 1, 2016

Re: ရှက်​ပြုံး ရှင်​လူ =========== 27,Feb 2016

Shin Lhu <shinlhu@gmail.com> wrote:

>ရှက်​ပြုံး ရှင်​လူ
>===========
>27,Feb 2016 ​နေ့ က မိုးညှင်းဝိပဿနာ တိုက်​သစ်​မှာ ပြုလုပ်​တဲ့ ​နေလ​အောင်​တို့ မင်္ဂလာဦးဆွမ်း​ကြွေးအလှူကိုသွားဖို့ လက်ျာဝင်းတို့နဲ့ချိတ်​ထားခဲ့တယ်​။ ​နေရာအတိအကျမသိလို့တ​ယောက်​တည်းမသွားတတ်​။အဲဒီ​နေ့ မနက်​မှာပဲ လက်ျာဝင်းကဖုန်​ဆက်​လာတယ်​ ၊ အကိုကြီး ​ရွှေဂုံတိုင်​မှတ်​တိုင်​က​စောင့်​​နေတဲ့ ၊အင်းဒါဆို ကိုယ်​က ​တောင်​ဥက္ကလာ ၄ ရပ်​ကွက်​​နေတာဆို​တော့
>​ချော်​တွင်းကုန်းက ဆူး​လေကားသွားစီးရင်​မြန်​မလား​ပေါ့ ဆို​တော့ လက်ျာက အကိုကြီး အဲဒါဆို အ​ဝေးကြီးလမ်းပြန်​​လျောက်​​နေရမယ်
>တာ​မွေအဝိုင်းထိပ်​က​ပြောင်းစီး တဲ့၊ ကိုယ်​က အသွားအလာနည်းတဲ့သူဆို​တော့ ဘတ်​စကားစီးမယ်​ကြံတိုင်းပြဿနာ​ပေါ်​လေ့ရှိတယ်
>ဘတ်​စကားလိုင်း​တွေကလည်းဟိုတုန်းကလိုမဟုတ်​ ခုတမျိုး​တော်​ကြာတမျိုး၊ဒီကြားထဲ မှတ်​တိုင်​မဆုံးပဲ ဂိတ်​ဆုံးချင်​ဆုံး​နေတတ်​တာမို့ ဒီ​ကောင်​​တွေကို​သောက်​ညင်​ကပ်​ပြီး ဟိုနားဒီနားစက်​ဘီးကိုသာအားကိုးပြီး
>ဘတ်​စကားစီးခဲ​လေ​တော့ မလွဲမ​သွေကိစ္စမျိုးကျ အခက်​ကြုံမြဲ။ ခုမှ​တွေးမိတာက မာလာ​ကွေ့သွားပြီး ၃၆ စီးရင်​ ​ရွှေဂုံတိုင်​​ရောက်​နိုင်​တယ်​၊​ရောက်​နိုင်​တယ်​ဆိုတာက (​ရောက်​နိုင်​တယ်​​တွေးတာက ဒီ....​ကောင်​​တွေ ခရီးစဉ်​လမ်း​ကြောင်းအရင်​အတိုင်းဆိုရင်​) ဒါနဲ့ မာလာ​ကွေ့ကိုထွက်​ခဲ့တယ်​။
>​၃၆ ကို ​ရွှေဂုံတိုင်​​ရောက်​လား​မေးပြီးစီးမယ်​​ပေါ့။ မထင်​မှတ်​ပဲ ၁၀၇ မီနီဘတ်​စတစီးထိုးဆိုက်​လာလို့ ​မေးလိုက်​​တော့ အဆင်​​ပြေသွားတယ်​ ​ရွှေဂုံတိုင်​ကို ​ချော​မောစွာ​ရောက်​သွားတယ်​။မှတ်​တိုင်​ဆင်းပြီး ​ရွှေ​ညောင်​ပင်​ဒံ​ပေါက်​ဆိုင်​​ရှေ့က​နေ လက်ျာတို့ကို​စောင့်​​ပေါ့။ ဒီအချိန်​မှာပဲ ဒီ​ခွေးကို​တွေ့ပြီး စိတ်​ဝင်​စားတာ​ကြောင့်​ ဖုန်းကင်​မရာနဲ့ ဓာတ်​ပုံရိုက်​လိုက်​တယ်​၊ ကြည့်​ပါဦး ကားမှတ်​တိုင်​နားက
>၃​ပေပတ်​လည်​မရှိတရှိ အုတ်​ကြားမြက်​ဖုတ်​.​ပေါ်မှာ ဇိမ်​နဲ့အိပ်​​နေလိုက်​တာ။
>ရှင်​လူ သူ့ကိုကြည့်​ရင်းသ​ဘောကျသွားတယ်​။
>ဒီ​ကောင်​အ​တော်​ဇိမ်​ခံတတ်​တာပဲ၊ အင်း ​နေရာ​ကောင်း​ရွေးပြီးစည်းစိမ်​ခံတဲ့အလုပ်​ကို ​ခွေး​တောင်​လုပ်​တတ်​​ပေါ့၊ အိပ်​စား ကာမ ကိစ္စ​တွေမှာ ​ခွေးနဲ့လူ မခြားဘူး ၊ ခြားနား​အောင်​ဘယ်​လို​နေကြမလဲ...။ ရှင်​လူ​တော့ ဒီအသက်​အရွယ်​ထိ ​ခွေး​လောက်​အရည်​အချင်း​တွေနဲ့ ​နေလာတာ ဘယ်​​လောက်​များပြီလဲ။ ကိုယ့်​ကိုယ်​ကိုပြန်​​တွေးပြီး တချို့ကိစ္စ​တွေအတွက်​ရှက်​မိပါရဲ့...

Thursday, February 18, 2016

ဗာဒံပင်​မှာ လှပတဲ့အပွင့်​​တွေမရှိ​ပေမယ့်
ပင်​ကိုယ်​အလှရှိတယ်

Monday, February 1, 2016

Sound pollution (သို့မဟုတ်​)...... Shin

Sound pollution (သို့မဟုတ်​)......
Shin Lhu shared Win Aung'sphoto.
sound pollution ဆိုတဲ့ အသံ ဆူညံတဲ့ကိစ္စဟာ အမှိုက်နည်းတူလူတွေရဲ့ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာ အလှူခံတဲ့လူတွေ သိပုံမရဘူးဗျ။ခုဆို ရှင်လူ့မိတ်ဆွေအတော်များများဟာလွှတ်တော်ထဲမရောက်ပေမယ့် ရပ်ကွက်အသီးသီးကဓမ္မာရုံတွေမှာ ဥက္ကဋ္ဌ ဖြစ်နေသူတွေများတယ်။ တချို့ဆို အငြိမ်းစားကျောင်းအုပ်ဆရာကြီးတွေတောင်ပါသေး။ ဒီ အလှူခံတဲ့ကိစ္စမှာအသံချဲ့ စက် မကောင်းလို့ ဒါမှမဟုတ် မကိုင်တတ်လို့ ရွှီဂွီဂွီဖြစ်တာတမျိုး၊ အိပ်စက်နေသူတွေ ၊ နောက်ဖေးနောက်ဖီသွားနေသူတွေပါ ဒါန မမြောက်လိုက်မှာစိုးလို့တကြောင်း စတဲ့ အကြောင်းကြောင်းကြောင့် Volume ကို မိုင်ကုန်တင်ပြီး မိုက်ခဲလုပ်နေကြတာ ။ ရှင်လူတို့ရပ်ကွက်ဆို လမ်းတိုင်းမှာ ဓမ္မာရုံ (ဒါမှမဟုတ်)ဆွမ်းချက်ရုံ ၊ ရှင်လူတို့ လမ်ထဲ မှာတင် ၂ ခုရှိနေတယ်။အဲဒီကလည်း လပြည့် လကွယ်စတဲ့နေ့တွေမှာ အလှူခံပါဗျို့ ၊ငါတို့အရိုး၊ နမောနမောစတဲ့သီချင်းတွေ ထပ်ခါထပ်ခါဖွင့်၊ အဲဒီတော့ ရှင်လူ့ခမျာ ငါ့မှာ မျိုးချစ်စိတ် တို့ ဘာသာ သာသနာချစ်စိတ်တို့ ခန်းခြောက်နေပြီလားလို့ကိုယ့်ကိုယ်ကို သံသယဝင်မိပါရဲ့၊တချို့ဆိုအလှူခံမိုက်ခဲကြီးတွေက မရှိလို့မလှူမလှူလို့မရှိဆိုပြီး ကလိတာခံရသေး၊ တခါဘုရားတဆူက မိုက်ခဲကြီးပြောလိုက်ပုံက``သြော် သားငယ်လေးက လိမ္မာလိုက်တာသူစားမဲ့မုန့်ဖိုးထဲက ငွေ ၂ ကျပ်လှူသွားရှာတယ်၊တချို့ကလေးတွေဆို စားပစ်ကစားပစ်တာ...လူလိမ္မာသားယဉ်ပါး ၊လူမိုက်သားရမ်းကားဆိုတာလိုပေါ့ဗျာတဲ့။ကဲ ကောင်းရော ၊ ဒီလိုလူတွေ ကောင်းမှုကြောင့်ရှင်လူတော့ ဗုဒ္ဓဘာသာဝင်အဖြစ်ကတောင်ခေတ္တအနားယူချင်စိတ်ပေါက်ကရော။ဒီလိုပြောလို့ဆဲချင်လည်းဆဲ ပေါ့ဗျာ ။ရှင်လူပြောနေတာတွေဟာ ဘာသာသသနာအကျိုးပျက်စီးညှိုးမှိန်စေတယ်ဆို ဆဲမနေနဲ့ ပါးလာရိုက်လှည့်၊ သာသနာပြုတယ်ဆိုတာ ဓမ္မာရုံကောင်းစားရေးလား၊ယောဂီကောင်းစားရေးလားစဉ်းစား။ဥပနိဿယပစ္စည်းတို့ ဘာ တို့ တော့လာမပြောနဲ့ ရှင်လူလည်းအဘိဓမ္မာသင်တန်းတက်ထားတာ။ဗိုလ်တထောင်ဂေါပက တယောက် ငွေကိစ္စအလွဲသုံးစားကြောင့်အချင်းချင်းတိုင်ကြတန်းကြတာ သတင်းစာတွေထဲပါတယ်။ သတင်းစာတွေထဲမပါတဲ့ ဓမ္မာရုံ ပြဿနာ ၊ကျောင်းပြဿနာတွေလည်း အများကြီး။ ရှင်လူတခုအကြံပေးချင်တာက ခင်ဗျားတို့ Viber တို့  Face book တို့က အလှူခံလည်းရသဗျ။အသံချဲ့စက်မလိုဘူး။အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊မြောက်ဝန်ရိုးစွန်း တောင်ဝန်ရိုးစွန်းမကျန်အလှူခံလို့ရတယ် ၊ လုပ်လိုက်စမ်းပါ``အလှူခံပါဗျို့.....´´Win Aung>‎8888 NEW GENERATIONSဘာသာရေးကြောင့် လူ့အသိုင်းအ၀န်းတခုလုံးပျက်စီး-ညဥ့်နက်သည့်အထိ စာကျက်ထားရသောကြောင့် ကျောင်းသားများကား နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။ သိပ်မကြာခင် ကာလတွင် သူတို့ စာမေးပွဲဖြေရတော့မည်။ မိဘများက ကလေးများကို အိပ်ရေးဝမှသာ အားအင်ပြည့်ဖြိုးကာ မှတ်ညဏ်ကောင်းမည်ဟု ဆိုပြီး အိမ်ရှိ လူများကို ခြေသံမကြားအောင်ဖြေးဖြေးနင်းဖို့ သတိပေးထားခဲ့သည်။-နိုင်ငံတကာမှ ပညာရှင်များကား ဖွံ့ဖြိုးကြီးထွားနေသော အသက်အရွယ်ရှိသည့် မွေးကင်းစကလေးမှစ၍ အသက် ၁၆ အထိ လူငယ်များ အိပ်ချိန် စားချိန် မှန်ရန် တိုက်တွန်းလေ့ရှိသည်။ ကလေးများ ကောင်းကောင်းအိပ်ပါက မှတ်ညဏ်ကောင်းမည်ဟု လေ့လာတွေ့ရှိထားသောကြောင့်လည်း ဖြစ်သည်။ ကလေးများ၏ မှတ်ညဏ်သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို အဓိက ကုစားနိုင်သောကြောင့်ဖြစ်သည်။-ဘာသာရေးပွဲလမ်းသဘင်များကား မြန်မာနိုင်ငံတွင် အလွန်များသည်၊ လမ်းဘေးက အလှူခံမဏ္ဍပ်က စပြီး ဘုန်းကြီးကျောင်းက သီလပေးသည့်အထိ အလွန်အသံကျယ်လောင်သော မိုက်များနှင့် ဆောင်းဘောက်များအသုံးပြုကာ ကုသိုလ်ကောင်းမှု့ပြုလုပ်ကြသည်။ ထို့အပြင်လည်း အသံမဆဲ ပဌာန်းပွဲများက တရပ်ကွက်လုံးကို၇ ရက် ၇ လီ အိပ်မရအောင် ဖြစ်စေခဲ့သည်။ ဘာသာရေးဆိုသည့် ယုံကြည်ကိုးကွယ်မှု့နှင့် အများကိုးကွယ်သည်ဆိုသည့် အကြောင်းအရာများအပြင် သက်ကြီးရွယ်ကြီးနှင့် အာဏာပိုင် လူကြီးများက ဦးစီးကျင်းပသည့်အတွက် ရပ်ကွက်ထဲက တော်ရုံတန်ရုံ လူက သွားပြီး မကန့်ကွက်ရဲ၊ မပြောရဲကြ။-မပြောရဲ၊ မထိရဲသည် ဘာသာရေး ပွဲလမ်းသဘင်များကြောင့် ကလေးများ အိပ်ရေးမ၀၊ အလုပ်သမားများ အိပ်ရေးမ၀၊ အိပ်ရေးမ၀သည့် အကြောင်းတရားက လူတိုင်းကို ပင်ပမ်းနွမ်းနယ်ပြီး အလိုလိုနေရင် စိတ်တိုခြင်းကိုဖြစ်စေသည်။ အိပ်ရေးမ၀သည့် အကျိုးဆက်ကြောင့် လုပ်ငန်းခွင်တွင်းမှာ မတော်တဆဖြစ်ပေါ်မှု့တွေ ကြုံတွေ့ရသည်၊ အိပ်ရေးမ၀သည့်အတွက် ကျန်းမာရေးတွေ ထိခိုက်လာသည်။ လူကောင်းတွေရဲ့ ဒုက္ခတွေကို အသာထား နေမကောင်းလို့ အနားယူရမည့် လူနာများလည်း မြန်မြန်သတ်သလိုဖြစ်သွားသည်ကို ဘာသာရေးလေးစားသည့် လူတစုက မစဉ်းစားတတ်ကြ။-နိုင်ငံတိုင်းတွင် လူနေရပ်ကွက်များ၌ တိတ်ဆိတ်ငြိမ်သက်ချိန်ကို သတ်မှတ်ထားကြသည်။ များသောအားဖြင့်ည ၁၀ နာရီမှ မနက် ၆ နာရီအထိ ဖြစ်သည်။ ထိုအချိန်များတွင် ကလေးသူငယ်များ၊ လူကြီးသူမများ အနားယူအိပ်စက်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်သည့် အိမ်တော်တော်များများက အသံမလုံကြ၊ ခွေးတကောင် ခြံစည်းရိုးတိုးလျှင်ပင် ကြားရသည့်အခြေအနေ၊ ထိုကဲ့သို့သော အခြေအနေများမှာ မနက် ၄ နာရီလောက် ဆွမ်းတော်ဗျို့ အော်လည်း တရပ်ကွက်လုံး နိုးသည်၊ သူတော်ကောင်း သူတော်မြတ်လို့ ဆုပေးလျှင်လည်း တရပ်ကွက်လုံး လန့်ရသည်။ ဒီကြားထဲ မိုက်စမ်းသည့် ဟလို တက်စတီ ဟလို တက်စတီဆိုရင်တော့ အိပ်ယာမထခင်ကတည်းက ပါးစပ်ထဲက ညစ်ညမ်းသည့် ငါ--------- နဲ့ လူ စပြီး ဘုရားဂေါပက စပြီး ဆဲဆိုခြင်းဖြင့်အိပ်ရေးမ၀ဘဲ ဖြစ်တော့သည်။-ဒီကြားထဲ ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များက ၂၄ နာရီ နေ့စဉ် ရက်ဆက်ဆိုသလို လူတိုင်းကို နတ်ပြည်ရောက်ဖို့ ကြိုးစားနှိုးဆော်နေပေမဲ့ ဘာသာမတူသော သူများကို မစော်ကားလိုပေမဲ့ နှိမ့်ချပြီးသား၊ ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်နေသည့် လူများစု ဖြစ်သွားမှန်းလည်း မစဉ်းစားကြ။ ဘာသာရေး ခွဲခြားမှု့၊ လူအခွင့်အရေးချိုးဖောက်မှု့တွေ ဖြစ်နေမှန်း ဘာသာရေးဆရာတွေဖြစ်သည့် ရဟန်းသံဃာများကလည်း မတွေးမိကြ။-ဘာသာရေးသည် ကိုးကွယ်သူတိုင်းကို လိမ္မာယဉ်ကျေးရန်နှင့် တရားတော်များကိုလိုက်နာကျင့်ကြံရန် ဆုံးမသွန်သင်ခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တ၀ါတိုင်းကို မေတ္တာတရားရှေ့တန်းထားပြီး ချစ်ခင်အေးချမ်းစွာ ယှဉ်တွဲနေထိုင်သွားရန် ဆုံးမသွန်သင်ခဲ့သည်။ ဘုရားတို့၏ တရားများကား မြန်မာနိုင်ငံတွင် ထွန်းကား မထွန်းကား မပြောတတ်၊ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံမှာ ကလေးများ အိပ်ရေးမ၀၊ အလုပ်သမားများ အိပ်ရေးပျက်၊ လူကြီးသူမများ ကောင်းကောင်းအနားမယူနိုင်၊ ဘာသာခြားများ အစော်ကားခံရသလိုဖြစ်နေကြသည်။-တကယ်တန်းကြတော့ အသံပေး တရားဟောမှ သတိရသည့် လူမျိုးများအဖြစ် ဗုဒ္ဓဘာသာများကားဘာသာခြားများကြားဟာ ဟာသ ဖြစ်နေသည်ကို မတွေးတတ်ကြ၊ အသံပေး ရပ်ကွက်ထဲလှည့်မှ လှူဒါန်းဖို့ သိသည့် လူမျိုးများအဖြစ် ရှက်စရာကောင်းမှန်းမသိကြ။ မိမိ ဘုရားရှိခိုးခြင်း ကောင်းမှု့ပြုလုပ်ခြင်းကြောင့် နတ်ပြည်ရောက်လျှင် ရောက်မည်ဆိုသည်ကတကဏ္ဍ တဖက်သား ကို ဒုက္ခပေးသလို ဖြစ်ရသည်ဟု မစဉ်းတတ်သည့် အသိညဏ်က ရှက်ဖို့ကောင်းမှနင်္း မသိ။ လွတ်လပ်ရေးရလို့ဆေးရွက်ကြီး လမ်းပေါ်မှာ လှမ်းတာက တရားစွဲလို့ ရသည်။ ဒီမိုကရေစီရလို့တရပ်ကွက်လုံး အသံကျယ်ကျယ်ဖြင့် ဘုရားရှိခိုးလျှင်တော့ လူ့အသိုင်းအ၀န်းအိပ်ရေးဝဖို့ မမြင်တော့။ အခုလို ဆောင်းပါးရေးတော့ ကျနော်ကား ငရဲကြီးမည်ဟုပင်ခြိမ်းခြောက်ခြင်းကို ခံရမှာ ကျိန်းသေသည်။-ဒီမိုကေ၇စီ နိုင်ငံတော်ကြီးကို ညဘက် ကောင်းစွာမအိပ်ရ၊ နေ့ခင်းဘက် အလှူခံသံ တညံညံဖြင့် တည်ဆောက်လို့တော့ ရမည်မထင်၊ ဘာသာရေးကား အလွန်ပင် နူးညံ့သိမ်မွေ့သည်။ သို့သော် ဘာသာရေးကြောင့် မြန်မာ့လူ့အသိုင်းအ၀န်းတခုလုံးကို ထိခိုက်နေသည့် အမူအကျင့် စရိုက်ဆိုးများကိုတော့ ပြုပြင်ဖို့ လိုလိမ့်မည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် လူထုမဲဖြင့် အနိုင်ရလာသည့် အစိုးရအနေဖြင့် ဘာသာရေးကြောင့် လူ့အသိုင်းအ၀န်းမပျက်စီးအောင်၊ ကလေးများ နှစ်ခြိုက်စွာ အိပ်ပျော်ခွင့် ရအောင် လုပ်ပေးနိုင်ပါစေလို့သာ မျှော်လင့်ရင်းဖြင့်သာ တိုးတက်အေးချမ်းသော မြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ကြပါစို့။-မောင်ကြီးငြိမ်းချမ်းCredit-The Mora
fb ​ပေါ်မှpost ကို share ရင်း​ရေးခဲတဲ့ comment. ပါ
story#observation#shinlhu